
တစ္ခ်ိန္မွာ ေသခ်ာေပါက္ ခ်မ္းသာၾကြယ္ဝမယ့္သူေတြရဲ႕ စ႐ိုက္လကၡဏာရပ္မ်ား
ခုေနခ်ိန္ မွာေတာ့ ဘဝအတြက္ ႐ုန္းကန္ေန ရေပမယ့္ အခ်ိန္တစ္ခုေရာက္ တဲ့အခါ ေသခ်ာေပါက္ ခ်မ္းသာၾကြယ္ဝ မယ့္ လကၡဏာရပ္ေတြက ႀကိဳတင္ေဖာ္ျပေန တတ္ပါ တယ္။
လူတစ္ေယာက္ရဲ႕ အက်င့္စ႐ုိက္၊ အျပဳအမူကို ၾကည့္႐ံုနဲ႔ ဒီလူဟာ တစ္ခ်ိန္ခ်ိန္မွာ ႀကီးပြါးမယ့္သူ ဟုတ္မဟုတ္ ဆုိတာကို သိႏိုင္ ပါတယ္ေနာ္။
လုိခ်င္္တာကို ကိုယ့္လုပ္အားနဲ႔ ဝယ္တတ္တာ
တစ္ခ်ိန္မွာ ေအာင္ျမင္မယ့္ ႀကီးပြါးမယ့္ သူေတြက လုိခ်င္တာကို သူမ်ားဆီက အလြယ္တကူ ရယူတတ္တာမ်ိဳးေတြ မလုပ္ တတ္ၾက ပါဘူး။
ကိုယ္လိုခ်င္တဲ့အရာကို ကိုယ့္ပိုင္ အစြမ္းအစနဲ႔ပဲ ႀကိဳးစားၿပီး ရေအာင္ယူတတ္တဲ့ မာန႐ွိသူေတြပါ။
ဒီလိုလူေတြက အခက္အခဲ ႀကံဳေတြ႔လာရရင္ေတာင္ ဘယ္ေတာ့မွ ဇြဲမေလ်ာ့ပဲ ေနာက္ဆံုးမွာ ေအာင္ျမင္မႈေတြကို ဆြတ္ခူးမယ့္ သူမ်ိဳးပဲ ျဖစ္ပါတယ္။
အေၾကြးမသံုးတတ္ဘူး
သူမ်ားဆီက အေၾကြးယူတတ္တဲ့ အက်င့္က တကယ့္ကို ဆုိးဝါးလြန္းတဲ့ အက်င့္တစ္ခုပါ။ အေၾကြးယူသံုးတတ္တဲ့သူေတြဟာ ဘဝကို အၿမီးက်က္ အၿမီးစား၊ ေခါင္းက်က္ ေခါင္းက်က္မယ့္ သူေတြပဲ ျဖစ္ပါတယ္။
ဒါေပမယ့္ အနာဂတ္မွာ ခ်မ္းသာၾကြယ္ဝမယ့္ သူေတြကေတာ့ ဘယ္ေတာ့မွ အေၾကြးလြယ္လြယ္ ယူမသံုးတတ္ၾကပါဘူး။ တတ္ႏုိင္သေလာက္ အေၾကြးနဲ႔ ကင္းေအာင္ေနတတ္ၾကပါတယ္။
ကိုယ့္ကိုယ္ကို ရင္းႏွီးျမဳပ္ႏွံတယ္
အကြက္ျမင္တဲ့သူေတြဆုိတာ ကိုယ့္ကိုယ္ကို ရင္းႏွီးျမဳပ္ႏွံတတ္တဲ့ သူေတြကို ေခၚတာပါ လူဆိုတာ အျမဲတမ္း တိုးတက္ေနဖို႔ဆုိရင္ အေသခ်ာဆံုးျဖစ္တဲ့ ကိုယ့္ကိုယ္ကို ရင္းႏွီးျမဳပ္ႏွံတတ္ရပါတယ္။
ကိုယ့္မွာ အတတ္ပညာဝမ္းစာေတြ ျပည့္ဝေနတဲ့အခါ ဘယ္ေနရာေရာက္ေရာက္ ကိုယ့္အတြက္ တက္လမ္းခ်ည္းပဲ ျဖစ္ေနတတ္ပါတယ္။ ဒါက လူတစ္ေယာက္ကို ေအာင္ျမင္ေစတဲ့ အဓိက ေသာ့ခ်က္ပါပဲ။
ေငြကို ထိန္းခ်ဳပ္ႏုိင္တယ္
လက္ဖြာတယ္ဆုိတာက ၾကားရတာေတာ့ ေကာင္းခ်င္ေကာင္းပါလိမ့္မယ္ တကယ္တမ္းမွာေတာ့ မဆင္မျခင္ သံုးစြဲမႈက ကိုယ့္ရဲ႕ဝင္ေငြနဲ႔ ထြက္ေငြ မမွ်မတျဖစ္ေစတတ္ပါတယ္။
ေခၽြတာတယ္ဆုိတာက ကပ္ေစးႏွဲတာမ်ိဳး မဟုတ္ပဲ မကုန္သင့္တာ မကုန္ဖုိ႔၊ မသံုးသင့္တာ မသံုးဖို႔ကို ဆင္ျခင္တတ္တာပါ။
ကိုယ့္ရဲ႕ေငြေတြကို ေသခ်ာထိန္းခ်ဳပ္တတ္တဲ့ သူေတြဟာ တစ္ခ်ိန္္ခ်ိန္္မွာ ေသခ်ာေပါက္ ေအာင္ျမင္ခ်မ္းသာမယ့္ သူေတြရဲ႕ လကၡဏာေတြပါပဲ။
Khin
Credit to original writer
Unicode
တစ်ချိန်မှာ သေချာပေါက် ချမ်းသာကြွယ်ဝမယ့်သူတွေရဲ့ စရိုက်လက္ခဏာရပ်များ
ခုနေချိန် မှာတော့ ဘဝအတွက် ရုန်းကန်နေ ရပေမယ့် အချိန်တစ်ခုရောက် တဲ့အခါ သေချာပေါက် ချမ်းသာကြွယ်ဝ မယ့် လက္ခဏာရပ်တွေက ကြိုတင်ဖော်ပြနေ တတ်ပါ တယ်။
လူတစ်ယောက်ရဲ့ အကျင့်စရိုက်၊ အပြုအမူကို ကြည့်ရုံနဲ့ ဒီလူဟာ တစ်ချိန်ချိန်မှာ ကြီးပွါးမယ့်သူ ဟုတ်မဟုတ် ဆိုတာကို သိနိုင် ပါတယ်နော်။
လိုချင်တာကို ကိုယ့်လုပ်အားနဲ့ ဝယ်တတ်တာ
တစ်ချိန်မှာ အောင်မြင်မယ့် ကြီးပွါးမယ့် သူတွေက လိုချင်တာကို သူများဆီက အလွယ်တကူ ရယူတတ်တာမျိုးတွေ မလုပ် တတ်ကြ ပါဘူး။
ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ပိုင် အစွမ်းအစနဲ့ပဲ ကြိုးစားပြီး ရအောင်ယူတတ်တဲ့ မာနရှိသူတွေပါ။
ဒီလိုလူတွေက အခက်အခဲ ကြုံတွေ့လာရရင်တောင် ဘယ်တော့မှ ဇွဲမလျော့ပဲ နောက်ဆုံးမှာ အောင်မြင်မှုတွေကို ဆွတ်ခူးမယ့် သူမျိုးပဲ ဖြစ်ပါတယ်။
အကြွေးမသုံးတတ်ဘူး
သူများဆီက အကြွေးယူတတ်တဲ့ အကျင့်က တကယ့်ကို ဆိုးဝါးလွန်းတဲ့ အကျင့်တစ်ခုပါ။
အကြွေးယူသုံးတတ်တဲ့သူတွေဟာ ဘဝကို အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းကျက်မယ့် သူတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အနာဂတ်မှာ ချမ်းသာကြွယ်ဝမယ့် သူတွေကတော့ ဘယ်တော့မှ အကြွေးလွယ်လွယ် ယူမသုံးတတ်ကြပါဘူး။ တတ်နိုင်သလောက် အကြွေးနဲ့ ကင်းအောင်နေတတ်ကြပါတယ်။
ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံတယ်
အကွက်မြင်တဲ့သူတွေဆိုတာ ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံတတ်တဲ့ သူတွေကို ခေါ်တာပါ လူဆိုတာ အမြဲတမ်း တိုးတက်နေဖို့ဆိုရင် အသေချာဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံတတ်ရပါတယ်။
ကိုယ့်မှာ အတတ်ပညာဝမ်းစာတွေ ပြည့်ဝနေတဲ့အခါ ဘယ်နေရာရောက်ရောက် ကိုယ့်အတွက် တက်လမ်းချည်းပဲ ဖြစ်နေတတ်ပါတယ်။ ဒါက လူတစ်ယောက်ကို အောင်မြင်စေတဲ့ အဓိက သော့ချက်ပါပဲ။
ငွေကို ထိန်းချုပ်နိုင်တယ်
လက်ဖွာတယ်ဆိုတာက ကြားရတာတော့ ကောင်းချင်ကောင်းပါလိမ့်မယ် တကယ်တမ်းမှာတော့ မဆင်မခြင် သုံးစွဲမှုက ကိုယ့်ရဲ့ဝင်ငွေနဲ့ ထွက်ငွေ မမျှမတဖြစ်စေတတ်ပါတယ်။
ချွေတာတယ်ဆိုတာက ကပ်စေးနှဲတာမျိုး မဟုတ်ပဲ မကုန်သင့်တာ မကုန်ဖို့၊ မသုံးသင့်တာ မသုံးဖို့ကို ဆင်ခြင်တတ်တာပါ။
ကိုယ့်ရဲ့ငွေတွေကို သေချာထိန်းချုပ်တတ်တဲ့ သူတွေဟာ တစ်ချိန်ချိန်မှာ သေချာပေါက် အောင်မြင်ချမ်းသာမယ့် သူတွေရဲ့ လက္ခဏာတွေပါပဲ။
No Comments