ေလးစားမႈဆိုတာ တမင္လုပ္ယူလို႔ မရပါ - Amawpyay

ေလးစားမႈဆိုတာ တမင္လုပ္ယူလို႔ မရပါ

ေလးစားမႈဆိုတာ တမင္လုပ္ယူလို႔ မရပါ
Knowledge

ေလးစားမႈဆိုတာ တမင္လုပ္ယူလို႔ မရပါ

လုပ္ငန္းခြင္မွာ ဘာမဟုတ္တဲ့ ကိစၥေလးေတြ အတြက္ အာဏာ ပါဝါေတြ ျပၿပီး အေၾကာင္းသိေအာင္ လုပ္ျပ လိုက္မယ္ ဆိုတဲ့ သူေတြ ႀကဳံဖူး၊ ေတြ႕ဖူးၾက မွာပါ။ အဲဒီလိုလုပ္လိုက္ရတဲ့ ခဏမွာေတာ့ သူတို႔ေက်နပ္ေကာင္း ေက်နပ္ သြားပါ လိမ့္မယ္။

ကိုယ့္ကိုယ္ကို အထင္ႀကီးေကာင္းလည္း ႀကီးေနပါ လိမ့္မယ္။ ဒါေပမဲ့ တကယ္တမ္း ေတြးၾကည့္ရင္ နစ္နာသြား ရတဲ့ သူက တျခားလူ မဟုတ္ ပါဘူး၊ အဲဒီလို အာဏာပါဝါ ျပလိုက္တဲ့သူ ကိုယ္တိုင္ပဲ ျဖစ္ေန ပါတယ္။

ေသခ်ာစဥ္းစားၾကည့္ပါ၊ တကယ္တမ္းက်ေတာ့

၁။ အဲဒီလုပ္ရပ္ဟာ မိမိကိုယ္မိမိ ေလးစားမႈ မရွိေၾကာင္း ျပသလိုက္တာပါ

Maslow’s hierarchy of needs ဆိုတာ ရွိပါတယ္။ စား၀တ္ေနေရး အေျခခံ လိုအပ္ခ်က္၊ ေဘးကင္းလုံၿခဳံမႈ၊ ခ်စ္ခင္ၾကင္နာမႈ တို႔ၿပီးရင္ စတုတၳေျမာက္ လူေတြ လိုအပ္တဲ့ အရာက ေလးစားမႈပါ။ အဲဒီမွာမွ ကိုယ့္ကိုယ္ ကိုယ္ေလးစားမႈက အေရးႀကီးဆုံးလို႔ ျမင္ပါ တယ္။

အဲဒီ ေလးစားမႈမ်ိဳး ျမင့္ျမင့္မားမား ရွိေနတဲ့ သူက တျခားသူ ကိုယ့္ကို ဘယ္လိုထင္ျမင္သလဲ အထူးအေထြ ဂ႐ုစိုက္ မေနေတာ့ ပါဘူး။ ကိုယ့္ပန္းတိုင္ပဲ ကိုယ္အာ႐ုံ စိုက္ၿပီး ကိုယ္လုပ္စရာရွိတာ ကိုယ္လုပ္ေန တတ္ပါ တယ္။

အဲဒါ ေပ်ာက္ဆုံးေနတဲ့ သူကေတာ့ သူမ်ားဆီက ေလးစားမႈကို အတင္း မရမက ရွာေဖြပါေတာ့တယ္။ Deficiency needs တစ္ခု လည္းျဖစ္ေတာ့ မရဘူး ဆိုရင္ စိတ္က ခက္ထန္လာတယ္၊ စိတ္ဖိစီး မႈေတြ မ်ားလာ တတ္ပါ တယ္။

၂။ အဲဒီလုပ္ရပ္ဟာ ကိုယ္ပေရာ္ဖက္ရွင္နယ္ မပီသေၾကာင္း ျပသလိုက္တာပါ

ဒီေန႔ေခတ္မွာ အခြင့္အလမ္းေတြ မ်ားလာသလို တစ္ဖက္မွာ လည္း ၿပိဳင္ရဆိုင္ရတာေတြက ပိုၿပီး ျပင္းထန္ လာပါ တယ္။ ဒီအတြက္ ကြၽန္ေတာ္တို႔ အသင့္ျဖစ္ ၿပီလား။ မျဖစ္ေသးဘူးဆိုရင္ အဲဒီ မျဖစ္ေသးတဲ့ အရာေတြ ထဲမွာ ထိပ္ဆုံးက ပါေနတာကေတာ့ “ပေရာ္ဖက္ရွင္နယ္မပီသျခင္း”ပါပဲ။

လုပ္ငန္းခြင္မွာ ကိုယ့္ရဲ႕ ပုဂၢိဳလ္ေရး ခံစားခ်က္ေတြ ေရွ႕တန္း တင္တယ္။ အဖြဲ႕အစည္း ေအာင္ျမင္ဖို႔ထက္ ကိုယ္ ပါဝါရွိဖို႔ကို ပိုဦးစားေပးေနတယ္။ အလုပ္ကို စည္းမ်ဥ္းစည္းကမ္းေပၚ အေျခမခံဘဲ ပုဂၢိဳလ္ေရး ရင္းႏွီးမႈ အေပၚ မူတည္ၿပီး ဈလုပ္ၾက တယ္။

ရင္းႏွီးရင္ တမ်ိဳး၊ မရင္းႏွီးရင္ တမ်ိဳး။ အလုပ္မွာေတာ္ ဖို႔ထက္ အထက္လူႀကီးနဲ႔ အဆင္ေျပဖို႔ကို အရင္ႀကိဳးစားေန ရတယ္။ ဒါဟာ ျမန္မာ လုပ္သားေတြ၊ ျမန္မာအဖြဲ႕အစည္းေတြ ျပင္ဖို႔ လိုအပ္ေနတဲ့ အခ်က္ တစ္ခ်က္လည္း ျဖစ္ပါ တယ္။

၃။ အဲဒီလုပ္ရပ္ဟာ ကိုယ့္အဆင့္အတန္းကို ေဖာ္ျပလိုက္တာပါ

လူတစ္ေယာက္ရဲ႕ အဆင့္အတန္းကို သိခ်င္ရင္ သူ႔ထက္နိမ့္တဲ့ သူေတြအေပၚ သူ ဘယ္လိုဆက္ဆံသလဲ ဆိုတာကို ၾကည့္ ရပါ တယ္။ လူေတြဟာ ကိုယ့္အထက္အရာရွိေရွ႕မွာေတာ့ ၿပဳံး႐ႊင္ခ်ိဳသာေနၾက တတ္တယ္။

ဒါကို ၾကည့္ၿပီး ဒီလူ သိပ္ယဥ္ေက်းတာပဲ၊ သိပ္အဆင့္အတန္းရွိတာပဲ သတ္မွတ္လို႔ မရပါဘူး။ အဲဒီမ်က္ႏွာဖုံးေတြဟာ ကိုယ့္ထက္ နိမ့္ပါးတဲ့သူေရွ႕ကို ေရာက္တဲ့အခါမွာေတာ့ ကြာက်ကုန္ပါတယ္။

ကိုယ့္ထက္ ရာထူးအားျဖင့္၊ လုပ္ပိုင္ခြင့္အားျဖင့္၊ ၀င္ေငြအားျဖင့္ နိမ့္ေနတဲ့သူေတြကို ဘယ္လိုဆက္ဆံသလဲဆိုတာကမွ သူ႔အဆင့္အတန္းကို ေဖာ္ျပေန တာပါ။

ကိုယ့္ကို ဘာမွျပန္ခံ မေျပာႏိုင္တဲ့ သူကို ျပစ္တင္မာန္ မဲေနတာဟာ တကယ္ေတာ့ ၾကည့္လို႔လည္း မေကာင္းသလို၊ ဂုဏ္ယူစရာလည္း မေကာင္းပါဘူး။

၄။ အဲဒီလုပ္ရပ္ဟာ ကိုယ့္တက္လမ္းကို ကိုယ္ပိတ္ပစ္လိုက္တာပါ

လူဟာ ပညာတစ္ခုတည္း ေတာ္ေနလို႔မရပါဘူး။ ပညာရွင္အေနနဲ႔ေတာ့ အမည္ခံလို႔ ရေပမဲ့ ဘ၀မွာ ေအာင္ျမင္တဲ့သူတစ္ေယာက္ေတာ့ ျဖစ္လာဖို႔ မလြယ္ပါဘူး။ ဒီေန႔ေခတ္မွာ IQ ထက္ EQ ကို ပိုေဇာင္းေပးေျပာ လာၾက ပါၿပီ။

ကိုယ့္ကိုယ္ကိုယ္ ဆန္းစစ္ႏိုင္ျခင္း၊ ထိန္းခ်ဳပ္ႏိုင္ျခင္း၊ စိတ္ဓါတ္တက္ႂကြမႈ၊ လူမႈဆက္ဆံေရး၊ ကိုယ္ခ်င္းစာတရား၊ ဒါေတြ ဘယ္ေလာက္အားေကာင္းသလဲ ဆိုတဲ့အေပၚ မူတည္ၿပီး ေအာင္ျမင္သူလား ရႈံးနိမ့္သူ လားဆိုတာ အေျဖထြက္ လာတာပါ။

ဒါေၾကာင့္ လုပ္ငန္းခြင္မွာ မိမိရဲ႕ စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္ႏိုင္ဘူး၊ လူမႈဆက္ဆံေရး ညံ့ဖ်င္းမယ္၊ ကိုယ္ခ်င္းစာစိတ္ မထားဘဲ အလုပ္လုပ္မယ္၊ ကိုယ့္ကိုယ္ကိုယ္လည္း မဆန္းစစ္မိဘဲ ဆက္ကာ ဆက္ကာ လုပ္ေနမယ္ ဆိုရင္ေတာ့ အဲဒါဟာ ကိုယ့္တက္လမ္း ကိုယ္ပိတ္ပစ္တာနဲ႔ အတူတူပါပဲ။

၅။ အဲဒီလုပ္ရပ္ဟာ ကိုယ္အျမင္က်ဥ္းတာကို သြယ္ဝိုက္ေသာနည္းနဲ႔ ၀န္ခံလိုက္တာပါ

ဒီႏိုင္ငံထဲက ဒီအဖြဲ႕အစည္း၊ ဒီေလာက ေသးေသးေလးထဲမွာ ကိုယ္က အေကာင္ႀကီး ျဖစ္ေနဦးေတာ့၊ ကမာၻနဲ႔ယွဥ္လိုက္ရင္ ကိုယ္လည္း ဘာမွမဟုတ္ေတာ့ပါဘူး။

ရထားတဲ့ ေနရာေလးတစ္ခုအတြက္ မာန္မာနေတြ ေထာင္လႊားၿပီး အာဏာပါဝါ ျပေနမဲ့အစား ကိုယ့္ career မွာ ျမင့္သထက္ ျမင့္လာေအာင္ အေပၚ ထပ္တက္ႏိုင္ဖို႔အတြက္ ႀကိဳးစားၾကမယ္ဆိုရင္ ပိုေကာင္းပါ လိမ့္မယ္။

၆။ အဲဒီလုပ္ရပ္ဟာ တခ်ိန္ ကိုယ့္ဆီ ျပန္ေရာက္လာမွာ ျဖစ္ပါတယ္

ဗုဒၶဘာသာ၀င္ေတြဟာ ကံကံ၏အက်ိဳးကို ယုံၾကည္ၾက ပါတယ္။ ကိုယ္ျပဳသည့္ကံ ပဲ့တင္သံ ကိုယ့္ထံ ျပန္လာပါ လိမ့္မယ္။ ကိုယ့္ေၾကာင့္ လူတစ္ဖက္သား အျပစ္တစ္စုံတစ္ရာ မလုပ္ဘဲ မ်က္ရည္က်ေနရမယ္၊ စိတ္ဆင္းရဲေနရမယ္၊

ေနာက္ဆုံး ဆက္မလုပ္ႏိုင္ေတာ့လို႔ အလုပ္ပါ ထြက္သြားရတယ္ဆိုရင္ တစ္ေန႔ ကိုယ္တိုင္လည္း အဲဒီလိုမ်ိဳး မလြဲမေသြ ျပန္ႀကဳံေတြ႕ရမွာပါ။ ဆင္ျခင္ႏိုင္ၾကဖို႔ လိုပါတယ္။

ေလးစားစြာျဖင့္ေဒါက္တာ ၿဖိဳးသီဟ

ယူနီကုတ္

လေးစားမှုဆိုတာ တမင်လုပ်ယူလို့ မရပါ

လုပ်ငန်းခွင်မှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေ အတွက် အာဏာ ပါဝါတွေ ပြပြီး အကြောင်းသိအောင် လုပ်ပြ လိုက်မယ် ဆိုတဲ့ သူတွေ ကြုံဖူး၊ တွေ့ဖူးကြ မှာပါ။ အဲဒီလိုလုပ်လိုက်ရတဲ့ ခဏမှာတော့ သူတို့ကျေနပ်ကောင်း ကျေနပ် သွားပါ လိမ့်မယ်။

ကိုယ့်ကိုယ်ကို အထင်ကြီးကောင်းလည်း ကြီးနေပါ လိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း တွေးကြည့်ရင် နစ်နာသွား ရတဲ့ သူက တခြားလူ မဟုတ် ပါဘူး၊ အဲဒီလို အာဏာပါဝါ ပြလိုက်တဲ့သူ ကိုယ်တိုင်ပဲ ဖြစ်နေ ပါတယ်။

သေချာစဉ်းစားကြည့်ပါ၊ တကယ်တမ်းကျတော့

၁။ အဲဒီလုပ်ရပ်ဟာ မိမိကိုယ်မိမိ လေးစားမှု မရှိကြောင်း ပြသလိုက်တာပါ

Maslow’s hierarchy of needs ဆိုတာ ရှိပါတယ်။ စားဝတ်နေရေး အခြေခံ လိုအပ်ချက်၊ ဘေးကင်းလုံခြုံမှု၊ ချစ်ခင်ကြင်နာမှု တို့ပြီးရင် စတုတ္ထမြောက် လူတွေ လိုအပ်တဲ့ အရာက လေးစားမှုပါ။ အဲဒီမှာမှ ကိုယ့်ကိုယ် ကိုယ်လေးစားမှုက အရေးကြီးဆုံးလို့ မြင်ပါ တယ်။

အဲဒီ လေးစားမှုမျိုး မြင့်မြင့်မားမား ရှိနေတဲ့ သူက တခြားသူ ကိုယ့်ကို ဘယ်လိုထင်မြင်သလဲ အထူးအထွေ ဂရုစိုက် မနေတော့ ပါဘူး။ ကိုယ့်ပန်းတိုင်ပဲ ကိုယ်အာရုံ စိုက်ပြီး ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်နေ တတ်ပါ တယ်။

အဲဒါ ပျောက်ဆုံးနေတဲ့ သူကတော့ သူများဆီက လေးစားမှုကို အတင်း မရမက ရှာဖွေပါတော့တယ်။ Deficiency needs တစ်ခု လည်းဖြစ်တော့ မရဘူး ဆိုရင် စိတ်က ခက်ထန်လာတယ်၊ စိတ်ဖိစီး မှုတွေ များလာ တတ်ပါ တယ်။

၂။ အဲဒီလုပ်ရပ်ဟာ ကိုယ်ပရော်ဖက်ရှင်နယ် မပီသကြောင်း ပြသလိုက်တာပါ

ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ များလာသလို တစ်ဖက်မှာ လည်း ပြိုင်ရဆိုင်ရတာတွေက ပိုပြီး ပြင်းထန် လာပါ တယ်။ ဒီအတွက် ကျွန်တော်တို့ အသင့်ဖြစ် ပြီလား။ မဖြစ်သေးဘူးဆိုရင် အဲဒီ မဖြစ်သေးတဲ့ အရာတွေ ထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ “ပရော်ဖက်ရှင်နယ်မပီသခြင်း”ပါပဲ။

လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ရှေ့တန်း တင်တယ်။ အဖွဲ့အစည်း အောင်မြင်ဖို့ထက် ကိုယ် ပါဝါရှိဖို့ကို ပိုဦးစားပေးနေတယ်။ အလုပ်ကို စည်းမျဉ်းစည်းကမ်းပေါ် အခြေမခံဘဲ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု အပေါ် မူတည်ပြီး ဈလုပ်ကြ တယ်။

ရင်းနှီးရင် တမျိုး၊ မရင်းနှီးရင် တမျိုး။ အလုပ်မှာတော် ဖို့ထက် အထက်လူကြီးနဲ့ အဆင်ပြေဖို့ကို အရင်ကြိုးစားနေ ရတယ်။ ဒါဟာ မြန်မာ လုပ်သားတွေ၊ မြန်မာအဖွဲ့အစည်းတွေ ပြင်ဖို့ လိုအပ်နေတဲ့ အချက် တစ်ချက်လည်း ဖြစ်ပါ တယ်။

၃။ အဲဒီလုပ်ရပ်ဟာ ကိုယ့်အဆင့်အတန်းကို ဖော်ပြလိုက်တာပါ

လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက်နိမ့်တဲ့ သူတွေအပေါ် သူ ဘယ်လိုဆက်ဆံသလဲ ဆိုတာကို ကြည့် ရပါ တယ်။ လူတွေဟာ ကိုယ့်အထက်အရာရှိရှေ့မှာတော့ ပြုံးရွှင်ချိုသာနေကြ တတ်တယ်။

ဒါကို ကြည့်ပြီး ဒီလူ သိပ်ယဉ်ကျေးတာပဲ၊ သိပ်အဆင့်အတန်းရှိတာပဲ သတ်မှတ်လို့ မရပါဘူး။ အဲဒီမျက်နှာဖုံးတွေဟာ ကိုယ့်ထက် နိမ့်ပါးတဲ့သူရှေ့ကို ရောက်တဲ့အခါမှာတော့ ကွာကျကုန်ပါတယ်။

ကိုယ့်ထက် ရာထူးအားဖြင့်၊ လုပ်ပိုင်ခွင့်အားဖြင့်၊ ဝင်ငွေအားဖြင့် နိမ့်နေတဲ့သူတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာကမှ သူ့အဆင့်အတန်းကို ဖော်ပြနေ တာပါ။

ကိုယ့်ကို ဘာမှပြန်ခံ မပြောနိုင်တဲ့ သူကို ပြစ်တင်မာန် မဲနေတာဟာ တကယ်တော့ ကြည့်လို့လည်း မကောင်းသလို၊ ဂုဏ်ယူစရာလည်း မကောင်းပါဘူး။

၄။ အဲဒီလုပ်ရပ်ဟာ ကိုယ့်တက်လမ်းကို ကိုယ်ပိတ်ပစ်လိုက်တာပါ

လူဟာ ပညာတစ်ခုတည်း တော်နေလို့မရပါဘူး။ ပညာရှင်အနေနဲ့တော့ အမည်ခံလို့ ရပေမဲ့ ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက်တော့ ဖြစ်လာဖို့ မလွယ်ပါဘူး။ ဒီနေ့ခေတ်မှာ IQ ထက် EQ ကို ပိုဇောင်းပေးပြော လာကြ ပါပြီ။

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း၊ စိတ်ဓါတ်တက်ကြွမှု၊ လူမှုဆက်ဆံရေး၊ ကိုယ်ချင်းစာတရား၊ ဒါတွေ ဘယ်လောက်အားကောင်းသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အောင်မြင်သူလား ရှုံးနိမ့်သူ လားဆိုတာ အဖြေထွက် လာတာပါ။

ဒါကြောင့် လုပ်ငန်းခွင်မှာ မိမိရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး၊ လူမှုဆက်ဆံရေး ညံ့ဖျင်းမယ်၊ ကိုယ်ချင်းစာစိတ် မထားဘဲ အလုပ်လုပ်မယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း မဆန်းစစ်မိဘဲ ဆက်ကာ ဆက်ကာ လုပ်နေမယ် ဆိုရင်တော့ အဲဒါဟာ ကိုယ့်တက်လမ်း ကိုယ်ပိတ်ပစ်တာနဲ့ အတူတူပါပဲ။

၅။ အဲဒီလုပ်ရပ်ဟာ ကိုယ်အမြင်ကျဉ်းတာကို သွယ်ဝိုက်သောနည်းနဲ့ ဝန်ခံလိုက်တာပါ

ဒီနိုင်ငံထဲက ဒီအဖွဲ့အစည်း၊ ဒီလောက သေးသေးလေးထဲမှာ ကိုယ်က အကောင်ကြီး ဖြစ်နေဦးတော့၊ ကမ္ဘာနဲ့ယှဉ်လိုက်ရင် ကိုယ်လည်း ဘာမှမဟုတ်တော့ပါဘူး။

ရထားတဲ့ နေရာလေးတစ်ခုအတွက် မာန်မာနတွေ ထောင်လွှားပြီး အာဏာပါဝါ ပြနေမဲ့အစား ကိုယ့် career မှာ မြင့်သထက် မြင့်လာအောင် အပေါ် ထပ်တက်နိုင်ဖို့အတွက် ကြိုးစားကြမယ်ဆိုရင် ပိုကောင်းပါ လိမ့်မယ်။

၆။ အဲဒီလုပ်ရပ်ဟာ တချိန် ကိုယ့်ဆီ ပြန်ရောက်လာမှာ ဖြစ်ပါတယ်

ဗုဒ္ဓဘာသာဝင်တွေဟာ ကံကံ၏အကျိုးကို ယုံကြည်ကြ ပါတယ်။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာပါ လိမ့်မယ်။ ကိုယ့်ကြောင့် လူတစ်ဖက်သား အပြစ်တစ်စုံတစ်ရာ မလုပ်ဘဲ မျက်ရည်ကျနေရမယ်၊ စိတ်ဆင်းရဲနေရမယ်၊

နောက်ဆုံး ဆက်မလုပ်နိုင်တော့လို့ အလုပ်ပါ ထွက်သွားရတယ်ဆိုရင် တစ်နေ့ ကိုယ်တိုင်လည်း အဲဒီလိုမျိုး မလွဲမသွေ ပြန်ကြုံတွေ့ရမှာပါ။ ဆင်ခြင်နိုင်ကြဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …