ဝါတြင္္းကာလ အိမ္မေျပာင္းရ၊ အိမ္မေရြ႕ရ၊ အိမ္မေဆာက္ရ၊အိိမ္ေထာင္ မျပဳရဆိုတာ မွန္္/မမွန္ - Amawpyay

ဝါတြင္္းကာလ အိမ္မေျပာင္းရ၊ အိမ္မေရြ႕ရ၊ အိမ္မေဆာက္ရ၊အိိမ္ေထာင္ မျပဳရဆိုတာ မွန္္/မမွန္

ဝါတြင္္းကာလ အိမ္မေျပာင္းရ၊ အိမ္မေရြ႕ရ၊ အိမ္မေဆာက္ရ၊အိိမ္ေထာင္ မျပဳရဆိုတာ မွန္္/မမွန္
Knowledge

ဝါတြင္္းကာလ အိမ္မေျပာင္းရ၊ အိမ္မေရြ႕ရ၊ အိမ္မေဆာက္ရ၊အိိမ္ေထာင္ မျပဳရဆိုတာ မွန္္/မမွန္

ဒကာ တစ္ေယာက္က “ အရွင္ဘုရား ဝါဆိုခ်ိန္နီးလာၿပီ ဆိုေတာ့ ျမန္မာလူမ်ိဳးမ်ား ရဲ႕ ဝါတြင္းကာလ မွ အိမ္မေျပာင္းရ ၊ အိမ္မေ႐ြ႕ရ စတဲ့ အယူ အဆေတြေၾကာင့္ ဝါမဆိုခင္ကတည္း ဒီကိစၥအတြက္ အၿပီးလုပ္ေနၾကတာကိုေတြ႕ရ ပါတယ္ ။

ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး ဘုရားေဟာထားတာ ရွိ သလား၊ ဒီအယူအဆေတြ ကို လိုက္ၿပီးလုပ္သင့္ သလား ၊ မလုပ္သင့္ ဘူးလား စသျဖင့္ ေဆာင္ရန္ေရွာင္ရန္ေတြ ကို သိလိုပါတယ္ဘုရား ” စသျဖင့္ ေမးေလွ်ာက္ဖူး လို႔ ျပန္ၿပီးေျဖေပးဖူး ပါတယ္။

ဟုတ္ပါတယ္။ အဲဒီဒကာေမးေလွ်ာက္သလိုပဲ ျမန္မာႏိုင္ငံ မွာ ဝါတြင္းကာလ နဲ႔ ပတ္သက္တဲ့ အ႐ိုးစြဲေနတဲ့ အမွားေတြ အမ်ားႀကီး ရွိပါတယ္ ။

ဘာသာေရး နဲ႔ မသက္ဆိုင္တဲ့ အယူအဆ အမွားေတြဟာ ၾကာေတာ့ ဘုရား ပဲ ေဟာသလိုလို က်မ္းဂန္ေတြ မွာပဲ ပါသလိုလို ျဖစ္ကုန္တာေတြ အမ်ားႀကီးပါပဲ။

ဒီအမ်ားႀကီးေတြထဲက ေမးခြန္းရွင္ေမးထားသလို၊ ဝါတြင္းကာလ အိမ္မေျပာင္းရ၊ အိမ္မေ႐ြ႕ရ၊ အိမ္မေဆာက္ရ စတာေတြလည္း ရွိသလို ဝါတြင္းကာလ အိမ္ေထာင္ မျပဳရ ဆိုတာေတြေတာင္ ပါေနပါေသးတယ္။

ဒီအယူအဆေတြဟာ ဘုရားေဟာထဲ မွာ မပါတဲ့ ၊ ဘုရားေဟာ နဲ႔ မသက္ဆိုင္တဲ့ ေလာကီအယူအဆေတြပဲ ျဖစ္ ပါတယ္။

ဝါတြင္းကာလမွာ အိမ္ေျပာင္းရင္၊ အိမ္ေ႐ႊ႕ရင္ ဘာျဖစ္မယ္ ၊ ညာျဖစ္မယ္ဆိုတဲ့ ေရွး႐ိုးစြဲ အယူအဆေတြ ၊ ေလာကဓာတ္ ဆရာေတြရဲ႕ ေဟာေျပာမႈေတြေၾကာင့္

အခုေနာက္ပိုင္းမွာ လူအေတာ္မ်ားမ်ားက ရက္ေကာင္းရက္ျမတ္ေ႐ြး တာတို႔ ၊ ဝါမဆိုခင္၊ ဒါမွမဟုတ္ ဝါကြၽတ္ၿပီး မွ လုပ္တာတို႔ စတာေတြ ျဖစ္လာၾကတာ ျဖစ္ပါတယ္။

ဝါတြင္းကာလ မွာ အိမ္အေျပာင္းအ‌‌ေ႐ႊ႕မလုပ္ေကာင္းဘူးလို႔ ျမတ္စြာဘုရား ေဟာခဲ့လား…?ေရွးတုန္းကေတာ့ ရာသီဥတု အေနအထားအရ ဝါတြင္း ဆိုတာ မိုးတြင္း ကာလ ျဖစ္တဲ့အတြက္

မိုး႐ြာေနတဲ့အခ်ိန္မွာ အေျပာင္းအေ႐ႊ႕ လုပ္ရင္ ပိုၿပီးဒုကၡမ်ားႏိုင္တဲ့အတြက္ ေခ်ာက္ေခ်ာက္ေသြ႕ေသြ႕ျဖစ္တဲ့ မိုးမက်ခင္ ကာလ ဒါမွမဟုတ္ မိုးရာသီၿပီးမွ လုပ္ၾကတဲ့ အစဥ္အလာေတြ ရွိၾကပါတယ္။ ဒါက ရာသီဥတု အေျခအေနေၾကာင့္ ျဖစ္ပါတယ္။

ခုေနာက္ပိုင္းေတာ့ ေဗဒင္ဆရာ၊ ယၾတာဆရာ၊ နကၡတၱဆရာ စတဲ့ေလာက ဓာတ္ ဆရာေတြ ရဲ႕ အာေဘာ္ေတြ၊ ဒီေလာကဓာတ္ ဆရာေတြရဲ႕ အယူအဆကို ယုံၾကည္သူေတြေၾကာင့္

ဝါတြင္းကာလ အိမ္မေျပာင္းေကာင္းတာတို႔၊ အိမ္မေ႐ႊ႕ေကာင္းတာတို႔၊ အိမ္မေဆာက္ေကာင္းတာ တို႔၊ အိမ္ေထာင္ မျပဳေကာင္းတာတို႔ စတာေတြ ျဖစ္လာတာ ျဖစ္ ပါတယ္။

‌ဒီလိုေခတ္စားလာ တာေတြဟာ ဘုရားေဟာမွာ ပါလို႔ လုပ္ၾကတာေတာ့ မဟုတ္ၾကပါဘူး ။ဗုဒၶစာေပေတြမွာေတာ့ ဒီလိုကိစၥေတြ နဲ႔ ပတ္သက္ၿပီး ဘယ္အခ်ိန္မွာမလုပ္ေကာင္းဘူး၊

ဘယ္အခ်ိန္မွာ လုပ္ရမယ္ စသျဖင့္ ေဟာထားတာမရွိပါဘူး။ ဘယ္လိုမဂၤလာ၊ ဘယ္လိုနကၡတ္ေတြနဲ႔ အညီမွ လုပ္ရမယ္ ဆိုတာ မရွိပါဘူး ။ ဒီလို နည္းေတြကိုလည္း ဘုရားျမတ္စြာကအားမေပးပါဘူး။

အဲ နကၡတ္၊ မဂၤလာ စတဲ့အယူအဆေတြသိပ္ျပင္းျပေနတယ္ဆိုရင္ေတာ့ ေကာင္းတဲ့အက်င့္ကို မ်ားမ်ားက်င့္ၾကဖို႔ပဲ မိန႔္ေတာ္မူ ပါတယ္။ ဒီစကားေတာ္ကို ပရိတ္ႀကီး၊ ပုဗၺဏွသုတ္မွာ လာတဲ့စကားေတာ္က အထင္းအရွား ျဖစ္ေ စပါတယ္။

အဲဒီသုတ္ေတာ္မွာ ဘုရားရွင္က “ေကာင္းျမတ္ေသာအက်င့္ကို က်င့္ေနသူမ်ားအဖို႔ အၿမဲတမ္း နကၡတ္ေကာင္း ပါတယ္ ၊ အၿမဲတမ္း က်က္သေရမဂၤလာ ရွိပါတယ္၊ အၿမဲတမ္း ေကာင္းေသာ မိုးလင္းျခင္း ျဖစ္ပါတယ္၊ အၿမဲတမ္း ေကာင္းေသာ အိပ္ရာထျခင္း ျဖစ္ပါတယ္၊

အၿမဲတမ္း ေကာင္းေသာ အခ်ိန္ အခါ ျဖစ္ပါတယ္ ၊ အၿမဲတမ္း ေကာင္းေသာ ပူေဇာ္ျခင္း ျဖစ္ ပါတယ္”

လို႔ိ ေဟာၾကားေတာ္မူထားတာ ကို ေတြ႕ရမွာ ျဖစ္ ပါတယ္ ။ ေနာက္ အိမ္အေျပာင္းအေ႐ႊ႕ ျပဳလုပ္ၾကတာ နဲ႔ ပတ္သက္ၿပီး ဗုဒၶစာေပေတြမွာ အထူးမိန႔္ေတာ္ မူထားတာ မရွိေပမယ့္ အိမ္သစ္တက္တဲ့ အခါ၊

ၿမိဳ႕႐ြာအသစ္တည္ တဲ့ အခါေတြ နဲ႔ ပတ္သက္ၿပီးေတာ့ မဟာပရိနိဗၺာနသုတ္ မွာ မိန႔္ေတာ္မူထားတဲ့ ဘုရားစကားေတာ္ ရွိပါတယ္။

ဒီသုတ္ေတာ္ မွာ ဘုရားရွင္က “ပညာရွိသည္ အၾကင္အရပ္ ၌ အိမ္ရာေဆာက္လုပ္ေနထိုင္ ၏၊ ဤအရ ပ္၌ သီလရွိေသာ၊ ကိုယ္ႏႈတ္ႏွလုံး ေစာင့္သုံးေသာ၊ ျမတ္ေသာအက်င့္ကို က်င့္ေသာပုဂၢိဳလ္ တို႔ကို ဆြမ္းေကြၽးၿပီး လွ်င္ ထိုအရ ပ္၌ ရွိေသာနတ္တို႔အား အလႉ ၏ အဖို႔ကို အမွ်ေဝရာ ၏၊

ဤသို႔ အမွ်ေပးေဝလတ္ေသာ္ နတ္တို႔သည္ ပူေဇာ္ခံရသျဖင့္ ထိုအမွ်ေပးေဝသူ ကို အတုန႔္ျပန္ ၍ ပူေဇာ္ကုန္၏၊ ျမတ္ႏိုးခံရသျဖင့္လည္း အတုန႔္ျပန္၍ ျမတ္ႏိုးကုန္ ၏၊ ထို႔ေၾကာင့္ မိခင္သည္ ရယ္ဝယ္သားကို ေစာင့္ေရွာက္သကဲ့သို႔ ထိုအမွ်ေဝသူကို ေစာင့္ေရွာက္၏၊

နတ္တို႔ေစာင့္ေရွာက္ခံရေသာသူသည္ အခါခပ္သိမ္း ေကာင္းျခင္းမဂၤလာ တို႔ိကိုသာ ေတြ႕ျမင္ရေလ၏” လို႔ေဟာၾကားေတာ္မူထားတာကို ေတြ႕ရပါတယ္။

ဒီစကားေတာ္အရ အိမ္အသစ္တက္တဲ့ အခါ၊ ေနရာအသစ္ ေျပာင္းတဲ့အခါ မွာ အိမ္တက္အလႉစတာေတြ လုပ္ၾကျခင္း ျဖစ္ပါတယ္။ ဒီလိုအလုပ္မ်ိဳးကေတာ့ ဘုရားရွင္ ရဲ႕ တရားေတာ္နဲ႔ လည္း ညီၫြတ္လွတဲ့ အတြက္ ေကာင္းတဲ့ အစဥ္အလာ လို႔ ေျပာရမွာ ျဖစ္ ပါတယ္။

ဒါေပမယ့္ ဘယ္အခ်ိန္ ၊ ဘယ္ကာလမာွ ဘာမလုပ္ေကာင္းဘူး ဆိုတာေတြကေတာ့ ဘုရားေဟာ နဲ႔ မညီသလို၊ ကိုယ့္ ရဲ႕ ကံတရားေတြ ကို မယုံၾကည္ၾကလို႔ပဲလို႔ ေျပာရမွာ ျဖစ္ပါတယ္။

တကယ္လို႔သာ အခါကာလေတြ ေျပာၾကေၾကးဆိုရင္ ဝါးတြင္း ဝါပေတြ ေ႐ြးစရာမလိုပါဘူး။ မေကာင္းတာလုပ္တဲ့ သူေတြအတြက္ အခ်ိန္တိုင္းဟာ မေကာင္းတာေတြ ျဖစ္ေနမွာျဖစ္ၿပီး ေကာင္းတာလုပ္တဲ့သူေတြအတြက္ အခ်ိန္တိုင္းဟာ အေကာင္းေတြပဲ ျဖစ္ေနၾကမွာ ျဖစ္ပါတယ္။

ဘယ္အခ်ိန္အိမ္ေျပာင္းေျပာင္း ကိုယ္ကမေကာင္းဘူးဆိုရင္ မေကာင္းတာေတြကို ေတြ႕ႀကဳံလာရမွာ ျဖစ္ၿပီး ကိုယ္ကေကာင္းေနမယ္ဆိုရင္ ဝါတြင္းမွမဟုတ္ပါဘူး ဘယ္အခ်ိန္ပဲ ျဖစ္ျဖစ္ ေကာင္းေနၾကမွာ ျဖစ္ပါတယ္။

ဆိုလိုတာက ဝါတြင္းကာလ ၊ အိမ္မေျပာင္းရ၊ အိမ္ေထာင္မျပဳရ စတဲ့အယူအဆေတြဟာ ဘုရားေဟာအရ လုပ္ၾကတာမဟုတ္ဘဲ၊ ေရွး႐ိုးစြဲအယူအဆေတြေၾကာင့္နဲ႔ ေခတ္စားလာတဲ့ ေလာကဓာတ္ ဆရာေတြ ရဲ႕ အယူအဆေတြေၾကာင့္ မလိုအပ္ဘဲ အယူသည္း လာၾကတာ ျဖစ္ေၾကာင္း၊

ဘုရားေဟာအေနနဲ႔ကေတာ့ တကယ္လို႔ နကၡတ္၊ မဂၤလာေတြ ေ႐ြးၾကေၾကးဆိုရင္ ေကာင္းတဲ့ အက်င့္ေတြ လုပ္ေနျခင္းဟာ ေကာင္းတဲ့နကၡတ္၊ ေကာင္းတဲ့မဂၤလာ စတာေတြ ျဖစ္ေနၾကမွာ ျဖစ္ၿပီး မေကာင္းတဲ့ အလုပ္ေတြ လုပ္ေနတဲ့အခ်ိန္ဟာ

မေကာင္းတဲ့ အတိတ္နိမိတ္ေတြ ျဖစ္ေနၾကမွာ ျဖစ္ေၾကာင္း မွတ္သားၾကရမွာ ျဖစ္ၿပီး ဒီလို ဘယ္အခ်ိန္၊ဘယ္ကာလစတာေတြ ေ႐ြးၾကဖို႔ိထက္ ဘယ္လိုမေကာင္းမႈကို ဘယ္လိုေရွာင္ၾကဥ္ၾကည့္ၾကမယ္၊

ဘယ္လိုေကာင္းမႈမ်ိဳး ကို ဘယ္လိုရွာၿပီး လုပ္ၾကမယ္ စသျဖင့္ ေ႐ြးခ်ယ္ျခင္း ကသာ ဗုဒၶ အလိုေတာ္က် ျဖစ္ေၾကာင္း ဆိုလိုခ်င္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဝါတြင္းကာလ ဘာမလုပ္ရ ၊ ညာမလုပ္ရ စတဲ့အ ယူအဆ ေတြဟာ အ႐ိုးစြဲေနတဲ့ ေရွးအယူအဆမ်ား နဲ႔ ေဗဒင္နကၡတ္ စတဲ့ ေလာကဓာတ္ဆရာေတြရဲ႕ အယူအဆမ်ားသာ ျဖစ္ၿပီး

ဘုရားေဟာ အယူအဆ မဟုတ္တဲ့ အျပင္ ဘုရားေဟာနဲ႔လည္း မညီတဲ့အလုပ္မ်ား ျဖစ္တဲ့အတြက္ ဒီလိုအယူအဆေတြမွာ အာ႐ုံမထားၾကဘဲ

တကယ္ အေလးထားရမွာက မိမိတို႔ ရဲ႕ လုပ္ရပ္မ်ားကိုသာ အေလးထားရမွာ ျဖစ္ကာ ေကာင္းတဲ့ အလုပ္၊ ေကာင္းတဲ့ အက်င့္မ်ား လုပ္ေနၾကတဲ့ အခ်ိန္တိုင္း ဟာ ေကာင္းတဲ့ ရက္ေကာင္းရက္ျမတ္

အခ်ိန္ေကာင္းမ်ားပဲ ျဖစ္ၿပီး မေကာင္း တဲ့ အလုပ္မ်ား ကို လုပ္ေန တဲ့ အခ်ိန္ေတြဟာ မေကာင္းတဲ့ နကၡတ္၊ အမဂၤလာ အခ်ိန္ေတြသာ ျဖစ္တဲ့အတြက္ ဝါတြင္းကာလ ဘာမလုပ္ရ၊

ညာမလုပ္ရ စတဲ့ အေျခအျမစ္မရွိတဲ့ အယူအဆေတြ လိုက္ေနၾကမယ့္ အစား ကိုယ့္ကိုယ္ ကိုသာ အေကာင္းဆုံး ျဖစ္ေအာင္ ေနၾကည့္ၾကဖို႔ပဲ ျဖစ္ပါေၾကာင္း အေမးၾကည့္၍ အေျဖညႇိေပးရင္း လြဲေနတတ္ တဲ့ အလြဲတစ္ခု အျဖစ္ အလြဲျပ၍ အမွန္မွ်ေဝလိုက္ရ ပါတယ္။

မနာပ ဒါယီ အရွင္ဝိစိတၱ

Credit

Unicode

ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ၊အိမ်ထောင် မပြုရဆိုတာ မှန်/မမှန်

ဒကာ တစ်ယောက်က “ အရှင်ဘုရား ဝါဆိုချိန်နီးလာပြီ ဆိုတော့ မြန်မာလူမျိုးများ ရဲ့ ဝါတွင်းကာလ မှ အိမ်မပြောင်းရ ၊ အိမ်မရွေ့ရ စတဲ့ အယူ အဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကိုတွေ့ရ ပါတယ် ။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိ သလား၊ ဒီအယူအဆတွေ ကို လိုက်ပြီးလုပ်သင့် သလား ၊ မလုပ်သင့် ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေ ကို သိလိုပါတယ်ဘုရား ” စသဖြင့် မေးလျှောက်ဖူး လို့ ပြန်ပြီးဖြေပေးဖူး ပါတယ်။

ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံ မှာ ဝါတွင်းကာလ နဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီး ရှိပါတယ် ။

ဘာသာရေး နဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာ ကြာတော့ ဘုရား ပဲ ဟောသလိုလို ကျမ်းဂန်တွေ မှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။

ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်း ရှိသလို ဝါတွင်းကာလ အိမ်ထောင် မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။

ဒီအယူအဆတွေဟာ ဘုရားဟောထဲ မှာ မပါတဲ့ ၊ ဘုရားဟော နဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ် ပါတယ်။

ဝါတွင်းကာလမှာ အိမ်ပြောင်းရင်၊ အိမ်ရွှေ့ရင် ဘာဖြစ်မယ် ၊ ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆတွေ ၊ လောကဓာတ် ဆရာတွေရဲ့ ဟောပြောမှုတွေကြောင့်

အခုနောက်ပိုင်းမှာ လူအတော်များများက ရက်ကောင်းရက်မြတ်ရွေး တာတို့ ၊ ဝါမဆိုခင်၊ ဒါမှမဟုတ် ဝါကျွတ်ပြီး မှ လုပ်တာတို့ စတာတွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။

ဝါတွင်းကာလ မှာ အိမ်အပြောင်းအ‌‌ရွှေ့မလုပ်ကောင်းဘူးလို့ မြတ်စွာဘုရား ဟောခဲ့လား…?ရှေးတုန်းကတော့ ရာသီဥတု အနေအထားအရ ဝါတွင်း ဆိုတာ မိုးတွင်း ကာလ ဖြစ်တဲ့အတွက်

မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့ လုပ်ရင် ပိုပြီးဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့ မိုးမကျခင် ကာလ ဒါမှမဟုတ် မိုးရာသီပြီးမှ လုပ်ကြတဲ့ အစဉ်အလာတွေ ရှိကြပါတယ်။ ဒါက ရာသီဥတု အခြေအနေကြောင့် ဖြစ်ပါတယ်။

ခုနောက်ပိုင်းတော့ ဗေဒင်ဆရာ၊ ယတြာဆရာ၊ နက္ခတ္တဆရာ စတဲ့လောက ဓာတ် ဆရာတွေ ရဲ့ အာဘော်တွေ၊ ဒီလောကဓာတ် ဆရာတွေရဲ့ အယူအဆကို ယုံကြည်သူတွေကြောင့်

ဝါတွင်းကာလ အိမ်မပြောင်းကောင်းတာတို့၊ အိမ်မရွှေ့ကောင်းတာတို့၊ အိမ်မဆောက်ကောင်းတာ တို့၊ အိမ်ထောင် မပြုကောင်းတာတို့ စတာတွေ ဖြစ်လာတာ ဖြစ် ပါတယ်။

‌ဒီလိုခေတ်စားလာ တာတွေဟာ ဘုရားဟောမှာ ပါလို့ လုပ်ကြတာတော့ မဟုတ်ကြပါဘူး ။ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေ နဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာမလုပ်ကောင်းဘူး၊

ဘယ်အချိန်မှာ လုပ်ရမယ် စသဖြင့် ဟောထားတာမရှိပါဘူး။ ဘယ်လိုမင်္ဂလာ၊ ဘယ်လိုနက္ခတ်တွေနဲ့ အညီမှ လုပ်ရမယ် ဆိုတာ မရှိပါဘူး ။ ဒီလို နည်းတွေကိုလည်း ဘုရားမြတ်စွာကအားမပေးပါဘူး။

အဲ နက္ခတ်၊ မင်္ဂလာ စတဲ့အယူအဆတွေသိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကို များများကျင့်ကြဖို့ပဲ မိန့်တော်မူ ပါတယ်။ ဒီစကားတော်ကို ပရိတ်ကြီး၊ ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က အထင်းအရှား ဖြစ်ေ စပါတယ်။

အဲဒီသုတ်တော်မှာ ဘုရားရှင်က “ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်း ပါတယ် ၊ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်၊

အမြဲတမ်း ကောင်းသော အချိန် အခါ ဖြစ်ပါတယ် ၊ အမြဲတမ်း ကောင်းသော ပူဇော်ခြင်း ဖြစ် ပါတယ်”

လို့ိ ဟောကြားတော်မူထားတာ ကို တွေ့ရမှာ ဖြစ် ပါတယ် ။ နောက် အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာ နဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော် မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့ အခါ၊

မြို့ရွာအသစ်တည် တဲ့ အခါတွေ နဲ့ ပတ်သက်ပြီးတော့ မဟာပရိနိဗ္ဗာနသုတ် မှာ မိန့်တော်မူထားတဲ့ ဘုရားစကားတော် ရှိပါတယ်။

ဒီသုတ်တော် မှာ ဘုရားရှင်က “ပညာရှိသည် အကြင်အရပ် ၌ အိမ်ရာဆောက်လုပ်နေထိုင် ၏၊ ဤအရ ပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ် တို့ကို ဆွမ်းကျွေးပြီး လျှင် ထိုအရ ပ်၌ ရှိသောနတ်တို့အား အလှူ ၏ အဖို့ကို အမျှဝေရာ ၏၊

ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူ ကို အတုန့်ပြန် ၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန် ၏၊ ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊

နတ်တို့စောင့်ရှောက်ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာ တို့ိကိုသာ တွေ့မြင်ရလေ၏” လို့ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။

ဒီစကားတော်အရ အိမ်အသစ်တက်တဲ့ အခါ၊ နေရာအသစ် ပြောင်းတဲ့အခါ မှာ အိမ်တက်အလှူစတာတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးကတော့ ဘုရားရှင် ရဲ့ တရားတော်နဲ့ လည်း ညီညွတ်လှတဲ့ အတွက် ကောင်းတဲ့ အစဉ်အလာ လို့ ပြောရမှာ ဖြစ် ပါတယ်။

ဒါပေမယ့် ဘယ်အချိန် ၊ ဘယ်ကာလမာှ ဘာမလုပ်ကောင်းဘူး ဆိုတာတွေကတော့ ဘုရားဟော နဲ့ မညီသလို၊ ကိုယ့် ရဲ့ ကံတရားတွေ ကို မယုံကြည်ကြလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

တကယ်လို့သာ အခါကာလတွေ ပြောကြကြေးဆိုရင် ဝါးတွင်း ဝါပတွေ ရွေးစရာမလိုပါဘူး။ မကောင်းတာလုပ်တဲ့ သူတွေအတွက် အချိန်တိုင်းဟာ မကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက် အချိန်တိုင်းဟာ အကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။

ဘယ်အချိန်အိမ်ပြောင်းပြောင်း ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပြီး ကိုယ်ကကောင်းနေမယ်ဆိုရင် ဝါတွင်းမှမဟုတ်ပါဘူး ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝါတွင်းကာလ ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဘုရားဟောအရ လုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့ ခေတ်စားလာတဲ့ လောကဓာတ် ဆရာတွေ ရဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ အယူသည်း လာကြတာ ဖြစ်ကြောင်း၊

ဘုရားဟောအနေနဲ့ကတော့ တကယ်လို့ နက္ခတ်၊ မင်္ဂလာတွေ ရွေးကြကြေးဆိုရင် ကောင်းတဲ့ အကျင့်တွေ လုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ စတာတွေ ဖြစ်နေကြမှာ ဖြစ်ပြီး မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့အချိန်ဟာ

မကောင်းတဲ့ အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်း မှတ်သားကြရမှာ ဖြစ်ပြီး ဒီလို ဘယ်အချိန်၊ဘယ်ကာလစတာတွေ ရွေးကြဖို့ိထက် ဘယ်လိုမကောင်းမှုကို ဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်၊

ဘယ်လိုကောင်းမှုမျိုး ကို ဘယ်လိုရှာပြီး လုပ်ကြမယ် စသဖြင့် ရွေးချယ်ခြင်း ကသာ ဗုဒ္ဓ အလိုတော်ကျ ဖြစ်ကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဝါတွင်းကာလ ဘာမလုပ်ရ ၊ ညာမလုပ်ရ စတဲ့အ ယူအဆ တွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများ နဲ့ ဗေဒင်နက္ခတ် စတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆများသာ ဖြစ်ပြီး

ဘုရားဟော အယူအဆ မဟုတ်တဲ့ အပြင် ဘုရားဟောနဲ့လည်း မညီတဲ့အလုပ်များ ဖြစ်တဲ့အတွက် ဒီလိုအယူအဆတွေမှာ အာရုံမထားကြဘဲ

တကယ် အလေးထားရမှာက မိမိတို့ ရဲ့ လုပ်ရပ်များကိုသာ အလေးထားရမှာ ဖြစ်ကာ ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အကျင့်များ လုပ်နေကြတဲ့ အချိန်တိုင်း ဟာ ကောင်းတဲ့ ရက်ကောင်းရက်မြတ်

အချိန်ကောင်းများပဲ ဖြစ်ပြီး မကောင်း တဲ့ အလုပ်များ ကို လုပ်နေ တဲ့ အချိန်တွေဟာ မကောင်းတဲ့ နက္ခတ်၊ အမင်္ဂလာ အချိန်တွေသာ ဖြစ်တဲ့အတွက် ဝါတွင်းကာလ ဘာမလုပ်ရ၊

ညာမလုပ်ရ စတဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေ လိုက်နေကြမယ့် အစား ကိုယ့်ကိုယ် ကိုသာ အကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အမေးကြည့်၍ အဖြေညှိပေးရင်း လွဲနေတတ် တဲ့ အလွဲတစ်ခု အဖြစ် အလွဲပြ၍ အမှန်မျှဝေလိုက်ရ ပါတယ်။

မနာပ ဒါယီ အရှင်ဝိစိတ္တ

Zawgyi

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …