
သင့္ခ်စ္သူေကာင္ေလးရဲ႕ ရင္ကို တဒိုင္းဒိုင္း ခုန္သြားေစမယ့္ အျပဳအမူ (၇) မ်ိဳး
ကိုယ့္ခ်စ္သူေကာင္ေလးေရွ႕ ေရာက္တဲ့ အခါ ပဲျဖစ္ျဖစ္၊ အတူရွိေနခ်ိန္ပဲျဖစ္ျဖစ္ မထင္မွတ္ပဲ ျပဳမူလိုက္တဲ့ ကိုယ့္လႈပ္ရွားမႈ အျပဳအမူေတြေၾကာင့္ တစ္ဖက္လူမွာ စိတ္လႈပ္ရွားသြားရတာမ်ိဳး၊ ရင္ခုန္သြား ရတာမ်ိဳးေတြ ရွိတတ္ ပါတယ္။
ဒီလို ျဖစ္ဖို႔ ကိုယ့္ဘက္က စနစ္တက် လုပ္ေဆာင္ လိုက္တာမ်ိဳး မဟုတ္ပဲ အမႈမဲ့ အမွတ္မဲ့ လုပ္ေဆာင္ျပဳမူပုံေလးေတြက ကိုယ့္ေကာင္ေလးကို ဆြဲေဆာင္ လိုက္ႏိုင္တာ မ်ိဳးေပါ့..၊
အဲ့ဒီလို ဆက္စီက်တဲ့ လုပ္ရပ္ေလးေတြ ကေတာ့၊
၁။ အားလပ္ရက္ အတူရွိေနခ်ိန္၊ အပန္းေျဖခရီး အတူသြားခ်ိန္မွာ အျဖဴေရာင္ရွပ္အက်ီ ပြပြႀကီး ဝတ္ေနတာမ်ိဳး၊
အထူးတလည္ ေ႐ြးခ်ယ္ထားတဲ့ အနက္ေရာင္ဂါဝန္က အမ်ိဳးသားေတြကို ဆြဲေဆာင္ႏိုင္သလားဆိုတာ မေသခ်ာပါဘူး။
အဲ့ဒီထက္ ေသခ်ာတာ ကေတာ့ သင္ကပိုက႐ို ဝတ္ထားတဲ့ အျဖဴေရာင္ ရွပ္အက်ီပြပြႀကီးတစ္ထည္ပါပဲ၊
ဒါ သူတို႔အတြက္ ဆက္စီျဖစ္တယ္လို႔ အမ်ိဳးသားေတြက ဖြင့္ဟ ထားၾကပါတယ္။
၂။ သူ႔ကို တင္းက်ပ္စြာ ေပြ႕ဖက္ လိုက္တာမ်ိဳး၊
ႏွစ္ဦးသားဆုံခ်ိန္မွာ စကားေျပာေနရင္းနဲ႔ သူ႔ကို အမွတ္မထင္ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လိုက္ျခင္းဟာ တစ္ဖက္လူအတြက္ စိတ္လႈပ္ရွားေပ်ာ္႐ႊင္ဖြယ္ ခံစားခ်က္ကို ေပးစြမ္းလိုက္သလိုပါပဲ၊
သင့္ဆီကရတဲ့ ရနံ႔ေလးေတြေၾကာင့္သာမက၊ တင္းက်ပ္လြန္းတဲ့ ေပြ႕ဖက္မႈေၾကာင့္ သူဘယ္ေလာက္ ရင္ခုန္သြား လိမ့္မလဲ၊
၃။ ဘာရယ္မလုပ္ သူ႔ေပါင္ကို လက္ကေလးနဲ႔ ကစားမိလိုက္တာမ်ိဳး၊
တစ္ဖက္က ဖုန္းကိုဖြင့္ၿပီး ကလိေနတယ္ ဆိုရင္ေတာင္ က်န္တစ္ဖက္က သူ႔ကိုမၾကည့္ပဲ သူ႔ေပါင္ကို မထိတထိကစား လိုက္တာ မ်ိဳးကလည္း အမ်ိဳးသားေတြ အတြက္ ရင္ခုန္စရာတစ္မ်ိဳးပါတဲ့၊
၄။ ခ်စ္သူေရွ႕မွာ အပ်င္းေၾကာဆန႔္လိုက္တာမ်ိဳး၊
ရင့္ကိုေကာ့၊ လက္ကိုတန္းၿပီး အပ်င္းေၾကာဆန႔္ လိုက္တာ မ်ိဳးဟာ သင့္ခ်စ္သူကို သင့္ေကာက္ေၾကာင္းအလွကို ျမင္ရေစတာမို႔ ရင္ခုန္ဖြယ္အခိုက္အတန႔္ေလးပါပဲ၊
၅။ သင့္ရဲ႕ေအာက္ႏႈတ္ခမ္းကို ဖိကိုက္တာမ်ိဳး၊
ကမာၻတစ္ဝွမ္းလုံးက အမ်ိဳးသားေတြ တစ္ညီတစ္ၫြတ္တည္း ေထာက္ခံၾကတဲ့ အရာထဲမွာ ခုလို သူတို႔ခ်စ္သူေကာင္မေလးေတြ သူတို႔ကို ၾကည့္ၿပီး ေအာက္ႏႈတ္ခမ္းကိုက္ျပတာမ်ိဳးဟာ ဆက္စီျဖစ္ပါသတဲ့၊
၆။ သူ႔ရွပ္အက်ီေလးကို ဝတ္ထားတာမ်ိဳး၊
ကိုယ့္ခ်စ္သူ ေကာင္မေလးက ကိုယ့္တီရွပ္၊ ရွပ္အက်ီ ဝတ္ထားမယ္ဆိုရင္ ဘယ္ေယာက်ၤားသားမဆို သေဘာက် ႏွစ္ၿခိဳက္ၾက မွာပါ။
၇။ ေခြၽးေလးေတြ စို႔ေနတာမ်ိဳး၊
တစ္ခါတစ္ေလ ေနပူလို႔၊ ဒါမွမဟုတ္ အတူရွိေနခ်ိန္ ပူတဲ့ေနရာ တစ္ခုခုေရာက္ေနလို႔ ကိုယ့္လည္ပင္း၊ လက္ စတာေတြမွာ ေခြၽးဆို႔ေနတဲ့ အခါ ကိုယ္တိုင္က ေနရခက္ေနေပမယ့္ အမ်ိဳးသားေတြ အတြက္ကေတာ့ ဒါဆြဲေဆာင္မႈ တစ္ခုပဲေနာ္။
Credidt
Unicode
သင့်ချစ်သူကောင်လေးရဲ့ ရင်ကို တဒိုင်းဒိုင်း ခုန်သွားစေမယ့် အပြုအမူ (၇) မျိုး
ကိုယ့်ချစ်သူကောင်လေးရှေ့ ရောက်တဲ့ အခါ ပဲဖြစ်ဖြစ်၊ အတူရှိနေချိန်ပဲဖြစ်ဖြစ် မထင်မှတ်ပဲ ပြုမူလိုက်တဲ့ ကိုယ့်လှုပ်ရှားမှု အပြုအမူတွေကြောင့် တစ်ဖက်လူမှာ စိတ်လှုပ်ရှားသွားရတာမျိုး၊ ရင်ခုန်သွား ရတာမျိုးတွေ ရှိတတ် ပါတယ်။
ဒီလို ဖြစ်ဖို့ ကိုယ့်ဘက်က စနစ်တကျ လုပ်ဆောင် လိုက်တာမျိုး မဟုတ်ပဲ အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်ပြုမူပုံလေးတွေက ကိုယ့်ကောင်လေးကို ဆွဲဆောင် လိုက်နိုင်တာ မျိုးပေါ့..၊
အဲ့ဒီလို ဆက်စီကျတဲ့ လုပ်ရပ်လေးတွေ ကတော့၊
၁။ အားလပ်ရက် အတူရှိနေချိန်၊ အပန်းဖြေခရီး အတူသွားချိန်မှာ အဖြူရောင်ရှပ်အကျီ ပွပွကြီး ဝတ်နေတာမျိုး၊
အထူးတလည် ရွေးချယ်ထားတဲ့ အနက်ရောင်ဂါဝန်က အမျိုးသားတွေကို ဆွဲဆောင်နိုင်သလားဆိုတာ မသေချာပါဘူး။
အဲ့ဒီထက် သေချာတာ ကတော့ သင်ကပိုကရို ဝတ်ထားတဲ့ အဖြူရောင် ရှပ်အကျီပွပွကြီးတစ်ထည်ပါပဲ၊
ဒါ သူတို့အတွက် ဆက်စီဖြစ်တယ်လို့ အမျိုးသားတွေက ဖွင့်ဟ ထားကြပါတယ်။
၂။ သူ့ကို တင်းကျပ်စွာ ပွေ့ဖက် လိုက်တာမျိုး၊
နှစ်ဦးသားဆုံချိန်မှာ စကားပြောနေရင်းနဲ့ သူ့ကို အမှတ်မထင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ခြင်းဟာ တစ်ဖက်လူအတွက် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် ခံစားချက်ကို ပေးစွမ်းလိုက်သလိုပါပဲ၊
သင့်ဆီကရတဲ့ ရနံ့လေးတွေကြောင့်သာမက၊ တင်းကျပ်လွန်းတဲ့ ပွေ့ဖက်မှုကြောင့် သူဘယ်လောက် ရင်ခုန်သွား လိမ့်မလဲ၊
၃။ ဘာရယ်မလုပ် သူ့ပေါင်ကို လက်ကလေးနဲ့ ကစားမိလိုက်တာမျိုး၊
တစ်ဖက်က ဖုန်းကိုဖွင့်ပြီး ကလိနေတယ် ဆိုရင်တောင် ကျန်တစ်ဖက်က သူ့ကိုမကြည့်ပဲ သူ့ပေါင်ကို မထိတထိကစား လိုက်တာ မျိုးကလည်း အမျိုးသားတွေ အတွက် ရင်ခုန်စရာတစ်မျိုးပါတဲ့၊
၄။ ချစ်သူရှေ့မှာ အပျင်းကြောဆန့်လိုက်တာမျိုး၊
ရင့်ကိုကော့၊ လက်ကိုတန်းပြီး အပျင်းကြောဆန့် လိုက်တာ မျိုးဟာ သင့်ချစ်သူကို သင့်ကောက်ကြောင်းအလှကို မြင်ရစေတာမို့ ရင်ခုန်ဖွယ်အခိုက်အတန့်လေးပါပဲ၊
၅။ သင့်ရဲ့အောက်နှုတ်ခမ်းကို ဖိကိုက်တာမျိုး၊
ကမ္ဘာတစ်ဝှမ်းလုံးက အမျိုးသားတွေ တစ်ညီတစ်ညွတ်တည်း ထောက်ခံကြတဲ့ အရာထဲမှာ ခုလို သူတို့ချစ်သူကောင်မလေးတွေ သူတို့ကို ကြည့်ပြီး အောက်နှုတ်ခမ်းကိုက်ပြတာမျိုးဟာ ဆက်စီဖြစ်ပါသတဲ့၊
၆။ သူ့ရှပ်အကျီလေးကို ဝတ်ထားတာမျိုး၊
ကိုယ့်ချစ်သူ ကောင်မလေးက ကိုယ့်တီရှပ်၊ ရှပ်အကျီ ဝတ်ထားမယ်ဆိုရင် ဘယ်ယောင်္ကျားသားမဆို သဘောကျ နှစ်ခြိုက်ကြ မှာပါ။
၇။ ချွေးလေးတွေ စို့နေတာမျိုး၊
တစ်ခါတစ်လေ နေပူလို့၊ ဒါမှမဟုတ် အတူရှိနေချိန် ပူတဲ့နေရာ တစ်ခုခုရောက်နေလို့ ကိုယ့်လည်ပင်း၊ လက် စတာတွေမှာ ချွေးဆို့နေတဲ့ အခါ ကိုယ်တိုင်က နေရခက်နေပေမယ့် အမျိုးသားတွေ အတွက်ကတော့ ဒါဆွဲဆောင်မှု တစ်ခုပဲနော်။
Unicode
No Comments