လူငယ္တစ္ေယာက္ရဲ႕ အခ်စ္ဆိုတာ - Amawpyay

လူငယ္တစ္ေယာက္ရဲ႕ အခ်စ္ဆိုတာ

လူငယ္တစ္ေယာက္ရဲ႕ အခ်စ္ဆိုတာ
အခ်စ္ေရး

လူငယ္တစ္ေယာက္ရဲ႕ အခ်စ္ဆိုတာ

ဆရာ_က်မႏုပ်ိဳလွပခဲ့ စဥ္တုန္းက က်မထက္ ၁ဝ ႏွစ္ေလာက္ႀကီး တဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ အိမ္ေထာင္က် ခဲ့တာ ဆရာ အသိပါ ။

အိမ္ေထာင္က်ခါ စတုန္းက က်မ အမ်ိဳးသားဟာ အင္မတန္ အားကိုးထိုက္တဲ့ သူလို႔ ခံစားခဲ့ရတယ္ ။

က်မ သူ႔ အေပၚအထင္ တႀကီးနဲ႔ အားကိုး ခ်စ္ခင္ ခဲ့တယ္ ။

ဒီလိုနဲ႔ အခ်ိန္ေတြၾကာျမင့္ ေျပာင္းလဲ လာေတာ့ က်မရဲ႕စိတ္ေတြ ေျပာင္းလဲလာခဲ့တယ္ ။

သူ႔မွာအားကိုးခ်င္စရာ ဘာမွ မရွိဘူး။ အထင္ႀကီး စရာေတြ မက်န္ေတာ့ ဘူး ။

က်မကို အရင္လို စိတ္ကို မၾကည္လင္ေစ ေတာ့ဘူး။ ေပ်ာ္႐ႊင္မႈ မေပး ႏိုင္ေတာ့ဘူး ။

အဲ့ဒါ ဘာေၾကာင့္ပါလဲ ဆရာ ?

အိမ္ေထာင္က်တယ္ဆိုတာ အခ်စ္ ရဲ႕သခ်ၤ ိဳင္း ေလလား ?

အိမ္ေထာင္က် သြားရင္ သမီး ရည္းစား ဘဝက အခ်စ္ေတြက ကုန္ဆုံးသြားတတ္လား ?

သူမေျပာတာ နားေထာင္ၿပီးေတာ့

သူ႔ ဆရာက ဆရာ့ေနာက္ကို ခဏလိုက္ ခဲ့ဆိုၿပီး သူမ ကိုေတာင္ႀကီး တစ္လုံးကို ျမင္ႏိုင္တဲ့ ေနရာေခၚ သြားၿပီး ေတာင္ႀကီးကို လက္ညိဳး ထိုးျပၿပီးေတာ့ ေမးတယ္ ။

ဆရာ။ ။အဲ့ဒီေတာင္ႀကီးကို ၾကည့္စမ္း ဘယ္လို ျမင္လဲ__?

သမီး။ ။ႀကီးမားၿပီး လွပခန႔္ျငားပါတယ္ ျမင္ရတာ စိတ္ၾကည္လင္ လန္းဆန္းေစ ပါတယ္ ။

ဆရာ။ ။ကဲ လာဆရာနဲ႔ ေတာင္ေပၚ တက္ၾကည့္ ၾကစို“့ ဆိုၿပီး ေတာင္ေပၚကို ႏွစ္ေယာက္ လွမ္းတက္သြားၾကတယ္ ။

လမ္းတစ္ေလွ်ာက္လုံး စကား တစ္ခြန္းမွ မေျပာျဖစ္ ပါဘူး ။ ေတာင္ကို သာတက္ၿပီးရင္း တက္ေန ေတာ့တယ္ ။

သူမဟာ တေျဖးေျဖး ေမာပန္းလာတယ္။ ေတာင္တက္လမ္းကလည္း ေက်ာက္တုံးေက်ာက္ခဲေတြနဲ႔ ၾကမ္းတမ္းလာ ေနတယ္ ။

သူမႏႈတ္က ေမာတယ္ ၊ ပန္းတယ္ ပင္ပန္းတယ္ နားခ်င္တယ္ စသျဖင့္ အသံေတြ ထြက္လာေတာ့တယ္ ။

ေတာင္ထိပ္ကိုေရာက္ေတာ့

ဆရာကဒါ..နင္ေစာေစာက ျမင္တဲ့ ေတာင္ႀကီး ပဲေလ ။

သူမ။ ။ဒီေတာင္ႀကီးက မလွပါဘူး။ လမ္းကလည္း ေက်ာက္တုံး၊ ေက်ာက္ခဲေတြနဲ႔ ၾကမ္းတမ္းလိုက္တာ၊ သစ္ပင္ေတြ ၿခဳံေတြ ကလည္း ရႈပ္ေထြးေန တာပဲ ။

ဟိုဖက္ကေတာင္က ပိုေတာင္ လွေနေသးတယ္ ဆိုၿပီး တစ္ျခားေတာင္ တစ္လုံးကို ၫႊန္ျပတယ္ …။

ဆရာက ရယ္ၿပီး နင္တို႔ေတြ ခ်စ္သူျဖစ္ခဲ့ ၾကတုန္း ကလည္း ဒီသေဘာပဲ ။

ေတာင္ကို အေဝးကၾကည့္ သလို လွပမႈေတြ ခန႔္ညားမႈေတြ ပဲျမင္ၿပီး ႀကိဳက္ခဲ့ ၾကတယ္ ။

မဂၤလာေဆာင္ၿပီးေတာ့ ေတာင္ေပၚကို တက္လာ သလိုပဲ ။

ေတြ႕ရတဲ့ အရာ ႀကဳံေတြ႕ရ သမွ်ေတြဟာ ပုံမွန္သဘာဝ အတိုင္း ဘာမွ..ထူးျခားမူ႔မရွိတဲ့အရာပင္ပန္းဆင္းရဲမူ ႔သက္သက္လို ႔ထင္လာ တယ္ ။

ေတာင္ထိပ္ကိုတက္လာတဲ့အခါ မ်က္လုံးထဲမွာ ဒီေတာင္ရဲ႕အလွ ကို မျမင္ရေတာ့ဘူး ။

တစ္ျခားေဘး က ေတာင္ေတြရဲ႕အလွကိုပဲ နင္ျမင္ေတြ ႔ေနေတာ့တယ္ ။

တစ္ကယ္ေတာ့ ေတာင္ကေျပာင္းလဲ မသြား ဘူး။ နင္သာ ေျပာင္းလဲ သြားတာ ။

နင့္စိတ္ခံစားခ်က္ ေျပာင္းလဲသြားလို႔ အျမင္ေျပာင္း သြားတာ ။

ႏွစ္သက္ျမတ္ႏႈိးမႈ မရွိ တဲ့အခါ ေတာင္ကလည္းမလွ ေတာ့ဘူးလို႔ ခံစားလာရတယ္ ။

မႏွစ္သက္ေလေလ ကိုယ့္အတြက္ ဆုံးရႈံးနစ္နာမႈေတြ ျဖစ္ေပၚေစေလေလ ပါပဲ ။

နင္ဒီေနရာမွာရပ္တည္ေနၿပီးေတာ့ ဘာ့ေၾကာင့္ တစ္ျခားေတာင္ကိုပဲ ျမင္ေနရသလဲဆိုရင္

နင္ဒီေတာင္ႀကီးေပၚမွာ တက္နင္း ထားၿပီး ရပ္ေနလို႔ပဲ ။

တကယ္ဆိုရင္နင္ ဒီေတာင္ရဲ႕ဂုဏ္ေက်းဇူး ကိုသိရမွာ__

အဲ့ဒီအမ်ိဳးသမီးရဲ ့ သူ႔အမ်ိဳးသားအေပၚ ေျပာင္းလဲသြားတဲ့ဒီသေဘာတရားအတိုင္းပါပဲ ။

တစ္ခ်ိဳ႕လည္းသူမ်ားမိဘေတြက်ေတာ ့ေကာင္းလိုက္တာ ကိုယ့္မိဘေတြ က်ေတာ့ ဟိုလိုျဖစ္တယ္၊ ဒီလိုျဖစ္တယ္လို႔ အလိုမက်ျဖစ္ေနၾကတဲ့ သားသမီးေတြလည္း ထိုနည္းတူပါပဲ ။

ကိုယ္နဲ႔အနီးဆုံး အခင္ဆုံးသူေတြ ရဲ႕ ေကာင္းကြက္ေတြ ကိုဘယ္ေတာ့မွ မေမ့လိုက္မိပါေစနဲ႔ ။

တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ခြဲခြာၾကရစရာ အေၾကာင္းႀကဳံလာတဲ့ အခါ ေကာင္းမြန္တဲ့ သတိရစရာ ေတြးတိုင္း ၾကည္ႏူးစရာအေၾကာင္းအရာေလးေတြက်န္ခဲ့ၾကရေလေအာင္ ခ်စ္ၾက ခင္ၾကပါ ။

အၾကာႀကီး ေပါင္းသင္း လာခဲ့ၾကတဲ့ ခင္မင္မႈေတြ ကိုလည္း ထိန္းသိမ္း ထားႏိုင္ၾက ပါေစ ။

မိတ္ေဆြေကာင္း ဆိုတာ ေလာကႀကီး ကေပးထား တဲ့ တန္ဖိုးျဖတ္ မရတဲ့ အေကာင္းဆုံးလက္ေဆာင္ တစ္ခုပါေနာ္ ။

Credit to original writer

Unicode

လူငယ်တစ်ယောက်ရဲ့ အချစ်ဆိုတာ

ဆရာ_ကျမနုပျိုလှပခဲ့ စဉ်တုန်းက ကျမထက် ၁ဝ နှစ်လောက်ကြီး တဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျ ခဲ့တာ ဆရာ အသိပါ ။

အိမ်ထောင်ကျခါ စတုန်းက ကျမ အမျိုးသားဟာ အင်မတန် အားကိုးထိုက်တဲ့ သူလို့ ခံစားခဲ့ရတယ် ။

ကျမ သူ့ အပေါ်အထင် တကြီးနဲ့ အားကိုး ချစ်ခင် ခဲ့တယ် ။

ဒီလိုနဲ့ အချိန်တွေကြာမြင့် ပြောင်းလဲ လာတော့ ကျမရဲ့စိတ်တွေ ပြောင်းလဲလာခဲ့တယ် ။

သူ့မှာအားကိုးချင်စရာ ဘာမှ မရှိဘူး။ အထင်ကြီး စရာတွေ မကျန်တော့ ဘူး ။

ကျမကို အရင်လို စိတ်ကို မကြည်လင်စေ တော့ဘူး။ ပျော်ရွှင်မှု မပေး နိုင်တော့ဘူး ။

အဲ့ဒါ ဘာကြောင့်ပါလဲ ဆရာ ?

အိမ်ထောင်ကျတယ်ဆိုတာ အချစ် ရဲ့သင်္ချ ိုင်း လေလား ?

အိမ်ထောင်ကျ သွားရင် သမီး ရည်းစား ဘဝက အချစ်တွေက ကုန်ဆုံးသွားတတ်လား ?

သူမပြောတာ နားထောင်ပြီးတော့

သူ့ ဆရာက ဆရာ့နောက်ကို ခဏလိုက် ခဲ့ဆိုပြီး သူမ ကိုတောင်ကြီး တစ်လုံးကို မြင်နိုင်တဲ့ နေရာခေါ် သွားပြီး တောင်ကြီးကို လက်ညိုး ထိုးပြပြီးတော့ မေးတယ် ။

ဆရာ။ ။အဲ့ဒီတောင်ကြီးကို ကြည့်စမ်း ဘယ်လို မြင်လဲ__?

သမီး။ ။ကြီးမားပြီး လှပခန့်ငြားပါတယ် မြင်ရတာ စိတ်ကြည်လင် လန်းဆန်းစေ ပါတယ် ။

ဆရာ။ ။ကဲ လာဆရာနဲ့ တောင်ပေါ် တက်ကြည့် ကြစို“့ ဆိုပြီး တောင်ပေါ်ကို နှစ်ယောက် လှမ်းတက်သွားကြတယ် ။

လမ်းတစ်လျှောက်လုံး စကား တစ်ခွန်းမှ မပြောဖြစ် ပါဘူး ။ တောင်ကို သာတက်ပြီးရင်း တက်နေ တော့တယ် ။

သူမဟာ တဖြေးဖြေး မောပန်းလာတယ်။ တောင်တက်လမ်းကလည်း ကျောက်တုံးကျောက်ခဲတွေနဲ့ ကြမ်းတမ်းလာ နေတယ် ။

သူမနှုတ်က မောတယ် ၊ ပန်းတယ် ပင်ပန်းတယ် နားချင်တယ် စသဖြင့် အသံတွေ ထွက်လာတော့တယ် ။

တောင်ထိပ်ကိုရောက်တော့

ဆရာကဒါ..နင်စောစောက မြင်တဲ့ တောင်ကြီး ပဲလေ ။

သူမ။ ။ဒီတောင်ကြီးက မလှပါဘူး။ လမ်းကလည်း ကျောက်တုံး၊ ကျောက်ခဲတွေနဲ့ ကြမ်းတမ်းလိုက်တာ၊ သစ်ပင်တွေ ခြုံတွေ ကလည်း ရှုပ်ထွေးနေ တာပဲ ။

ဟိုဖက်ကတောင်က ပိုတောင် လှနေသေးတယ် ဆိုပြီး တစ်ခြားတောင် တစ်လုံးကို ညွှန်ပြတယ် …။

ဆရာက ရယ်ပြီး နင်တို့တွေ ချစ်သူဖြစ်ခဲ့ ကြတုန်း ကလည်း ဒီသဘောပဲ ။

တောင်ကို အဝေးကကြည့် သလို လှပမှုတွေ ခန့်ညားမှုတွေ ပဲမြင်ပြီး ကြိုက်ခဲ့ ကြတယ် ။

မင်္ဂလာဆောင်ပြီးတော့ တောင်ပေါ်ကို တက်လာ သလိုပဲ ။

တွေ့ရတဲ့ အရာ ကြုံတွေ့ရ သမျှတွေဟာ ပုံမှန်သဘာဝ အတိုင်း ဘာမှ..ထူးခြားမူ့မရှိတဲ့အရာပင်ပန်းဆင်းရဲမူ့သက်သက်လို့ထင်လာ တယ် ။

တောင်ထိပ်ကိုတက်လာတဲ့အခါ မျက်လုံးထဲမှာ ဒီတောင်ရဲ့အလှ ကို မမြင်ရတော့ဘူး ။

တစ်ခြားဘေး က တောင်တွေရဲ့အလှကိုပဲ နင်မြင်တွေ့နေတော့တယ် ။

တစ်ကယ်တော့ တောင်ကပြောင်းလဲ မသွား ဘူး။ နင်သာ ပြောင်းလဲ သွားတာ ။

နင့်စိတ်ခံစားချက် ပြောင်းလဲသွားလို့ အမြင်ပြောင်း သွားတာ ။

နှစ်သက်မြတ်နှိုးမှု မရှိ တဲ့အခါ တောင်ကလည်းမလှ တော့ဘူးလို့ ခံစားလာရတယ် ။

မနှစ်သက်လေလေ ကိုယ့်အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေလေလေ ပါပဲ ။

နင်ဒီနေရာမှာရပ်တည်နေပြီးတော့ ဘာ့ကြောင့် တစ်ခြားတောင်ကိုပဲ မြင်နေရသလဲဆိုရင်

နင်ဒီတောင်ကြီးပေါ်မှာ တက်နင်း ထားပြီး ရပ်နေလို့ပဲ ။

တကယ်ဆိုရင်နင် ဒီတောင်ရဲ့ဂုဏ်ကျေးဇူး ကိုသိရမှာ__

အဲ့ဒီအမျိုးသမီးရဲ့ သူ့အမျိုးသားအပေါ် ပြောင်းလဲသွားတဲ့ဒီသဘောတရားအတိုင်းပါပဲ ။

တစ်ချို့လည်းသူများမိဘတွေကျတော့ကောင်းလိုက်တာ ကိုယ့်မိဘတွေ ကျတော့ ဟိုလိုဖြစ်တယ်၊ ဒီလိုဖြစ်တယ်လို့ အလိုမကျဖြစ်နေကြတဲ့ သားသမီးတွေလည်း ထိုနည်းတူပါပဲ ။

ကိုယ်နဲ့အနီးဆုံး အခင်ဆုံးသူတွေ ရဲ့ ကောင်းကွက်တွေ ကိုဘယ်တော့မှ မမေ့လိုက်မိပါစေနဲ့ ။

တစ်နေ့နေ့ တစ်ချိန်ချိန်ခွဲခွာကြရစရာ အကြောင်းကြုံလာတဲ့ အခါ ကောင်းမွန်တဲ့ သတိရစရာ တွေးတိုင်း ကြည်နူးစရာအကြောင်းအရာလေးတွေကျန်ခဲ့ကြရလေအောင် ချစ်ကြ ခင်ကြပါ ။

အကြာကြီး ပေါင်းသင်း လာခဲ့ကြတဲ့ ခင်မင်မှုတွေ ကိုလည်း ထိန်းသိမ်း ထားနိုင်ကြ ပါစေ ။

မိတ်ဆွေကောင်း ဆိုတာ လောကကြီး ကပေးထား တဲ့ တန်ဖိုးဖြတ် မရတဲ့ အကောင်းဆုံးလက်ဆောင် တစ်ခုပါနော် ။

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …