
ခရီးရွည္ေမာင္းႏွင္ရမည္ဆိုေသာအခါ သတိျပဳရန္
နာရီႏွင့္ခွ်ီ၍ အခ်ိန္ၾကာျမင့္စြာေမာင္းႏွင္ၾကရမည့္ ယာဥ္ေမာင္းသူမ်ားအဖို႔ ခရီးေဝးမေမာင္းႏွင္မီ ႀကိဳတင္ျပင္ဆင္ ထားသင့္ေသာ ကိစၥရပ္မ်ားအနက္ ခရီးမထြက္မီ အိပ္ေရးဝေအာင္အိပ္စက္ထားျခင္းသည္ အေရးႀကီးဆုံး အခ်က္ျဖစ္ သည္။
ကမာၻအရပ္ရပ္ရွိ အမ်ားျပည္သူ သုံးလမ္းမ မ်ားေပၚတြင္ မိနစ္ႏွင့္အမွ် ယာဥ္မေတာ္တဆမႈမ်ား ျဖစ္ပြားလ်က္ ရွိေန သည္။ ဖြံ႕ၿဖိဳးၿပီ းႏိုင္ငံမ်ား၌ ျဖစ္ပြား ခဲ့ေသာ
ယာဥ္မေတာ္တဆမႈ မ်ားသည္ ၿမိဳ႕တြင္း သို႔မဟုတ္ ဆင္ေျခဖုံးေဒသမ်ား၌ အမ်ားဆုံးျဖစ္ေပၚခဲ့ၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံ အခ်ိဳ႕ႏွင့္ ဖြံ႕ၿဖိဳးမႈေနာက္ က်ေသာ ႏိုင္ငံမ်ား၌ ျဖစ္ပြားခဲ့သည့္
ယာဥ္မေတာ္တဆမႈ မ်ားကမူ အေဝးေျပး လမ္းမႀကီး မ်ားေပၚ၌ သို႔ိတည္းမဟုတ္ အျမန္လမ္းမႀကီးမ်ားေပၚ၌ အမ်ားဆုံ းျဖစ္ေပၚခဲ့သည္။ ယာဥ္မေတာ္ တဆမႈ မ်ား၏
၂၀ ရာခိုင္ႏႈန္းသည္ ယာဥ္ေမာင္းသူ၏ အိပ္ငိုက္မႈ သို႔မဟုတ္ အိပ္ေပ်ာ္သြားမႈ သို႔မဟုတ္ အိပ္ေရးပ်က္မႈမ်ားေၾကာင့္ ျဖစ္ခဲ့ ရေၾကာင္း သုေတသနျပဳေတြ ႕ရွိ ရသည္။
ကမာၻေပၚ၌ ႏွစ္စဥ္ျဖစ္ပြား လ်က္ရွိေနေသာ ယာဥ္မေတာ္တဆမႈ မ်ားအနက္ ယာဥ္တိုက္မႈေပါင္း ႏွစ္သိန္း ငါးေသာင္း ခန႔္သည္ ယာဥ္ေမာင္ းမ်ား၏ အိပ္ေရးပ်က္ျခင္းျပႆနာ၊အိပ္ငိုက္ျခင္းျပႆနာႏွင့္ အိပ္ေပ်ာ္ သြားျခင္ းျပႆနာ မ်ားေၾကာင့္ ျဖစ္ပြားခဲ့ရျခင္းျဖစ္သည္။
ကမာၻအရပ္ရပ္ရွိ အမ်ားျပည္သူ သုံးလမ္းမႀကီး မ်ားေပၚ၌ ေမာ္ေတာ္ ကားေမာင္းႏွင္ေနၾကေသာ ယာဥ္ေမာင္းသူမ်ား အနက္ ေန႔စဥ္ ပ်မ္းမွ်အားျဖင့္ ယာဥ္ေမာင္းသူဦးေရ
ရွစ္ေသာင္းနီးပါးသည္ ေမာ္ေတာ္ကားေမာင္းႏွင္ေနစဥ္၌ အိပ္ေပ်ာ္သြားတတ္ၾကေၾကာင္းကိုလည္း စစ္တမ္းေကာက္ယူမႈတစ္ရပ္အရ ေတြ႕ရွိရသည္။
ဤသည္မွာ ခရီးေဝးကားေမာင္းခ်ိန္ၾကာျမင့္ လာသည္ႏွင့္ အမွ် အိပ္ငိုက္တတ္ေသာလူ႔သေဘာ သဘာဝေၾကာင့္ပင္ ျဖစ္သည္။ အထူးသျဖင့္ ေျဖာင့္တန္းၿပီး ရွည္လ်ားလွေသာလမ္းပိုင္း မ်ားသည္ ယာဥ္ေမာင္းမ်ား ငိုက္မ်ဥ္းမႈကို ပို၍ျဖစ္ပြားေစ သည္။
နာရီႏွင့္ခ်ီ၍ အခ်ိန္ၾကာျမင့္ စြာေမာင္းႏွင္ၾက ရမည့္ ယာဥ္ေမာင္း သူမ်ား အဖို႔ ခရီးေဝးမေမာင္းႏွင္မီ ႀကိဳတင္ျပင္ဆင္ ထားသင့္ေသာ ကိစၥရပ္မ်ား အနက္ ခရီးမထြက္မီ အိပ္ေရးဝေအာင္အိပ္စက္ ထားျခင္းသည္ အေရးႀကီးဆုံး အခ်က္ျဖစ္သည္။
အိပ္ေရးျဝပီး အားအင္ျပည့္ၿဖိဳးကာ ကိုယ္ေရာစိတ္ပါ လန္းဆန္း တက္ႂကြေနသည့္ယာဥ္ေမာင္းသူမ်ားသည္ ခရီးေဝး ကားေမာင္းရာ၌ အိပ္ငိုက္ျခင္း၊ အိပ္ေပ်ာ္သြားျခင္းႏွင့္ အလြန္အမင္းပင္ပန္ းႏြမ္းနယ္ျခင္း ႔ေၾကာင့္ ျဖစ္ပြား လာႏိုင္သည့္ ယာဥ္မေတာ္တဆမႈမ်ားကို ေရွာင္လႊဲႏိုင္ ၾကမည္ျဖစ္ သည္။
ခရီးေဝးကား မေမာင္းမီ အစာကို အလြန္အမင္ စားသုံးျခင္း၊ ျပည့္အင့္ေအာင္ စားေသာက္ထားျခင္းတို႔သည္ ကားေမာင္းစဥ္၌ ငိုက္မ်ဥ္းျခင္းကို ျဖစ္ေပၚလာေစႏိုင္ေသာ အေၾကာင္းအခ်က္တစ္ခုျဖစ္ သည္။
ထို႔အတူ ကီလိုမီတာရာႏွင့္ ခ်ီေသာ ခရီးတာကို မရပ္မနား ေမာင္းႏွင္ျခင္း သည္လည္း ကားေမာင္းစဥ္၌ ငိုက္မ်ဥ္းျခင္းကို ျဖစ္ေပၚလာေစႏို င္ေသာ အေၾကာင္းအခ်က္ တစ္ခုျဖစ္သည္။
အလားတူပင္ ေလးလံ ထိုင္းမႈိင္းမႈကို ျဖစ္ေပၚေစႏို င္သည့္ ေဆးဝါးမ်ားကို သုံးစြဲထားျခင္း၊ ေသြးလည္ပတ္မ ႈကို ေႏွးေကြးတုံ႔ဆိုင္းေစသည့္ ေဆးဝါးမ်ားႏွင့္
အစားအေသာက္မ်ားကို မွီဝဲထားျခင္း၊ အာ႐ုံေၾကာမ်ား ႏိုးၾကား တက္ႂကြမႈကို အဟန႔္အတားျဖစ္ေစ သည့္ ေဆးဝါးႏွင့္အစား အေသာက္မ်ားကို သုံးေဆာင္မွီဝဲထားျခင္းတို႔သည္လည္း
ကားေမာင္းစဥ္၌ ငိုက္မ်ဥ္းမႈကို ျဖစ္ေပၚေစ ႏိုင္ေသာ အေၾကာင္းတရား မ်ားပင္ျဖစ္သည္။
သိပၸံစာေရးဆရာကိုကိုေအာင္(Eternal Light မဂၢဇင္း၊ ၂၀၁၉ ေမလထုတ္ – မွ)
Credit
Unicode
ခရီးရှည်မောင်းနှင်ရမည်ဆိုသောအခါ သတိပြုရန်
နာရီနှင့်ချှီ၍ အချိန်ကြာမြင့်စွာမောင်းနှင်ကြရမည့် ယာဉ်မောင်းသူများအဖို့ ခရီးဝေးမမောင်းနှင်မီ ကြိုတင်ပြင်ဆင် ထားသင့်သော ကိစ္စရပ်များအနက် ခရီးမထွက်မီ အိပ်ရေးဝအောင်အိပ်စက်ထားခြင်းသည် အရေးကြီးဆုံး အချက်ဖြစ် သည်။
ကမ္ဘာအရပ်ရပ်ရှိ အများပြည်သူ သုံးလမ်းမ များပေါ်တွင် မိနစ်နှင့်အမျှ ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက် ရှိနေ သည်။ ဖွံ့ဖြိုးပြီ းနိုင်ငံများ၌ ဖြစ်ပွား ခဲ့သော
ယာဉ်မတော်တဆမှု များသည် မြို့တွင်း သို့မဟုတ် ဆင်ခြေဖုံးဒေသများ၌ အများဆုံးဖြစ်ပေါ်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ အချို့နှင့် ဖွံ့ဖြိုးမှုနောက် ကျသော နိုင်ငံများ၌ ဖြစ်ပွားခဲ့သည့်
ယာဉ်မတော်တဆမှု များကမူ အဝေးပြေး လမ်းမကြီး များပေါ်၌ သို့ိတည်းမဟုတ် အမြန်လမ်းမကြီးများပေါ်၌ အများဆုံ းဖြစ်ပေါ်ခဲ့သည်။ ယာဉ်မတော် တဆမှု များ၏
၂၀ ရာခိုင်နှုန်းသည် ယာဉ်မောင်းသူ၏ အိပ်ငိုက်မှု သို့မဟုတ် အိပ်ပျော်သွားမှု သို့မဟုတ် အိပ်ရေးပျက်မှုများကြောင့် ဖြစ်ခဲ့ ရကြောင်း သုတေသနပြုတွေ့ရှိ ရသည်။
ကမ္ဘာပေါ်၌ နှစ်စဉ်ဖြစ်ပွား လျက်ရှိနေသော ယာဉ်မတော်တဆမှု များအနက် ယာဉ်တိုက်မှုပေါင်း နှစ်သိန်း ငါးသောင်း ခန့်သည် ယာဉ်မောင် းများ၏ အိပ်ရေးပျက်ခြင်းပြဿနာ၊အိပ်ငိုက်ခြင်းပြဿနာနှင့် အိပ်ပျော် သွားခြင် းပြဿနာ များကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
ကမ္ဘာအရပ်ရပ်ရှိ အများပြည်သူ သုံးလမ်းမကြီး များပေါ်၌ မော်တော် ကားမောင်းနှင်နေကြသော ယာဉ်မောင်းသူများ အနက် နေ့စဉ် ပျမ်းမျှအားဖြင့် ယာဉ်မောင်းသူဦးရေ
ရှစ်သောင်းနီးပါးသည် မော်တော်ကားမောင်းနှင်နေစဉ်၌ အိပ်ပျော်သွားတတ်ကြကြောင်းကိုလည်း စစ်တမ်းကောက်ယူမှုတစ်ရပ်အရ တွေ့ရှိရသည်။
ဤသည်မှာ ခရီးဝေးကားမောင်းချိန်ကြာမြင့် လာသည်နှင့် အမျှ အိပ်ငိုက်တတ်သောလူ့သဘော သဘာဝကြောင့်ပင် ဖြစ်သည်။ အထူးသဖြင့် ဖြောင့်တန်းပြီး ရှည်လျားလှသောလမ်းပိုင်း များသည် ယာဉ်မောင်းများ ငိုက်မျဉ်းမှုကို ပို၍ဖြစ်ပွားစေ သည်။
နာရီနှင့်ချီ၍ အချိန်ကြာမြင့် စွာမောင်းနှင်ကြ ရမည့် ယာဉ်မောင်း သူများ အဖို့ ခရီးဝေးမမောင်းနှင်မီ ကြိုတင်ပြင်ဆင် ထားသင့်သော ကိစ္စရပ်များ အနက် ခရီးမထွက်မီ အိပ်ရေးဝအောင်အိပ်စက် ထားခြင်းသည် အရေးကြီးဆုံး အချက်ဖြစ်သည်။
အိပ်ရေးဝြပီး အားအင်ပြည့်ဖြိုးကာ ကိုယ်ရောစိတ်ပါ လန်းဆန်း တက်ကြွနေသည့်ယာဉ်မောင်းသူများသည် ခရီးဝေး ကားမောင်းရာ၌ အိပ်ငိုက်ခြင်း၊ အိပ်ပျော်သွားခြင်းနှင့် အလွန်အမင်းပင်ပန် းနွမ်းနယ်ခြင်း့ကြောင့် ဖြစ်ပွား လာနိုင်သည့် ယာဉ်မတော်တဆမှုများကို ရှောင်လွှဲနိုင် ကြမည်ဖြစ် သည်။
ခရီးဝေးကား မမောင်းမီ အစာကို အလွန်အမင် စားသုံးခြင်း၊ ပြည့်အင့်အောင် စားသောက်ထားခြင်းတို့သည် ကားမောင်းစဉ်၌ ငိုက်မျဉ်းခြင်းကို ဖြစ်ပေါ်လာစေနိုင်သော အကြောင်းအချက်တစ်ခုဖြစ် သည်။
ထို့အတူ ကီလိုမီတာရာနှင့် ချီသော ခရီးတာကို မရပ်မနား မောင်းနှင်ခြင်း သည်လည်း ကားမောင်းစဉ်၌ ငိုက်မျဉ်းခြင်းကို ဖြစ်ပေါ်လာစေနို င်သော အကြောင်းအချက် တစ်ခုဖြစ်သည်။
အလားတူပင် လေးလံ ထိုင်းမှိုင်းမှုကို ဖြစ်ပေါ်စေနို င်သည့် ဆေးဝါးများကို သုံးစွဲထားခြင်း၊ သွေးလည်ပတ်မ ှုကို နှေးကွေးတုံ့ဆိုင်းစေသည့် ဆေးဝါးများနှင့်
အစားအသောက်များကို မှီဝဲထားခြင်း၊ အာရုံကြောများ နိုးကြား တက်ကြွမှုကို အဟန့်အတားဖြစ်စေ သည့် ဆေးဝါးနှင့်အစား အသောက်များကို သုံးဆောင်မှီဝဲထားခြင်းတို့သည်လည်း
ကားမောင်းစဉ်၌ ငိုက်မျဉ်းမှုကို ဖြစ်ပေါ်စေ နိုင်သော အကြောင်းတရား များပင်ဖြစ်သည်။
သိပ္ပံစာရေးဆရာကိုကိုအောင်(Eternal Light မဂ္ဂဇင်း၊ ၂၀၁၉ မေလထုတ် – မှ)
No Comments