သူသင့္အေပၚ တိတ္တိတ္ေလး စြဲလမ္းမိေနၿပီဆိုတာ ေဖာ္ျပေနတဲ့ အခ်က္ေတြ - Amawpyay

သူသင့္အေပၚ တိတ္တိတ္ေလး စြဲလမ္းမိေနၿပီဆိုတာ ေဖာ္ျပေနတဲ့ အခ်က္ေတြ

သူသင့္အေပၚ တိတ္တိတ္ေလး စြဲလမ္းမိေနၿပီဆိုတာ ေဖာ္ျပေနတဲ့ အခ်က္ေတြ
အခ်စ္ေရး

သူသင့္အေပၚ တိတ္တိတ္ေလး စြဲလမ္းမိေနၿပီဆိုတာ ေဖာ္ျပေနတဲ့ အခ်က္ေတြ

အခ်စ္ဆိုတာ အခ်ိန္ေနရာမေ႐ြး ျဖစ္ေပၚလာႏိုင္ ပါတယ္။ ကိုယ္ဘယ္လုိမွ မထင္ထားတဲ့ သူအေပၚမွာလည္း ခ်စ္မိ သြြားႏုိင္သလို ကိုယ္ လံုးဝ ထင္မွတ္မထားတဲ့ သူဟာလည္း ကိုယ့္အေပၚ ခ်စ္မိေန တတ္ေလ႔ ရိွပါတယ္ ။

တစ္ခါတစ္ေလမွာ ပုန္းကြယ္ေနတဲ့ အခ်ိန္ေတြက လံုၿခံဳမႈ မ႐ွိပဲ ျမင္သာ ထင္ေပၚ ေနတတ္ပါတယ္။ သူ႔ရဲ႕ ဒီအခ်က္ေတြက သင့္အေပၚ တိတ္ တခိုးေလး စြဲလမ္းေနမိၿပီ ဆိုတာကို ေဖာ္ျပေနပါတယ္ေနာ္ ။

အခ်ိန္ေပးတတ္ျခင္း”

ေယာက်ာ္းေလးေတြက သူတို႔ မႏွစ္သက္တဲ့ သူေတြ အတြက္ အခ်ိန္္ေပးရမွာ ႏွေျမာတြန္႔တုိသေလာက္ သူတို႔သေဘာ က်တဲ့ သူအတြက္ဆို မအားလပ္တဲ့ ၾကားကေတာင္ သူတုိ႔ရဲ႕ အခ်ိန္ေတြကို ဖဲ့ေပးတတ္ၾက ပါတယ္ ။

သူ႔က သင္အတြက္ အခ်ိန္္ေတြေပါ မ်ားေနခဲ့မယ္ဆိုရင္ သင္္ဖုန္းေလး တစ္ခ်က္ ေကာက္ဆက္လိုက္႐ံုနဲ႔ အေျပးေရာက္ လာခဲ့ရင္ ဒါေတြဟာ သင့္အတြက္ အခ်ိန္ေပးျခင္း ပါပဲ ။

ဒီလုိ သင့္အတြက္ သူ႔အခ်ိန္ေတြကို ႏွေျမာတြန္ ႔တိုမေနပဲ ေပးတယ္ဆုိတာ သူ႔သင့္အေပၚ တစ္ျခားသူေတြထက္ ပိုသာတဲ့ ခံစားမႈ ႐ွိေနလုိ႔ပဲ ျဖစ္ပါတယ္ ။

သူ႔ရဲ႕အေလးထား ဦးစားေပးမႈ”

တစ္စံုတစ္ေယာက္ ဆီက အေလးထား ဦးစားေပးမႈကို ခံေန ရၿပီလား။ တစ္ေယာက္ေယာက္က ကိုယ့္ကိုယ္ အေလးထားတဲ့ ခံစားမႈက တကယ့္ကို ခ်ိဳၿမိန္လွ ပါတယ္ ။

ကိုယ္တစ္္ေနရာရာ သြားခ်င္တဲ့ အခ်ိန္ပဲ ျဖစ္ျဖစ္၊ ပ်င္းေနတဲ့ အခ်ိန္ပဲ ျဖစ္ျဖစ္ ကိုယ့္အတြက္ သူ႐ွိေနေပးတာဟာ ဦးစားေပး အေလးထားမႈ တစ္မ်ိဳးပါပဲ ။

ဗိုက္ဆာေနတယ္လို႔ ေျပာလုိက္တာနဲ႔ မုန္႔တစ္ခုခု ဝယ္လာေပး တာကလည္း သူ႔ရဲ႕ အေလးထားမႈကို ေဖာ္ျပတာ ပါပဲေနာ္ ။

ဒီလုိေတြ သင္အတြက္ ဦးစားေပးေန တာဟာ သင့္အေပၚ သူ႔ရဲ႕ စိတ္ေတြကို ေဖာ္ျပေနတာပါ။အခ်စ္ဆုိတဲဲ့ အရာက ဖံုးကြယ္ရ ေတာ္ေတာ္ ခက္ပါတယ္ ။

တစ္ခါတစ္္ေလမွာ အခ်စ္က ကံယကံ႐ွင္ သတိမထား မိလုိက္ခင္မွာ တင္ အထင္းသား ျမင္ေနရတာေတြ ႐ွိတတ္ ပါတယ္ ။

သူသင့္အေပၚ တိတ္တိတ္ေလး စြဲလမ္းမိေနၿပီဆိုတာ ေဖာ္ျပေနတဲ့ အခ်က္ေတြ

သူ႔က သင့္အေပၚ ေလးနက္မႈေတြ၊ ဂ႐ုစိုက္မႈေတြ၊ အခ်ိန္ေပးမႈေတြ ကေနတစ္ဆင့္ သူ႔ရဲ႕ အခ်စ္ကို ခံစားမိေစ ပါတယ္။ တစ္္ခါတစ္ေလ သဝန္တို တာေတြ ႐ွိမယ္၊ တစ္ခါတစ္ေလ စိတ္ေကာက္တာေတြ ႐ွိမယ္ ။

ဒါေပမယ့္ ဒါေတြက ခဏတာ ျဖစ္္ၿပီး သူ႔သင့္အေပၚ ၾကာၾကာ မပစ္ထား နုိင္ဘူး ဆိုရင္ေတာ့ သင့္ကို စြဲလမ္းေနတာ ေသခ်ာေန ပါၿပီ ။

ယံုၾကည္ခုိင္မာမႈ”

ယံုၾကည္မႈ ဆုိတာ တစ္စံုတစ္္ေယာက္ကို ခ်စ္မိ သြားတဲ့ အခါ အလိုလို ျဖစ္ေပၚလာတဲ့ အရာပါ။ လူေတြဟာ ကို္ယ္ခ်စ္ခင္သူရဲ႕စကားကိုဆို ယံုၾကည္ ခ်င္ၾကတာ ထံုးစံပဲ ျဖစ္ပါတယ္ ။

သင့္အေပၚ သူ႔ရဲ႕ ယံုၾကည္မႈေတြ ေပးအပ္ ထားတယ္ သင္နဲ႔ သူ႔ရဲ႕ ဆက္ဆံေရးကို ယံုၾကည္မႈနဲ႔ ခုိင္မာေစတယ္ ဆိုရင္ေတာ့ သူဟာ သင့္ကို တကယ့္ အေလးထား ျမတ္ႏုိးလုိ႔ပဲ ျဖစ္ပါတယ္ ။

လူေတြက သင့္ကို မွားေနတယ္လုိ႔ ေျပာေနၾက ရင္ေတာင္္ သင့္ရဲ႕စကားတစ္ခြန္းနဲ႔တင္ သင့္ကို ယံုၾကည္ေပးမယ့္သူမ်ိဳး ျဖစ္ ပါတယ္ ။

ဒါေတြက သူသင့္ကို တိတ္တိတ္ေလး စြဲလမ္းေနမိၿပီဆိုတာ သက္ေသျပလို႔ ေနပါတယ္ ။

Unicode

သူသင့်အပေါ် တိတ်တိတ်လေး စွဲလမ်းမိနေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေ…

အချစ်ဆိုတာ အချိန်နေရာမရွေး ဖြစ်ပေါ်လာနိုင် ပါတယ်။ ကိုယ်ဘယ်လိုမှ မထင်ထားတဲ့ သူအပေါ်မှာလည်း ချစ်မိ သွားနိုင်သလို ကိုယ် လုံးဝ ထင်မှတ်မထားတဲ့ သူဟာလည်း ကိုယ့်အပေါ် ချစ်မိနေ တတ်လေ့ ရှိပါတယ် ။

တစ်ခါတစ်လေမှာ ပုန်းကွယ်နေတဲ့ အချိန်တွေက လုံခြုံမှု မရှိပဲ မြင်သာ ထင်ပေါ် နေတတ်ပါတယ်။ သူ့ရဲ့ ဒီအချက်တွေက သင့်အပေါ် တိတ် တခိုးလေး စွဲလမ်းနေမိပြီ ဆိုတာကို ဖော်ပြနေပါတယ်နော် ။

အချိန်ပေးတတ်ခြင်း”

ယောကျာ်းလေးတွေက သူတို့ မနှစ်သက်တဲ့ သူတွေ အတွက် အချိန်ပေးရမှာ နှမြောတွန့်တိုသလောက် သူတို့သဘော ကျတဲ့ သူအတွက်ဆို မအားလပ်တဲ့ ကြားကတောင် သူတို့ရဲ့ အချိန်တွေကို ဖဲ့ပေးတတ်ကြ ပါတယ် ။

သူ့က သင်အတွက် အချိန်တွေပေါ များနေခဲ့မယ်ဆိုရင် သင်ဖုန်းလေး တစ်ချက် ကောက်ဆက်လိုက်ရုံနဲ့ အပြေးရောက် လာခဲ့ရင် ဒါတွေဟာ သင့်အတွက် အချိန်ပေးခြင်း ပါပဲ ။

ဒီလို သင့်အတွက် သူ့အချိန်တွေကို နှမြောတွန့်တိုမနေပဲ ပေးတယ်ဆိုတာ သူ့သင့်အပေါ် တစ်ခြားသူတွေထက် ပိုသာတဲ့ ခံစားမှု ရှိနေလို့ပဲ ဖြစ်ပါတယ် ။

သူ့ရဲ့အလေးထား ဦးစားပေးမှု”

တစ်စုံတစ်ယောက် ဆီက အလေးထား ဦးစားပေးမှုကို ခံနေ ရပြီလား။ တစ်ယောက်ယောက်က ကိုယ့်ကိုယ် အလေးထားတဲ့ ခံစားမှုက တကယ့်ကို ချိုမြိန်လှ ပါတယ် ။

ကိုယ်တစ်နေရာရာ သွားချင်တဲ့ အချိန်ပဲ ဖြစ်ဖြစ်၊ ပျင်းနေတဲ့ အချိန်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် သူရှိနေပေးတာဟာ ဦးစားပေး အလေးထားမှု တစ်မျိုးပါပဲ ။

ဗိုက်ဆာနေတယ်လို့ ပြောလိုက်တာနဲ့ မုန့်တစ်ခုခု ဝယ်လာပေး တာကလည်း သူ့ရဲ့ အလေးထားမှုကို ဖော်ပြတာ ပါပဲနော် ။

ဒီလိုတွေ သင်အတွက် ဦးစားပေးနေ တာဟာ သင့်အပေါ် သူ့ရဲ့ စိတ်တွေကို ဖော်ပြနေတာပါ။အချစ်ဆိုတဲ့ အရာက ဖုံးကွယ်ရ တော်တော် ခက်ပါတယ် ။

တစ်ခါတစ်လေမှာ အချစ်က ကံယကံရှင် သတိမထား မိလိုက်ခင်မှာ တင် အထင်းသား မြင်နေရတာတွေ ရှိတတ် ပါတယ် ။

သူ့က သင့်အပေါ် လေးနက်မှုတွေ၊ ဂရုစိုက်မှုတွေ၊ အချိန်ပေးမှုတွေ ကနေတစ်ဆင့် သူ့ရဲ့ အချစ်ကို ခံစားမိစေ ပါတယ်။ တစ်ခါတစ်လေ သဝန်တို တာတွေ ရှိမယ်၊ တစ်ခါတစ်လေ စိတ်ကောက်တာတွေ ရှိမယ် ။

ဒါပေမယ့် ဒါတွေက ခဏတာ ဖြစ်ပြီး သူ့သင့်အပေါ် ကြာကြာ မပစ်ထား နိုင်ဘူး ဆိုရင်တော့ သင့်ကို စွဲလမ်းနေတာ သေချာနေ ပါပြီ ။

ယုံကြည်ခိုင်မာမှု”

ယုံကြည်မှု ဆိုတာ တစ်စုံတစ်ယောက်ကို ချစ်မိ သွားတဲ့ အခါ အလိုလို ဖြစ်ပေါ်လာတဲ့ အရာပါ။ လူတွေဟာ ကိုယ်ချစ်ခင်သူရဲ့စကားကိုဆို ယုံကြည် ချင်ကြတာ ထုံးစံပဲ ဖြစ်ပါတယ် ။

သင့်အပေါ် သူ့ရဲ့ ယုံကြည်မှုတွေ ပေးအပ် ထားတယ် သင်နဲ့ သူ့ရဲ့ ဆက်ဆံရေးကို ယုံကြည်မှုနဲ့ ခိုင်မာစေတယ် ဆိုရင်တော့ သူဟာ သင့်ကို တကယ့် အလေးထား မြတ်နိုးလို့ပဲ ဖြစ်ပါတယ် ။

လူတွေက သင့်ကို မှားနေတယ်လို့ ပြောနေကြ ရင်တောင် သင့်ရဲ့စကားတစ်ခွန်းနဲ့တင် သင့်ကို ယုံကြည်ပေးမယ့်သူမျိုး ဖြစ် ပါတယ် ။

ဒါတွေက သူသင့်ကို တိတ်တိတ်လေး စွဲလမ်းနေမိပြီဆိုတာ သက်သေပြလို့ နေပါတယ် ။

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …