အတုယူသင့္တဲ့ စိတ္ထားမ်ိဳးကို ပိုင္ဆုိင္ထားတဲ့ မိန္းကေလးေတြဆိုတာ ဒီလိုေတြပါ - Amawpyay

အတုယူသင့္တဲ့ စိတ္ထားမ်ိဳးကို ပိုင္ဆုိင္ထားတဲ့ မိန္းကေလးေတြဆိုတာ ဒီလိုေတြပါ

အတုယူသင့္တဲ့ စိတ္ထားမ်ိဳးကို ပိုင္ဆုိင္ထားတဲ့ မိန္းကေလးေတြဆိုတာ ဒီလိုေတြပါ
Knowledge

အတုယူသင့္တဲ့ စိတ္ထားမ်ိဳးကို ပိုင္ဆုိင္ထားတဲ့ မိန္းကေလးေတြဆိုတာ ဒီလိုေတြပါ

မိန္းကေလးဆိုတာ ဗိုင္းေကာင္းေက်ာက္ဖိျဖစ္ေန ရမယ္၊ မိန္္းကေလးဆိုတာ အိမ္မႈကိစၥေတြပဲ လုပ္ဖုိ႔ေမြးဖြား လာတာလို႔ ေျပာေနၾက တဲ့သူေတြရဲ႕ စကားေတြဟာ မွားယြင္းေနပါလား ဆိုတာကို ဒီလို မိန္းကေလးေတြက သက္ေသျပေန ပါတယ္။

ေ႐ွးထံုးလည္း မပယ္နဲ႔ ဆုိတဲ့ စကား႐ွိတယ္ ဆုိေပမယ့္ ယူသင့္တဲဲ့ ေ႐ွးထံုးကုိ ယူၿပီး ပယ္သင့္တဲဲ့ ေ႐ွးထံုးကိုေတာ့ ပယ္ရမွာ ပါပဲ။

ေ႐ွးလူႀကီးေတြရဲ႕ စကား ဟာလည္း အၾကြင္းမဲ့ မွန္ကန္ေန တယ္လုိ႔ မဆုိထား ပါဘူး။

မွန္မမွန္ ဆုိိတာကို ကိုယ္ပိုင္ အသိဥာဏ္နဲ႔ ဆံုးျဖတ္ ႏုိ္င္စြမ္း အားလံုးမွာ ႐ွိပါတယ္။

ဒါေၾကာင့္ ဒီလုိမ်ိဳး မိန္းကေလးေတြဟာ သာမာန္ မိန္းကေလးေတြ ထက္ ကြဲထြက္ေနတတ္ၿပီး ထူးျခားတဲ့ သူေတြျဖစ္ေၾကာင္းကို ဒီအခ်က္ေတြက ေဖာ္ျပေန ပါတယ္ေနာ္။

ကိုယ္မွန္ေနရင္ ဘယ္သူ႔ကိုမွ မေၾကာက္တတ္ဘူး

မိန္းကေလးအမ်ားစုက အားနည္းတယ္ ဆိုတဲ့ အဆုိကို ျငင္းဆုိသင့္တယ္လုိ ႔ကေကာ မထင္ဘူးလား။

တကယ္ေတာ့ မိန္းကေလးတစ္ေယာက္ သာမာန္သြားရင္ ေတာ္႐ံုလူေတြ လိုက္မမွီေတာ့ပါဘူး။

ဒီလုိ မိန္းကေလးေတြဟာ အမွန္တရားကို ျမတ္ႏိုးသလုိ ကိုယ္မွန္ေနရင္ ဘယ္သူ႔ကိုမွ မေၾကာက္တတ္ ၾကပါဘူး။

ကိုယ့္ထက္ အာဏာပါဝါႀကီးတဲ့သူပဲ ျဖစ္ျဖစ္၊ ကိုယ့္ရဲ႕အထက္ လူႀကီးပဲျဖစ္ျဖစ္ မွားေနရင္ မွားေနတယ္လို႔ ရဲရဲဝံ့ဝံ့ေျပာ တတ္ၿပီး အမွန္တရား အတြက္ တုိက္ပြဲဝင္ ရဲၾက ပါတယ္။

သူတို႔လုပ္ လုိက္မိတဲ့ အရာေတြ အတြက္လည္း ဘယ္ေတာ့မွာ ေနာင္တမရ တတ္သလုိ ျဖစ္လာသမွ်ကို ရင္ဆုိင္ဖုိ ႔အသင့္ပါပဲ။

သူတုိ႔အေပၚ ေလးစားမႈ မ႐ွိတဲ့ သူေတြကို ျပန္္တံု႔ျပန္ တတ္တယ္

လူဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေလးစားမႈ႐ွိဖုိ႔က အဓိကအေရးႀကီးပါတယ္။ ေလးစားမႈမ႐ွိတဲ့ ဆက္ဆံေရးဟာ အနားကြပ္မ႐ွိတဲ့ ၾကမ္းခင္းလုိပါပဲ ပရမ္းပတာနဲ႔ ပ်က္စီးလြယ္ပါတယ္။

ဒီလုိ မိန္းကေလးေတြက သူတုိ႔အေပၚ ေလးစားမႈ ႐ွိတာမ်ိဳးကို သေဘာက် တတ္ၾကပါတယ္။ တကယ္လုိ႔ သူတုိ႔ကို မေလးမစားနဲ႔ ထင္သလုိ ဆက္ဆံခဲ့မယ္ဆုိရင္ေတာ့ သူတုိ႔ရဲ႕ တံု႔ျပန္မႈကို ခံရမွာပါ။

သူတုိ႔ေတြကို ထင္သလုိဆက္ဆံလုိ မရတဲ့ အေၾကာင္းကို သူတို႔က ပညာသားပါပါနဲ႔ ျပန္တံု႔ျပန္တတ္ၾက သူေတြ ျဖစ္ပါတယ္။

တစ္ျခားသူ က်႐ံႈးသြားပါေစဆုိတဲ့ အေတြးမ်ိဳး လံုးဝမ႐ွိဘူး

သူတစ္ပါးကို ေခ်ာက္ခ်လုိစိတ္၊ မနာလုိဝန္တုိစိတ္ လံုးဝမ႐ွိတဲ့ သူေတြျဖစ္ၿပီး အထူးသျဖင့္ မိန္္းကေလးအခ်င္းခ်င္း စာနာနားလည္တတ္သူေတြ ျဖစ္ၾကပါတယ္။

အားနည္းတဲ့ မိန္းကေလးေတြကို ေဖးမတြဲေခၚတတ္ ၾကၿပီး စိတ္ဓာတ္ခြန္အားေတြ လည္း ေပးတတ္ၾက သူေတြပါ။ တစ္ျခားသူ တစ္ေယာက္ က်႐ံႈးမွ ရမယ့္ေပ်ာ္႐ႊင္မႈ မ်ိဳးက သူတုိ႔႔အတြက္ ေပ်ာ္႐ႊင္မႈ မဟုတ္ပါဘူး။

သူတုိ႔က တစ္ျခားသူေတြ ကိုထက္ ကိုယ္တုိးတက္ဖို႔ ကိုယ့္ကိုယ္ကိုပဲ ၿပိဳင္တတ္ၾကသူေတြ ျဖစ္ပါတယ္။

ကိုယ္ကိုယ္တုိုင္အတြက္ပဲ ႐ွင္သန္တယ္

ဒီလုိ မိန္းကေလးေတြဟာ ကိုယ့္ကိုယ္ကို ခ်စ္တယ္၊ ေလးစားတယ္၊ တန္ဖိုးထားတယ္ ေနာက္ၿပီး သူတုိ႔ကိုယ္သူတုိ႔ အေကာင္းဆံုးနဲ႔ အလွဆံုး ျဖစ္ေအာင္ေန တယ္။

ဒါေတြက တစ္ျခားသူေတြ ကိုယ့္ကိုယ္သေဘာက် လာဖုိ႔ ျပဳျပင္ေနတာ မဟုတ္ပဲ ကိုယ္ကိုိယ္္တုိင္အတြက္ ကိုယ့္ရဲ႕ယံုၾကည္မႈေတြ အတြက္ လုပ္ေဆာင္ေန တာ ျဖစ္ပါတယ္။

ဒီလုိ ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္တဲ့ မိန္းကေလးေတြ ျဖစ္္လုိ႔ တစ္ျခားသူေတြ အေပၚမွာလည္း ကိုယ္ခ်င္းစာစိတ္၊ နားလည္ တဲ့စိတ္ အျပည့္အဝ ႐ွိသူေတြ ျဖစ္ပါတယ္။

Credit to original writer

Unicode

အတုယူသင့်တဲ့ စိတ်ထားမျိုးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဆိုတာ ဒီလိုတွေပါ

မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိဖြစ်နေ ရမယ်၊ မိန်းကလေးဆိုတာ အိမ်မှုကိစ္စတွေပဲ လုပ်ဖို့မွေးဖွား လာတာလို့ ပြောနေကြ တဲ့သူတွေရဲ့ စကားတွေဟာ မှားယွင်းနေပါလား ဆိုတာကို ဒီလို မိန်းကလေးတွေက သက်သေပြနေ ပါတယ်။

ရှေးထုံးလည်း မပယ်နဲ့ ဆိုတဲ့ စကားရှိတယ် ဆိုပေမယ့် ယူသင့်တဲ့ ရှေးထုံးကို ယူပြီး ပယ်သင့်တဲ့ ရှေးထုံးကိုတော့ ပယ်ရမှာ ပါပဲ။

ရှေးလူကြီးတွေရဲ့ စကား ဟာလည်း အကြွင်းမဲ့ မှန်ကန်နေ တယ်လို့ မဆိုထား ပါဘူး။

မှန်မမှန် ဆိုတာကို ကိုယ်ပိုင် အသိဉာဏ်နဲ့ ဆုံးဖြတ် နိုင်စွမ်း အားလုံးမှာ ရှိပါတယ်။

ဒါကြောင့် ဒီလိုမျိုး မိန်းကလေးတွေဟာ သာမာန် မိန်းကလေးတွေ ထက် ကွဲထွက်နေတတ်ပြီး ထူးခြားတဲ့ သူတွေဖြစ်ကြောင်းကို ဒီအချက်တွေက ဖော်ပြနေ ပါတယ်နော်။

ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ မကြောက်တတ်ဘူး

မိန်းကလေးအများစုက အားနည်းတယ် ဆိုတဲ့ အဆိုကို ငြင်းဆိုသင့်တယ်လို့ကကော မထင်ဘူးလား။

တကယ်တော့ မိန်းကလေးတစ်ယောက် သာမာန်သွားရင် တော်ရုံလူတွေ လိုက်မမှီတော့ပါဘူး။

ဒီလို မိန်းကလေးတွေဟာ အမှန်တရားကို မြတ်နိုးသလို ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ မကြောက်တတ် ကြပါဘူး။

ကိုယ့်ထက် အာဏာပါဝါကြီးတဲ့သူပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့အထက် လူကြီးပဲဖြစ်ဖြစ် မှားနေရင် မှားနေတယ်လို့ ရဲရဲဝံ့ဝံ့ပြော တတ်ပြီး အမှန်တရား အတွက် တိုက်ပွဲဝင် ရဲကြ ပါတယ်။

သူတို့လုပ် လိုက်မိတဲ့ အရာတွေ အတွက်လည်း ဘယ်တော့မှာ နောင်တမရ တတ်သလို ဖြစ်လာသမျှကို ရင်ဆိုင်ဖို့အသင့်ပါပဲ။

သူတို့အပေါ် လေးစားမှု မရှိတဲ့ သူတွေကို ပြန်တုံ့ပြန် တတ်တယ်

လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိဖို့က အဓိကအရေးကြီးပါတယ်။ လေးစားမှုမရှိတဲ့ ဆက်ဆံရေးဟာ အနားကွပ်မရှိတဲ့ ကြမ်းခင်းလိုပါပဲ ပရမ်းပတာနဲ့ ပျက်စီးလွယ်ပါတယ်။

ဒီလို မိန်းကလေးတွေက သူတို့အပေါ် လေးစားမှု ရှိတာမျိုးကို သဘောကျ တတ်ကြပါတယ်။ တကယ်လို့ သူတို့ကို မလေးမစားနဲ့ ထင်သလို ဆက်ဆံခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ တုံ့ပြန်မှုကို ခံရမှာပါ။

သူတို့တွေကို ထင်သလိုဆက်ဆံလို မရတဲ့ အကြောင်းကို သူတို့က ပညာသားပါပါနဲ့ ပြန်တုံ့ပြန်တတ်ကြ သူတွေ ဖြစ်ပါတယ်။

တစ်ခြားသူ ကျရှုံးသွားပါစေဆိုတဲ့ အတွေးမျိုး လုံးဝမရှိဘူး

သူတစ်ပါးကို ချောက်ချလိုစိတ်၊ မနာလိုဝန်တိုစိတ် လုံးဝမရှိတဲ့ သူတွေဖြစ်ပြီး အထူးသဖြင့် မိန်းကလေးအချင်းချင်း စာနာနားလည်တတ်သူတွေ ဖြစ်ကြပါတယ်။

အားနည်းတဲ့ မိန်းကလေးတွေကို ဖေးမတွဲခေါ်တတ် ကြပြီး စိတ်ဓာတ်ခွန်အားတွေ လည်း ပေးတတ်ကြ သူတွေပါ။ တစ်ခြားသူ တစ်ယောက် ကျရှုံးမှ ရမယ့်ပျော်ရွှင်မှု မျိုးက သူတို့အတွက် ပျော်ရွှင်မှု မဟုတ်ပါဘူး။

သူတို့က တစ်ခြားသူတွေ ကိုထက် ကိုယ်တိုးတက်ဖို့ ကိုယ့်ကိုယ်ကိုပဲ ပြိုင်တတ်ကြသူတွေ ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်အတွက်ပဲ ရှင်သန်တယ်

ဒီလို မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ချစ်တယ်၊ လေးစားတယ်၊ တန်ဖိုးထားတယ် နောက်ပြီး သူတို့ကိုယ်သူတို့ အကောင်းဆုံးနဲ့ အလှဆုံး ဖြစ်အောင်နေ တယ်။

ဒါတွေက တစ်ခြားသူတွေ ကိုယ့်ကိုယ်သဘောကျ လာဖို့ ပြုပြင်နေတာ မဟုတ်ပဲ ကိုယ်ကိုယ်တိုင်အတွက် ကိုယ့်ရဲ့ယုံကြည်မှုတွေ အတွက် လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။

ဒီလို ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ ဖြစ်လို့ တစ်ခြားသူတွေ အပေါ်မှာလည်း ကိုယ်ချင်းစာစိတ်၊ နားလည် တဲ့စိတ် အပြည့်အဝ ရှိသူတွေ ဖြစ်ပါတယ်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …