
လူခ်စ္လူခင္မ်ားတဲ့ သူတစ္ေယာက္ျဖစ္လာေစဖို႔ ကိုယ့္ကိုယ္ကို ဒီလုိေလး ေနထိုင္မယ္
လူခ်စ္္လူခင္မ်ားတယ္ဆုိတာ လူမုန္းမ်ားတာထက္ အမ်ားႀကီး ပိုေကာင္းတဲ့ အရာပါ။ လူခ်စ္လူခင္မ်ားရျခင္းက အဲဒီ႔လူရဲ႕ အက်င့္စ႐ိုက္၊ အျပဳအမူ၊ စိတ္ေနစိတ္ထားေတြနဲ႔ ဆက္သြြယ္ပတ္သက္ေနပါတယ္။ ဒီေတာ့ ကိုယ့္ကို္ယ္ကို လူခ်စ္လူခင္မ်ားတဲ့ သူတစ္ေယာက္ျဖစ္လာဖုိ႔ ဒီနည္းလမ္းေလးေတြက အေထာက္အကူျဖစ္ေစမွာပါ။
ၿပံဳးပါ
လူတစ္ေယာက္္နဲ႔ တစ္ေယာက္ စတင္ရင္းႏွီးျခင္းကို ေဖာ္ျပဖုိ႔ အၿပံဳးက အခရာက်ပါတယ္။ ဒီေတာ့ ကိုယ့္ရဲ႕ မ်က္ႏွာမွာ အၿပံဳးကို ခ်ိတ္ဆြဲထားဖို႔ မေမ့ပါနဲ႔။ တစ္ခ်ိန္လံုး မ်က္ႏွာႀကီး သုန္မႈန္ေနတဲ့သူကိုေတာ့ ဘယ္သူကမွ အေရာဝင္ခင္မင္ၾကမွာ မဟုတ္ပါဘူး။
အၿပံဳးက သင့္ကုိ ပိုလွေအာင္ ျပဳလုပ္ေပးမယ့္ အဆင္ တန္ဆာ တစ္ခုပါ။ ဒါေၾကာင့္ ကိုယ္ရဲ႕ေန႔ရက္တုိင္းမွာ မ်ားမ်ားၿပံဳ းႏုိင္တဲ့သူ တစ္္ေယာက္ျဖစ္ေအာင္ ေနပါ။ အၿပံဳးက ကူးစက္လြယ္တတ္တာမို႔ သင့္ေဘးနားက လူေတြလည္း ၿပံဳးေပ်ာ္လာေစ မွာပါ။
တစ္ျခားသူေတြအေပၚ ေလးစားတတ္ပါ
ေလးစားမႈ ဆုိတာ သူ႔ေနရာနဲ႔သူ အေရးႀကီးပါတယ္။ သူငယ္္ခ်င္း အခ်င္းခ်င္း ထားသင့္တဲ့ ေလးစားမႈ၊ မိသားစု အခ်င္္းခ်င္း ထား႐ွိသင့္တဲဲ့ ေလးစားမႈ၊ ခ်စ္ရသူ၊ မိတ္ေဆြအေပါင္းအသင္း
စတဲ့ ဘယ္္ေလာက္ပဲ ရင္းႏွီးတဲ့ ဆက္ဆံေရးပဲ ျဖစ္ျဖစ္ ေလးစားမႈ ထားဖုိ႔ လုိအပ္ပါတယ္။ ဒီလုိ ေလးစားတတ္မႈက သင့္ကို လူခ်စ္လူခ်င္မ်ား႐ံုမက သူမ်ားေတြက အထင္ႀကီး ခ်ီးက်ဴးမိေစမွာပါ။
ကူညီၾကင္နာတတ္ပါေစ
အခက္အခဲ ဒုကၡေရာက္ေနတဲ့ သူကို ကိုယ္ကူညီႏုိင္ တဲ့အခါ ကူညီတာ၊ အေသးအမႊားေလးပဲျဖစ္ျဖစ္ ကိုယ့္အတြက္ အပန္းမႀကီးရင္ ကူညီတတ္ ပါေစ။ သူမ်ားကို ကူညီတတ္တဲ့သူဟာ ဘယ္္ေတာ့မွ ဒုကၡမေရာက္ တတ္သလို ကိုယ္လုိအပ္တဲ့ အခ်ိန္မွာလည္း
တစ္ေယာက္မဟုတ္ တစ္ေယာက္္က ကိုယ့္ကိုယ္ အကူအညီ လာေပးတတ္ ပါတယ္။ ေနာက္ၿပီး လူေတြအေပၚ ၾကင္နာ တတ္တဲ့ သူတစ္ေယာက္ ျဖစ္ေအာင္ ေနပါ။ ၾကင္နာမႈက လူတုိင္းအတြက္ လုိအပ္ ပါတယ္။
ခြင့္လႊတ္တတ္ပါ
ကိုယ့္အေပၚ မေကာင္းတဲ့ သူေတြကို ခြင့္လႊတ္ တတ္ေအာင္ ႀကိဳးစားပါ။ ခြင့္လႊတ္ျခင္းက ႐ံႈးနိမ့္ျခင္း မဟုတ္သလုိ၊ ကိုယ့္အတြက္ နစ္နာျခင္းလည္း မဟုတ္ပါဘူး။ သူမ်ားအေပၚ ခြင့္မလႊတ္ႏုိင္ရင္ အပူေလာင္ဆံုးက ကိုယ္ပဲ ျဖစ္ေနတတ္လုိ႔
ကိုယ့္ကိုယ္ကို ညုာတာေသာ အားျဖင့္ ခြင့္လႊတ္္တတ္သူ တစ္ေယာက္ျဖစ္ေအာင္ ေနပါ။ ဒါက သင္ကိုယ္တုိင္အတြက္ အေကာင္းဆံုး ေ႐ြးခ် ယ္မႈျဖစ္ၿပီး ဒီအခ်က္က သင့္ကို လူေတြက ေလးစားမိေစမွာ အေသအခ်ာပါ။
ဒီနည္းလမ္းေလးေတြက သင့္ကို လူခ်စ္လူခင္မ်ားၿပီး အမ်ားက အားက်ရတဲ့ သူတစ္ေယာက္ ျဖစ္လာေစမွာ ျဖစ္ပါတယ္။
Khin
Credit
Unicode
လူချစ်လူခင်များတဲ့ သူတစ်ယောက်ဖြစ်လာစေဖို့ ကိုယ့်ကိုယ်ကို ဒီလိုလေး နေထိုင်မယ်
လူချစ်လူခင်များတယ်ဆိုတာ လူမုန်းများတာထက် အများကြီး ပိုကောင်းတဲ့ အရာပါ။ လူချစ်လူခင်များရခြင်းက အဲဒီ့လူရဲ့ အကျင့်စရိုက်၊ အပြုအမူ၊ စိတ်နေစိတ်ထားတွေနဲ့ ဆက်သွယ်ပတ်သက်နေပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို လူချစ်လူခင်များတဲ့ သူတစ်ယောက်ဖြစ်လာဖို့ ဒီနည်းလမ်းလေးတွေက အထောက်အကူဖြစ်စေမှာပါ။
ပြုံးပါ
လူတစ်ယောက်နဲ့ တစ်ယောက် စတင်ရင်းနှီးခြင်းကို ဖော်ပြဖို့ အပြုံးက အခရာကျပါတယ်။ ဒီတော့ ကိုယ့်ရဲ့ မျက်နှာမှာ အပြုံးကို ချိတ်ဆွဲထားဖို့ မမေ့ပါနဲ့။ တစ်ချိန်လုံး မျက်နှာကြီး သုန်မှုန်နေတဲ့သူကိုတော့ ဘယ်သူကမှ အရောဝင်ခင်မင်ကြမှာ မဟုတ်ပါဘူး။
အပြုံးက သင့်ကို ပိုလှအောင် ပြုလုပ်ပေးမယ့် အဆင် တန်ဆာ တစ်ခုပါ။ ဒါကြောင့် ကိုယ်ရဲ့နေ့ရက်တိုင်းမှာ များများပြုံ းနိုင်တဲ့သူ တစ်ယောက်ဖြစ်အောင် နေပါ။ အပြုံးက ကူးစက်လွယ်တတ်တာမို့ သင့်ဘေးနားက လူတွေလည်း ပြုံးပျော်လာစေ မှာပါ။
တစ်ခြားသူတွေအပေါ် လေးစားတတ်ပါ
လေးစားမှု ဆိုတာ သူ့နေရာနဲ့သူ အရေးကြီးပါတယ်။ သူငယ်ချင်း အချင်းချင်း ထားသင့်တဲ့ လေးစားမှု၊ မိသားစု အချင်းချင်း ထားရှိသင့်တဲ့ လေးစားမှု၊ ချစ်ရသူ၊ မိတ်ဆွေအပေါင်းအသင်း
စတဲ့ ဘယ်လောက်ပဲ ရင်းနှီးတဲ့ ဆက်ဆံရေးပဲ ဖြစ်ဖြစ် လေးစားမှု ထားဖို့ လိုအပ်ပါတယ်။ ဒီလို လေးစားတတ်မှုက သင့်ကို လူချစ်လူချင်များရုံမက သူများတွေက အထင်ကြီး ချီးကျူးမိစေမှာပါ။
ကူညီကြင်နာတတ်ပါစေ
အခက်အခဲ ဒုက္ခရောက်နေတဲ့ သူကို ကိုယ်ကူညီနိုင် တဲ့အခါ ကူညီတာ၊ အသေးအမွှားလေးပဲဖြစ်ဖြစ် ကိုယ့်အတွက် အပန်းမကြီးရင် ကူညီတတ် ပါစေ။ သူများကို ကူညီတတ်တဲ့သူဟာ ဘယ်တော့မှ ဒုက္ခမရောက် တတ်သလို ကိုယ်လိုအပ်တဲ့ အချိန်မှာလည်း
တစ်ယောက်မဟုတ် တစ်ယောက်က ကိုယ့်ကိုယ် အကူအညီ လာပေးတတ် ပါတယ်။ နောက်ပြီး လူတွေအပေါ် ကြင်နာ တတ်တဲ့ သူတစ်ယောက် ဖြစ်အောင် နေပါ။ ကြင်နာမှုက လူတိုင်းအတွက် လိုအပ် ပါတယ်။
ခွင့်လွှတ်တတ်ပါ
ကိုယ့်အပေါ် မကောင်းတဲ့ သူတွေကို ခွင့်လွှတ် တတ်အောင် ကြိုးစားပါ။ ခွင့်လွှတ်ခြင်းက ရှုံးနိမ့်ခြင်း မဟုတ်သလို၊ ကိုယ့်အတွက် နစ်နာခြင်းလည်း မဟုတ်ပါဘူး။ သူများအပေါ် ခွင့်မလွှတ်နိုင်ရင် အပူလောင်ဆုံးက ကိုယ်ပဲ ဖြစ်နေတတ်လို့
ကိုယ့်ကိုယ်ကို ညုာတာသော အားဖြင့် ခွင့်လွှတ်တတ်သူ တစ်ယောက်ဖြစ်အောင် နေပါ။ ဒါက သင်ကိုယ်တိုင်အတွက် အကောင်းဆုံး ရွေးချ ယ်မှုဖြစ်ပြီး ဒီအချက်က သင့်ကို လူတွေက လေးစားမိစေမှာ အသေအချာပါ။
ဒီနည်းလမ်းလေးတွေက သင့်ကို လူချစ်လူခင်များပြီး အများက အားကျရတဲ့ သူတစ်ယောက် ဖြစ်လာစေမှာ ဖြစ်ပါတယ်။
Khin
No Comments