
ေနအိမ္ဖြဲ႕ရာ အခါႏွင့္တကြ ေဟာက်မ္း ၊ အတိနိမိတ္ေကာက္ပုံေကာက္နည္း
ေနအိမ္ဖြဲ႕အေဟာ
တနဂၤေႏြေန႔ ေနအိမ္ဖြဲ႕မူကား၊မိုးေခါင္၍ ရွားပါး တတ္၏။ ၿဂိဳလ္တို႔သည္ ထိုေနအိမ္ဖြဲ႕ေသာအခါ၌ မေကာင္းေသာ အားရွိၾကမူ၊ ျပည္ရြာ မီးေလာင္အံ့။
တနလၤာေန႔ ေနအိမ္ဖြဲ႕မူကား၊ မိုးသည္းထန္စြာ ရြာသြန္း၍ စပါး သစ္သီး သစ္ပြင့္တို႔ ပ်က္စီးအံ့။
အဂၤါေန႔ ေနအိမ္ဖြဲ႕မူကား မိုးမရြာဘဲ ေလတ ဟူးဟူး တိုက္အံ့။
ဗုဒၶဟူးေန႔ ေနအိမ္ ဖြဲ႕မူကား မိုးမွန္၍ အသီးအႏွံ ေပါမ်ားအံ့။
ၾကာသပေတးေန႔ ေနအိမ္ဖြဲ႕မူကား သမီးကညာဆက္ သလာအံ့၊ အမတ္တို႔တြင္ မင္းေျမႇာက္အံ့။
ေသာၾကာေန႔ ေနအိမ္ဖြဲ႕မူကား ျပည္ရြာ ခ်မ္းသာအံ့၊ မင္း၌ ေရႊေငြရတနာရအံ့။
စေနေန႔ ေနအိမ္ဖြဲ႕မူကား ၿမိဳ႕ျပျပည္ရြာ ပ်က္စီးမ်ားအံ့။
အေဟာကား၊ ေနထြက္ဦးက ဖြဲ႕မူကား ထမီဝတ္ တို႔ေသအံ့၊ အေရွ႕ကေနအိမ္ ဖြဲ႕မူကား၊ မင္းစိုး စစ္ထိုးၾကအံ့၊ မြန္းတည့္ဖြဲ႕မူ ဘုရားေသာ္မွ ပရိနိဗၺာန္စံ ရအံ့။ စစ္မက္ႀကီး လည္းျဖစ္အံ့။
ေနဝင္ဖြဲ႕မူ ျပည္ထဲ သခင္ အရွင္သခင္ေသအံ့၊ စစ္ႀကီးေရာက္အံ့၊ ေနတစ္ျခမ္း ရွိတြင္ ဖြဲ႕မူ ကား၊ ျပည္ထဲေခ်ာက္ခ်ာ အံ့။
ဤကား ေနအိမ္ဖြဲ႕ရာ အခါႏွင့္တကြ ေဟာက်မ္းၿပီး၏။
စကားခ်ပ္- အတိတ္ နိမိတ္က အယူေတာ္ မဂၤလာ ဘဲ ျဖစ္ပါတယ္။ ေအးခ်မ္းမဲ့နိမိတ္လို႔ပဲ မွတ္ရေအာင္ ၊ မဂၤလာ ရွိေအာင္ ေျပာ မဂၤလာ ရွိတယ္။ မဂၤလာ တရားေတာ္ နဲ႔ အညီ ေနၾကပါ။
ေနထီးေဆာင္းမႈကို လူေတြရဲ့ ဘာသာေရး ယုံၾကည္မႈမ်ား လြန္ကဲမႈမ်ား ေၾကာင့္ သဘာဝလြန္ျဖစ္စဥ္မ်ား (Super Natural Phen-omena) အျဖစ္ ေျပာဆို လာတတ္ၾက ပါတယ္။
ေနထီးေဆာင္း ရင္ေတာ့ မၾကာမီ မိုးရြာတတ္တယ္လို႔ မိုးေလဝသ ခန႔္မွန္းေရး မွာေတာ့ ယူဆထားေၾကာင္း ပါ။
ေနအိမ္ဖြဲ႕အေဟာမ်ားကို ဟုစည္းတင္ျပလိုက္ပါတယ္။ မူရင္းေရးသား သူမ်ားအားေလးစားစြာခရက္ဒစ္ေပး ပါတယ္။
Unicode
နေအိမ်ဖွဲ့ရာ အခါနှင့်တကွ ဟောကျမ်း ၊ အတိနိမိတ်ကောက်ပုံကောက်နည်း
နေအိမ်ဖွဲ့အဟော
တနင်္ဂနွေနေ့ နေအိမ်ဖွဲ့မူကား၊မိုးခေါင်၍ ရှားပါး တတ်၏။ ဂြိုလ်တို့သည် ထိုနေအိမ်ဖွဲ့သောအခါ၌ မကောင်းသော အားရှိကြမူ၊ ပြည်ရွာ မီးလောင်အံ့။
တနင်္လာနေ့ နေအိမ်ဖွဲ့မူကား၊ မိုးသည်းထန်စွာ ရွာသွန်း၍ စပါး သစ်သီး သစ်ပွင့်တို့ ပျက်စီးအံ့။
အင်္ဂါနေ့ နေအိမ်ဖွဲ့မူကား မိုးမရွာဘဲ လေတ ဟူးဟူး တိုက်အံ့။
ဗုဒ္ဓဟူးနေ့ နေအိမ် ဖွဲ့မူကား မိုးမှန်၍ အသီးအနှံ ပေါများအံ့။
ကြာသပတေးနေ့ နေအိမ်ဖွဲ့မူကား သမီးကညာဆက် သလာအံ့၊ အမတ်တို့တွင် မင်းမြှောက်အံ့။
သောကြာနေ့ နေအိမ်ဖွဲ့မူကား ပြည်ရွာ ချမ်းသာအံ့၊ မင်း၌ ရွှေငွေရတနာရအံ့။
စနေနေ့ နေအိမ်ဖွဲ့မူကား မြို့ပြပြည်ရွာ ပျက်စီးများအံ့။
အဟောကား၊ နေထွက်ဦးက ဖွဲ့မူကား ထမီဝတ် တို့သေအံ့၊ အရှေ့ကနေအိမ် ဖွဲ့မူကား၊ မင်းစိုး စစ်ထိုးကြအံ့၊ မွန်းတည့်ဖွဲ့မူ ဘုရားသော်မှ ပရိနိဗ္ဗာန်စံ ရအံ့။ စစ်မက်ကြီး လည်းဖြစ်အံ့။
နေဝင်ဖွဲ့မူ ပြည်ထဲ သခင် အရှင်သခင်သေအံ့၊ စစ်ကြီးရောက်အံ့၊ နေတစ်ခြမ်း ရှိတွင် ဖွဲ့မူ ကား၊ ပြည်ထဲချောက်ချာ အံ့။
ဤကား နေအိမ်ဖွဲ့ရာ အခါနှင့်တကွ ဟောကျမ်းပြီး၏။
စကားချပ်- အတိတ် နိမိတ်က အယူတော် မင်္ဂလာ ဘဲ ဖြစ်ပါတယ်။ အေးချမ်းမဲ့နိမိတ်လို့ပဲ မှတ်ရအောင် ၊ မင်္ဂလာ ရှိအောင် ပြော မင်္ဂလာ ရှိတယ်။ မင်္ဂလာ တရားတော် နဲ့ အညီ နေကြပါ။
နေထီးဆောင်းမှုကို လူတွေရဲ့ ဘာသာရေး ယုံကြည်မှုများ လွန်ကဲမှုများ ကြောင့် သဘာဝလွန်ဖြစ်စဉ်များ (Super Natural Phen-omena) အဖြစ် ပြောဆို လာတတ်ကြ ပါတယ်။
နေထီးဆောင်း ရင်တော့ မကြာမီ မိုးရွာတတ်တယ်လို့ မိုးလေဝသ ခန့်မှန်းရေး မှာတော့ ယူဆထားကြောင်း ပါ။
နေအိမ်ဖွဲ့အဟောများကို ဟုစည်းတင်ပြလိုက်ပါတယ်။ မူရင်းရေးသား သူများအားလေးစားစွာခရက်ဒစ်ပေး ပါတယ်။
No Comments