“အိမ္ေထာင္ျပဳမည့္ သူတိုင္းဖတ္သင့္တဲ့ စာ” - Amawpyay

“အိမ္ေထာင္ျပဳမည့္ သူတိုင္းဖတ္သင့္တဲ့ စာ”

“အိမ္ေထာင္ျပဳမည့္ သူတိုင္းဖတ္သင့္တဲ့ စာ”
Knowledge

“အိမ္ေထာင္ျပဳမည့္ သူတိုင္းဖတ္သင့္တဲ့ စာ”

“မိဘ အရိပ္ မခိုတဲ့ သား သမီး နဲ႔ သားသမီး လုပ္စာ မစားတဲ့ မိဘ “

အဲ့လို ေျပာရင္ မိဘ နဲ႔ သားသမီး ေသြးခြဲ တယ္လို႔ ထင္ေကာင္း ထင္ႏိုင္ပါတယ္..
စာကို ဆုံးေအာင္ ဖတ္ပါ လို႔ ေျပာခ်င္ ပါတယ္

ကြၽန္မ အေတြ႕အႀကဳံ တခုအရ

ခပ္လန္းလန္း ႏိုင္ငံျခားသား လူငယ္စုံတြဲ ေလး နဲ႔ အသက္ အေတာ္အတန္ရၿပီျဖစ္တဲ့ ႏိုင္ငံျခား အမ်ိဳးသမီးႀကီး တစ္ေယာက္ ဟာ ကြၽန္မေဘး ကပ္ရက္ တစ္ဝိုင္း မွာ ေလဆိပ္ ထဲက စားေသာက္ဆိုင္ တစ္ခုမွာ အတူတူ ထိုင္ေနၾကပါတယ္

အမ်ိဳးသမီး ႀကီး ကေတာ့ လူငယ္ေကာင္ေလးရဲ႕ အေမ ျဖစ္ၿပီး တခရီးထဲ တ Flight ထဲ ခရီးထြက္ၾကရင္း သူ႔ ေကာင္မေလးပါ ေခၚလာပုံပါပဲ ေကာင္မေလးကလဲ ခပ္လန္းလန္းနဲ႔ ေကာင္ေလး ပခုံးကို ပေရာပရိ မွီရင္း ခပ္ခြၽဲခြၽဲ ေလးေပါ့

အေမႀကီးကလဲ ဖုန္း ထိုင္နိပ္ၿပီး သူ႔ အသိ မိတ္ေဆြ ေတြကို ဖုန္းထိုင္ေျပာေန႐ုံက လြဲလို႔ သူ႔သား ေကာင္မေလး ကို “ဒီေကာင္မ ေလး နန္႔လိုက္တာ “ လို႔ ထိုင္ေျပာဖို႔ မေျပာနဲ႔
မထူးဆန္းသလိုနဲ႔

သူ႔သားေကာင္မေလးကို အာ႐ုံကို မလာတာပါ.. ( ျမန္မာျပည္မွာဆို ေယာကၡမေလာင္းက သားရဲ႕ ရည္းစား ဆို အၿမီးေတာင္ ျမင္ခ်င္တာ မဟုတ္ဘူးေနာ္ :3)

သူတို႔ လိုတာ မွာစားၾကၿပီးေတာ့ တဝိုင္းထဲ ထိုင္ ၿပီး တစ္ခ်က္တခ်က္ စကားေျပာၾကရင္း .. ေငြ ရွင္းခါနီးCheck ေတာင္းမွ ကြၽန္မ စ သတိထားမိတာ

သူတို႔က Check bill ကို ႏွစ္ခု ေတာင္းပါတယ္ ေကာင္ေလးက – အရင္ဆုံး အေမႀကီး စားတဲ့ Check ကို ဖယ္ခိုင္းၿပီး သူတို႔အတြဲ စားတာ သူတို႔ ဘာသာ ရွင္းပါတယ္

ကိုယ္က ေဘးကေနရင္း သူ႔ အေမ အတြက္ပါ မရွင္းဘူး လားေပါ့ / အေမႀကီးက စိတ္ေကာက္ေနလို႔ သူ႔သား ရွင္းတာ တမင္ မစားတာလား ေပါ့ ကိုယ္က ထိုင္ေတြးေနတာ (မဆိုင္တာ စပ္စုတာမ်ား)

အမ်ိဳးသမီး ႀကီးက လည္း “ make one check for me , I have this , this “ စသျဖင့္ သူမက သူ ဘာစား/ေသာက္တာကို ျပၿပီး ေဖာ္ေဖာ္ေ႐ြေ႐ြနဲ႔ သူ႔အတြက္ check သပ္သပ္ ထပ္ေတာင္း ပါတယ္

ၿပီးေတာ့လည္း သုံးေယာက္လုံးက ေအးေအးေဆးေဆးပါပဲ … အမ်ိဳးသမီးႀကီးကလည္း သူ႔ဘာသူ ဖုန္း တလုံးနဲ႔ အလုပ္ရႉပ္ေနတာပါ

ေနာက္ေတာ့ Boarding gate ဖြင့္ေတာ့ ၊ သားျဖစ္သူက စေျပာတယ္ “ Mom, သြားၾကမယ္ “ လို႔ လွမ္းသတိေပးေတာ့ သူတို႔ ထသြားၾကတယ္ .. ေလယာဥ္ေပၚ တက္ သြားၾကတယ္သာသာ ယာယာ ပါပဲ

ကြၽန္မက ေတာ့ ေတြးစရာေတြ က်န္ခဲ့တာေပါ့..ေလ ဒီလို မိဘ နဲ႔ သားသမီး ဟာ အမ်ားႀကီးေတာ့ မရွိပါဘူး ဒီ သားအမိမွာ အတုယူ စရာေလးကေတာ့ –

ေကာင္ေလးက ရည္းစားေတာင္ ထားတတ္တဲ့ အ႐ြယ္ေတာင္ ေရာက္ ၿပီဆိုေတာ့ သူ႔ဘာသာသူ ရပ္တည္ႏိုင္ၿပီး သူ႔ကဒ္နဲ႔ သူ ေငြသုံးၿပီး သူ႔ဘာသူ သူ႔ေကာင္မေလး အတြက္ပါ ရွင္းႏိုင္ၿပီ ။

ဒီ မိန္းကေလးကို ပိုးဖို႔ အိမ္ကေန မုန္႔ဖိုး ထိုင္ေတာင္းဖို႔ / အိမ္က ပိုက္ဆံ ထိုင္ဘတ္ဖို႔ ဒီေကာင္ေလး ေတြးမိခဲ့မွာ ေတာင္ မဟုတ္၊ အေမနဲ႔ ရည္းစား အတူတူ အေပ်ာ္ခရီးထြက္လာၾကတာ ။ တဝိုင္းထဲ

အတူစားတာေတာင္ ဘယ္ေလာက္မွ မက်တာ သူ႔တို႔အတြက္ သူ႔ အေမက မရွင္းေပးဘူးဆို၊ ေလယာဥ္လက္မွတ္ / ဗီဇာ ဖိုး ဘာညာ “ေရာ့ ငါ့သား ေကာင္မေလး နဲ႔ ကဲဖို႔” ဆိုၿပီး သူ႔ အ ေမက လဲ ေပး မေနဘူးေပါ့ေနာ္..

ဆိုလိုခ်င္တာက ရည္းစားေတာင္ ထားတတ္ေနၿပီ ၊ သူမ်ားသားသမီး နဲ႔ ဘာဘာညာညာ အိပ္ယာထဲက ကိစၥေတြထိ တတ္ေနၿပီ ..။ ေငြက် မရွာတတ္ဘူးဆို ရွက္ဖို႔ေကာင္းပါတယ္…

အေနာက္တိုင္းမိဘေတြမွာ တခုေကာင္းတာက

သားသမီးေတြကို မိဘေတြရဲ႕ တသက္တာ အခ်ိန္ျပည့္ ထိန္းေက်ာင္းမႈ ထက္ ကိုယ့္ ကိုကိုယ္ ထိန္းေက်ာင္းတတ္ဖို႔ အက်င့္ လုပ္ထား ေပးၾကပါ တယ္ ။ ပုံစံတက် လည္း ရွိတယ္ ။

(၁၈)ႏွစ္ျပည့္တာနဲ႔ သားသမီးက လုပ္ပိုင္ခြင့္ရွိတယ္။

အသက္ျပည့္တဲ့ ထိ မိဘက အျပည့္အဝေထာက္ပံရတယ္ ။ မေထာက္ပံ့ရင္ သားသမီးက တရားဆြဲလို႔ရပါတယ္။ လိုတာထက္ပို ဆုံးမ႐ိုက္ႏွက္ရင္လည္း ကေလးသူငယ္ ညင္းပန္းႏွိပ္စက္မႈနဲ႔ ကိုယ့္ မိဘကို ျပန္တိုင္လို႔လဲ ရပါတယ္။ (ျမန္မာျပည္မွာ ဆို ေမြးရတာ အေတာ္ ဝမ္းရည္ စပ္တဲ့ သားသမီးေပါ့ေလ )

ရည္းစားပဲ ထားထား/ ကိုယ္ဝန္ပဲ ရသြားရသြား/ဘာေက်ာင္းပဲ တက္တက္ သူတို႔ သားသမီးကို အျပစ္တင္တာ ရွားၾကတယ္ အ႐ြယ္ေရာက္တာနဲ႔ ကိုယ့္ဘာသာ ကိုယ္ တာဝန္ယူတတ္ဖို႔ ငယ္ကတည္းက ေျဖးေျဖးခ်င္း သင္ေပးထားတယ္ လဲရင္ မထူဘူး .. ကိုယ့္ဘာသာ ထ

ငိုရင္ ငိုပါေစ၊ မေခ်ာ့ဘူး .. ငိုတိုင္း မေခ်ာ့ဘူးဆိုတာ သိရင္ ကေလးက မငိုတတ္ေတာ့ဘူး .ေမြးကင္းစ (၆)လ ျပည့္ ကတည္းက တေယာက္ အခန္းခြဲ သိပ္တာ အသက္စျပည့္ေတာ့ ေက်ာင္းစထားေပးတယ္

သူတို႔ သြားႏိုင္တဲ့ အတိုင္းအတာထိ ေထာက္ပံ့ တယ္ (၁၈)ႏွစ္ရင္ လုပ္ခ်င္တာ/ ျဖစ္ခ်င္တာ စဆုံးျဖတ္ခြင့္ ေပးတယ္ ခ်စ္သူရည္းစား စ ထားတတ္တဲ့အခါ ဂုဏ္ျပဳေပးတယ္ စသျဖင့္ စသျဖင့္

အေနာက္တိုင္းမိဘေတြမွာ –

နင့္က ငါ့ သားသမီးမို႔ တသက္လုံး တာဝန္ မရွိဘူး အဲ့လို စိတ္မ်ိဳးနဲ႔ သားသမီးယူၾကတယ္ မိဘေတြ အသက္ႀကီးလာတဲ့အခါထိလဲ မိဘ တအိမ္ ၊ သားသမီး တအိမ္ပဲ .. လာေတြ႕ႏိုင္ရင္ ေတြ႕

ေပးႏိုင္ရင္ ေပး… ေကြၽးႏိုင္ရင္ ေကြၽး အေနာက္တိုင္းမိဘေတြက ခပ္ေခ်ေခ်ပဲ မိဘ နဲ႔ သားသမီးဆိုတာ “ အရင္ဘဝ က ကံခ်င္းထပ္ခဲ့ၾကတဲ့ သာမန္ ေရစက္ လို ပဲ”

အေရွ႕တိုင္း ပုံစံ ၊ အာရွ နဲ႔ အထူးသျဖင့္ ျမန္မာျပည္မွာ ေတာ့ သားသမီး နဲ႔ မိဘ ထိန္းေက်ာင္းပုံက လုံးဝ ကြာျခားပါတယ္

မိဘဆို ေၾကာက္ရမယ္၊ ျပန္မေျပာရဘူး ေက်းဇူး တရားႀကီးမားတယ္ မိဘ ဘာေျပာေျပာ ဘာလုပ္လုပ္ မွန္တယ္ ထို႔အတူ

ျမန္မာ မိဘ ျဖစ္ရျခင္း ဝတၱရားက လည္း သားသမီးေတြ ေသတဲ့ထိ မကုန္ႏိုင္ဘူး ၊ အသက္ (၁)ႏွစ္ျပည့္ရင္ “ ငါ့ သား/ သမီးေလး လြတ္ထားလို႔ရၿပီ “ ကေန စလိုက္တာ “ သားသမီး ေက်ာင္းတက္၊ ဘြဲ႕ရ ၊ လင္/မယားယူ ၊ ေျမးေတြ ေမြးလဲ ဝင္ထိန္းရ လင္မယားရန္ျဖစ္လဲ ဝင္ေတ့ေပးရနဲ႔

မိဘ တာဝန္က အိုလို႔ ေခါင္းခ်မွပဲ ကုန္ေတာ့တယ္

ေျပာခ်င္တာက သားသမီး စေမြးတာနဲ႔ “ ကိုယ့္ကိုကိုယ္ တာဝန္ယူတတ္ျခင္း( Self-Responsibility) ကို သင္ေပးရမယ္ ေငြ ေတြ အမ်ားႀကီး ေထာက္ပံ့ေပးႏိုင္တာထက္ သူတို႔ ေရာက္ႏိုင္တဲ့ လမ္းကို စိတ္ခြန္အားေပးၿပီး

အေရာက္ပို႔ ေပးရမယ္ သူ ျဖစ္ခ်င္ တဲ့ ေနရာ ဘာသာရပ္တည္ႏိုင္ရင္ ေတာ္ၿပီ၊ ဒါ မိဘ တာဝန္ ေက်ၿပီ.. ဘယ္မိန္းမနဲ႔ယူယူ ၊ ဘယ္ ေယာက်ာ္းနဲ႔ ယူယူ .. ကိုယ့္ သားသမီး နဲ႔ ေပါင္းရမွာ စိတ္တိုင္းက် ေ႐ြးခ်ယ္ပါေစ ေပါ့ေလ

ကိုယ့္ဘဝ ကိုယ္ ရပ္တည္ႏိုင္တဲ့ အခါ / ကိုယ္ပိုင္မိသားစု ျပန္ရွိလာတဲ့ အခါ မိဘနဲ႔ သားသမီး ဆိုင္ၾကေပမဲ့ မပိုင္ၾကေတာ့ဘူး ကိုယ္ အဆင္ေျပလို႔ ျပန္ၾကည့္ႏိုင္ရင္ ၾကည့္ မိဘကို ဒုကၡေတာ့ မေပးၾကနဲ႔ ရွင္းရွင္းပဲ

အသက္(၂၀)ေက်ာ္လည္း လက္ျဖန္႔ေတာင္း (၃၀)ေက်ာ္လည္း လက္ျဖန္႔ေတာင္းသားသမီးေတြ ရတဲ့ထိ မိဘကို အပူကပ္ေနတုန္း လင္မယား ရန္ျဖစ္တိုင္း “အေမေရ/ အေဖေရ” နဲ႔အပူကပ္ေနတုန္းဆို ေသခ်ာတယ္

ကိုယ့္ ရဲ႕ ေနာက္ Generation ေတြ လည္း ဒီလို တပုံစံထဲ ျဖစ္လာမွာ ၊ ကိုယ့္ကို ကိုယ္ တာဝန္ယူစိတ္ နည္းၿပီး အၿမဲ မိဘ အားကိုးစိတ္ နဲ႔ Generation တခု ေမြးလာလိုက္၊ ေသသြားလိုက္

ကိုယ္ကိုတိုင္လည္း အိမ္ေထာင္က်ၿပီးေနာက္ မိဘ တာဝန္ စယူေနရင္းက / သားသမီးရလာကတည္းက လူ႔ဘဝ ႀကီးဆိုတာ ကို ဘာမွန္း မသိၾကေတာ့ဘူး

အိမ္မက္/ ပန္းတိုင္/ ဝါသနာ/ ဖက္ရွင္/ အေပ်ာ္ခရီး စသျဖင့္ စသျဖင့္ အဲ့အရာေတြနဲ႔ ေဝးလြင့္သြားတဲ့ မိဘေတြကလဲ တခ်ိန္ က လူငယ္ေတြပါပဲ ဒီေတာ့

ေနာင္တခ်ိန္ မိဘ ျဖစ္လာမဲ့ လူငယ္ေတြ ခုကတည္းက ကိုယ့္ကို ကိုယ္ အားကိုး ခ်င္စိတ္ နဲ႔ ႀကိဳးစားခ်င္စိတ္ေလး ေမြးၾကၿပီး ရပ္တည္ၾကပါ လို႔

Credit

Unicode

“အိမ်ထောင်ပြုမည့် သူတိုင်းဖတ်သင့်တဲ့ စာ”

“မိဘ အရိပ် မခိုတဲ့ သား သမီး နဲ့ သားသမီး လုပ်စာ မစားတဲ့ မိဘ “

အဲ့လို ပြောရင် မိဘ နဲ့ သားသမီး သွေးခွဲ တယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်..
စာကို ဆုံးအောင် ဖတ်ပါ လို့ ပြောချင် ပါတယ်

ကျွန်မ အတွေ့အကြုံ တခုအရ

ခပ်လန်းလန်း နိုင်ငံခြားသား လူငယ်စုံတွဲ လေး နဲ့ အသက် အတော်အတန်ရပြီဖြစ်တဲ့ နိုင်ငံခြား အမျိုးသမီးကြီး တစ်ယောက် ဟာ ကျွန်မဘေး ကပ်ရက် တစ်ဝိုင်း မှာ လေဆိပ် ထဲက စားသောက်ဆိုင် တစ်ခုမှာ အတူတူ ထိုင်နေကြပါတယ်

အမျိုးသမီး ကြီး ကတော့ လူငယ်ကောင်လေးရဲ့ အမေ ဖြစ်ပြီး တခရီးထဲ တ Flight ထဲ ခရီးထွက်ကြရင်း သူ့ ကောင်မလေးပါ ခေါ်လာပုံပါပဲ ကောင်မလေးကလဲ ခပ်လန်းလန်းနဲ့ ကောင်လေး ပခုံးကို ပရောပရိ မှီရင်း ခပ်ချွဲချွဲ လေးပေါ့

အမေကြီးကလဲ ဖုန်း ထိုင်နိပ်ပြီး သူ့ အသိ မိတ်ဆွေ တွေကို ဖုန်းထိုင်ပြောနေရုံက လွဲလို့ သူ့သား ကောင်မလေး ကို “ဒီကောင်မ လေး နန့်လိုက်တာ “ လို့ ထိုင်ပြောဖို့ မပြောနဲ့
မထူးဆန်းသလိုနဲ့

သူ့သားကောင်မလေးကို အာရုံကို မလာတာပါ.. ( မြန်မာပြည်မှာဆို ယောက္ခမလောင်းက သားရဲ့ ရည်းစား ဆို အမြီးတောင် မြင်ချင်တာ မဟုတ်ဘူးနော် :3)

သူတို့ လိုတာ မှာစားကြပြီးတော့ တဝိုင်းထဲ ထိုင် ပြီး တစ်ချက်တချက် စကားပြောကြရင်း .. ငွေ ရှင်းခါနီးCheck တောင်းမှ ကျွန်မ စ သတိထားမိတာ

သူတို့က Check bill ကို နှစ်ခု တောင်းပါတယ် ကောင်လေးက – အရင်ဆုံး အမေကြီး စားတဲ့ Check ကို ဖယ်ခိုင်းပြီး သူတို့အတွဲ စားတာ သူတို့ ဘာသာ ရှင်းပါတယ်

ကိုယ်က ဘေးကနေရင်း သူ့ အမေ အတွက်ပါ မရှင်းဘူး လားပေါ့ / အမေကြီးက စိတ်ကောက်နေလို့ သူ့သား ရှင်းတာ တမင် မစားတာလား ပေါ့ ကိုယ်က ထိုင်တွေးနေတာ (မဆိုင်တာ စပ်စုတာများ)

အမျိုးသမီး ကြီးက လည်း “ make one check for me , I have this , this “ စသဖြင့် သူမက သူ ဘာစား/သောက်တာကို ပြပြီး ဖော်ဖော်ရွေရွေနဲ့ သူ့အတွက် check သပ်သပ် ထပ်တောင်း ပါတယ်

ပြီးတော့လည်း သုံးယောက်လုံးက အေးအေးဆေးဆေးပါပဲ … အမျိုးသမီးကြီးကလည်း သူ့ဘာသူ ဖုန်း တလုံးနဲ့ အလုပ်ရှူပ်နေတာပါ

နောက်တော့ Boarding gate ဖွင့်တော့ ၊ သားဖြစ်သူက စပြောတယ် “ Mom, သွားကြမယ် “ လို့ လှမ်းသတိပေးတော့ သူတို့ ထသွားကြတယ် .. လေယာဉ်ပေါ် တက် သွားကြတယ်သာသာ ယာယာ ပါပဲ

ကျွန်မက တော့ တွေးစရာတွေ ကျန်ခဲ့တာပေါ့..လေ ဒီလို မိဘ နဲ့ သားသမီး ဟာ အများကြီးတော့ မရှိပါဘူး ဒီ သားအမိမှာ အတုယူ စရာလေးကတော့ –

ကောင်လေးက ရည်းစားတောင် ထားတတ်တဲ့ အရွယ်တောင် ရောက် ပြီဆိုတော့ သူ့ဘာသာသူ ရပ်တည်နိုင်ပြီး သူ့ကဒ်နဲ့ သူ ငွေသုံးပြီး သူ့ဘာသူ သူ့ကောင်မလေး အတွက်ပါ ရှင်းနိုင်ပြီ ။

ဒီ မိန်းကလေးကို ပိုးဖို့ အိမ်ကနေ မုန့်ဖိုး ထိုင်တောင်းဖို့ / အိမ်က ပိုက်ဆံ ထိုင်ဘတ်ဖို့ ဒီကောင်လေး တွေးမိခဲ့မှာ တောင် မဟုတ်၊ အမေနဲ့ ရည်းစား အတူတူ အပျော်ခရီးထွက်လာကြတာ ။ တဝိုင်းထဲ

အတူစားတာတောင် ဘယ်လောက်မှ မကျတာ သူ့တို့အတွက် သူ့ အမေက မရှင်းပေးဘူးဆို၊ လေယာဉ်လက်မှတ် / ဗီဇာ ဖိုး ဘာညာ “ရော့ ငါ့သား ကောင်မလေး နဲ့ ကဲဖို့” ဆိုပြီး သူ့ အ မေက လဲ ပေး မနေဘူးပေါ့နော်..

ဆိုလိုချင်တာက ရည်းစားတောင် ထားတတ်နေပြီ ၊ သူများသားသမီး နဲ့ ဘာဘာညာညာ အိပ်ယာထဲက ကိစ္စတွေထိ တတ်နေပြီ ..။ ငွေကျ မရှာတတ်ဘူးဆို ရှက်ဖို့ကောင်းပါတယ်…

အနောက်တိုင်းမိဘတွေမှာ တခုကောင်းတာက

သားသမီးတွေကို မိဘတွေရဲ့ တသက်တာ အချိန်ပြည့် ထိန်းကျောင်းမှု ထက် ကိုယ့် ကိုကိုယ် ထိန်းကျောင်းတတ်ဖို့ အကျင့် လုပ်ထား ပေးကြပါ တယ် ။ ပုံစံတကျ လည်း ရှိတယ် ။

(၁၈)နှစ်ပြည့်တာနဲ့ သားသမီးက လုပ်ပိုင်ခွင့်ရှိတယ်။

အသက်ပြည့်တဲ့ ထိ မိဘက အပြည့်အဝထောက်ပံရတယ် ။ မထောက်ပံ့ရင် သားသမီးက တရားဆွဲလို့ရပါတယ်။ လိုတာထက်ပို ဆုံးမရိုက်နှက်ရင်လည်း ကလေးသူငယ် ညင်းပန်းနှိပ်စက်မှုနဲ့ ကိုယ့် မိဘကို ပြန်တိုင်လို့လဲ ရပါတယ်။ (မြန်မာပြည်မှာ ဆို မွေးရတာ အတော် ဝမ်းရည် စပ်တဲ့ သားသမီးပေါ့လေ )

ရည်းစားပဲ ထားထား/ ကိုယ်ဝန်ပဲ ရသွားရသွား/ဘာကျောင်းပဲ တက်တက် သူတို့ သားသမီးကို အပြစ်တင်တာ ရှားကြတယ်

အရွယ်ရောက်တာနဲ့ ကိုယ့်ဘာသာ ကိုယ် တာဝန်ယူတတ်ဖို့ ငယ်ကတည်းက ဖြေးဖြေးချင်း သင်ပေးထားတယ် လဲရင် မထူဘူး .. ကိုယ့်ဘာသာ ထ

ငိုရင် ငိုပါစေ၊ မချော့ဘူး .. ငိုတိုင်း မချော့ဘူးဆိုတာ သိရင် ကလေးက မငိုတတ်တော့ဘူး …
မွေးကင်းစ (၆)လ ပြည့် ကတည်းက တယောက် အခန်းခွဲ သိပ်တာ အသက်စပြည့်တော့ ကျောင်းစထားပေးတယ်

သူတို့ သွားနိုင်တဲ့ အတိုင်းအတာထိ ထောက်ပံ့ တယ် (၁၈)နှစ်ရင် လုပ်ချင်တာ/ ဖြစ်ချင်တာ စဆုံးဖြတ်ခွင့် ပေးတယ် ချစ်သူရည်းစား စ ထားတတ်တဲ့အခါ ဂုဏ်ပြုပေးတယ် စသဖြင့် စသဖြင့်

အနောက်တိုင်းမိဘတွေမှာ –

နင့်က ငါ့ သားသမီးမို့ တသက်လုံး တာဝန် မရှိဘူး အဲ့လို စိတ်မျိုးနဲ့ သားသမီးယူကြတယ်..
မိဘတွေ အသက်ကြီးလာတဲ့အခါထိလဲ မိဘ တအိမ် ၊ သားသမီး တအိမ်ပဲ .. လာတွေ့နိုင်ရင် တွေ့

ပေးနိုင်ရင် ပေး… ကျွေးနိုင်ရင် ကျွေး အနောက်တိုင်းမိဘတွေက ခပ်ချေချေပဲ မိဘ နဲ့ သားသမီးဆိုတာ “ အရင်ဘဝ က ကံချင်းထပ်ခဲ့ကြတဲ့ သာမန် ရေစက် လို ပဲ”

အရှေ့တိုင်း ပုံစံ ၊ အာရှ နဲ့ အထူးသဖြင့် မြန်မာပြည်မှာ တော့ သားသမီး နဲ့ မိဘ ထိန်းကျောင်းပုံက လုံးဝ ကွာခြားပါတယ်

မိဘဆို ကြောက်ရမယ်၊ ပြန်မပြောရဘူး ကျေးဇူး တရားကြီးမားတယ် မိဘ ဘာပြောပြော ဘာလုပ်လုပ် မှန်တယ် ထို့အတူ

မြန်မာ မိဘ ဖြစ်ရခြင်း ဝတ္တရားက လည်း သားသမီးတွေ သေတဲ့ထိ မကုန်နိုင်ဘူး ၊ အသက် (၁)နှစ်ပြည့်ရင် “ ငါ့ သား/ သမီးလေး လွတ်ထားလို့ရပြီ “ ကနေ စလိုက်တာ “ သားသမီး ကျောင်းတက်၊ ဘွဲ့ရ ၊ လင်/မယားယူ ၊ မြေးတွေ မွေးလဲ ဝင်ထိန်းရ လင်မယားရန်ဖြစ်လဲ ဝင်တေ့ပေးရနဲ့

မိဘ တာဝန်က အိုလို့ ခေါင်းချမှပဲ ကုန်တော့တယ်

ပြောချင်တာက သားသမီး စမွေးတာနဲ့ “ ကိုယ့်ကိုကိုယ် တာဝန်ယူတတ်ခြင်း( Self-Responsibility) ကို သင်ပေးရမယ် ငွေ တွေ အများကြီး ထောက်ပံ့ပေးနိုင်တာထက် သူတို့ ရောက်နိုင်တဲ့ လမ်းကို စိတ်ခွန်အားပေးပြီး

အရောက်ပို့ ပေးရမယ် သူ ဖြစ်ချင် တဲ့ နေရာ ဘာသာရပ်တည်နိုင်ရင် တော်ပြီ၊ ဒါ မိဘ တာဝန် ကျေပြီ.. ဘယ်မိန်းမနဲ့ယူယူ ၊ ဘယ် ယောကျာ်းနဲ့ ယူယူ .. ကိုယ့် သားသမီး နဲ့ ပေါင်းရမှာ စိတ်တိုင်းကျ ရွေးချယ်ပါစေ ပေါ့လေ

ကိုယ့်ဘဝ ကိုယ် ရပ်တည်နိုင်တဲ့ အခါ / ကိုယ်ပိုင်မိသားစု ပြန်ရှိလာတဲ့ အခါ မိဘနဲ့ သားသမီး ဆိုင်ကြပေမဲ့ မပိုင်ကြတော့ဘူး ကိုယ် အဆင်ပြေလို့ ပြန်ကြည့်နိုင်ရင် ကြည့် မိဘကို ဒုက္ခတော့ မပေးကြနဲ့ ရှင်းရှင်းပဲ

အသက်(၂၀)ကျော်လည်း လက်ဖြန့်တောင်း (၃၀)ကျော်လည်း လက်ဖြန့်တောင်းသားသမီးတွေ ရတဲ့ထိ မိဘကို အပူကပ်နေတုန်း လင်မယား ရန်ဖြစ်တိုင်း “အမေရေ/ အဖေရေ” နဲ့အပူကပ်နေတုန်းဆို သေချာတယ်

ကိုယ့် ရဲ့ နောက် Generation တွေ လည်း ဒီလို တပုံစံထဲ ဖြစ်လာမှာ ၊ ကိုယ့်ကို ကိုယ် တာဝန်ယူစိတ် နည်းပြီး အမြဲ မိဘ အားကိုးစိတ် နဲ့ Generation တခု မွေးလာလိုက်၊ သေသွားလိုက်

ကိုယ်ကိုတိုင်လည်း အိမ်ထောင်ကျပြီးနောက် မိဘ တာဝန် စယူနေရင်းက / သားသမီးရလာကတည်းက လူ့ဘဝ ကြီးဆိုတာ ကို ဘာမှန်း မသိကြတော့ဘူး

အိမ်မက်/ ပန်းတိုင်/ ဝါသနာ/ ဖက်ရှင်/ အပျော်ခရီး စသဖြင့် စသဖြင့် အဲ့အရာတွေနဲ့ ဝေးလွင့်သွားတဲ့ မိဘတွေကလဲ တချိန် က လူငယ်တွေပါပဲ ဒီတော့

နောင်တချိန် မိဘ ဖြစ်လာမဲ့ လူငယ်တွေ ခုကတည်းက ကိုယ့်ကို ကိုယ် အားကိုး ချင်စိတ် နဲ့ ကြိုးစားချင်စိတ်လေး မွေးကြပြီး ရပ်တည်ကြပါ လို့

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …