အနားယူပါ
Khin
ခရက်ဒစ်
ယူနီကုတ်
စိတ်မပျော်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဒီလိုလေး ဂရုစိုက်ကြမယ်
လူတွေဆီမှာ စိတ်မပျော်တဲ့ အချိန်၊ ဘာမှ လုပ်ချင် ကိုင်ချင်စိတ် မဖြစ်တဲ့ အချိန်ဆိုတာလည်း ရှိပါ တယ်နော်။ ဒီလို စိတ်မပျော်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ဒီလို နည်းလမ်းတွေနဲ့ ဂရုစိုက်လိုက်ပါ။ ဒါက သင့်ရဲ့ စိတ်မပျော်ခြင်းနဲ့ စိတ်မပါခြင်းတွေ ကို ကုသပေး နိုင်ပါတယ်။
အနားယူပါ
ဒီနေ့ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မဖြစ်ဘူး၊ ရုံးလည်း မသွားချင်ဘူး၊ ဘာမှလည်း ခေါင်းရှုပ်စရာတွေ မတွေးချင်ဘူး ဒီတိုင်းလေးပဲ အနားယူ လိုက်ချင်တဲ့ ခံစားမှုမျိုး ဖြစ်ဖူးကြမှာပါ။
အိုကေ ဒါဆို ဒီနေ့ တစ်ရက်ကို အလုပ်ခွင့်ယူပြီး စိတ်ကြိုက် နားလိုက်၊ ဘာမှမလုပ်ပဲ အချိန်ကုန်ဆံုံး အနားယူ လိုက်ပါ။ ဒါပေမယ့် နေ့တိုင်းတော့ အလုပ် မသွားချင်စိတ် ဖြစ်နေတာမျိုးက စိတ်မပါတာ မဟုတ်ပဲ အပျင်းကြီးနေတာ ဆိုတော့ ဒါတော့ မဖြစ်ဘူးပေါ့။
အိမ်မှာပဲ အေးအေးဆေးဆေး ဘာမှမလုပ်ပဲ TV လေးကြည့်လိုက်၊ အိပ်လိုက်၊ ဗိုက်ဆာလာရင် တစ်ခုခု စားလိုက်နဲ့ ကိုယ့်ကိုယ်ကို အနားပေးလိုက်တာက ကိုယ့်ရဲ့ စိတ်မပျော်ခြင်းကို ကုစားနည်း တစ်မျိုးပါပဲ။
ကိုယ် စိတ်ပျော်စေမယ့် အရာလေး လုပ်ပါ
စိတ်တွေ ညစ်နေသလိုလို၊ လူက မလန်းဆန်းဘူး ဖြစ်နေရင်တော့ ကိုယ်စိတ်ပျော်မယ့် အရာလေးတွေ လုပ်သင့် ပါတယ်။ ဥပမာ – သူငယ်ချင်းတွေနဲ့ ဟိုနားဒီနားသွားတာ၊
လျှောက်လည်တာ၊ shopping ထွက်တာ စသဖြင့် ပေါ့ ဒါတွေက ကိုယ့်ရဲ့စိတ်ကို တိုးမြှင့်လိုက်သလိုမျိုးပဲ စိတ်မပျော်ရွှင်ခြင်းတွေကို ပျောက်သွာ းစေမှာ ဖြစ်ပါတယ်။
ဟာသလေးတွေ ကြည့်တာ၊ ဖတ်တာ
စိတ်မပျော်တဲ့ အချိန်မျိုးမှာ စိတ်တွေကို ဖွင့်ထုတ် လိုက်တဲ့ အနေနဲ့ ဟာသေကားတွေ ကြည့်တာမျိုး၊ ဟာသ စာအုပ်တွေ ဖတ်ပြီး ဟက်ဟက်ပက်ပက် ရယ်မော လိုက်ပါ။
ဒါက သင့်စိတ်ကို လန်းဆန်း သွားစေပြီး စိတ်ပြန်လည် ပျော်ရွှင်လာမှာ ဖြစ်ပါတယ်။ ဒါက သင့်ရဲ့ စိတ်ဖိစီးမှုတွေနဲ့ စိတ်မပျော်ခြင်းတွေကို အဝေးကို ပို့ပေးနိုင် ပါတယ်။
မိသားစုနဲ့ အချိန်ကုန်ဆုံးပါ
ကိုယ်စိတ်မပျော်တဲ့ အချိန်မျိုးမှာ မိသားစုနဲ့ အချိန်ကုန်ဆုံးပါ။ မိသားစုနဲ့ ထမင်းလက်ဆံုံ စားတာ၊ စကားတွေ ဝိုင်းဖွဲ့ပြော တာမျိုးက သင့်ရဲ့စိတ်ကို နွေးထွေးစေ ပါတယ်။
ဒီလို မိသားစုနဲ့ အချိန်ကုန်ဆုံးခြင်း ကလည်း သင့်ရဲ့ စိတ်မပျော်ခြင်းကို ကုစားပေးနိုင်ပါတယ်။ ကဲ ဒါဆို စိတ်မပျော်တဲ့ အချိန်မှာ ဒီနည်းလမ်းလေးတွေနဲ့ လွယ်လွယ်ကူကူပဲ ကိုယ့်ရဲ့စိတ်ကို ကုစားလို့ရပါ တယ်နော်။
Khin
No Comments