
လက္ေခ်ာင္းေလးေတြကို ေကြး၊ဆန႔္႐ုံျဖင့္ ရရွိလာႏိုင္မယ္႔ အက်ိဳးေက်းဇူးမ်ား
လက္စြပ္ဝတ္တဲ့ လက္သူႂကြယ္နဲ႔ လက္ညႇိုးတို႔ကို အေကြး အဆန႔္လုပ္႐ုံနဲ႔ ခႏၶာ ကိုယ္ရဲ႕ က်န္းမာေရးအတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစတယ္ လို႔ ေျပာရင္ အံ့အားသင့္ေကာင္းသင့္ၾကမွာပါ။
ဒါေပမယ့္ ဒါဟာ တကယ္ပါ။ အထက္ပါပုံမွာ ျပထားတဲ့ အဲ့ဒီလိုလက္အေနအထား(position) ကို မုဒရာ(mudras)လို႔ ေခၚၿပီး၊ ေယာဂက်င့္စဥ္ မွာေတာ့ တကယ့္ကို အေရးႀကီးတဲ့ အခန္းက႑မွာပါ၀င္တဲ့ အေနအထား တစ္ခု ျဖစ္ပါတယ္ ။
လက္ေခ်ာင္းေလးေတြ မွာ အာ႐ုံေၾကာေတြ အဆုံးသတ္ေတြ အမ်ားႀကီး စုပုံေန ပါတယ္။ ဒီနည္းလမ္းေတြ ကို လက္ေခ်ာင္းကို အသုံးျပဳတဲ့ ေယာဂက်င့္စဥ္ လို႔လည္း အလြယ္ သတ္မွတ္ လို႔ရပါတယ္။
စကၠန႔္အနည္းငယ္ေလာက္ လုပ္ေပးျခင္းအားျဖင့္ ခႏၶာကိုယ္ရဲ့ က်န္းမာေရးအတြက္ အမ်ားႀကီးအေထာက္အကူျဖစ္ေစမွာပဲ ျဖစ္ပါတယ္ ။
(1) Gyan Mudra
ထိုင္လ်က္ ေယာဂက်င့္တဲ့ အခါမွာ ထိုင္တဲဲ့ပုံစံကို ေတြ႕ဖူးၾက မွာပါ။ အဲ့ဒီလို တင္ပ််ဥ္ေခြ ထိုင္ရ မွာပါ။ ခါးကိုမတ္ မတ္ထား၊ လက္ေတြကို ဒူးတစ္ဖက္ စီမွာခ် ထားပါ။ လက္ညႇိုးနဲ႔လက္မကို ပုံမွာျပထားတဲ့ အတိုင္း ထိထား ရမွာ ျဖစ္ပါတယ္။
အဲ့ဒီလို ထိုင္ေပးျခင္း အားျဖင့္ အာ႐ုံစူးစိုက္မႈ ေကာင္းမြန္ လာေစကာ အိပ္မေပ်ာ္ တာနဲ႔ စိတ္ဓါတ္က်တာေတြကို ေလ်ာ့ပါးေအာင္ ကုစားေပး ႏိုင္ပါတယ္ ။
(2) Vaya Mudra
ပုံမွာျပထားတဲ့ အတိုင္း လက္ညႇိုးကို ေကြးၿပီး လက္မနဲ႔ ဖိထားေပး ရမွာပါ။ တစ္ခု သတိထားရမွာက လက္မရဲ့ေအာက္ေျခနဲ ႔ထိေအာင္ ဖိထားေပး ရမွာပါ။
ခႏၶာ ကိုယ္အတြက္ မလိုအပ္တဲ့ ဂတ္စ္ေတြကိုဖယ္ ရွားေပးနိုင္ကာ၊ေလပြတာ အစရွိတဲ့ ေလနဲ႔ဆိုင္တဲ့ ေရာဂါေတြ အတြက္ ေကာင္းပါတယ္ ။
(3) Prithvi Mudra
လက္မနဲ ႔လက္သူႂကြယ္ကို ပုံမွာျပ ထားတဲ့ အတိုင္း အဖ်ားေလး ႏွစ္ခုကို ထိေပး ရမွာပါ။က်န္လက္ေခ်ာင္းေတြ ကိုေတာ့ ဆန႔္ထုတ္ေပး ထားရမွာပါ။
ဒီလို လုပ္ေပးျခင္း အားျဖင့္ ခႏၶာကိုယ္ရဲ႕(ပထဝီ =ေျမဓါတ္) ကို ညီမၽွေစပါတယ္။ ေသြးလည္ ပတ္မႈနဲ႔ အစာေျခဖ်က္မႈ အားကို ေကာင္းေစ ပါတယ္ ။
(4) Agni Mudra
လက္သူႂကြယ္ကို လက္ဖဝါးစီေရာက္ေအာင္ ေကြးထားၿပီး လက္မနဲ႔ ဖိထားေပး ရမွာပါ။ကိုလက္စထေရာနဲ ႔အဆီကို ေလ်ာ့က်ေစသလို ဇီဝျဖစ္စဥ္ေတြ ကိုပါ တိုးတက္ ေကာင္းမြန္ေစႏို င္ပါတယ္ …။
(5) Jal Mudra
လက္မနဲ႔ လက္သန္း ထိပ္ႏွစ္ခုကို ထိေပး ရမွာပါ။ ထိ႐ုံေလး ထိရမွာျဖစ္ၿပီး အရမ္း ႀကီး ဖိဖို႔မလိုပါဘူး။ခႏၶာကိုယ္ရဲ့ နာက်င္မွုကို သက္သာေစ၊ေသြး လွည့္ပတ္မႈကို ေကာင္းမြန္ေစကာ၊ ပါးစပ္ေျခာက္(ႏႈတ္ခမ္းေျခာက္)တာေတြကို ေလ်ာ့ပါး သက္သာ ေစပါတယ္ ။
(6) Shunya Mudra
လက္ခလယ္ကို လက္မနဲ႔ ဖိရမွာပါ။ လက္မရဲ့ေအာက္ေျခနဲ႔ ဖိရမွာပါ။ အျမင္အာ ႐ုံမူးေနာက္၊ မူးေဝတာ၊ နား၊ ႏွာေခါင္းနဲ႔ လၽွာမွာျဖစ္တတ္တဲ့ ေရာဂါေတြ အတြက္ ေကာင္းမြန္ေစ ပါတယ္ ။
(7)Prana Healing
လက္သန္း၊လက္သူႂကြယ္ကိုေကြးၿပီး လက္မထိပ္နဲ ႔ပုံမွာျပထားတဲ့ အတိုင္း ထိထားေပး ရမွာပါ။ခႏၶာကိုယ္ကို အင္အားျပည့္ဝ လာေစကာ ကိုယ္ခံ အားစနစ္ကို ပိုေကာင္ းလာေစသလို မ်က္လုံးေရာဂါေတြ အတြက္လည္း ေကာင္းေစ ပါတယ္ ။
Ref;gofitstayfit
Unicode
လက်ချောင်းလေးတွေကို ကွေး၊ဆန့်ရုံဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများ
လက်စွပ်ဝတ်တဲ့ လက်သူကြွယ်နဲ့ လက်ညှိုးတို့ကို အကွေး အဆန့်လုပ်ရုံနဲ့ ခန္ဓာ ကိုယ်ရဲ့ ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေတယ် လို့ ပြောရင် အံ့အားသင့်ကောင်းသင့်ကြမှာပါ။
ဒါပေမယ့် ဒါဟာ တကယ်ပါ။ အထက်ပါပုံမှာ ပြထားတဲ့ အဲ့ဒီလိုလက်အနေအထား(position) ကို မုဒရာ(mudras)လို့ ခေါ်ပြီး၊ ယောဂကျင့်စဉ် မှာတော့ တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ် ။
လက်ချောင်းလေးတွေ မှာ အာရုံကြောတွေ အဆုံးသတ်တွေ အများကြီး စုပုံနေ ပါတယ်။ ဒီနည်းလမ်းတွေ ကို လက်ချောင်းကို အသုံးပြုတဲ့ ယောဂကျင့်စဉ် လို့လည်း အလွယ် သတ်မှတ် လို့ရပါတယ်။
စက္ကန့်အနည်းငယ်လောက် လုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ် ။
(1) Gyan Mudra
ထိုင်လျက် ယောဂကျင့်တဲ့ အခါမှာ ထိုင်တဲ့ပုံစံကို တွေ့ဖူးကြ မှာပါ။ အဲ့ဒီလို တင်ပျျဉ်ခွေ ထိုင်ရ မှာပါ။ ခါးကိုမတ် မတ်ထား၊ လက်တွေကို ဒူးတစ်ဖက် စီမှာချ ထားပါ။ လက်ညှိုးနဲ့လက်မကို ပုံမှာပြထားတဲ့ အတိုင်း ထိထား ရမှာ ဖြစ်ပါတယ်။
အဲ့ဒီလို ထိုင်ပေးခြင်း အားဖြင့် အာရုံစူးစိုက်မှု ကောင်းမွန် လာစေကာ အိပ်မပျော် တာနဲ့ စိတ်ဓါတ်ကျတာတွေကို လျော့ပါးအောင် ကုစားပေး နိုင်ပါတယ် ။
(2) Vaya Mudra
ပုံမှာပြထားတဲ့ အတိုင်း လက်ညှိုးကို ကွေးပြီး လက်မနဲ့ ဖိထားပေး ရမှာပါ။ တစ်ခု သတိထားရမှာက လက်မရဲ့အောက်ခြေနဲ့ထိအောင် ဖိထားပေး ရမှာပါ။
ခန္ဓာ ကိုယ်အတွက် မလိုအပ်တဲ့ ဂတ်စ်တွေကိုဖယ် ရှားပေးနိုင်ကာ၊လေပွတာ အစရှိတဲ့ လေနဲ့ဆိုင်တဲ့ ရောဂါတွေ အတွက် ကောင်းပါတယ် ။
(3) Prithvi Mudra
လက်မနဲ့လက်သူကြွယ်ကို ပုံမှာပြ ထားတဲ့ အတိုင်း အဖျားလေး နှစ်ခုကို ထိပေး ရမှာပါ။ကျန်လက်ချောင်းတွေ ကိုတော့ ဆန့်ထုတ်ပေး ထားရမှာပါ။
ဒီလို လုပ်ပေးခြင်း အားဖြင့် ခန္ဓာကိုယ်ရဲ့(ပထဝီ =မြေဓါတ်) ကို ညီမျှစေပါတယ်။ သွေးလည် ပတ်မှုနဲ့ အစာခြေဖျက်မှု အားကို ကောင်းစေ ပါတယ် ။
(4) Agni Mudra
လက်သူကြွယ်ကို လက်ဖဝါးစီရောက်အောင် ကွေးထားပြီး လက်မနဲ့ ဖိထားပေး ရမှာပါ။ကိုလက်စထရောနဲ့အဆီကို လျော့ကျစေသလို ဇီဝဖြစ်စဉ်တွေ ကိုပါ တိုးတက် ကောင်းမွန်စေနို င်ပါတယ် …။
(5) Jal Mudra
လက်မနဲ့ လက်သန်း ထိပ်နှစ်ခုကို ထိပေး ရမှာပါ။ ထိရုံလေး ထိရမှာဖြစ်ပြီး အရမ်း ကြီး ဖိဖို့မလိုပါဘူး။ခန္ဓာကိုယ်ရဲ့ နာကျင်မှုကို သက်သာစေ၊သွေး လှည့်ပတ်မှုကို ကောင်းမွန်စေကာ၊ ပါးစပ်ခြောက်(နှုတ်ခမ်းခြောက်)တာတွေကို လျော့ပါး သက်သာ စေပါတယ် ။
(6) Shunya Mudra
လက်ခလယ်ကို လက်မနဲ့ ဖိရမှာပါ။ လက်မရဲ့အောက်ခြေနဲ့ ဖိရမှာပါ။ အမြင်အာ ရုံမူးနောက်၊ မူးဝေတာ၊ နား၊ နှာခေါင်းနဲ့ လျှာမှာဖြစ်တတ်တဲ့ ရောဂါတွေ အတွက် ကောင်းမွန်စေ ပါတယ် ။
(7)Prana Healing
လက်သန်း၊လက်သူကြွယ်ကိုကွေးပြီး လက်မထိပ်နဲ့ပုံမှာပြထားတဲ့ အတိုင်း ထိထားပေး ရမှာပါ။ခန္ဓာကိုယ်ကို အင်အားပြည့်ဝ လာစေကာ ကိုယ်ခံ အားစနစ်ကို ပိုကောင် းလာစေသလို မျက်လုံးရောဂါတွေ အတွက်လည်း ကောင်းစေ ပါတယ် ။
Ref;gofitstayfit
No Comments