(၁) ဗဟုသုတကြွယ်တာ
(၂) ဟာသဉာဏ်ရှိတာ
(၃) အနုပညာစွမ်းရည်
(၄) စကားပြောကောင်းတာ
(၅) ရိုးသားပွင့်လင်းတာ
(၆) ယဉ်ကျေးသိမ်မွေ့တာ
(၇) ရဲရင့်ပြတ်သားတာ
Credit
Unicode
ရုပ်ရည်နဲ့ ခန္ဓာကိုယ် အနေထားတွေနဲ့မဆိုင်ဘဲ လူတစ်ယောက်ကို စန်းပွင့်စေတဲ့ အရည်အချင်း (၇) မျိုး
တချို့လူတွေ ရှိပါတယ်။ ငါက ချောမှမချောတာ၊ အရပ်မှ မရှည်တာ၊ ဘော်ဒီမှ မလှတာ လူတွေက ဘယ်ချစ်ကြ မလဲ၊ ဘယ် စိတ်ဝင်စားကြ မလဲ ဆိုပြီး ထင်နေတတ် ကြတဲ့ သူတွေ ရှိနေ ပါတယ်။
တကယ်တော့ သင်ဟာ ဆွဲဆောင်မှုကောင်းပြီး လူကြားထဲ လူချစ်လူခင်ပေါ စန်းပွင့်တဲ့ သူတစ်ယောက်ဖြစ်ဖို့က ရုပ်ရည် သွင်ပြင်ကပဲ အဓိက ကျနေတာ မဟုတ် ပါဘူး။ ဒါဆို ဘယ်လို အရည်အချင်းမျိုးတွေ ရှိနေရင် အဲဒီ့လူဟာ အများကြွေစရာလူ ဖြစ်မလဲ.. ကြည့်လိုက်ကြ ရအောင်နော်။
(၁) ဗဟုသုတကြွယ်တာ
အသိဉာဏ်ကြွယ်တဲ့ လူတစ်ယောက်ကို သဘော မကျကြဘူး ဆိုတာ မရှိပါဘူး။ ဘယ်လို နယ်ပယ် မျိုးမှာပဲ ဖြစ်ဖြစ် အသုံးဝင်တဲ့ ဗဟုသုတတွေ နှံ့နှံ့စပ်စပ် ရှိတဲ့ လူကို ဘယ်သူမဆို အထင်ကြီးပြီး အားကိုး အားကျ စိတ်တွေ ဖြစ်ကြ ပါတယ်။ ဒါကြောင့် ဗဟုသုတကြွယ် တဲ့သူဟာ အလိုလိုကို ဆွဲဆောင်မှု ရှိကြ ပါတယ်။
(၂) ဟာသဉာဏ်ရှိတာ
ဟာသဉာဏ် ဆိုတာ လူတိုင်းမှာ မရှိ ပါဘူးနော်။ ဉာဏ်ကောင်းတဲ့လူတွေမှာပဲ ရှိတာပါ။ အုပ်စု ထဲမှာဆိုလည်း အများကို ပွဲကျစေတဲ့၊ နှစ်ယောက် စကားပြောနေ တုန်းလည်း တစ်ဖက်လူကို ပေါ့ပါးပျော်ရွှင်စေတဲ့ စကားလုံးလေးတွေ၊ အိုင်ဒီယာလေးတွေ ထုတ်ပြ တတ်သူဟာ လူတိုင်း ချစ်ခင်ရတဲ့ Ace ပဲပေါ့။
(၃) အနုပညာစွမ်းရည်
တစ်ခုခု တတ်ထားတာ ဒါကတော့ ပွဲတိုးစေတဲ့ လူအာရုံ စိုက်ခံ ရစေတဲ့ စွမ်းရည် တစ်မျိုး ပါ။ အနုပညာ စွမ်းရည်ဆိုရာမှာ ကဏ္ဍများစွာ ပါဝင် ပါတယ်။ သီချင်းဆိုေ ကာင်း တာလား၊ ပန်းချီဆွဲ တတ်တာလား၊
တူရိယာ တစ်ခုခု တီးတတ်တာလား၊ ကဗျာတွေ စာတွေ ရေးတတ် တာလား၊ ထပ်ရှိ ပါသေး တယ်နော် စွမ်းရည်တွေက။ ဒါတွေထဲက တစ်မျိုးမျိုးကို တတ်မြောက် ကျွမ်းကျင်တဲ့ လူတွေဟာ ရောက်ရာ အရပ်မှာ လူချစ်လူခင်ပေါ ပါတယ်။
(၄) စကားပြောကောင်းတာ
ဒါကတော့ အထူးတလည် ရှင်းပြဖို့ လိုမယ်မထင် ပါဘူးနော်။ စကားပြောကောင်း တဲ့သူတွေက ဘယ်လို ကိစ္စတွေမှာပဲ ဖြစ်ဖြစ် သူတို့ဘက် ပါလာအောင် ဆွဲဆောင် နိုင်ကြ သူတွေ ဖြစ် ပါတယ်။
(၅) ရိုးသားပွင့်လင်းတာ
သိုဝှက်ပြီး မြုံစိစိနေတာေ တွထက် ရှင်းရှင်းဘွင်းဘွင်း ပြောဆို တတ်ပြီး ရိုးသားတဲ့သူတွေက ပိုချစ်စရာကောင်း တယ်လို့ လူတွေက သတ်မှတ် တတ်ကြ ပါတယ်။ အဲဒီ့လို လူတွေဟာ အများကြား မှာဆိုလည်း ပိုပေါ်လွင်နေ တတ်ပြီး ခင်မင်စရာကောင်းသူအဖြစ်လည်း အမြင်ခံရပါတယ်။
(၆) ယဉ်ကျေးသိမ်မွေ့တာ
နေရာဒေသအခြေ အအနေ အလိုက် လိုက်လျောညီထွေစွာ နေထိုင်ပြောဆို တတ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့သူကို လူကြီး လူငယ်မရွေး တန်ဖိုးထားေ လးစားတတ် ကြပါ တယ်။
အပြောအဆို အနေအထိုင် သိမ်မွေ့ယဉ်ကျေးခြင်းက မျက်နှာ ပန်းလည်း ပွင့်စေပြီး ဆွဲဆောင်မှု တစ်ခု ဆိုတာ အမှန်ပါပဲ။
(၇) ရဲရင့်ပြတ်သားတာ
မဟုတ်မခံ၊ ကိုယ်မှန်နေရင် ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့လုပ်တာ၊ ဆုံးဖြတ်ချက် ခိုင်မာတာ၊ တာဝန်ယူရဲတာ၊ ကိုယ့်အတွက် မကောင်းတာကိုဆို ဖက်တွယ်မနေဘဲ စွန့်လွှတ်ရဲတာ၊
ဒီအချက်တွေကို လုပ်ဆောင်နိုင်တဲ့သူမျိုးတွေကို ရဲရင့်ပြတ်သားတယ်လို့ ခေါ်နိုင်ပါတယ်။ လူတိုင်းက အဲဒီ့လို မဖြစ်နိုင် တာမို့ တကယ် ရဲရင့်ပြတ်သား ရဲတဲ့သူတွေ ဟာလည်း သိပ်ကို ဆွဲဆောင်မှု ရှိတယ်လို့ ဆိုနိုင် ပါတယ်။
No Comments