
သင့္ကို အတြင္းက်ိတ္ လိုက္ၿပိဳင္ေနတဲ့ သူငယ္ခ်င္းေတြမွာ ဒီလိုစိတ္ဓာတ္မ်ိဳး ရွိေနပါတယ္
သူငယ္ခ်င္း ဆိုတာ မနာလုိမႈေတြ၊ အႏိုင္ယူလုိ ခ်င္စိတ္ေတြ မ႐ွိပဲ ကိုယ့္သူငယ္ခ်င္း ေကာင္းစားတာျမင္ တဲ့အခါ ကိုယ္ကပါ အလုိလုိ လုိက္ေပ်ာ္တတ္ တာမ်ိဳးကို သူငယ္ခ်င္းလုိ႔ ေခၚတာပါ။
ဒါေပမယ့္ သင့္သူငယ္ခ်င္းက သင့္အေပၚ သူငယ္ခ်င္း တစ္္ေယာက္လုိ စိတ္ဓာတ္မ်ိဳးနဲ႔မဆုိင္တဲ့ ၿပိဳင္ဆုိင္ျခင္းေတြ ႐ွိေနတယ္ ဆုိတာ ဒီအခ်က္ေတြက ေဖာ္ျပေန ပါတယ္။
(1) မနာလုိမႈေတြ ႐ွိေနတယ္
ဥပမာ – သင္တစ္ခုခုမွာ ေအာင္ျမင္မႈ ရတဲ့ အခါမ်ိဳး ပဲျဖစ္ျဖစ္၊ တစ္ခုုခု ရ႐ွိတဲ့ အခြင့္အေရးေတြကို ေတြ႔တဲ့ အခါတို္င္းမွာ မနာလုိမႈေတြ ႐ွိေနတာကို ေတြြ႔ေန ရတတ္ ပါတယ္။ သင့္ေ႐ွ႕မွာေတာ့ သင့္အတြြက္ ေပ်ာ္ေပးဟန္ေဆာင္ေပ းေပမယ့္ တကယ္တမ္း မွာေတာ့ ႀကိတ္ၿပီး မနာလုိျဖစ္ေနတတ္ပါတယ္။
(2) လိုက္ၿပိဳင္ဆုိင္တတ္တယ္
စစ္မွန္တဲ့ သူငယ္ခ်င္းမွာ ၿပိဳင္ဆုိင္မႈေတြ လံုးဝမ႐ွိပါဘူးေနာ္။ ဒါေပမယ့္ သင့္ရဲ႕ သူငယ္ခ်င္းက သင့္ရဲ႕ေအာင္ျမင္မႈေတြ၊ သင္ေပ်ာ္႐ႊင္ေနတာေတြကို လုိက္ၾကည္ႏူးမေပး ႏုိင္တဲ့ အျပင္
လုိက္ၿပိဳင္ဆုိင္ေနတတ္ တာမ်ိဳးေတြ ႐ွိေနတတ္ ပါတယ္။ ဒါက သင့္သူငယ္ခ်င္းဟာ သူငယ္ခ်င္းေကာင္းတစ္ေယာက္ မဟုတ္ဘူး ဆုိတာကို ေဖာ္ျပေန ပါတယ္ေနာ္။
(3) သင့္ေနာက္ကြယ္မွာ မေကာင္းေၾကာင္းေတြ ေျပာလာတယ္
မနာလိုမႈ၊ ၿပိဳင္္ဆုိိင္မႈေတြက မေကာင္းတဲ့ အက်င့္ေတြကို ျဖစ္ေပၚေစတတ္ ပါတယ္။ သင့္အေပၚ အရင္ကေတာ့ မနာလုိမႈ ေသးေသးေလးပဲ ႐ွိတယ္ ဆုိေပမယ့္ တျဖည္းျဖည္း အဲဒီ ႔မနာလုိမႈေတြက ႀကီးထြား လာၿပီး တဲ့ေနာက္မွာေတာ့ သင့္ေနာက္ကြယ္မွာ သင့္မေကာင္းေၾကာင္းေတြအထိပါ ေျပာလာ တတ္ပါ တယ္။
(4) သင့္ရဲ႕ အခြင့္္အလမ္းေတြကို လုယူလာတတ္တယ္
ၿပိဳင္ဆုိင္လုိ စိတ္ေတြမ်ား လာတဲ့ အခါမွာ ကိုယ့္ဆီလာမယ့္ အခြင့္အလမ္းေတြ ကိုပါ လုယူတာေတြအထိ ျဖစ္လာတတ္ ပါတယ္။ သင့္ေ႐ွ႕မွာေတာ့ သင့္အေပၚ ေကာင္းသလုိ ျပဳမူတတ္ေပမယ့္ သင့္ရမယ့္ အခြင့္အလမ္းေတြ ကိုေတာ့ ေနာက္ကြယ္မွာ ရယူဖုိ႔ ႀကိဳးစားေန တတ္ပါတယ္။
Khin
Credit
Unicode
သင့်ကို အတွင်းကျိတ် လိုက်ပြိုင်နေတဲ့ သူငယ်ချင်းတွေမှာ ဒီလိုစိတ်ဓာတ်မျိုး ရှိနေပါတယ် ..
သူငယ်ချင်း ဆိုတာ မနာလိုမှုတွေ၊ အနိုင်ယူလို ချင်စိတ်တွေ မရှိပဲ ကိုယ့်သူငယ်ချင်း ကောင်းစားတာမြင် တဲ့အခါ ကိုယ်ကပါ အလိုလို လိုက်ပျော်တတ် တာမျိုးကို သူငယ်ချင်းလို့ ခေါ်တာပါ။
ဒါပေမယ့် သင့်သူငယ်ချင်းက သင့်အပေါ် သူငယ်ချင်း တစ်ယောက်လို စိတ်ဓာတ်မျိုးနဲ့မဆိုင်တဲ့ ပြိုင်ဆိုင်ခြင်းတွေ ရှိနေတယ် ဆိုတာ ဒီအချက်တွေက ဖော်ပြနေ ပါတယ်။
(1) မနာလိုမှုတွေ ရှိနေတယ်
ဥပမာ – သင်တစ်ခုခုမှာ အောင်မြင်မှု ရတဲ့ အခါမျိုး ပဲဖြစ်ဖြစ်၊ တစ်ခုခု ရရှိတဲ့ အခွင့်အရေးတွေကို တွေ့တဲ့ အခါတိုင်းမှာ မနာလိုမှုတွေ ရှိနေတာကို တွေ့နေ ရတတ် ပါတယ်။ သင့်ရှေ့မှာတော့ သင့်အတွက် ပျော်ပေးဟန်ဆောင်ပေ းပေမယ့် တကယ်တမ်း မှာတော့ ကြိတ်ပြီး မနာလိုဖြစ်နေတတ်ပါတယ်။
(2) လိုက်ပြိုင်ဆိုင်တတ်တယ်
စစ်မှန်တဲ့ သူငယ်ချင်းမှာ ပြိုင်ဆိုင်မှုတွေ လုံးဝမရှိပါဘူးနော်။ ဒါပေမယ့် သင့်ရဲ့ သူငယ်ချင်းက သင့်ရဲ့အောင်မြင်မှုတွေ၊ သင်ပျော်ရွှင်နေတာတွေကို လိုက်ကြည်နူးမပေး နိုင်တဲ့
အပြင် လိုက်ပြိုင်ဆိုင်နေတတ် တာမျိုးတွေ ရှိနေတတ် ပါတယ်။ ဒါက သင့်သူငယ်ချင်းဟာ သူငယ်ချင်းကောင်းတစ်ယောက် မဟုတ်ဘူး ဆိုတာကို ဖော်ပြနေ ပါတယ်နော်။
(3) သင့်နောက်ကွယ်မှာ မကောင်းကြောင်းတွေ ပြောလာတယ်
မနာလိုမှု၊ ပြိုင်ဆိုင်မှုတွေက မကောင်းတဲ့ အကျင့်တွေကို ဖြစ်ပေါ်စေတတ် ပါတယ်။ သင့်အပေါ် အရင်ကတော့ မနာလိုမှု သေးသေးလေးပဲ ရှိတယ် ဆိုပေမယ့် တဖြည်းဖြည်း အဲဒီ့မနာလိုမှုတွေက ကြီးထွား လာပြီး တဲ့နောက်မှာတော့ သင့်နောက်ကွယ်မှာ သင့်မကောင်းကြောင်းတွေအထိပါ ပြောလာ တတ်ပါ တယ်။
(4) သင့်ရဲ့ အခွင့််အလမ်းတွေကို လုယူလာတတ်တယ်
ပြိုင်ဆိုင်လို စိတ်တွေများ လာတဲ့ အခါမှာ ကိုယ့်ဆီလာမယ့် အခွင့်အလမ်းတွေ ကိုပါ လုယူတာတွေအထိ ဖြစ်လာတတ် ပါတယ်။ သင့်ရှေ့မှာတော့ သင့်အပေါ် ကောင်းသလို ပြုမူတတ်ပေမယ့် သင့်ရမယ့် အခွင့်အလမ်းတွေ ကိုတော့ နောက်ကွယ်မှာ ရယူဖို့ ကြိုးစားနေ တတ်ပါတယ်။
Khin
No Comments