အဆိပ္ရွိေသာ ငွက္ ၄ မ်ိဳး - Amawpyay

အဆိပ္ရွိေသာ ငွက္ ၄ မ်ိဳး

အဆိပ္ရွိေသာ ငွက္ ၄ မ်ိဳး
Knowledge

အဆိပ္ရွိေသာ ငွက္ ၄ မ်ိဳး

ေခါင္းစဥ္ၾကည့္ၿပီး အနည္းငယ္ေတာ့ အံၾသသြားမယ္ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အမ်ားစုသိထားၾကတာက ငွက္အမ်ားစုဟာ လွပၿပီး တခ်ိဳ႕ၾကမ္းတမ္းတဲ့ သားရဲငွက္ေတြ ဆိုရင္ အလြန္ဆုံး ႏႈတ္သီးနဲ႔ ထိုးမယ္ ဆိတ္မယ္ ၊

ကုတ္မယ္ ဖဲ့မယ္ ၊ အေတာင္ပံနဲ႔ တိုက္ခိုက္မယ္ ဒီေလာက္ပါပဲ။ ဒါေပမယ့္ လူသိနည္းတာကေတာ့ အနည္းငယ္ေသာ ငွက္ေတြ မွာလည္း အဆိပ္ ရွိေနတယ္ ဆိုတာပါ။

ဒါေပမယ့္ သူတို႔အဆိပ္ဟာ ေႁမြ နဲ႔ အျခားအဆိပ္ရွိ သတၱဝါေတြလို ကိုက္တဲ့ အဆိပ္မဟုတ္ပဲ သူတို႔ရဲ႕ခႏၶာကိုယ္ကို ထိေတြ႕ကိုင္ တြယ္တာ နဲ႔ သူတို႔ကို စားသုံးျခင္းေတြ ျပဳလုပ္မွသာ မိတဲ့အဆိပ္ျဖစ္ ပါတယ္။

ဒီတခါေတာ့ အဆိပ္ရွိတဲ့ ငွက္ ၄ မ်ိဳး အေၾကာင္းကို သုတဇုန္ မိတ္ေဆြ မ်ားအတြက္ ဗဟုသုတ အေနနဲ႔ ေဝမွ် သြားပါ မယ္။

၁။ The Little Shrikethrush

အဆိပ္ရွိေသာ ငွက္ ၄ မ်ိဳး

ဒီငွက္ေတြ ကိုေတာ့ ၾသစေၾတးလ် ၊ အင္ဒိုနီးရွား နဲ႔ နယူးဂီနီ ႏိုင္ငံေတြမွာ အမ်ားဆုံးေတြ႕ရေလ့ ရွိပါ တယ္။ သိပၸံအမည္ Colluricincla megarhyncha ျဖစ္တဲ့ ဒီငွက္ေတြဟာ အပူးပိုင္းေဒသ သစ္ေတာေတြ နဲ႔ ေျမနိမ့္ေဒသေတြမွာ အမ်ားဆုံးေန ထိုင္ၾက ပါတယ္။

ေက်ာဘက္က အညိဳေရာင္ရွိၿပီး ရင္ဘတ္ကေတာ့ ဝါက်င့္က်င့္ အေရာင္ ရွိပါတယ္။ ခႏၶာကိုယ္အလ်ားကေတာ့ ၇လက္မ ဝန္းက်င္ ရွိၿပီး အေလးခ်ိန္ ကေတာ့ ၄၀ ဂရမ္ခန႔္ ရွိတတ္ပါတယ္။

အထီး နဲ႔ အမကိုေတာ့ မ်က္စိကြင္း ပါမပါ နဲ႔ ခြဲျခားႏိုင္ ပါတယ္။ မ်က္စိကြင္းပါရင္ အမျဖစ္ၿပီး မပါရင္ေတာ့ အထီးျဖစ္ ပါတယ္။ သူတို႔ရဲ႕အက်င္ကေတာ့ အစာရွာရင္ရွာ မရွာရင္ သီခ်င္းဆို ေနတတ္ေလ့ ရွိပါတယ္။

အဆိပ္ကေတာ့ ခႏၶာကိုယ္ အေရျပား နဲ႔ အေမႊးအေတာင္ေတြ မွာ ရွိေန ပါတယ္။ အဓိကကေတာ့ အဆိပ္ရွိတဲ့ အင္းဆက္ေတြကို စားသုံး မႈေၾကာင့္ ျဖစ္ပါတယ္။

၂။ The Spur-Winged Goose

အဆိပ္ရွိေသာ ငွက္ ၄ မ်ိဳး

ငွက္ႀကီး အမ်ိဳးအစားျဖစ္ၿပီး သူ႔ရဲ႕သိပၸံအမည္က Plectopterus gambiensis ျဖစ္ပါတယ္။ အာဖရိကတိုက္ ဆာဟာ ရေတာင္ပိုင္းက စြတ္စို တဲ့ေဒသေတြမွာ အမ်ားဆုံးေတြ႕ရ တတ္ပါတယ္။

ခႏၶာကိုယ္အလ်ား ၃ေပခြဲခန႔္ ရွိတတ္ၿပီး အေလးခ်ိန္ကေတာ့ ၁၅ေပါင္ခန႔္ ရွိတတ္ ပါတယ္။ သူတို႔ဟာ အုပ္စုလိုက္ေန တတ္ေလ့ ရွိၿပီး တခါတရံ အေကာင္ ၅၀ ေလာက္အထိ စုေနတတ္ၾကပါတယ္။

ဒီငွက္ကေတာ့ အေကာင္တိုင္း အဆိပ္ရွိေနတာ မဟုတ္ပဲ အနည္းငယ္ေသာ အေကာင္ေတြဟာမွာသာ အဆိပ္ရွိေန တတ္ ပါတယ္။

အဓိကကေတာ့ စားသုံးတဲ့ အစားအစာေပၚမွာ ကြာျခားသြားတာျဖစ္ၿပီး အဆိပ္ရွိတဲ့အင္းဆက္ေတြကို စားေလ့ရွိတဲ့ အေကာင္ေတြမွာသာ အဆိပ္ရွိေန တာပါ။

သူတို႔ကို မဆင္မျခင္ အမဲ လိုက္ဖို႔ တားျမစ္ ထားၿပီး ႏိုင္ဂ်ီးရီးယား ႐ိုးရာေဆးပညာမွာ အထူးတန္ဖိုးထားျခင္းခံရတဲ့ အမ်ိဳးအစား လည္းျဖစ္ပါ တယ္။

၃။ The Common Quail

အဆိပ္ရွိေသာ ငွက္ ၄ မ်ိဳး

ငုံးငွက္အမ်ိဳးအစား ထဲမွာ ပါဝင္ၿပီး သိပၸံနာမည္ကေတာ့ Coturnix coturnix ျဖစ္ပါတယ္။ ေျမျပင္ေပၚမွာ အသိုက္ေဆာက္ လုပ္ေနထိုင္ေလ့ ရွိၿပီး Phasianidae ငွက္မ်ိဳးစိတ္ထဲမွာပါဝင္ပါတယ္။

ဥေရာပ နဲ႔ အာဖရိကေျမာက္ပိုင္းေဒသေတြမွာ အမ်ားဆုံး ေတြ႕ရေလ့ ရွိပါတယ္။ ခႏၶာကိုယ္အ႐ြယ္အစား ၈လက္မဝန္းက်င္ ခန႔္ရွိၿပီး အေလးခ်ိန္ ၁၃၀ ဂရမ္ခန႔္သာ ရွိတတ္ပါတယ္။

ေသးငယ္ကာ လုံးဝန္းတဲ့ သ႑ာန္ ရွိၿပီး အေရာင္အားျဖင့္ အညိဳေရာင္ေပၚမွာ အျဖဴစင္းေတြရွိေနပါတယ္။ အထီးေတြရဲ႕ ေမးကေတာ့ အျဖဴေရာင္ျဖစ္ ပါတယ္။ ေျမျပင္ေပၚမွာပဲ သြားလာေနထိုင္ေလ့ ရွိၿပီး သူတို႔ရဲ႕အစာက အပင္ငယ္ ၊

အေစ့အဆန္ေတြ နဲ႔ အင္းဆက္ေတြျဖစ္ ပါတယ္။ သူတို ႔အစာေတြ ထဲမွာ အဆိပ္ရွိတဲ့အပင္ငယ္ေတြ လည္း ပါဝင္ေလ့ ရွိပါတယ္။ ဒီလိုငုံးမ်ိဳးကို စားမိရင္ေတာ့ လူေလးေယာက္မွာ ၁ေယာက္ခန႔္ဟာ ႂကြက္သား နာက်င္ ကိုက္ခဲၿပီး ေနမေကာင္းျဖစ္ေလ့ ရွိပါတယ္။

၄။ Hooded Pitohui

အဆိပ္ရွိေသာ ငွက္ ၄ မ်ိဳး

အလြန္လွပတဲ့ ငွက္တမ်ိဳးျဖစ္ၿပီး သူတို႔ရဲ႕ မူရင္းေဒသ ကေတာ့ နယူးဂီနီႏိုင္ငံျဖစ္ပါတယ္။ သူ႔ရဲ႕သိပၸံအမည္ ကေတာ့ Pitohui dichrous ျဖစ္ပါတယ္။ ဒီငွက္ေတြရဲ႕ ခႏၶာကိုယ္အလ်ားဟာ ဦးေခါင္းကေန အၿမီးအထိ ၉လက္မဝန္းက်င္ခန႔္ ရွိၿပီး

အေလးခ်ိန္အားျဖင့္ ၇၀ ဂရမ္ေလာက္ ရွိတတ္ ပါတယ္။ ဦးေခါင္းပိုင္းကေတာ့ အနက္ေရာင္ျဖစ္ၿပီး ဝမ္းဗိုက္ပိုင္း ကေတာ့ လိေမၼာ္ေရာင္ျဖစ္ပါတယ္။

ဒီငွက္ေတြဟာ Raven ၊ Crow တို႔နဲ႔ မ်ိဳးႏြယ္တူျဖစ္တာေၾကာင့္ က်ီးကန္းနဲ႔ ခပ္ဆင္ဆင္တူသလို အသံသာတဲ့ ေတးသီငွက္ တမ်ိဳးလည္းျဖစ္ ပါတယ္။ လွတယ္ ၊ အသံသာေပမယ့္ ေၾကာက္ဖို႔ေကာင္း တာကေတာ့ အဆိပ္ရွိေန တာပါ။

၁၉၉၀ ခုႏွစ္ေလာက္က သုေတသန ပညာရွင္ တေယာက္ဟာ ဒီငွက္ရဲ႕ အေရျပားကို ကိုင္မိၿပီးတဲ့ေနာက္ လက္အပူေလာင္ သြားခဲ့ ပါတယ္။ ေလ့လာၾကည့္ၾက တဲ့ အခါမွာေတာ့ ဒီငွက္မွာ neurotoxin ဆိုတဲ့ အဆိပ္တမ်ိဳး ပါဝင္ေနတာကို သိခဲ့ ရပါတယ္။

သူတို႔ရဲ႕ အဆိပ္ဟာ ကိုလံဘီယာ အဆိပ္ဖားေတြရဲ႕ အဆိပ္နဲ႔ ခပ္ဆင္ဆင္တူပါတယ္။ ဒီျဖစ္ရပ္ကို စတင္သိရွိတဲ့ သုေတသန ပညာရွင္ဟာ လက္အပူေလာင္တဲ့ အျပင္ ပါးစပ္ပါထုံသြားတဲ့အတြက္ ေဒသခံေတြ ကိုေမးၾကည့္တဲ့ အခါမွာေတာ့

ဒီငွက္ အမ်ိဳးအစားေတြနဲ႔ ေဝးေဝးေနဖို႔ေျပာ ၾကပါ တယ္။ သုေတသနပညာရွင္ဟာ ဒီငွက္ရဲ႕ အဆိပ္အနည္းငယ္ကို ရယူၿပီး ႂကြက္တေကာင္ကို ထိုးသြင္း စမ္းသပ္တဲ့ အခါ အေၾကာတခ်ိဳ႕ေသသြား ခဲ့ၿပီး အဆိပ္မ်ားမ်ား ထိုးသြင္းတဲ့ အခါမွာေတာ့

အထိုးခံရတဲ့ႂကြက္ဟာ တက္ၿပီး ေသသြားခဲ့ပ ါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီငွက္ေတြဟာ နယူးဂီနီပိုးေတာင္မာ (အဆိပ္ရွိ) ေတြကို အဓိကစားေသာက္ရာ ကေန ဒီလိုအဆိပ္ဗီဇ ရရွိခဲ့တယ္ဆိုတာ စစ္ေဆးေတြ႕ရွိ ခဲ့ၾက ပါတယ္။

credit – thutazone

Unicode

အဆိပ်ရှိသော ငှက် ၄ မျိုး

ခေါင်းစဉ်ကြည့်ပြီး အနည်းငယ်တော့ အံသြသွားမယ် ထင်ပါတယ်။ ကျွန်တော်တို့ အများစုသိထားကြတာက ငှက်အများစုဟာ လှပပြီး တချို့ကြမ်းတမ်းတဲ့ သားရဲငှက်တွေ ဆိုရင် အလွန်ဆုံး နှုတ်သီးနဲ့ ထိုးမယ် ဆိတ်မယ် ၊

ကုတ်မယ် ဖဲ့မယ် ၊ အတောင်ပံနဲ့ တိုက်ခိုက်မယ် ဒီလောက်ပါပဲ။ ဒါပေမယ့် လူသိနည်းတာကတော့ အနည်းငယ်သော ငှက်တွေ မှာလည်း အဆိပ် ရှိနေတယ် ဆိုတာပါ။

ဒါပေမယ့် သူတို့အဆိပ်ဟာ မြွေ နဲ့ အခြားအဆိပ်ရှိ သတ္တဝါတွေလို ကိုက်တဲ့ အဆိပ်မဟုတ်ပဲ သူတို့ရဲ့ခန္ဓာကိုယ်ကို ထိတွေ့ကိုင် တွယ်တာ နဲ့ သူတို့ကို စားသုံးခြင်းတွေ ပြုလုပ်မှသာ မိတဲ့အဆိပ်ဖြစ် ပါတယ်။

ဒီတခါတော့ အဆိပ်ရှိတဲ့ ငှက် ၄ မျိုး အကြောင်းကို သုတဇုန် မိတ်ဆွေ များအတွက် ဗဟုသုတ အနေနဲ့ ဝေမျှ သွားပါ မယ်။

၁။ The Little Shrikethrush

ဒီငှက်တွေ ကိုတော့ သြစတြေးလျ ၊ အင်ဒိုနီးရှား နဲ့ နယူးဂီနီ နိုင်ငံတွေမှာ အများဆုံးတွေ့ရလေ့ ရှိပါ တယ်။ သိပ္ပံအမည် Colluricincla megarhyncha ဖြစ်တဲ့ ဒီငှက်တွေဟာ အပူးပိုင်းဒေသ သစ်တောတွေ နဲ့ မြေနိမ့်ဒေသတွေမှာ အများဆုံးနေ ထိုင်ကြ ပါတယ်။

ကျောဘက်က အညိုရောင်ရှိပြီး ရင်ဘတ်ကတော့ ဝါကျင့်ကျင့် အရောင် ရှိပါတယ်။ ခန္ဓာကိုယ်အလျားကတော့ ၇လက်မ ဝန်းကျင် ရှိပြီး အလေးချိန် ကတော့ ၄၀ ဂရမ်ခန့် ရှိတတ်ပါတယ်။

အထီး နဲ့ အမကိုတော့ မျက်စိကွင်း ပါမပါ နဲ့ ခွဲခြားနိုင် ပါတယ်။ မျက်စိကွင်းပါရင် အမဖြစ်ပြီး မပါရင်တော့ အထီးဖြစ် ပါတယ်။ သူတို့ရဲ့အကျင်ကတော့ အစာရှာရင်ရှာ မရှာရင် သီချင်းဆို နေတတ်လေ့ ရှိပါတယ်။

အဆိပ်ကတော့ ခန္ဓာကိုယ် အရေပြား နဲ့ အမွှေးအတောင်တွေ မှာ ရှိနေ ပါတယ်။ အဓိကကတော့ အဆိပ်ရှိတဲ့ အင်းဆက်တွေကို စားသုံး မှုကြောင့် ဖြစ်ပါတယ်။

၂။ The Spur-Winged Goose

ငှက်ကြီး အမျိုးအစားဖြစ်ပြီး သူ့ရဲ့သိပ္ပံအမည်က Plectopterus gambiensis ဖြစ်ပါတယ်။ အာဖရိကတိုက် ဆာဟာ ရတောင်ပိုင်းက စွတ်စို တဲ့ဒေသတွေမှာ အများဆုံးတွေ့ရ တတ်ပါတယ်။

ခန္ဓာကိုယ်အလျား ၃ပေခွဲခန့် ရှိတတ်ပြီး အလေးချိန်ကတော့ ၁၅ပေါင်ခန့် ရှိတတ် ပါတယ်။ သူတို့ဟာ အုပ်စုလိုက်နေ တတ်လေ့ ရှိပြီး တခါတရံ အကောင် ၅၀ လောက်အထိ စုနေတတ်ကြပါတယ်။

ဒီငှက်ကတော့ အကောင်တိုင်း အဆိပ်ရှိနေတာ မဟုတ်ပဲ အနည်းငယ်သော အကောင်တွေဟာမှာသာ အဆိပ်ရှိနေ တတ် ပါတယ်။

အဓိကကတော့ စားသုံးတဲ့ အစားအစာပေါ်မှာ ကွာခြားသွားတာဖြစ်ပြီး အဆိပ်ရှိတဲ့အင်းဆက်တွေကို စားလေ့ရှိတဲ့ အကောင်တွေမှာသာ အဆိပ်ရှိနေ တာပါ။

သူတို့ကို မဆင်မခြင် အမဲ လိုက်ဖို့ တားမြစ် ထားပြီး နိုင်ဂျီးရီးယား ရိုးရာဆေးပညာမှာ အထူးတန်ဖိုးထားခြင်းခံရတဲ့ အမျိုးအစား လည်းဖြစ်ပါ တယ်။

၃။ The Common Quail

ငုံးငှက်အမျိုးအစား ထဲမှာ ပါဝင်ပြီး သိပ္ပံနာမည်ကတော့ Coturnix coturnix ဖြစ်ပါတယ်။ မြေပြင်ပေါ်မှာ အသိုက်ဆောက် လုပ်နေထိုင်လေ့ ရှိပြီး Phasianidae ငှက်မျိုးစိတ်ထဲမှာပါဝင်ပါတယ်။

ဥရောပ နဲ့ အာဖရိကမြောက်ပိုင်းဒေသတွေမှာ အများဆုံး တွေ့ရလေ့ ရှိပါတယ်။ ခန္ဓာကိုယ်အရွယ်အစား ၈လက်မဝန်းကျင် ခန့်ရှိပြီး အလေးချိန် ၁၃၀ ဂရမ်ခန့်သာ ရှိတတ်ပါတယ်။

သေးငယ်ကာ လုံးဝန်းတဲ့ သဏ္ဍာန် ရှိပြီး အရောင်အားဖြင့် အညိုရောင်ပေါ်မှာ အဖြူစင်းတွေရှိနေပါတယ်။ အထီးတွေရဲ့ မေးကတော့ အဖြူရောင်ဖြစ် ပါတယ်။ မြေပြင်ပေါ်မှာပဲ သွားလာနေထိုင်လေ့ ရှိပြီး သူတို့ရဲ့အစာက အပင်ငယ် ၊

အစေ့အဆန်တွေ နဲ့ အင်းဆက်တွေဖြစ် ပါတယ်။ သူတို့အစာတွေ ထဲမှာ အဆိပ်ရှိတဲ့အပင်ငယ်တွေ လည်း ပါဝင်လေ့ ရှိပါတယ်။ ဒီလိုငုံးမျိုးကို စားမိရင်တော့ လူလေးယောက်မှာ ၁ယောက်ခန့်ဟာ ကြွက်သား နာကျင် ကိုက်ခဲပြီး နေမကောင်းဖြစ်လေ့ ရှိပါတယ်။

၄။ Hooded Pitohui

အလွန်လှပတဲ့ ငှက်တမျိုးဖြစ်ပြီး သူတို့ရဲ့ မူရင်းဒေသ ကတော့ နယူးဂီနီနိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့သိပ္ပံအမည် ကတော့ Pitohui dichrous ဖြစ်ပါတယ်။ ဒီငှက်တွေရဲ့ ခန္ဓာကိုယ်အလျားဟာ ဦးခေါင်းကနေ အမြီးအထိ ၉လက်မဝန်းကျင်ခန့် ရှိပြီး

အလေးချိန်အားဖြင့် ၇၀ ဂရမ်လောက် ရှိတတ် ပါတယ်။ ဦးခေါင်းပိုင်းကတော့ အနက်ရောင်ဖြစ်ပြီး ဝမ်းဗိုက်ပိုင်း ကတော့ လိမ္မော်ရောင်ဖြစ်ပါတယ်။

ဒီငှက်တွေဟာ Raven ၊ Crow တို့နဲ့ မျိုးနွယ်တူဖြစ်တာကြောင့် ကျီးကန်းနဲ့ ခပ်ဆင်ဆင်တူသလို အသံသာတဲ့ တေးသီငှက် တမျိုးလည်းဖြစ် ပါတယ်။ လှတယ် ၊ အသံသာပေမယ့် ကြောက်ဖို့ကောင်း တာကတော့ အဆိပ်ရှိနေ တာပါ။

၁၉၉၀ ခုနှစ်လောက်က သုတေသန ပညာရှင် တယောက်ဟာ ဒီငှက်ရဲ့ အရေပြားကို ကိုင်မိပြီးတဲ့နောက် လက်အပူလောင် သွားခဲ့ ပါတယ်။ လေ့လာကြည့်ကြ တဲ့ အခါမှာတော့ ဒီငှက်မှာ neurotoxin ဆိုတဲ့ အဆိပ်တမျိုး ပါဝင်နေတာကို သိခဲ့ ရပါတယ်။

သူတို့ရဲ့ အဆိပ်ဟာ ကိုလံဘီယာ အဆိပ်ဖားတွေရဲ့ အဆိပ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီဖြစ်ရပ်ကို စတင်သိရှိတဲ့ သုတေသန ပညာရှင်ဟာ လက်အပူလောင်တဲ့ အပြင် ပါးစပ်ပါထုံသွားတဲ့အတွက် ဒေသခံတွေ ကိုမေးကြည့်တဲ့ အခါမှာတော့

ဒီငှက် အမျိုးအစားတွေနဲ့ ဝေးဝေးနေဖို့ပြော ကြပါ တယ်။ သုတေသနပညာရှင်ဟာ ဒီငှက်ရဲ့ အဆိပ်အနည်းငယ်ကို ရယူပြီး ကြွက်တကောင်ကို ထိုးသွင်း စမ်းသပ်တဲ့ အခါ အကြောတချို့သေသွား ခဲ့ပြီး အဆိပ်များများ ထိုးသွင်းတဲ့ အခါမှာတော့

အထိုးခံရတဲ့ကြွက်ဟာ တက်ပြီး သေသွားခဲ့ပ ါတယ်။ နောက်ပိုင်းမှာတော့ ဒီငှက်တွေဟာ နယူးဂီနီပိုးတောင်မာ (အဆိပ်ရှိ) တွေကို အဓိကစားသောက်ရာ ကနေ ဒီလိုအဆိပ်ဗီဇ ရရှိခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိ ခဲ့ကြ ပါတယ်။

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …