
ဗိုလ္ခ်ဳပ္ကို ဘာေတြေလးစားမိတာလဲ
ကြၽန္ေတာ္ အသက္ (၃၃)ႏွစ္အ ႐ြယ္တုန္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကို ရည္႐ြယ္ၿပီး အက္ေဆးတစ္ ပုဒ္ေရးခဲ့ ဖူးပါ သည္။ ဆယ့္ေျခာက္ ႏွစ္ေလာက္ ပင္ၾကာ ခဲ့ေခ်ၿပီ။
ဆိုလိုရင္းက ထိုအသက္ အ႐ြယ္မွာ ဗိုလ္ခ်ဳပ္သည္ တစ္မ်ိဳး သားလုံးက ေလးစားျမတ္ႏိုးရ ေသာ ေခါင္းေဆာင္ တစ္ဦးျဖစ္ေန ၿပီဆို တာ ကိုပါ။ ကိုယ္က ထိုအ သက္အ႐ြယ္ ေရာက္လာသည့္ တိုင္ ဘာမွ်ျဖစ္ျဖစ္ေျမာက္ေျမာက္ မရွိေသး တာကို ေတြးမိ ၍ ျဖစ္ပါ သည္။
ထိုစဥ္တုန္းကေတာ့ အေျခ အေနအရ ယင္းအက္ေဆးကို ေပးမည္ဟု ရည္႐ြယ္ ထားေသာ မဂၢဇင္းကို မေပးျဖစ္ ခဲ့ပါ။ ေနာင္ တြင္ ဆရာနတ္ႏြယ္က ကြၽန္ေတာ္ သည္ လိုေဆာင္းပါးေရး ဖူးသည္ ဆိုၿပီး မဂၢဇင္ းတစ္ေစာင္၏ လူ ငယ္က႑မွာ ထည့္ေရး တာကိုပင္ ဆင္ဆာျဖတ္ေတာက္ခဲ့ပါသည္။
တကယ္ဆို ဗိုလ္ခ်ဳပ္က်ဆုံး ခ်ိန္က (၃၃)ႏွစ္ပင္မျပည့္ေသးပါ။ လူေတြ က လြယ္လြယ္ (၃၃)ႏွစ္ဟု ပဲေျပာေနေ သာေၾကာင့္ ကြၽန္ေတာ္က ‘(၃၃)ႏွစ္ဆိုေသာ ထိုအ႐ြယ္’ ဆိုၿပီး ေခါင္းစဥ္ေပးခဲ့မိတာ ျဖစ္ပါသည္။
ထားေတာ့။ ကြၽန္ေတာ္ ဆိုခ်င္ တာက ကမာၻတြင္ သည္ေလာက္ အသက္ ငယ္ငယ္ ႐ြယ္႐ြယ္ႏွင့္ သည္လို ထူးခြၽန္ေျပာင္ေျမာက္ ေသာ ေခါင္းေဆာင္မ်ိဳး ကြၽန္ ေတာ္တို ႔ႏိုင္ငံမွာပဲ ေပၚထြန္းခဲ့ပါ သည္။
ဗိုလ္ခ်ဳပ္၏ အရည္အေသြး သည္ တျခား မည္သည့္ နာမည္ ေက်ာ္ ကမာၻ႔ေခါင္းေဆာင္ႀကီးမ်ား ႏွင့္မဆို ယွဥ္ႏိုင္ သည္ဟု ကြၽန္ ေတာ္ကေ တာ့ယုံၾကည္ ပါသည္။
သည့္အတြက္ ကြၽန္ေတာ္ ေလးစားမိေသာ ဥပမာ တစ္ခုကို ျပရလွ်င္ ယေန႔ အာဆီယံအဖြဲ႕ ႀကီး၏ မူလပထမ စိတ္ကူးရွင္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျဖစ္ ပါသည္။ ၁၉၄၆ ခုႏွစ္ ဇန္နဝါရီ ေ႐ႊတိဂုံ အလယ္ပစၥယာ
ညီလာခံႀကီးတြင္ ‘ကြၽႏု္ပ္တို ႔သည္ စုေပါင္း၍ အာရွ ေခတ္သစ္ကို ထူေထာင္ၾကရ မည္’ဟု အစခ်ီရင္း ညီၫြတ္ေပါင္းစည္းမႈ ထူေထာင္ေရး သေဘာ တရားကို ေဟာေျပာသြားခဲ့ပါ သည္။
ဗိုလ္ခ်ဳပ္သည္ အဂၤလိပ္တို႔ ကို လက္နက္ျဖင့္ ေတာ္လွန္မွရ မည္ဟု ယုံၾကည္သည့္အေလ်ာက္ တျခား အင္အား ရွိေသာ ႏိုင္ငံတစ္ ခုခုႏွင့္ ပူးေပါင္းရန္ ႀကံေဆာင္ခဲ့ သည္။ သည္တြင္ ဂ်ပန္တို႔ႏွင့္ ေပါင္းမိ ခဲ့သည္။
ဖက္ဆစ္ဝါဒီတို႔ႏွင့္ ထိုသို႔ အတြင္းက်က် ေပါင္းခဲ့ရေသာ ေၾကာင့္ ဖက္ဆစ္ဝါဒ၊
အစြန္း ေရာက္ အမ်ိဳးသားေရးဝါဒတို႔ အေၾကာင္းကို ေကာင္းစြာ သိျမင္လာ ၿပီး အနာဂတ္ျမန္မာႏိုင္ငံမွာ ထို စနစ္ဆိုးမ်ား အျမစ္တြယ္ မွာကို သူစိုးရိမ္ ခဲ့ေလသည္။
သည္အခ်က္ ကလည္း ဗိုလ္ခ်ဳပ္၏ ေလးစားဖြယ္ အေျမာ္အ ျမင္ျဖစ္ ပါသည္။ သည္အေၾကာင္း မ်ားကို သူ႔မိန႔္ခြန္းမ်ားတြင္ ထင္ ထင္ရွားရွားေတြ႕ႏိုင္ပ ါသည္။
သည္မွာလည္း ေ႐ႊတိဂုံ အလယ္ပစၥယာ ညီလာခံမိန႔္ခြန္းမွ ပဲ ကိုးကားခ်င္ပါသည္။ စင္စစ္ ထိုမိန႔္ခြန္းသည္ ဗိုလ္ခ်ဳပ္ေအာင္ ဆန္း၏ ႏိုင္ငံေရး အဘိဓမၼာကို ေဖာ္ျပေန ပါသည္။
ဗိုလ္ခ်ဳပ္က ‘‘ရာဇဝင္ ေၾကာင္းကို ျပန္ေျပာင္းၾကည့္ရႈမူ အမ်ိဳးဘာသာ သာသနာတို႔သည္ တည္တံ့၍မေန၊ ေရာေႏွာပ်ံ႕ႏွံ႔ လ်က္ ရွိေလသည္။
ဘယ္ႏိုင္ငံတြင္မွ လူမ်ိဳးတစ္မ်ိဳး တည္ းမရွိေခ်။ လူမ်ိဳးတစ္မ်ိဳးတြင္ လည္း အမ်ိဳး မ်ိဳးေသာ ဘာသာတရားတို႔ကို အားထား ယုံၾကည္မႈ ရွိၾကျပန္ေလ သည္’’ဟု မိန႔္ၾကားခဲ့ပါသည္။
သူက ဂ်ာမနီႏိုင္ငံတြင္ ဖက္ ဆစ္ဝါဒီလူတစ္စု၏ ျပင္းျပေသာ မ်ိဳးခ်စ္စိတ္ကို လမ္းေကာင္းဆီ မပို႔ဘဲ လမ္းမွားဆီပို႔လိုက္ေသာ ေၾကာင့္ အတိဒုကၡေရာက္ရ ေၾကာင္း ေျပာျပခဲ့ပါသည္။
ကြၽန္ေတာ္တို႔ တကၠသိုလ္ ေက်ာင္းသားဘဝကမူ ႏိုင္ငံေရး သိပၸံဘာသာရပ္၌ ဗိုလ္ခ်ဳပ္၏‘လူ မ်ိဳးဆိုသည္မွာ အမ်ိဳးအႏြယ္၊ ကိုးကြယ္သည့္ ဘာသာတရား၊ ေျပာ ဆိုသည့္ဘာသာစကားတို႔ကို အ ေရးထား
ရမည္ျဖစ္ေသာ္လည္း စင္စစ္မွာ ေအးအတူ ပူအမွ် ေကာင္းတူဆိုးဖက္ ပူးေပါင္းလ်က္ေနလိုေသာ အစဥ္အလာဆႏၵေပၚ တြင္ ဝံသာႏုရကၡိတ တရားသည္ တည္ေနေပ၏’ဟူ၍ သင္ခဲ့ရပါ သည္။
ယေန႔ေခတ္ လူငယ္မ်ား အားထိုကဲ့သို႔ေသာ သေဘာတရား သင္ခန္းစာမ်ိဳးမ်ား သင္ေပးေန ေသးသလား ဆိုတာေတာ့ မေျပာတတ္ ပါ။ မည္သို႔ဆိုေစ ထိုစကား စုက ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ သေဘာထားအျမင္က်ယ္မႈကို လွစ္ဟျပသေန ပါသည္။
ေနာက္တစ္ခ်က္က ႏိုင္ငံမွာ ဖက္ဆစ္ စစ္ဝါဒထြန္းကားလာ မွာကို သူစိုးရိမ္ခဲ့ ပါသည္။ ယခု ေနာက္ပိုင္းတြင္ ေဖ်ာက္ထား၍ လူအမ်ား သိပ္မသိေတာ့ေသာ မိန႔္ခြန္းတ စ္ခုရွိ ပါသည္။
‘ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ရွားပါးမိန႔္ခြန္း မ်ား’ စာအုပ္ထဲမွ စစ္တပ္ႏွင့္ပတ္ သက္၍ ေျပာၾကားခဲ့ေသာ သူ႔ သေဘာထား မိန႔္ခြန္းပါ။
‘ငါတို႔စစ္တပ္ဟာ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြကို ညႇဥ္းဖို႔မဟုတ္၊ လက္နက္အားကိုး တန္ခိုးျပဖို႔ မဟုတ္၊ စစ္တပ္ဟာ ႏိုင္ငံရဲ႕ အေစခံျဖစ္ရမယ္၊ ႏိုင္ငံဟာ စစ္ တပ္ရဲ႕အေစခံမျဖစ္ရဘူး’
ထိုမိန႔္ခြန္းမွာပင္ စစ္တပ္က မွ ႏိုင္ငံကိုခ်စ္သည္ဆိုေသာ စိတ္ မထားရန္၊ တျခားစစ္သားမဟုတ္ သူမ်ားသည္လည္း ႏိုင္ငံအတြက္ အမ်ိဳးမ်ိဳးအနစ္နာခံ၊ အမ်ိဳးမ်ိဳးစြန႔္ စား လုပ္ခဲ့ၾကသူမ်ားလည္းရွိ ေၾကာင္း ေထာက္ျပ ခဲ့ပါသည္။ ေနာင္တိုင္းျပည္မွာ ျဖစ္လာမွာ ေတြကို ေရွးကတည္းက ေကာင္း စြာႀကိဳျမင္ေနသလိုပင္။
ယင္းမွာ တကယ္ေတာ့ တပ္ ႏွင့္ ျပည္သူကို ေသြးမကြဲေစခ်င္ သည့္ ႀကီးမားေသာ အေျမာ္အျမင္ ျဖစ္ပါသည္။
ထို႔အျပင္ ယေန႔အေနအထားမ်ားႏွင့္ ဆက္ႏႊယ္ေနေသာ အ ေၾကာင္းအရာမ်ားကို ေရွ႕က ႀကိဳ ျမင္၊ ႀကိဳေျပာသြားတာကိုလည္း ေလးစားဖြယ္ေတြ႕ရပါသည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ႏိုင္ငံေရးကို ႐ိုး႐ိုးေျဖာင့္ေျဖာင့္ပဲ လုပ္သူျဖစ္ ပါသည္။ အဓိကက ေတာ့ သူသည္ အာဏာကိုမက္ ေမာသူ မဟုတ္ေသာေၾကာင့္ပင္။
ထို႔ေၾကာင့္ ႏိုင္ငံေရးသည္ ယုတ္မာ ညစ္ထည္းေသာ အရာ မဟုတ္၊ ႏိုင္ငံေရးကို ညစ္ထည္း ေအာင္လုပ္သူမ်ားသာလွ်င္ ယုတ္ မာေသာ သူမ်ားျဖစ္သည္ဟု သူဆို ခဲ့ျခင္းျဖစ္ေလသည္။
ႏိုင္ငံေရးတြင္ ဘာသာေရး ကို ေရာထည့္ကာ မိမိ အာဏာအ တြက္ ျပည္သူေတြမ်က္စိကို သဲ ႏွင့္ပက္တာမ်ိဳးလည္း သူမလုပ္ခဲ့ ေခ်။ ဒါႏွင့္ပတ္သက္၍လည္း သူ က သတိေပးခဲ့ပါသည္။
သူသည္ လြတ္လပ္စြာကိုး ကြယ္ခြင့္ကို အေလးထားသည္။ သို႔ေသာ္ ႏိုင္ငံေရးႏွင့္ ဘာသာေရး ကို ေရာစပ္ပါမူ ဘာသာေရး၏ သေဘာ တရားႏွင့္ ဆန႔္က်င္ရာ ေရာက္သည္ဟု
သူက ေထာက္ျပ သည္။ အေၾကာင္းမူ ႏိုင္ငံေရးက ေလာကီေရးျဖစ္၍ ဘာသာေရးက ေလာကုတၱရာေရးျဖစ္ေနေၾကာင္း သူက ရွင္းျပပါသည္။
ဗိုလ္ခ်ဳပ္သည္ လက္ဝဲညီ ၫြတ္ေရးကို အလြန္လိုလားခဲ့သူ ျဖစ္ပါသည္။ ထိုသို႔ညီၫြတ္ေရးရ ေအာင္ ကိုယ္တိုင္လည္း ႀကိဳးစားခဲ့ ရွာသည္။ မတတ္သာ သည့္အဆုံး ၌ ကြန္ျမဴနစ္ပါတီကို ဖဆပလထဲ မွ ထုတ္ခဲ့ ရတာေတာ့ ရွိ ခဲ့ပါသည္။
သို႔တိုင္ ဗိုလ္ခ်ဳပ္သည္ သူႏွင့္ ေကာင္းတူဆိုးဖက္ လုပ္ေဖာ္ကိုင္ဖက္ မ်ားကို သံေယာဇဥ္မကုန္ခဲ့။ သခင္ဗဟိန္း အသည္းအသန္ နာမက်န္းျဖစ္၍ ေဆး႐ုံတက္ေန ရခ်ိန္မွာ သူသြားသတင္းေမးခဲ့သည္။
ပါးစပ္ေျပာ ရာဇဝင္ေတြအရ အကယ္၍ ဇူလိုင္ ၁၉ ရက္တြင္ ဗိုလ္ခ်ဳပ္သာ မက်ဆုံးခဲ့လွ်င္ သခင္သန္းထြန္းႏွင့္လည္း ညစာ စားရင္း ေဆြးေႏြးရန္ စီစဥ္ထားမႈ သည္လည္း အထေျမာက္ခဲ့လိမ့္ မည္တဲ့။ သို႔ဆိုလွ်င္ လက္ဝဲညီ ၫြတ္ေရးျပန္ရ လာႏိုင္ေပ မည္။
ဗိုလ္ခ်ဳပ္၏ ေနာက္ပါရမီထူး တစ္ခုက လြတ္လပ္ေရးႀကိဳးပမ္း ရာတြင္ ဘယ္သူႏွင့္မဆို၊ ဘယ္ အင္အားႏွင့္မဆို မဟာမိတ္ဖြဲ႕ႏိုင္ ျခင္းပင္။ အစြမ္းအစရွိသူမ်ားကို ေနရာေပး၊ တာဝန္ေပးရန္ လက္ မေႏွး။
သူတို႔ေျပာတာေတြကို လည္း နားေထာင္ေပးတတ္ပါ သည္။ အလြယ္ဆုံးဥပမာေျပာရ လွ်င္ သခင္ျမကို ဗိုလ္ခ်ဳပ္က ေလးစားအားကိုးခဲ့ပါသည္။
ၿခဳံ၍ဆိုရလွ်င္ေတာ့ ပညာ တတ္ျခင္း၊ စိတ္သေဘာထားႀကီး ျခင္း၊ အေျမာ္အျမင္ရွိျခင္း၊ မဟာ ဗ်ဴဟာ၊ နည္းဗ်ဴဟာမ်ားကို မွန္ ကန္စြာခ်မွတ္တတ္ျခင္း၊ ထိုသို႔ ခ်မွတ္ႏိုင္ေအာင္ အင္အားစုအား လုံးႏွင့္ ေပါင္းစည္ းႏိုင္စြမ္း ရွိျခင္း၊
မွားပါကလည္း ခ်က္ခ်င္းျပန္လည္ျပင္ဆင္ကာ လမ္းမွန္ေပၚ ျပန္ ေရာက္ေအာင္ ႀကိဳးစားတတ္ျခင္း တို႔သည္ ကြၽန္ေတာ္ေလးစားမိ ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ စြမ္းရည္မ်ား ပင္တည္း။
ေဆာင္းပါးရွင္ ထင္ေအာင္ေက်ာ္သည္ ၁၉၉၀ ျပည္ႏွစ္ဝန္းက်င္မွ စ၍ မဂၢဇင္းမ်ား၊ ဂ်ာနယ္မ်ား၊ သတင္းစာတြင္ ေဆာင္းပါးမ်ား ေရးသားေနသူျဖစ္သည္။
Unicode
ဗိုလ်ချုပ်ကို ဘာတွေလေးစားမိတာလဲ
ကျွန်တော် အသက် (၃၃)နှစ်အ ရွယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ကို ရည်ရွယ်ပြီး အက်ဆေးတစ် ပုဒ်ရေးခဲ့ ဖူးပါ သည်။ ဆယ့်ခြောက် နှစ်လောက် ပင်ကြာ ခဲ့ချေပြီ။
ဆိုလိုရင်းက ထိုအသက် အရွယ်မှာ ဗိုလ်ချုပ်သည် တစ်မျိုး သားလုံးက လေးစားမြတ်နိုးရ သော ခေါင်းဆောင် တစ်ဦးဖြစ်နေ ပြီဆို တာ ကိုပါ။ ကိုယ်က ထိုအ သက်အရွယ် ရောက်လာသည့် တိုင် ဘာမျှဖြစ်ဖြစ်မြောက်မြောက် မရှိသေး တာကို တွေးမိ ၍ ဖြစ်ပါ သည်။
ထိုစဉ်တုန်းကတော့ အခြေ အနေအရ ယင်းအက်ဆေးကို ပေးမည်ဟု ရည်ရွယ် ထားသော မဂ္ဂဇင်းကို မပေးဖြစ် ခဲ့ပါ။ နောင် တွင် ဆရာနတ်နွယ်က ကျွန်တော် သည် လိုဆောင်းပါးရေး ဖူးသည် ဆိုပြီး မဂ္ဂဇင် းတစ်စောင်၏ လူ ငယ်ကဏ္ဍမှာ ထည့်ရေး တာကိုပင် ဆင်ဆာဖြတ်တောက်ခဲ့ပါသည်။
တကယ်ဆို ဗိုလ်ချုပ်ကျဆုံး ချိန်က (၃၃)နှစ်ပင်မပြည့်သေးပါ။ လူတွေ က လွယ်လွယ် (၃၃)နှစ်ဟု ပဲပြောနေေ သာကြောင့် ကျွန်တော်က ‘(၃၃)နှစ်ဆိုသော ထိုအရွယ်’ ဆိုပြီး ခေါင်းစဉ်ပေးခဲ့မိတာ ဖြစ်ပါသည်။
ထားတော့။ ကျွန်တော် ဆိုချင် တာက ကမ္ဘာတွင် သည်လောက် အသက် ငယ်ငယ် ရွယ်ရွယ်နှင့် သည်လို ထူးချွန်ပြောင်မြောက် သော ခေါင်းဆောင်မျိုး ကျွန် တော်တို့နိုင်ငံမှာပဲ ပေါ်ထွန်းခဲ့ပါ သည်။
ဗိုလ်ချုပ်၏ အရည်အသွေး သည် တခြား မည်သည့် နာမည် ကျော် ကမ္ဘာ့ခေါင်းဆောင်ကြီးများ နှင့်မဆို ယှဉ်နိုင် သည်ဟု ကျွန် တော်ကေ တာ့ယုံကြည် ပါသည်။
သည့်အတွက် ကျွန်တော် လေးစားမိသော ဥပမာ တစ်ခုကို ပြရလျှင် ယနေ့ အာဆီယံအဖွဲ့ ကြီး၏ မူလပထမ စိတ်ကူးရှင်မှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ် ပါသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီ ရွှေတိဂုံ အလယ်ပစ္စယာ
ညီလာခံကြီးတွင် ‘ကျွနု်ပ်တို့သည် စုပေါင်း၍ အာရှ ခေတ်သစ်ကို ထူထောင်ကြရ မည်’ဟု အစချီရင်း ညီညွတ်ပေါင်းစည်းမှု ထူထောင်ရေး သဘော တရားကို ဟောပြောသွားခဲ့ပါ သည်။
ဗိုလ်ချုပ်သည် အင်္ဂလိပ်တို့ ကို လက်နက်ဖြင့် တော်လှန်မှရ မည်ဟု ယုံကြည်သည့်အလျောက် တခြား အင်အား ရှိသော နိုင်ငံတစ် ခုခုနှင့် ပူးပေါင်းရန် ကြံဆောင်ခဲ့ သည်။ သည်တွင် ဂျပန်တို့နှင့် ပေါင်းမိ ခဲ့သည်။
ဖက်ဆစ်ဝါဒီတို့နှင့် ထိုသို့ အတွင်းကျကျ ပေါင်းခဲ့ရသော ကြောင့် ဖက်ဆစ်ဝါဒ၊
အစွန်း ရောက် အမျိုးသားရေးဝါဒတို့ အကြောင်းကို ကောင်းစွာ သိမြင်လာ ပြီး အနာဂတ်မြန်မာနိုင်ငံမှာ ထို စနစ်ဆိုးများ အမြစ်တွယ် မှာကို သူစိုးရိမ် ခဲ့လေသည်။
သည်အချက် ကလည်း ဗိုလ်ချုပ်၏ လေးစားဖွယ် အမြော်အ မြင်ဖြစ် ပါသည်။ သည်အကြောင်း များကို သူ့မိန့်ခွန်းများတွင် ထင် ထင်ရှားရှားတွေ့နိုင်ပ ါသည်။
သည်မှာလည်း ရွှေတိဂုံ အလယ်ပစ္စယာ ညီလာခံမိန့်ခွန်းမှ ပဲ ကိုးကားချင်ပါသည်။ စင်စစ် ထိုမိန့်ခွန်းသည် ဗိုလ်ချုပ်အောင် ဆန်း၏ နိုင်ငံရေး အဘိဓမ္မာကို ဖော်ပြနေ ပါသည်။
ဗိုလ်ချုပ်က ‘‘ရာဇဝင် ကြောင်းကို ပြန်ပြောင်းကြည့်ရှုမူ အမျိုးဘာသာ သာသနာတို့သည် တည်တံ့၍မနေ၊ ရောနှောပျံ့နှံ့ လျက် ရှိလေသည်။
ဘယ်နိုင်ငံတွင်မှ လူမျိုးတစ်မျိုး တည် းမရှိချေ။ လူမျိုးတစ်မျိုးတွင် လည်း အမျိုး မျိုးသော ဘာသာတရားတို့ကို အားထား ယုံကြည်မှု ရှိကြပြန်လေ သည်’’ဟု မိန့်ကြားခဲ့ပါသည်။
သူက ဂျာမနီနိုင်ငံတွင် ဖက် ဆစ်ဝါဒီလူတစ်စု၏ ပြင်းပြသော မျိုးချစ်စိတ်ကို လမ်းကောင်းဆီ မပို့ဘဲ လမ်းမှားဆီပို့လိုက်သော ကြောင့် အတိဒုက္ခရောက်ရ ကြောင်း ပြောပြခဲ့ပါသည်။
ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘဝကမူ နိုင်ငံရေး သိပ္ပံဘာသာရပ်၌ ဗိုလ်ချုပ်၏‘လူ မျိုးဆိုသည်မှာ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ ပြော ဆိုသည့်ဘာသာစကားတို့ကို အ ရေးထား
ရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ် တွင် ဝံသာနုရက္ခိတ တရားသည် တည်နေပေ၏’ဟူ၍ သင်ခဲ့ရပါ သည်။
ယနေ့ခေတ် လူငယ်များ အားထိုကဲ့သို့သော သဘောတရား သင်ခန်းစာမျိုးများ သင်ပေးနေ သေးသလား ဆိုတာတော့ မပြောတတ် ပါ။ မည်သို့ဆိုစေ ထိုစကား စုက ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားအမြင်ကျယ်မှုကို လှစ်ဟပြသနေ ပါသည်။
နောက်တစ်ချက်က နိုင်ငံမှာ ဖက်ဆစ် စစ်ဝါဒထွန်းကားလာ မှာကို သူစိုးရိမ်ခဲ့ ပါသည်။ ယခု နောက်ပိုင်းတွင် ဖျောက်ထား၍ လူအများ သိပ်မသိတော့သော မိန့်ခွန်းတ စ်ခုရှိ ပါသည်။
‘ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်း များ’ စာအုပ်ထဲမှ စစ်တပ်နှင့်ပတ် သက်၍ ပြောကြားခဲ့သော သူ့ သဘောထား မိန့်ခွန်းပါ။
‘ငါတို့စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်၊ နိုင်ငံဟာ စစ် တပ်ရဲ့အစေခံမဖြစ်ရဘူး’
ထိုမိန့်ခွန်းမှာပင် စစ်တပ်က မှ နိုင်ငံကိုချစ်သည်ဆိုသော စိတ် မထားရန်၊ တခြားစစ်သားမဟုတ် သူများသည်လည်း နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့် စား လုပ်ခဲ့ကြသူများလည်းရှိ ကြောင်း ထောက်ပြ ခဲ့ပါသည်။ နောင်တိုင်းပြည်မှာ ဖြစ်လာမှာ တွေကို ရှေးကတည်းက ကောင်း စွာကြိုမြင်နေသလိုပင်။
ယင်းမှာ တကယ်တော့ တပ် နှင့် ပြည်သူကို သွေးမကွဲစေချင် သည့် ကြီးမားသော အမြော်အမြင် ဖြစ်ပါသည်။
ထို့အပြင် ယနေ့အနေအထားများနှင့် ဆက်နွှယ်နေသော အ ကြောင်းအရာများကို ရှေ့က ကြို မြင်၊ ကြိုပြောသွားတာကိုလည်း လေးစားဖွယ်တွေ့ရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးကို ရိုးရိုးဖြောင့်ဖြောင့်ပဲ လုပ်သူဖြစ် ပါသည်။ အဓိကက တော့ သူသည် အာဏာကိုမက် မောသူ မဟုတ်သောကြောင့်ပင်။
ထို့ကြောင့် နိုင်ငံရေးသည် ယုတ်မာ ညစ်ထည်းသော အရာ မဟုတ်၊ နိုင်ငံရေးကို ညစ်ထည်း အောင်လုပ်သူများသာလျှင် ယုတ် မာသော သူများဖြစ်သည်ဟု သူဆို ခဲ့ခြင်းဖြစ်လေသည်။
နိုင်ငံရေးတွင် ဘာသာရေး ကို ရောထည့်ကာ မိမိ အာဏာအ တွက် ပြည်သူတွေမျက်စိကို သဲ နှင့်ပက်တာမျိုးလည်း သူမလုပ်ခဲ့ ချေ။ ဒါနှင့်ပတ်သက်၍လည်း သူ က သတိပေးခဲ့ပါသည်။
သူသည် လွတ်လပ်စွာကိုး ကွယ်ခွင့်ကို အလေးထားသည်။ သို့သော် နိုင်ငံရေးနှင့် ဘာသာရေး ကို ရောစပ်ပါမူ ဘာသာရေး၏ သဘော တရားနှင့် ဆန့်ကျင်ရာ ရောက်သည်ဟု
သူက ထောက်ပြ သည်။ အကြောင်းမူ နိုင်ငံရေးက လောကီရေးဖြစ်၍ ဘာသာရေးက လောကုတ္တရာရေးဖြစ်နေကြောင်း သူက ရှင်းပြပါသည်။
ဗိုလ်ချုပ်သည် လက်ဝဲညီ ညွတ်ရေးကို အလွန်လိုလားခဲ့သူ ဖြစ်ပါသည်။ ထိုသို့ညီညွတ်ရေးရ အောင် ကိုယ်တိုင်လည်း ကြိုးစားခဲ့ ရှာသည်။ မတတ်သာ သည့်အဆုံး ၌ ကွန်မြူနစ်ပါတီကို ဖဆပလထဲ မှ ထုတ်ခဲ့ ရတာတော့ ရှိ ခဲ့ပါသည်။
သို့တိုင် ဗိုလ်ချုပ်သည် သူနှင့် ကောင်းတူဆိုးဖက် လုပ်ဖော်ကိုင်ဖက် များကို သံယောဇဉ်မကုန်ခဲ့။ သခင်ဗဟိန်း အသည်းအသန် နာမကျန်းဖြစ်၍ ဆေးရုံတက်နေ ရချိန်မှာ သူသွားသတင်းမေးခဲ့သည်။
ပါးစပ်ပြော ရာဇဝင်တွေအရ အကယ်၍ ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်သာ မကျဆုံးခဲ့လျှင် သခင်သန်းထွန်းနှင့်လည်း ညစာ စားရင်း ဆွေးနွေးရန် စီစဉ်ထားမှု သည်လည်း အထမြောက်ခဲ့လိမ့် မည်တဲ့။ သို့ဆိုလျှင် လက်ဝဲညီ ညွတ်ရေးပြန်ရ လာနိုင်ပေ မည်။
ဗိုလ်ချုပ်၏ နောက်ပါရမီထူး တစ်ခုက လွတ်လပ်ရေးကြိုးပမ်း ရာတွင် ဘယ်သူနှင့်မဆို၊ ဘယ် အင်အားနှင့်မဆို မဟာမိတ်ဖွဲ့နိုင် ခြင်းပင်။ အစွမ်းအစရှိသူများကို နေရာပေး၊ တာဝန်ပေးရန် လက် မနှေး။
သူတို့ပြောတာတွေကို လည်း နားထောင်ပေးတတ်ပါ သည်။ အလွယ်ဆုံးဥပမာပြောရ လျှင် သခင်မြကို ဗိုလ်ချုပ်က လေးစားအားကိုးခဲ့ပါသည်။
ခြုံ၍ဆိုရလျှင်တော့ ပညာ တတ်ခြင်း၊ စိတ်သဘောထားကြီး ခြင်း၊ အမြော်အမြင်ရှိခြင်း၊ မဟာ ဗျူဟာ၊ နည်းဗျူဟာများကို မှန် ကန်စွာချမှတ်တတ်ခြင်း၊ ထိုသို့ ချမှတ်နိုင်အောင် အင်အားစုအား လုံးနှင့် ပေါင်းစည် းနိုင်စွမ်း ရှိခြင်း၊
မှားပါကလည်း ချက်ချင်းပြန်လည်ပြင်ဆင်ကာ လမ်းမှန်ပေါ် ပြန် ရောက်အောင် ကြိုးစားတတ်ခြင်း တို့သည် ကျွန်တော်လေးစားမိ သော ဗိုလ်ချုပ်အောင်ဆန်း၏ စွမ်းရည်များ ပင်တည်း။
ဆောင်းပါးရှင် ထင်အောင်ကျော်သည် ၁၉၉၀ ပြည်နှစ်ဝန်းကျင်မှ စ၍ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ သတင်းစာတွင် ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။
No Comments