
Khin
Credit
Unicode
ဘယ်အရာကိုမှ လွယ်လွယ်မယုံတတ်တော့တဲ့ သူတွေရဲ့ အချစ်အပေါ် ခံယူချက်များ
ဘယ်အရာကိုမှ လွယ်လွယ် မယုံတတ်တော့တဲ့ သူတွေရဲ့ အချစ်အပေါ် ခံယူချက်များ
ထက်မြက်တဲ့ မိန်းလေးတွေက သူတို့ဘဝကို အလှဆုံး ဘယ်လို ပုံဖော် ထုဆစ်မယ်၊ သူတို့ကိုယ်သူတို့ ဘယ်လို ယုံကြည်မှု ရှိရှိ အမှီအခိုကင်းကင်း ရပ်တည် နိုင်ဖို့ အမြဲတမ်း ကြိုးစားနေတတ်ကြ သူတွေပါ။
ဒီလို ထက်မြက်တဲ့ မိန်းကလေးတွေက အချစ်နဲ့ ပတ်သက်ပြီးလည်း သူတို့ရဲ့ ဘဝမှာ ဒီလိုမျိုးတွေ နားလည် လက်ခံ ထားကြ ပါတယ်။
အချစ်တိုင်းက စစ်မှန်မနေဘူး
ဒီလို မိန်းကလေးတွေက ထက်မြက်သူတွေပီပီ အယုံမလွယ် တတ်ကြ ပါဘူး။ သူတို့ကို ချစ်တယ်လို့ လာပြောတိုင်း လွယ်လွယ် မယုံတတ် သလို သေချာလည်း လေ့လာ ဆန်းစစ်ပြီးမှ ချစ်ဖို့မချစ်ဖို့ကို စဉ်းစားတတ် ကြပါတယ်။
အချစ်တွေက ဖြူစင်ချင်ဖြူစင် ပါလိမ့်မယ် ဒါပေမယ့် အချစ်ကို သယ်ဆောင်လာတဲ့ သူတွေကတော့ စစ်မှန်သူတွေ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါကိုတော့ သူတို့တွေက ကောင်းကောင်းနားလည် ကြပါ တယ်။
အချစ်က ဘဝတစ်ခုလုံး မဟုတ်ဘူး
အချစ်ဆိုတာက ဘဝအတွက် မရှိမဖြစ်အရာ တစ်ခု မဟုတ်သလို အချစ်မရှိလို့လည်း ဘဝက သေဆုံးသွ ားတာ မဟုတ်ပါဘူး။ အချစ်ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပြီးတော့ တစ်ခါတစ်လေမှာ ဘဝကို ပိုလှပ သွားအောင်တော့ လုပ်နိုင်ပါတယ်။
ဒါကြောင့် အချစ်က ဘဝတစ်ခုလုံး မဟုတ်သလို တစ်ယောက် တစ်ယောက်ကို မရှိမဖြစ် ချစ်ဖို့လိုအပ်တာမျိုးက သူတို့အတွက် မလိုအပ်ပါဘူး။
စစ်မှန်တဲ့ မေတ္တာတွေကို တန်ဖိုးထားတယ်
ထက်မြက်မှုကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေက စစ်မှန်တဲ့ မေတ္တာတွေကိုတော့ တန်ဖိုးထားတတ်ကြ သူတွေပါ။ သူတို့ဟာ အချစ်ကို မယုံကြည်တဲ့ သူတွေမဟုတ်သလို အချစ်ရဲ့ တန်ဖိုးကိုလည်း နားလည် ပါတယ်။
ကိုယ့်ဘေးနားက ကိုယ့်ကိုယ်အမှန်တကယ် တန်ဖိုးထားသူတွေ၊ ချစ်ခင်သူတွေရဲ့ မေတ္တာကို အမြဲတမ်း အသိအမှတ်ပြု တတ်ကြပြီး တူညီတဲ့ ချစ်ခြင်းတွေကို ပေးတတ်ကြပါတယ်။
ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့က အရေးကြီးတယ်
ထက်မြက်တဲ့ မိန်းကလေးတွေက သူများကို ချစ်ဖို့ မကြိုးစားခင်မှာ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် အရင်ဆုံး ပြင်ဆင်တတ် ကြသူတွေပါ။ ကိုယ့်ကိုယ်ကို ချစ်တတ်၊ တန်ဖိုးထားတတ်တဲ့သူဖြစ်မှ ကိုယ့်ကိုယ် ချစ်ခင်တဲ့ သူဟာလည်း ကိုယ့်ကိုယ် တန်ဖိုးထားမှာ ဖြစ်ပါတယ်။
နောက်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်ခင်တတ်တဲ့သူဟာ သူများတွေရဲ့ တန်ဖိုးကိုလည်း အမြဲတမ်း နားလည်ကြ ပါတယ်။
Khin
No Comments