အသက္ငယ္တဲ့ ေကာင္ေလးကိုခ်စ္မိတဲ့ “မမေတြ” ႀကဳံေတြ႕ရမယ့္အရာ ၈ ခု - Amawpyay

အသက္ငယ္တဲ့ ေကာင္ေလးကိုခ်စ္မိတဲ့ “မမေတြ” ႀကဳံေတြ႕ရမယ့္အရာ ၈ ခု

အသက္ငယ္တဲ့ ေကာင္ေလးကိုခ်စ္မိတဲ့ “မမေတြ” ႀကဳံေတြ႕ရမယ့္အရာ ၈ ခု
အခ်စ္ေရး

အသက္ငယ္တဲ့ ေကာင္ေလးကိုခ်စ္မိတဲ့ “မမေတြ” ႀကဳံေတြ႕ရမယ့္အရာ ၈ ခု

အခ်စ္ဆိုတာ ဘယ္လို စံႏႈန္းေတြ ထားပီး ဘယ္လိုက်မွပဲ ခ်စ္မယ္ဆိုၿပီး သတ္မွတ္သတ္မွတ္ အခ်စ္က သူသြားခ်င္ တဲ့ေနရာ သြားတတ္ တာပါ။ အဂၤလိပ္ စကား ပုံ တစ္ခုရွိတယ္။

“ငါ့ႏွလုံးသားရဲ႕တခါးဝမွာ ဝင္ခြင့္မရွိလို႔ စာတမ္းခ်ိတ္ ထားခဲ့ တယ္။ အခ်စ္ကေရာက္လာပီး ေၾကျငာလိုက္တယ္။ ငါကေတာ့ ေနရာ တကာ ဝင္တာပဲ”တဲ့။

အင္းခုလည္း ေျပာျပခ်င္တာက ကိုယ့္ထက္ အသက္ငယ္ တဲ့ေကာင္ေလးေတြနဲ႔ ခ်စ္သူရည္းစားျဖစ္ေနတဲ့ မမေတြကို ႀကဳံ႕ေတြ႕ခံစား ရမယ့္ အရာ 8 ခု အေၾကာင္း ကိုေျပာျပခ်င္တာပါ။ ကဲ..ဖတ္ၾကည့္ လိုက္ၾက ရေအာင္

သူတို႔ “မိခင္”လို႔ထင္မယ္

ကိုယ့္ထက္ အသက္ငယ္တဲ့ ေကာင္ေလးေတြကို ခ်စ္သူေတာ္တဲ့ မမေတြျဖစ္ျဖစ္ အသက္အမ်ားႀကီးႀကီးတဲ့ မမႀကီးေတြ ျဖစ္ျဖစ္ အမ်ားဆုံ းႀကဳံ တြ႕ရတာ သူတို႔ေကာင္ေလးေတြက သူတို႔ကို မိခင္လို ထင္ပီဆိုး တတ္တာ ပါပဲ။

ဒါကတစ္ခါတစ္ရံလည္းျဖစ္ႏိုင္သလို ခနခနလည္းျဖစ္ႏိုင္ပါတယ္။ ဒီလိုအခါေတြမွာ သူ႔ကိုကေလးလို လိုက္လုပ္ေပးေနမယ့္အစား သူ႔ကိုသူ လူႀကီးဆန္ေအာင္ သင္ေပးႏိုင္ဖို႔လိုလိမ့္မယ္။

သူတို႔ EXေတြ ဘယ္ေလာက္ အေရးႀကီးခဲ့တယ္ ဆိုတာ ကိုေျပာျပ လိမ့္မယ္

လြန္ခဲ့တဲ့ ၄ႏွစ္ေလာက္က ခ်စ္ခဲ့ ဖူးတဲ့ သူတို႔ မိန္းကေလးက ဘယ္လို ဘယ္ေလာက္ခ်စ္တယ္ဆိုတာကို မမေတြကို သူ႔ေကာင္ေလးေတြက ေျပာျပ ပါလိမ့္မယ္.မၾကားခ်င္လို ႔နားပိတ္ထားရင္ လည္း မမေတြ EX အေၾကာင္း ကိုေမးၿပီး ရစ္ႏိုင္ ပါတယ္။

ဒါေပမယ့္ မမေတြ ကေတာ့ သူတို႔ EX ႀကီးေတြ ကိုေတာင္ မမွတ္မိ ခ်င္ေတာ့ဘူး။ တခုသတိေပးခ်င္တာက သင့္ေကာင္ေလးက EXေတြ အေၾကာင္းခနခန ေျပာေနရင္ ခုခ်ိန္ထိ ရည္းစားေဟာင္းကို မေမ့ႏိုင္ေသးလို႔ မမေတြ ခံစား ရႏိုင္တယ္။

အျပင္ထြက္သြားရင္ မိန္းမငယ္ေလးေတြလို ဖလန္းေနလိမ့္လို႔ထင္တယ္

ကိုယ့္ထက္ အသက္ငယ္တဲ့BOYကို ခ်စ္သူေတာ္ ထားရင္ ဒီကိစၥကလည္း ရစ္စရာကိစၥပဲျဖစ္ပါ လိမ့္ မယ္ ။ သင္အျပင္ ထြက္သြားတာနဲ႔ သူနဲ႔႐ြယ္တူေကာင္မေလးေတြလို ဖလန္းဖလန္းထေန တယ္မလား ေပ်ာ္ေန တယ္မလား ဘာညာ ရစ္ႏိုင္ ပါတယ္။

မမနဲ႔ သူငယ္ခ်င္းေတြ ကေနၾက တယ္ ေကာင္ေလးေတြကို ၾကဴေနၾက တယ္ဆိုၿပီးလည္း ဆက္ရစ္ ႏိုင္ပါ တယ္။ တကယ္က သင္က Selfiesေလး ၁၀ပုံေလာက္ ဆြဲၿပီး အၿငိမ္ျပန္လာတာေတာင္ သူက ယုံခ်င္မွ ယုံပါ လိမ့္မယ္။

ဒါေၾကာင့္ အဲ့ဒီလို ေကာင္ေလးေတြ နဲ႔ေတြ႕ရင္ “မင္းေတြ႕ဖူးတဲ့ မိန္းကေလး ငယ္ငယ္ေလးေတြနဲ႔ ငါ့ကို မႏႈိင္းယွဥ္ ပါနဲ႔လို႔”ေျပာၿပီး စကားဝိုင္းသာ အဆုံးသတ္ လိုက္ပါ။

မမေတြ အေလးအနက္ ထားခ်စ္တတ္တာ သူတို႔မသိၾကဘူး

ငယ္႐ြယ္ တဲ့ေကာင္ေလးေတြက ၿငိမ္ၿငိမ္သက္သက္နဲ ႔ခ်စ္တတ္တဲ့ မမေတြကို နားမလည္တတ္ၾကဘူး။ သူတို႔က သူတို႔ကို အ႐ူးအမူး ခ်စ္ျပတဲ့ပုံစံ အ႐ြယ္နဲ ႔မလိုက္ေအာင္ အခ်စ္မွာ စိတ္အား ထက္သန္ေနတဲ့ ပုံစံမ်ိဳးေတြ သိပ္သေဘာက် တယ္။

ဒါေပမယ့္ မမတြ အေလးအနက္ ထားၿပီး အတတ္ႏိုင္ဆုံး တိတ္ဆိတ္စြာ ခ်စ္တတ္ၾကလို႔ သူတို႔က အားမလို အားမရျဖစ္ေန တတ္တယ္။

သူတို႔ေပ်ာ္႐ႊင္မႈနဲ႔မမေတြ အတြက္ ေပ်ာ္႐ႊင္မႈကမတူၾကဘူး

အသက္ ငယ္ငယ္ေကာင္ေလးေတြရဲ႕ ေပ်ာ္စရာက ဘားေတြ ကလပ္ေတြ လူငယ္ေတြ သီခ်င္းေတြနဲ႔ ျပည့္ေန တဲ့ေနရာမ်ိဳးျဖစ္ေန တတ္တယ္။ မမေတြက ဒါေတြကိုျဖတ္ေက်ာ္ခဲ့ၿပီလို႔အသက္ႀကီးခ်င္ေယာင္ေဆာင္ေနတဲ့

ကေလးေတြထက္ ပိုရင့္က်က္တဲ့ လူႀကီးလူေကာင္းေတြနဲ႔ စကားေတြေျပာရင္း သီခ်င္းေတြ နားေထာင္ခ်င္ တတ္တယ္။ အဲ့ဒီ လိုေပ်ာ္စရာေနရာ ေပ်ာ္စရာခံစားမႈ မတူတတ္တာ မ်ိဳးေတြျဖစ္ေန တတ္တယ္။ ကဲ..ဘယ္တစ္ခုက ပိုေကာင္းမယ္လို ႔ထင္ၾကလဲ?

သူတို႔ကို ႀကိဳးကိုင္ဖို႔ ႀကိဳးစားေန တယ္လို႔ ထင္ၾကတယ္

ငယ္႐ြယ္တဲ့ လူငယ္ေတြျဖစ္တဲ့ အတြက္ သူတို႔ဘဝ အတြက္ မျပည့္စုံတာေတြ သူတို႔ဘာလိုခ်င္ေနတာလဲဆိုတာကို ေတြးဖို႔ သူတို႔ကို ေျပာမ်ားေျပာမိရင္ သူတို႔ကို ေသနတ္နဲ႔ပစ္ခံရသလို “ဒိန္း”ခနဲျဖစ္သြားလိမ့္မယ္။

ဒီကိစၥက ကိုယ့္ထက္အသက္ငယ္တဲ့ ေကာင္ေလးေတြကို ခ်စ္မိရင္ ႀကဳံကိုႀကဳံေတြ႕ရႏိုင္တယ္။ သူတို႔ကို မမေတြက စိတ္အေႏွာင့္ယွက္ျဖစ္ေအာင္လုပ္တာမဟုတ္ေပမယ့္

သူတို႔အနာဂါတ္အတြက္ Planခ်ဖို႔နဲ႔ သူတို႔ကို ရင့္က်က္တဲ့လူတစ္ေယာက္လို ျပဳမူေစခ်င္တာေတာ့ သူတို႔မေတြးမိၾကေသးဘူး။ အေလ်ာ့ေပးလိုက္ေလ်ာျခင္းနဲ႔ရႈံးနိမ့္ျခင္းတူတယ္ထင္တယ္

ေကာင္ေလးေတာ္ေတာ္မ်ားမ်ားျဖစ္တတ္ၾကတာ သူတို႔အေလ်ာ့ေပးလိုက္ေလ်ာလိုက္တာ သူတို႔ရႈံးနိမ့္တယ္ လို႔ထင္တတ္ၾကတယ္။ RSတစ္ခုမွ အေလ်ာ့ေပးျခင္း နားလည္မႈ ကတိကဝတ္ဆိုတာ ခိုင္မာတဲ့ေႏွာင္ႀကိဳးကိုျဖစ္ေစတယ္ဆိုတာ သူတို႔နားမလည္ၾကဘူး။

ေနာက္တစ္ခုခု သူတို႔မွားေနလို႔ ဝန္ခံတာက ရႈံးနိမ့္မႈကို ဝန္ခံတာ မဟုတ္ဘူးဆိုတာလည္း နားမလည္ခ်င္ေယာင္ေဆာင္ေနၾကတယ္။ ဒါေၾကာင့္ ငယ္႐ြယ္တဲ့ ေကာင္ေလးေတြကိုခ်စ္မယ္ဆိုရင္ အမ်ားႀကီးနားလည္ သည္းခံ ခြင့္လြတ္ ႏိုင္မႈရွိ ဖို႔လိုအပ္ ပါမယ္။

လူႀကီးဆန္တဲ့ ေကာင္ေလးနဲ႔ေတြ႕တဲ့ မမေတြကေတာ့ ကံေကာင္းမွာေပါ့..ကံေကာင္းၾကပါေစမမတို႔

Credit

Unicode

အသက်ငယ်တဲ့ ကောင်လေးကိုချစ်မိတဲ့ “မမတွေ” ကြုံတွေ့ရမယ့်အရာ ၈ ခု

အချစ်ဆိုတာ ဘယ်လို စံနှုန်းတွေ ထားပီး ဘယ်လိုကျမှပဲ ချစ်မယ်ဆိုပြီး သတ်မှတ်သတ်မှတ် အချစ်က သူသွားချင် တဲ့နေရာ သွားတတ် တာပါ။ အင်္ဂလိပ် စကား ပုံ တစ်ခုရှိတယ်။

“ငါ့နှလုံးသားရဲ့တခါးဝမှာ ဝင်ခွင့်မရှိလို့ စာတမ်းချိတ် ထားခဲ့ တယ်။ အချစ်ကရောက်လာပီး ကြေငြာလိုက်တယ်။ ငါကတော့ နေရာ တကာ ဝင်တာပဲ”တဲ့။

အင်းခုလည်း ပြောပြချင်တာက ကိုယ့်ထက် အသက်ငယ် တဲ့ကောင်လေးတွေနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့ မမတွေကို ကြုံ့တွေ့ခံစား ရမယ့် အရာ 8 ခု အကြောင်း ကိုပြောပြချင်တာပါ။ ကဲ..ဖတ်ကြည့် လိုက်ကြ ရအောင်

သူတို့ “မိခင်”လို့ထင်မယ်

ကိုယ့်ထက် အသက်ငယ်တဲ့ ကောင်လေးတွေကို ချစ်သူတော်တဲ့ မမတွေဖြစ်ဖြစ် အသက်အများကြီးကြီးတဲ့ မမကြီးတွေ ဖြစ်ဖြစ် အများဆုံ းကြုံတွေ့ရတာ သူတို့ကောင်လေးတွေက သူတို့ကို မိခင်လို ထင်ပီဆိုး တတ်တာ ပါပဲ။

ဒါကတစ်ခါတစ်ရံလည်းဖြစ်နိုင်သလို ခနခနလည်းဖြစ်နိုင်ပါတယ်။ ဒီလိုအခါတွေမှာ သူ့ကိုကလေးလို လိုက်လုပ်ပေးနေမယ့်အစား သူ့ကိုသူ လူကြီးဆန်အောင် သင်ပေးနိုင်ဖို့လိုလိမ့်မယ်။

သူတို့ EXတွေ ဘယ်လောက် အရေးကြီးခဲ့တယ် ဆိုတာ ကိုပြောပြ လိမ့်မယ်

လွန်ခဲ့တဲ့ ၄နှစ်လောက်က ချစ်ခဲ့ ဖူးတဲ့ သူတို့ မိန်းကလေးက ဘယ်လို ဘယ်လောက်ချစ်တယ်ဆိုတာကို မမတွေကို သူ့ကောင်လေးတွေက ပြောပြ ပါလိမ့်မယ်.မကြားချင်လို့နားပိတ်ထားရင် လည်း မမတွေ EX အကြောင်း ကိုမေးပြီး ရစ်နိုင် ပါတယ်။

ဒါပေမယ့် မမတွေ ကတော့ သူတို့ EX ကြီးတွေ ကိုတောင် မမှတ်မိ ချင်တော့ဘူး။ တခုသတိပေးချင်တာက သင့်ကောင်လေးက EXတွေ အကြောင်းခနခန ပြောနေရင် ခုချိန်ထိ ရည်းစားဟောင်းကို မမေ့နိုင်သေးလို့ မမတွေ ခံစား ရနိုင်တယ်။

အပြင်ထွက်သွားရင် မိန်းမငယ်လေးတွေလို ဖလန်းနေလိမ့်လို့ထင်တယ်

ကိုယ့်ထက် အသက်ငယ်တဲ့BOYကို ချစ်သူတော် ထားရင် ဒီကိစ္စကလည်း ရစ်စရာကိစ္စပဲဖြစ်ပါ လိမ့် မယ် ။ သင်အပြင် ထွက်သွားတာနဲ့ သူနဲ့ရွယ်တူကောင်မလေးတွေလို ဖလန်းဖလန်းထနေ တယ်မလား ပျော်နေ တယ်မလား ဘာညာ ရစ်နိုင် ပါတယ်။

မမနဲ့ သူငယ်ချင်းတွေ ကနေကြ တယ် ကောင်လေးတွေကို ကြူနေကြ တယ်ဆိုပြီးလည်း ဆက်ရစ် နိုင်ပါ တယ်။ တကယ်က သင်က Selfiesလေး ၁၀ပုံလောက် ဆွဲပြီး အငြိမ်ပြန်လာတာတောင် သူက ယုံချင်မှ ယုံပါ လိမ့်မယ်။

ဒါကြောင့် အဲ့ဒီလို ကောင်လေးတွေ နဲ့တွေ့ရင် “မင်းတွေ့ဖူးတဲ့ မိန်းကလေး ငယ်ငယ်လေးတွေနဲ့ ငါ့ကို မနှိုင်းယှဉ် ပါနဲ့လို့”ပြောပြီး စကားဝိုင်းသာ အဆုံးသတ် လိုက်ပါ။

မမတွေ အလေးအနက် ထားချစ်တတ်တာ သူတို့မသိကြဘူး

ငယ်ရွယ် တဲ့ကောင်လေးတွေက ငြိမ်ငြိမ်သက်သက်နဲ့ချစ်တတ်တဲ့ မမတွေကို နားမလည်တတ်ကြဘူး။ သူတို့က သူတို့ကို အရူးအမူး ချစ်ပြတဲ့ပုံစံ အရွယ်နဲ ့မလိုက်အောင် အချစ်မှာ စိတ်အား ထက်သန်နေတဲ့ ပုံစံမျိုးတွေ သိပ်သဘောကျ တယ်။

ဒါပေမယ့် မမတွ အလေးအနက် ထားပြီး အတတ်နိုင်ဆုံး တိတ်ဆိတ်စွာ ချစ်တတ်ကြလို့ သူတို့က အားမလို အားမရဖြစ်နေ တတ်တယ်။

သူတို့ပျော်ရွှင်မှုနဲ့မမတွေ အတွက် ပျော်ရွှင်မှုကမတူကြဘူး

အသက် ငယ်ငယ်ကောင်လေးတွေရဲ့ ပျော်စရာက ဘားတွေ ကလပ်တွေ လူငယ်တွေ သီချင်းတွေနဲ့ ပြည့်နေ တဲ့နေရာမျိုးဖြစ်နေ တတ်တယ်။ မမတွေက ဒါတွေကိုဖြတ်ကျော်ခဲ့ပြီလို့အသက်ကြီးချင်ယောင်ဆောင်နေတဲ့

ကလေးတွေထက် ပိုရင့်ကျက်တဲ့ လူကြီးလူကောင်းတွေနဲ့ စကားတွေပြောရင်း သီချင်းတွေ နားထောင်ချင် တတ်တယ်။ အဲ့ဒီ လိုပျော်စရာနေရာ ပျော်စရာခံစားမှု မတူတတ်တာ မျိုးတွေဖြစ်နေ တတ်တယ်။ ကဲ..ဘယ်တစ်ခုက ပိုကောင်းမယ်လို့ထင်ကြလဲ?

သူတို့ကို ကြိုးကိုင်ဖို့ ကြိုးစားနေ တယ်လို့ ထင်ကြတယ်

ငယ်ရွယ်တဲ့ လူငယ်တွေဖြစ်တဲ့ အတွက် သူတို့ဘဝ အတွက် မပြည့်စုံတာတွေ သူတို့ဘာလိုချင်နေတာလဲဆိုတာကို တွေးဖို့ သူတို့ကို ပြောများပြောမိရင် သူတို့ကို သေနတ်နဲ့ပစ်ခံရသလို “ဒိန်း”ခနဲဖြစ်သွားလိမ့်မယ်။

ဒီကိစ္စက ကိုယ့်ထက်အသက်ငယ်တဲ့ ကောင်လေးတွေကို ချစ်မိရင် ကြုံကိုကြုံတွေ့ရနိုင်တယ်။ သူတို့ကို မမတွေက စိတ်အနှောင့်ယှက်ဖြစ်အောင်လုပ်တာမဟုတ်ပေမယ့် သူတို့အနာဂါတ်အတွက် Planချဖို့နဲ့ သူတို့ကို ရင့်ကျက်တဲ့လူတစ်ယောက်လို ပြုမူစေချင်တာတော့ သူတို့မတွေးမိကြသေးဘူး။

အလျော့ပေးလိုက်လျောခြင်းနဲ့ရှုံးနိမ့်ခြင်းတူတယ်ထင်တယ်

ကောင်လေးတော်တော်များများဖြစ်တတ်ကြတာ သူတို့အလျော့ပေးလိုက်လျောလိုက်တာ သူတို့ရှုံးနိမ့်တယ် လို့ထင်တတ်ကြတယ်။ RSတစ်ခုမှ အလျော့ပေးခြင်း နားလည်မှု ကတိကဝတ်ဆိုတာ ခိုင်မာတဲ့နှောင်ကြိုးကိုဖြစ်စေတယ်ဆိုတာ သူတို့နားမလည်ကြဘူး။

နောက်တစ်ခုခု သူတို့မှားနေလို့ ဝန်ခံတာက ရှုံးနိမ့်မှုကို ဝန်ခံတာ မဟုတ်ဘူးဆိုတာလည်း နားမလည်ချင်ယောင်ဆောင်နေကြတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ ကောင်လေးတွေကိုချစ်မယ်ဆိုရင် အများကြီးနားလည် သည်းခံ ခွင့်လွတ် နိုင်မှုရှိ ဖို့လိုအပ် ပါမယ်။

လူကြီးဆန်တဲ့ ကောင်လေးနဲ့တွေ့တဲ့ မမတွေကတော့ ကံကောင်းမှာပေါ့..ကံကောင်းကြပါစေမမတို့..

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …