
သင့္ရဲ႕ဖုန္း နဲ႔ ကြန္ျပဴတာမ်ားကို အလ်င္အျမန္ပ်က္စီးေစတဲ့ သင့္ရဲ႕မွားယြင္းလုပ္ေဆာင္မႈမ်ား
ဖုန္း နဲ႔ကြန္ျပဴတာ တစ္ခုမွ မရွိတဲ့ အိမ္ဆိုတာ မရွိေလာက္ ပါဘူး ။ ဖုန္းေတြ ဆိုတာ ကြၽန္ေတာ္တို ႔အတြက္ နည္းလမ္း အမ်ိဳးမ်ိဳးနဲ႔ လိုအပ္ေနတဲ့ အရာေတြျဖစ္ ပါတယ္။
ဒါေပမယ့္ ကိုယ့္ရဲ႕အမွားေၾကာင္း ဒီပစၥည္းေတြ မၾကာခန ပ်က္ဆီးေန ရင္ေတာ့ ေငြကုန္ေၾကးက်မ်ားေန ရပါ လိမ့္မယ္။ ဒီေတာ့ ဘယ္လို လုပ္ေဆာင္ရင္ ပစၥည္းေတြ ပ်က္ဆီးမလဲ ၊ ဘယ္လို မလုပ္ရဘူး ဆိုတာကို ကြၽန္ေတာ္ တို႔ေျပာျပ သြားမွာပါ။
၁- ဖုန္းကို ေရခ်ိဳးခန္း ၊ အိမ္သာထဲသို႔ ယူသြားျခင္း
ဖုန္းကိုအိမ္သာထဲ ယူသြားမယ္ ဆိုရင္ ပထမ တစ္ခ်က္ ကလက္ေခ်ာ္ၿပီး အိမ္သာတြင္းထဲက်သြာ းႏိုင္တယ္ ။ တကယ္လို႔ အဲ့လို က်သြားခဲ့လို မပ်က္ဆီးခဲ့ ရင္ေတာင္ သင္အဲ့ဒီဖုန္းကိုသုံးခ်င္မွာ မဟုတ္ေတာ့ ပါဘူး။
ဒုတိယအခ်က္က ဖုန္းကို အားသြင္းႀကိဳးနဲ႔ တြဲလ်က္ ေရခ်ိဳးခန္းထဲ ယူသြားမယ္ ဆိုရင္ ဓါတ္လိုက္ႏိုင္ကိန္း ရွိၿပီး အသက္ အႏၲရာယ္ ရွိလာႏိုင္ ပါတယ္။
ထို႔အျပင္ အိမ္သာထဲကို ငါးမိနစ္ေလာက္သာ ဖုန္းယူသြားခဲ့ရင္ေတာင္ သင့္က်န္းမာေရးကိုထိခိုက္ေစ နိုင္စြမ္း ရွိတယ္လို႔ သုေတသီေတြ ကေျပာျပ ထားပါတယ္။
၂ – ကြန္ျပဴတာေရွ႕မွာပဲ မနက္စာ စားျခင္း
သင္စားေသာက္တာ ဘယ္ေလာက္ပဲ သပ္ရပ္သပ္ရပ္ ၊ အနည္းဆုံးေတာ့ ေပါင္မုန႔္ႂကြပ္ကအမုန္ေတြကီးဘုတ္ၾကားမွာ ညပ္က်န္ေနခဲ့ ႏိုင္ပါတယ္။ ကီးဘုတ္ၾကားမွာ အမႈန္ေတြမ်ားလာတဲ့အခါ ကီးေတြညပ္ၿပီး ႐ိုက္လို ႔မရျဖစ္လာ တတ္ပါတယ္။
ထို႔အျပင္ ေကာ္ဖီခြက္ေမွာက္သြား ခဲံမယ္ ဆိုရင္လည္း သင့္ရဲ႕ အဖိုးတန္ကီးဘုတ္ေလး ပ်က္ဆီးသြားႏိုင္ ပါေသး တယ္။
၃- တစ္ညလုံးဖုန္းအားသြင္းထားျခင္း
သင့္ဖုန္းကို သိပ္ၿပီးေတာ့ တန္ဖိုးမထား ရင္ေတာ့ တစ္ႏွစ္ပတ္လုံး အားသြင္း ထားလည္း ကိစၥမရွိ ပါဘူး။ ဒါေပမ့ယ္ သင့္ဖုန္းကို လ်င္လ်င္ျမန္ျမန္ မပ်က္ဆီးခ်င္ရင္ေတာ့ တစ္ညလုံးအားသြင္း ထားတာမ်ိဳး မလုပ္တာ အေကာင္းဆုံးပါပဲ။
ညဘက္အိပ္တဲ့ အခါ အားသြင္းထားၿပီး မနက္ႏိုး လာတဲ့အခါမွာ ဖုန္းကိုၾကည့္ရင္ အားျပည့္ေနေတာ့ အလြန္အဆင္ေျပ လြန္းတဲ့ နည္းလမ္း ဆိုေပမယ့္ ဖုန္းရဲ႕ဘတၳရီ အတြက္ေတာ့သိပ္ေကာင္းတဲ့ နည္းလမ္း မဟုတ္ပါဘူး။
လစ္သီယန္ အိုင္ယြန္ ဘတၳရီေတြဟာ ဆိုရင္ ဘတၳရီ အားအျပည့္ သြင္းရင္ အပ်က္ျမန္တဲ့ဘတၳရီအမ်ိဳးအစားေတြ ပဲျဖစ္ ပါတယ္။
၄- ဖုန္းအား အကုန္သုံးပစ္ျခင္း
စမတ္ဖုန္းေတြကို မီးအားရာႏႈန္းျပည့္သုံးစြဲ လို႔ရေအာင္ ပ႐ိုဂရမ္ ထည့္သြင္း ထားေပမယ့္ ၀ ရာခိုင္ႏႈန္း အထိ သုံးမယ္ဆိုရင္ ဘတၳရီ လ်င္လ်င္ျမန္ျမန္ ပ်က္ဆီးေစ ပါတယ္။ ဒီေတာ့ ဘတၳရီကို အနိမ့္ဆုံး ၂၀ ရာခိုင္ႏႈန္း အထိ သာသုံးၿပီး ျပန္လည္ အားျဖည့္ေပး သင့္ပါတယ္။
၅- Laptop ကို LCD မွကိုင္ၿပီး မျခင္း
Laptop ပ်က္ဆီးျခင္းရဲ႕ ၁၇ ရာခိုင္ႏႈန္းဟာ LCD ပ်က္ဆီးတာ ပဲျဖစ္ ပါတယ္။ Laptop LCD ကိုဖိၿပီးမ မယ္ဆိုရင္ အမဲစက္ေတြ ထင္လာ ႏိုင္ၿပီး အဆိုးဆုံး အေျခအေနမွာ LCD ေပါက္တဲ့ အထိျဖစ္ႏိုင္ ပါတယ္။ ထို႔အျပင္ Laptop LCD ကို အေပါစားေဆးေတြနဲ႔ သန႔္ရွင္းေရးမလုပ္သင့္ ပါဘူး။
၆- ကားထဲမွာ ဖုန္းေတြ Laptop ေတြထားခဲ့ျခင္း
ေနပူထဲမွာရပ္ထားတဲ့ ကားထဲမွာ ဆိုရင္ အပူလြန္ကဲမႈ အၿမဲတမ္းျဖစ္ေနေလ့ ရွိပါတယ္။ ဒီလိုအခ်ိန္မွာ ဖုန္းေတြ Laptop ေတြကို ကားထဲမွာ ထားခဲ့မယ္ ဆိုရင္ CPU ေတြေလာင္သြားၿပီးပ်က္ဆီးသြားႏိုင္ ပါတယ္။
ထို႔အျပင္ အလြန္ေအးခဲေနတဲ့ အခ်ိန္မ်ိဳးမွာ ဖုန္းေတြကို ကားထဲမွာ ထားခဲ့မယ္ ဆိုရင္လည္း ဘတၳရီေတြ ပ်က္ဆီးသြားႏိုင္ ပါတယ္။
၇- ေတြ႕ကရာ အားသြင္းႀကိဳးအသုံးျပဳျခင္း
သင့္သူငယ္ခ်င္း အိမ္ေရာက္တုန္း သင့္ဖုန္းေတြ လက္ေတာ့ေတြ အားသြင္း ဖူးမွာပါ။ မီးအားဝင္တယ္ ဆိုေပမယ့္ သင့္ရဲ႕ပစၥည္းေတြကို အားသြင္းဖို႔ လုံးဝ မသင့္ေတာ္ ပါဘူး။
ဖုန္းေတြ လက္ေတာ့ေတြမွာ ပါဝင္တဲ့ ဆားကစ္ေတြ ဟာ သူ႔ရဲ႕အားသြင္း စနစ္နဲ႔ပဲကိုက္ညီေအာင္ထုတ္ ထားတာျဖစ္တဲ့ အတြက္ တျခား အားသြင္းႀကိဳးနဲ႔ သြင္းမယ္ဆိုရင္ ပ်က္ဆီးသြားႏိုင္ေခ်ရွိ လာႏိုင္ ပါတယ္။
Writer – Min Thu
Credit
Unicode
သင့်ရဲ့ဖုန်း နဲ့ ကွန်ပြူတာများကို အလျင်အမြန်ပျက်စီးစေတဲ့ သင့်ရဲ့မှားယွင်းလုပ်ဆောင်မှုများ
ဖုန်း နဲ့ကွန်ပြူတာ တစ်ခုမှ မရှိတဲ့ အိမ်ဆိုတာ မရှိလောက် ပါဘူး ။ ဖုန်းတွေ ဆိုတာ ကျွန်တော်တို့အတွက် နည်းလမ်း အမျိုးမျိုးနဲ့ လိုအပ်နေတဲ့ အရာတွေဖြစ် ပါတယ်။
ဒါပေမယ့် ကိုယ့်ရဲ့အမှားကြောင်း ဒီပစ္စည်းတွေ မကြာခန ပျက်ဆီးနေ ရင်တော့ ငွေကုန်ကြေးကျများနေ ရပါ လိမ့်မယ်။ ဒီတော့ ဘယ်လို လုပ်ဆောင်ရင် ပစ္စည်းတွေ ပျက်ဆီးမလဲ ၊ ဘယ်လို မလုပ်ရဘူး ဆိုတာကို ကျွန်တော် တို့ပြောပြ သွားမှာပါ။
၁- ဖုန်းကို ရေချိုးခန်း ၊ အိမ်သာထဲသို့ ယူသွားခြင်း
ဖုန်းကိုအိမ်သာထဲ ယူသွားမယ် ဆိုရင် ပထမ တစ်ချက် ကလက်ချော်ပြီး အိမ်သာတွင်းထဲကျသွာ းနိုင်တယ် ။ တကယ်လို့ အဲ့လို ကျသွားခဲ့လို မပျက်ဆီးခဲ့ ရင်တောင် သင်အဲ့ဒီဖုန်းကိုသုံးချင်မှာ မဟုတ်တော့ ပါဘူး။
ဒုတိယအချက်က ဖုန်းကို အားသွင်းကြိုးနဲ့ တွဲလျက် ရေချိုးခန်းထဲ ယူသွားမယ် ဆိုရင် ဓါတ်လိုက်နိုင်ကိန်း ရှိပြီး အသက် အန္တရာယ် ရှိလာနိုင် ပါတယ်။
ထို့အပြင် အိမ်သာထဲကို ငါးမိနစ်လောက်သာ ဖုန်းယူသွားခဲ့ရင်တောင် သင့်ကျန်းမာရေးကိုထိခိုက်စေ နိုင်စွမ်း ရှိတယ်လို့ သုတေသီတွေ ကပြောပြ ထားပါတယ်။
၂ – ကွန်ပြူတာရှေ့မှာပဲ မနက်စာ စားခြင်း
သင်စားသောက်တာ ဘယ်လောက်ပဲ သပ်ရပ်သပ်ရပ် ၊ အနည်းဆုံးတော့ ပေါင်မုန့်ကြွပ်ကအမုန်တွေကီးဘုတ်ကြားမှာ ညပ်ကျန်နေခဲ့ နိုင်ပါတယ်။ ကီးဘုတ်ကြားမှာ အမှုန်တွေများလာတဲ့အခါ ကီးတွေညပ်ပြီး ရိုက်လို့မရဖြစ်လာ တတ်ပါတယ်။
ထို့အပြင် ကော်ဖီခွက်မှောက်သွား ခဲံမယ် ဆိုရင်လည်း သင့်ရဲ့ အဖိုးတန်ကီးဘုတ်လေး ပျက်ဆီးသွားနိုင် ပါသေး တယ်။
၃- တစ်ညလုံးဖုန်းအားသွင်းထားခြင်း
သင့်ဖုန်းကို သိပ်ပြီးတော့ တန်ဖိုးမထား ရင်တော့ တစ်နှစ်ပတ်လုံး အားသွင်း ထားလည်း ကိစ္စမရှိ ပါဘူး။ ဒါပေမ့ယ် သင့်ဖုန်းကို လျင်လျင်မြန်မြန် မပျက်ဆီးချင်ရင်တော့ တစ်ညလုံးအားသွင်း ထားတာမျိုး မလုပ်တာ အကောင်းဆုံးပါပဲ။
ညဘက်အိပ်တဲ့ အခါ အားသွင်းထားပြီး မနက်နိုး လာတဲ့အခါမှာ ဖုန်းကိုကြည့်ရင် အားပြည့်နေတော့ အလွန်အဆင်ပြေ လွန်းတဲ့ နည်းလမ်း ဆိုပေမယ့် ဖုန်းရဲ့ဘတ္ထရီ အတွက်တော့သိပ်ကောင်းတဲ့ နည်းလမ်း မဟုတ်ပါဘူး။
လစ်သီယန် အိုင်ယွန် ဘတ္ထရီတွေဟာ ဆိုရင် ဘတ္ထရီ အားအပြည့် သွင်းရင် အပျက်မြန်တဲ့ဘတ္ထရီအမျိုးအစားတွေ ပဲဖြစ် ပါတယ်။
၄- ဖုန်းအား အကုန်သုံးပစ်ခြင်း
စမတ်ဖုန်းတွေကို မီးအားရာနှုန်းပြည့်သုံးစွဲ လို့ရအောင် ပရိုဂရမ် ထည့်သွင်း ထားပေမယ့် ၀ ရာခိုင်နှုန်း အထိ သုံးမယ်ဆိုရင် ဘတ္ထရီ လျင်လျင်မြန်မြန် ပျက်ဆီးစေ ပါတယ်။ ဒီတော့ ဘတ္ထရီကို အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်း အထိ သာသုံးပြီး ပြန်လည် အားဖြည့်ပေး သင့်ပါတယ်။
၅- Laptop ကို LCD မှကိုင်ပြီး မခြင်း
Laptop ပျက်ဆီးခြင်းရဲ့ ၁၇ ရာခိုင်နှုန်းဟာ LCD ပျက်ဆီးတာ ပဲဖြစ် ပါတယ်။ Laptop LCD ကိုဖိပြီးမ မယ်ဆိုရင် အမဲစက်တွေ ထင်လာ နိုင်ပြီး အဆိုးဆုံး အခြေအနေမှာ LCD ပေါက်တဲ့ အထိဖြစ်နိုင် ပါတယ်။ ထို့အပြင် Laptop LCD ကို အပေါစားဆေးတွေနဲ့ သန့်ရှင်းရေးမလုပ်သင့် ပါဘူး။
၆- ကားထဲမှာ ဖုန်းတွေ Laptop တွေထားခဲ့ခြင်း
နေပူထဲမှာရပ်ထားတဲ့ ကားထဲမှာ ဆိုရင် အပူလွန်ကဲမှု အမြဲတမ်းဖြစ်နေလေ့ ရှိပါတယ်။ ဒီလိုအချိန်မှာ ဖုန်းတွေ Laptop တွေကို ကားထဲမှာ ထားခဲ့မယ် ဆိုရင် CPU တွေလောင်သွားပြီးပျက်ဆီးသွားနိုင် ပါတယ်။
ထို့အပြင် အလွန်အေးခဲနေတဲ့ အချိန်မျိုးမှာ ဖုန်းတွေကို ကားထဲမှာ ထားခဲ့မယ် ဆိုရင်လည်း ဘတ္ထရီတွေ ပျက်ဆီးသွားနိုင် ပါတယ်။
၇- တွေ့ကရာ အားသွင်းကြိုးအသုံးပြုခြင်း
သင့်သူငယ်ချင်း အိမ်ရောက်တုန်း သင့်ဖုန်းတွေ လက်တော့တွေ အားသွင်း ဖူးမှာပါ။ မီးအားဝင်တယ် ဆိုပေမယ့် သင့်ရဲ့ပစ္စည်းတွေကို အားသွင်းဖို့ လုံးဝ မသင့်တော် ပါဘူး။
ဖုန်းတွေ လက်တော့တွေမှာ ပါဝင်တဲ့ ဆားကစ်တွေ ဟာ သူ့ရဲ့အားသွင်း စနစ်နဲ့ပဲကိုက်ညီအောင်ထုတ် ထားတာဖြစ်တဲ့ အတွက် တခြား အားသွင်းကြိုးနဲ့ သွင်းမယ်ဆိုရင် ပျက်ဆီးသွားနိုင်ချေရှိ လာနိုင် ပါတယ်။
Writer – Min Thu
No Comments