
ခ်စ္သူေကာင္ေလးေတြ ထုတ္မေျပာျပေပမယ့္ အၾကားခ်င္ဆံုး စကား ၅ ခြန္း
မိန္းကေလးေတြက ကိုယ့္ခ်စ္သူ ကိုယ့္ကို ေခ်ာ့ေစခ်င္တယ္။ စကားေျပာခ်ိဳသာေစခ်င္တယ္ စတဲ့ လိုခ်င္မႈေတြ ရွိသလို ပါပဲ။ ေကာင္ေလးေတြကလည္း ကိုယ့္ေကာင္မေလးဆီက လိုခ်င္တဲ့ အရာေတြ ရွိပါတယ္။
ေယာက်ၤားေလး သဘာဝမို႔ လိုခ်င္တာေတြ ထုတ္မေျပာတတ္ေပမယ့္ ဒီစကားေလးေတြ ေျပာေပးရင္ေတာ့ သူက အရမ္းကို ဝမ္းသာေနေတာ့ မွာပါ။ အဲ့ဒီ စကားေတြကေတာ့
ကို က ခ်စ္ကို စိတ္ေအးခ်မ္းေစတဲ့သူပဲ
ဒီစကား ကေတာ့ ေကာင္ေလးေတြ ရင္ကို ထိေစတဲ့ စကား တစ္ခြန္းျဖစ္ ပါတယ္။ ေကာင္ေလးေတြရဲ႕ သဘာဝအရ သူတုိ႔က ကာကြယ္ေပးခ်င္တဲ့ သူေတြ ျဖစ္ၿပီး
တစ္ေယာက္ေယာက္ကို သူတို႔က ကာကြယ္ေပးလိုစိတ္ ရွိၾကပါတယ္။ သူတို႔ေၾကာင့္ စိတ္ေအးခ်မ္းေစတယ္ ဆိုတာက သူတို႔ကို အသိအမွတ္ျပဳ လုိက္တာ ပါပဲ။
ကို႔ေၾကာင့္ အျမဲ ေပ်ာ္ရတယ္
လူတစ္ေယာက္ေၾကာင့္ တစ္ေယာက္ ေပ်ာ္ရတယ္ ဆိုတာ မလြယ္ပါဘူး။ ဒီလိုမ်ိဳး ကိုယ့္ေၾကာင့္ ေပ်ာ္ရတယ္ဆိုတဲ့ စကားကို ၾကားရတဲ့ ေကာင္ေလးက ခ်စ္သူ အတြက္
ကိုယ္က အဖိုးတန္တဲ့သူအျဖစ္ ခံစား ရသြားေစပါတယ္။ ဒါေၾကာင့္ ဒီစကားက သူ႔ကို ေက်နပ္ပီတိ ျဖစ္ေစလို႔ သေဘာက် တတ္ၾက ပါတယ္။
ခ်စ္ သူငယ္ခ်င္းေတြက ကို႔ကို သေဘာက်တယ္
ေကာင္ေလးေတြက ကိုယ့္ခ်စ္သူ အျမင္ထက္ သူမ်ား အျမင္ေတြကို ဂရုမစိုက္တတ္ဘူးလို႔ အမ်ားစုက ျမင္ၾက ပါတယ္။ တကယ္တမ္း မွာေတာ့ တိတ္တိတ္ေလး သင့္သူငယ္ခ်င္းေတြရဲ႕ အျမင္ကို အာရံုစိုက္ တတ္ပါတယ္။
သူငယ္ခ်င္းေတြက သူ႔ကို အသိအမွတ္ျပဳတာက သင္နဲ႔ လိုက္ဖက္တဲ့သူလို႔ သူတို႔က လက္ခံမွသာ ေျပာၾကတာမ်ိဳးမို႔ ဒီစကားကို သူတို႔က ႏွစ္ၿခိဳက္ေလ့ ရွိၾကပါတယ္။
ဂရုစိုက္ေပးတတ္တယ္
ခ်စ္သူအခ်င္းခ်င္း ဂရုစိုက္ၾကတာ မဆန္းဘူးလို႔ ေတြးႏိုင္ပါတယ္။ ဒါေပမယ့္ သူက ဂရုစိုက္ေပးတတ္တဲ့သူ ျဖစ္ေၾကာင္းကို ကိုယ့္ဘက္က ထုတ္ေျပာလိုက္တာက သူ ဂရုစိုက္ေပးေနတာကို ကိုယ္ကလည္း သိပါတယ္။
တန္ဖိုးထားပါတယ္ ဆိုတာကို သူ႔ကို ထုတ္ေျပာ လိုက္တာပါပဲ။ ဒါေၾကာင့္ ကိုယ့္ ဂရုစိုက္ေပးတာကို အသိအမွတ္ျပဳ ခံရတာကို ေကာင္ေလးေတြက ႏွစ္သက္ၾက ပါေသးတယ္။
ၾကည့္ေကာင္းတယ္
ေကာင္ေလး အမ်ားစုကေတာ့ ကိုယ့္ရဲ႕ ရုပ္ရည္နဲ႔ ပံုပန္းအေပၚ မေက်မနပ္ တိတ္တိတ္ေလး ျဖစ္တတ္ ၾကပါတယ္။ ကိုယ့္ ခ်စ္သူက ကိုယ့္ကို ၾကည့္ေကာင္းတယ္လို႔ ခ်ီးက်ဴးတဲ့ အခါမွာေတာ့
သူတို႔ရဲ႕ ကိုယ့္ကိုယ္ကို ယံုၾကည္မႈကို ပုိျမင့္လာေစ တတ္ပါတယ္။ ဒီစကားက ေကာင္မေလးက ကိုယ့္ကို သိပ္ခ်စ္ပါ လားလို႔ ခံစားရေစလို႔ ေကာင္ေလးေတြက သေဘာက်ပါတယ္။
Credit Aunty May
Unicode
ချစ်သူကောင်လေးတွေ ထုတ်မပြောပြပေမယ့် အကြားချင်ဆုံး စကား ၅ ခွန်း
မိန်းကလေးတွေက ကိုယ့်ချစ်သူ ကိုယ့်ကို ချော့စေချင်တယ်။ စကားပြောချိုသာစေချင်တယ် စတဲ့ လိုချင်မှုတွေ ရှိသလို ပါပဲ။ ကောင်လေးတွေကလည်း ကိုယ့်ကောင်မလေးဆီက လိုချင်တဲ့ အရာတွေ ရှိပါတယ်။
ယောင်္ကျားလေး သဘာဝမို့ လိုချင်တာတွေ ထုတ်မပြောတတ်ပေမယ့် ဒီစကားလေးတွေ ပြောပေးရင်တော့ သူက အရမ်းကို ဝမ်းသာနေတော့ မှာပါ။ အဲ့ဒီ စကားတွေကတော့
ကို က ချစ်ကို စိတ်အေးချမ်းစေတဲ့သူပဲ
ဒီစကား ကတော့ ကောင်လေးတွေ ရင်ကို ထိစေတဲ့ စကား တစ်ခွန်းဖြစ် ပါတယ်။ ကောင်လေးတွေရဲ့ သဘာဝအရ သူတို့က ကာကွယ်ပေးချင်တဲ့ သူတွေ ဖြစ်ပြီး
တစ်ယောက်ယောက်ကို သူတို့က ကာကွယ်ပေးလိုစိတ် ရှိကြပါတယ်။ သူတို့ကြောင့် စိတ်အေးချမ်းစေတယ် ဆိုတာက သူတို့ကို အသိအမှတ်ပြု လိုက်တာ ပါပဲ။
ကို့ကြောင့် အမြဲ ပျော်ရတယ်
လူတစ်ယောက်ကြောင့် တစ်ယောက် ပျော်ရတယ် ဆိုတာ မလွယ်ပါဘူး။ ဒီလိုမျိုး ကိုယ့်ကြောင့် ပျော်ရတယ်ဆိုတဲ့ စကားကို ကြားရတဲ့ ကောင်လေးက ချစ်သူ အတွက်
ကိုယ်က အဖိုးတန်တဲ့သူအဖြစ် ခံစား ရသွားစေပါတယ်။ ဒါကြောင့် ဒီစကားက သူ့ကို ကျေနပ်ပီတိ ဖြစ်စေလို့ သဘောကျ တတ်ကြ ပါတယ်။
ချစ် သူငယ်ချင်းတွေက ကို့ကို သဘောကျတယ်
ကောင်လေးတွေက ကိုယ့်ချစ်သူ အမြင်ထက် သူများ အမြင်တွေကို ဂရုမစိုက်တတ်ဘူးလို့ အများစုက မြင်ကြ ပါတယ်။ တကယ်တမ်း မှာတော့ တိတ်တိတ်လေး သင့်သူငယ်ချင်းတွေရဲ့ အမြင်ကို အာရုံစိုက် တတ်ပါတယ်။
သူငယ်ချင်းတွေက သူ့ကို အသိအမှတ်ပြုတာက သင်နဲ့ လိုက်ဖက်တဲ့သူလို့ သူတို့က လက်ခံမှသာ ပြောကြတာမျိုးမို့ ဒီစကားကို သူတို့က နှစ်ခြိုက်လေ့ ရှိကြပါတယ်။
ဂရုစိုက်ပေးတတ်တယ်
ချစ်သူအချင်းချင်း ဂရုစိုက်ကြတာ မဆန်းဘူးလို့ တွေးနိုင်ပါတယ်။ ဒါပေမယ့် သူက ဂရုစိုက်ပေးတတ်တဲ့သူ ဖြစ်ကြောင်းကို ကိုယ့်ဘက်က ထုတ်ပြောလိုက်တာက သူ ဂရုစိုက်ပေးနေတာကို ကိုယ်ကလည်း သိပါတယ်။
တန်ဖိုးထားပါတယ် ဆိုတာကို သူ့ကို ထုတ်ပြော လိုက်တာပါပဲ။ ဒါကြောင့် ကိုယ့် ဂရုစိုက်ပေးတာကို အသိအမှတ်ပြု ခံရတာကို ကောင်လေးတွေက နှစ်သက်ကြ ပါသေးတယ်။
ကြည့်ကောင်းတယ်
ကောင်လေး အများစုကတော့ ကိုယ့်ရဲ့ ရုပ်ရည်နဲ့ ပုံပန်းအပေါ် မကျေမနပ် တိတ်တိတ်လေး ဖြစ်တတ် ကြပါတယ်။ ကိုယ့် ချစ်သူက ကိုယ့်ကို ကြည့်ကောင်းတယ်လို့ ချီးကျူးတဲ့ အခါမှာတော့
သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပိုမြင့်လာစေ တတ်ပါတယ်။ ဒီစကားက ကောင်မလေးက ကိုယ့်ကို သိပ်ချစ်ပါ လားလို့ ခံစားရစေလို့ ကောင်လေးတွေက သဘောကျပါတယ်။
Credit Aunty May
No Comments