
Khin
Credit
Unicode
လုပ်ငန်းခွင်မှာ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက်(၄)ချက်
ကိုယ့်ကိုယ် သူများတွေက တော်တယ် လို့ပြောတာ မျိုးကို လူတိုင်း သဘောကျ တတ်ကြပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ရေလိုက်ငါးလိုက် နေမနေပဲ ကိုယ့်အတွက်လည်း တိုးတက်ရာ လမ်းကြောင်း ရှာမယ်၊ အလုပ်မှာလည်း တော်လာမယ့် နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။
ကိုယ့်အလုပ်ကို ပြန်ဆန်းစစ်ပါ
တနင်္လာနေ့တိုင်း ရုံးတက်ဖို့ ပျင်းနေတာမျိုး၊ အလုပ်က အထက်လူကြီးကို မုန်းတီးနေတာမျိုးတွေက သင့်အတွက် မကောင်းတဲ့ လက္ခဏာ ရပ်တွေပါ။ ဒီတော့ အရင်ဆုံး ကိုယ့်ရဲ့ အလုပ်အခြေနေက ဘယ်လို ရှိတယ်၊
လုပ်ဖော် ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးတွေ၊ ကိုယ့်ရဲ့ လိုအပ်ချက်တွေနဲ့ အလုပ်ထဲ မှာပဲ ပိတ်မိနေလား ဆိုတာမျိုးတွေကို ပြန်ဆန်းစစ် သင့်ပါ တယ်။
တစ်ချိန်လုံး အလုပ်လုပ်နေတိုင်းလည်း အလုပ်မှာ တော်နေတာမျိုး မဟုတ် ပါဘူး။ အချိန်အခါနဲ့ အလုပ်လုပ်တတ် ဖို့လိုပြီး ကိုယ့်အတွက် ကိုလည်း အချိန်ပေး သင့်ပါတယ်။
အသစ်အသစ်သော အရာတွေကို လေ့လာပါ
ကိုယ်အလုပ်နဲ့ သက်ဆိုင်တာပဲ ဖြစ်ဖြစ်၊ ကိုယ်ဝါသနာ ပါလို့ လုပ်ကိုင်ချင်တဲ့ အရာပဲ ဖြစ်ဖြစ် ဘာသာ စကားအသစ်တွေ၊ ပညာရပ် အသစ်တွေကို အမြဲတမ်း လေ့လာနေသင့်ပါတယ်။
ဒါက သင့်ရဲ့ အခွင့်အလမ်းတွေကို ပိုတိုးတက်လာစေနိုင်ပြီး ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်းကို အမြန်ဆုံးရောက်ဖို့ အကူ အညီပေးမှာပါ။
ကိုယ်စိတ်ပါတဲ့ တစ်ခြားလမ်းကြောင်းတစ်ခုကို လုပ်ဆောင်ပါ
ဝါသနာက စာရေးဆရာ ဒါမှမဟုတ် ဓာတ်ပုံဆရာ တစ်ယောက်ဆိုပေမယ့် လုပ်နေရတဲ့အလုပ်က အဲဒါနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခု ဆိုပါစို့။ ဒါဆိုရင်တော့ ကိုယ့်ရတဲ့ အချိန်တွေမှာ ကိုယ်စိတ်ဝင်စားတဲ့ အဲဒီ့ အရာကို လုပ်ကြည့်စေ ချင်ပါတယ်။
ဒါက သင့်ကို စိတ်ပျော်စေပြီး ပိုအဓိပ္ပါယ် ရှိသလို ခံစား ရစေမှာပါ။ လောလောဆယ်မှာ အဲဒီ့အလုပ်ကို လုပ်ဖို့ အဆင်သင့် မဖြစ်နိုင်သေး ရင်တောင် အစပျိုးထားရုံလောက်တော့ သင်လုပ်လို့ ရပါ တယ်နော်။
ကိုယ့်ကိုယ်ကို အချိန်ပေးပါ
အလုပ်တွေပဲ တစ်ချိန်လုံး လုပ်နေရင်တော့ လူကဂါပြီး လုပ်ဆောင်နိုင်စွမ်းတွေ လျော့ကျလာတတ်ပါတယ်။ ဒီတော့ ပိတ်ရက်တွေမှာ ကိုယ့်ကိုယ်ကို အချိန်ပေးမယ် အလုပ်တွေကို ခေါင်းထဲကနေ ထုတ်ပြီး စာအုပ်လေးတစ်အုပ်
ဒါမှမဟုတ် ရုပ်ရှင်လေးကြည့်ပြီး သာသာယာယာ အချိန်ဖြုန်းမယ်။ ကိုယ်စားချင်တာလေးတွေ သွားစားမယ်၊ လျှောက်လည်မယ် စသဖြင့် ကိုယ့်ကိုယ်ကို အချိန်ပေးသင့်ပါတယ်။
ဒါက သင့်ရဲ့ စွမ်းရည်တွေကို ပြန်မြှင့်တင်လိုက်တဲ့ သဘောပါပဲ။ ဒီအချက်တွေက အလုပ်နဲ့ မကိုက်ညီဘူးထင်ပေမယ့် တကယ်တမ်းတော့ စိတ်ပိုင်းဆိုင်ရာအရ ဆက်စပ်မှု ရှိနေပါတယ်။
No Comments