သားသမီးမ်ားကို ငရဲေပးတဲ့မိဘဆိုတာ တကယ္ရိွပါသလား - Amawpyay

သားသမီးမ်ားကို ငရဲေပးတဲ့မိဘဆိုတာ တကယ္ရိွပါသလား

သားသမီးမ်ားကို ငရဲေပးတဲ့မိဘဆိုတာ တကယ္ရိွပါသလား
Knowledge

သားသမီးမ်ားကို ငရဲေပးတဲ့မိဘဆိုတာ တကယ္ရိွပါသလား

(သင္မဖတ္ပဲေက်ာ္ သြားလွ်င္ ဘာတစ္ခုမွ သိမယ္ မဟုတ္ပါ) သားသမီးမ်ား ကို ငရဲေပးတဲ့မိဘဆိုတာ တကယ္ ရိွပါတယ္။ (၁) `အျပစ္တင္လြန္းတဲ့မိဘ´ဘာလုပ္လုပ္ အျပစ္တင္ေနတတ္ တာတ နည္း ဆိုရရင္ ေလာဘႀကီး မိၾက တာပါ။

အသံုးမက်ဘူး ဆိုတဲ့ေဘာင္ ထဲသြတ္သြင္းတာ သားသမီးက တကယ္ အသံုးမက် တာျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမဲ့ အသံုးမက် တာကိုပဲ ေဖာက္ျမင္ေန တတ္တာ ဒါကိုၾကား ရဖန္မ်ားလာတဲ့အခါ ေဒါသက မိဘကိုျပန္ခံေျပာ တတ္ဖို႔ စတင္ လာတယ္။

(၂) `ဘက္လိုက္တာ´သားသမီးခ်င္းတူတူ

ငါ့သမီး/သားေလး ဘက္လိုက္ ဆက္ဆံ တတ္တာ ဘက္လိုက္တတ္တဲ့ မိဘေတြရဲ႕ သားသမီးေတြဟာမ စည္းလံုးၾက တာမ်ားတယ္။ မိဘကေသြး ခြဲ ထားလို႔ပါ`နင္ကည့ံတယ္ နင္ကေတာ္တယ္´ဆိုၿပီးကြာလ တီခြဲ လိုက္တဲ့ ကုန္ပစၥည္းေတြဟာ ဘယ္ေတာ့ မွေစ်းႏႈန္းညႇိမရၾကေတာ့ဘူး။

ဘက္လိုက္မႈ ကမေလးစားမႈကို အစပ်ဳိးပါတယ္ အခ်င္းခ်င္း မနာလိုစိတ္ ကေန အမုန္းတရားပြားမ်ား လာတယ္။

ကေလး ဘဝကတည္းက အ႐ိုးစြဲတဲ့ အမုန္းတရားက ဘယ္ေတာ့မွေဖ်ာက္ မရေတာ့ဘူး မိဘေတြ သာမ႐ွိၾကေတာ့ရင္ ဒီေမာင္ႏွမေတြဟာ ပက္သက္စရာ လံုးဝကို မ႐ွိေတာ့တဲ့ လူေတြျဖစ္ေနၾက ပါလိမ့္မယ္။

(၃) ဆဲဆိုလြန္းတာ ေန႔စဥ္ အဆဲခံရတဲ့ လူဟာ မခံခ်င္ စိတ္ေၾကာင့္ ေဒါသမ်ားမယ္ ျပန္ေျပာမိရင္ေတာ့မိဘကို ခံေျပာသလို ျဖစ္တယ္။ ငရဲႀကီးမယ္ ဒုကၡေရာက္မွ ေအးမယ္ေခြးျဖစ္မွာဆိုတဲ့ က်ိန္စာ ဆန္ဆန္စကားေတြဟာ အရမ္းဆိုး ပါတယ္။

ေကာင္းေကာင္းမြန္မြန္ ေျပာၿပီးခိုင္းလို ႔ရနိုင္ေပမယ့္ ဆဲေရးၿပီးမွ လုပ္မယ္ ထင္တဲ့အေတြးနဲ႔ခိို္င္းတာဟာ ဆိုးဝါးလြန္း ပါတယ္။

(၄) `သားသမီး အိမ္ေထာင္ေရး ကိစၥကို စြက္ဖက္တာ´`နင့္ ေယာက္က်ားကဘယ္လို´`နင္ယူထားတဲ့ မိန္းမက ဘယ္လို´ဆိုတာ မ်ဳိးမေျပာသင့္ ပါဘူး။ သားသမီးရဲ႕ေရြးခ်ယ္မႈကိုလဲေလးစား ရပါမယ္ သူေတာင္ သူ႔ဘဝကို သူေနတတ္ လို႔ေနေနတာပါ။

သားသမီးက သူ႔အိမ္ေထာင္နဲ ႔ပက္သက္ၿပီး ကူညီပါလို ႔မေျပာမခ်င္း ဝင္ပါစရာမလိုတာပါ။ ငါ့သမီး မွန္တယ္ ငါ့သားမွန္တယ္ ဆိုတဲ့ အယူအဆဟာ မွားပါတယ္။ ကိုယ့္သားသမီးအေၾကာင္း သိတယ္ ဆိုတာ ကေလးဘဝ မွာပဲျဖစ္ ပါလိမ့္မယ္

ကေလးဘဝမွာသာ မိဘနဲ႔ တစ္ေနကုန္ ႐ွိေနလို႔ သူတို ႔အက်င့္ေလးေတြ သိေနျကရတာသူတို႔္အရြယ္ေရာက္တဲ့ အခါ မိဘနဲ ႔ေနခ်ိန္နည္းေလ မိဘက သားသမီးစိတ္ကုိ မသိရေလဆိုတာကို သတိထား သင့္ပါတယ္။

သားသမီးဆိုတာ မိဘကို အစစအရာရာေျပာျပခ်င္တဲ့ အရြယ္ဆ္ိုတာ အသက္ေလးငါးဆယ္ႏွစ္အရြယ္ မွာပဲ ႐ွိတယ္။ ဒါကို ကေလးလိုပဲ အကုန္သိခ်င္ အကုန္ေျဖ႐ွင္းေပးခ်င္တယ္ဆိုရင္ေတာ့ တကယ္ျဖစ္ လာရင္ေတာင္ မိဘကို မတုိင္ပင္ ၾကေတာ့ တာမ်ားပါတယ္။

`ငါေျပာသားပဲ´ဆိုတဲ့ စကားေနာက္က အျပစ္တင္ မႈေတြ ဟာျပႆနာ ကိုေျဖ႐ွင္းဖို႔ ေဝးကြာေစတာ သားသမီးေတြ ကရိပ္စား မိၾက ပါတယ္။ သားသမီးအေၾကာင္း တကယ္သာသိရင္ ဒါမ်ိဳး မလုပ္သင့့့္ တာကို သိကို သိထား ရမယ္။

(၅) `သားသမီးကိုေျပာဆို ဆက္ဆံပံု မွားတာ´အခ်ိဳ႕ မိဘေတြ႐ွိပါတယ္ ျပင္ပမွာေတာ့ လူငယ္လူႀကီးမေရြးကို အရမ္းအေလးထား ဆက္ဆံတတ္ ပါတယ္။ ေျပာရရင္ လူေတြအေပၚေလးစားမႈ ႐ွိတာေပါ့ သားသမီးကိုက် အဲ့လို မလုပ္ႏုိင္ ၾကပါဘူး။

သားသမီးဆိုတာ ငယ္ႏုိင္ လိုျဖစ္ေနေတာ့ စိတ္အလိုမက် တုိင္းသားသမီးကိုႏွိမ္ေနတတ္တာမ်ိဳးပါ။ေစတနာ စကားေပမယ့္..အေျပာမတတ္ရင္ နားခါးတာ လူ႔သဘာဝပါ။

အျပင္ပန္းက မွတ္မထားခ်င္ ရင္ေနမယ္ စိတ္ခံစားခ်က္ ကေတာ့ မိဘက ငါေျပာတိုင္းမေကာင္းျမင္တယ္ဆိုၿပီးေ ဒါသႀကီးေနတတ္တဲ့ သားသမီးေတြ ႐ွိလာရတာပါ။

စိတ္ဆိုတာ အျမဲၾကည္သာ မေနပါဘူး။

အျမဲ နားပူေအာင္ေန႔စဥ္ ဆံုးမစကားဆို မေနမိပါေစနဲ႔။ သူေန႔စဥ္ လုပ္တာေတြ မွတ္ထားၿပီး တစ္ပတ္တစ္ခါတစ္လ တစ္ခါေလာက္ သာစားပြဲဝိုင္းမွာေအးေအးေဆးေဆးပဲ ဆံုးမစကား တစ္ခြန္းခ်င္းေျပာသင့္ ပါတယ္။

တစ္ပတ္တစ္ခါမို႔ ဆံုးမရတာ စိတ္လဲ ႐ွည္တယ္သားသမီး အေနနဲ႔လည္ းမိဘက ခ်က္က်လက္က်ေျပာေတာ့ျငင္း ရခက္တယ္။ သူ႔အမွားကို ဆင္ျခင္ ႏုိင္တယ္`ေဒါသပါတဲ့ ဆံုးမစကားဟာေျပာင္းျပန္ အက်ဳိးသက္ေရာက္ ပါတယ္။

ဘာလို႔လဲ ဆိုေတာ့ သားသမီးဆိုတာ လူသားမို႔ေဒါသ ထြက္ရင္အရြဲ႕တုိက္တတ္ လို႔ပါ အဆင္မေျပမႈေတြကိုသူတို႔လဲ မလိုလားၾက ပါဘူး။ ဒါေပမဲ့ ျငင္းဆန္ မရရင္ေတာ့ မိဘနဲ႔ထိပ္တုိက္ရင္ဆိုင္ျခင္းထက္ အေဝးကို ေျပးသြားလိုက္တာ အကုသိုလ္ အနည္းဆံုး အဆင္ေျပဆံုးလို႔ထင္ျမင္ ယူဆ လာျကပါတယ္။

မိဘနဲ ့အဆင္မေျပတဲ့ သားသမီးဟာ သူ႔ဖာ သာရပ္တည္ေန ရတဲ့ အခါမွာလဲ အဆင္ေျပဘ္ို႔ဆိုတာ မလြယ္ကူ ပါဘူး။ အဆင္ေျပေျပ မေျပေျပ မိဘမသိပါေစနဲ အဆင္ေျပတယ္ပဲေျပာလိုက္ပါ။

ေတြးပူေနတတ္တဲ့ မိဘကိုလည္း စိတ္မပင္ပန္းေစ သလို အကုသိုလ္လဲ နည္းေစ ပါတယ္။တတ္ႏုိင္ရင္ အေဝးကေနေထာက္ ပ့ံျခင္းကို လုပ္လို ႔ရပါတယ္။

အနီးမွာပဲ ေနမယ္ဆိုလဲ မိဘနဲ႔ အဆင္ေျပေအာင္ နည္းလမ္း႐ွာၿပီး စိတ္ေလ်ာ့ၾက ပါ။ မိဘဆိုတာ အဖိုးတန္ ပါတယ္ ဒါေပမယ့္

သားသမီး ဆိုတာလဲ လူသားမို႔ သူလဲ သူ႔တန္ဖိုးနဲ ့သူ႐ွိတယ္ဆိုတာ မိဘမ်ား အထူးသတိထားၾကည့္ ၾကၿပီးမိဘနဲ႔ သားသမီးမ်ား ဆက္ဆံေရးဟာလဲပို အဆင္ေျပျက မွာပါ။

Credit :OriginalUploaderဗဟုသုတမွ်ေဝသူ – စိုးဝင္းေက်ာ္(စာဖတ္သူမိတ္ေဆြမ်ား စိတ္ေကာ႐ုပ္ေကာ ခ်မ္းသာပါေစဗ်ာ)

Unicode

သားသမီးများကို ငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါသလား

(သင်မဖတ်ပဲကျော် သွားလျှင် ဘာတစ်ခုမှ သိမယ် မဟုတ်ပါ) သားသမီးများ ကို ငရဲပေးတဲ့မိဘဆိုတာ တကယ် ရှိပါတယ်။ (၁) `အပြစ်တင်လွန်းတဲ့မိဘ´ဘာလုပ်လုပ် အပြစ်တင်နေတတ် တာတ နည်း ဆိုရရင် လောဘကြီး မိကြ တာပါ။

အသုံးမကျဘူး ဆိုတဲ့ဘောင် ထဲသွတ်သွင်းတာ သားသမီးက တကယ် အသုံးမကျ တာဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အသုံးမကျ တာကိုပဲ ဖောက်မြင်နေ တတ်တာ ဒါကိုကြား ရဖန်များလာတဲ့အခါ ဒေါသက မိဘကိုပြန်ခံပြော တတ်ဖို့ စတင် လာတယ်။

(၂) `ဘက်လိုက်တာ´သားသမီးချင်းတူတူ

ငါ့သမီး/သားလေး ဘက်လိုက် ဆက်ဆံ တတ်တာ ဘက်လိုက်တတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာမ စည်းလုံးကြ တာများတယ်။ မိဘကသွေး ခွဲ ထားလို့ပါ`နင်ကညံ့တယ် နင်ကတော်တယ်´ဆိုပြီးကွာလ တီခွဲ လိုက်တဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်တော့ မှဈေးနှုန်းညှိမရကြတော့ဘူး။

ဘက်လိုက်မှု ကမလေးစားမှုကို အစပျိုးပါတယ် အချင်းချင်း မနာလိုစိတ် ကနေ အမုန်းတရားပွားများ လာတယ်။

ကလေး ဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက ဘယ်တော့မှဖျောက် မရတော့ဘူး မိဘတွေ သာမရှိကြတော့ရင် ဒီမောင်နှမတွေဟာ ပက်သက်စရာ လုံးဝကို မရှိတော့တဲ့ လူတွေဖြစ်နေကြ ပါလိမ့်မယ်။

(၃) ဆဲဆိုလွန်းတာ နေ့စဉ် အဆဲခံရတဲ့ လူဟာ မခံချင် စိတ်ကြောင့် ဒေါသများမယ် ပြန်ပြောမိရင်တော့မိဘကို ခံပြောသလို ဖြစ်တယ်။ ငရဲကြီးမယ် ဒုက္ခရောက်မှ အေးမယ်ခွေးဖြစ်မှာဆိုတဲ့ ကျိန်စာ ဆန်ဆန်စကားတွေဟာ အရမ်းဆိုး ပါတယ်။

ကောင်းကောင်းမွန်မွန် ပြောပြီးခိုင်းလို့ရနိုင်ပေမယ့် ဆဲရေးပြီးမှ လုပ်မယ် ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်း ပါတယ်။

(၄) `သားသမီး အိမ်ထောင်ရေး ကိစ္စကို စွက်ဖက်တာ´`နင့် ယောက်ကျားကဘယ်လို´`နင်ယူထားတဲ့ မိန်းမက ဘယ်လို´ဆိုတာ မျိုးမပြောသင့် ပါဘူး။ သားသမီးရဲ့ရွေးချယ်မှုကိုလဲလေးစား ရပါမယ် သူတောင် သူ့ဘဝကို သူနေတတ် လို့နေနေတာပါ။

သားသမီးက သူ့အိမ်ထောင်နဲ့ပက်သက်ပြီး ကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ။ ငါ့သမီး မှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆဟာ မှားပါတယ်။ ကိုယ့်သားသမီးအကြောင်း သိတယ် ဆိုတာ ကလေးဘဝ မှာပဲဖြစ် ပါလိမ့်မယ်

ကလေးဘဝမှာသာ မိဘနဲ့ တစ်နေကုန် ရှိနေလို့ သူတို့အကျင့်လေးတွေ သိနေကြရတာသူတို့်အရွယ်ရောက်တဲ့ အခါ မိဘနဲ့နေချိန်နည်းလေ မိဘက သားသမီးစိတ်ကို မသိရလေဆိုတာကို သတိထား သင့်ပါတယ်။

သားသမီးဆိုတာ မိဘကို အစစအရာရာပြောပြချင်တဲ့ အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ်အရွယ် မှာပဲ ရှိတယ်။ ဒါကို ကလေးလိုပဲ အကုန်သိချင် အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့ တကယ်ဖြစ် လာရင်တောင် မိဘကို မတိုင်ပင် ကြတော့ တာများပါတယ်။

`ငါပြောသားပဲ´ဆိုတဲ့ စကားနောက်က အပြစ်တင် မှုတွေ ဟာပြဿနာ ကိုဖြေရှင်းဖို့ ဝေးကွာစေတာ သားသမီးတွေ ကရိပ်စား မိကြ ပါတယ်။ သားသမီးအကြောင်း တကယ်သာသိရင် ဒါမျိုး မလုပ်သင့် တာကို သိကို သိထား ရမယ်။

(၅) `သားသမီးကိုပြောဆို ဆက်ဆံပုံ မှားတာ´အချို့ မိဘတွေရှိပါတယ် ပြင်ပမှာတော့ လူငယ်လူကြီးမရွေးကို အရမ်းအလေးထား ဆက်ဆံတတ် ပါတယ်။ ပြောရရင် လူတွေအပေါ်လေးစားမှု ရှိတာပေါ့ သားသမီးကိုကျ အဲ့လို မလုပ်နိုင် ကြပါဘူး။

သားသမီးဆိုတာ ငယ်နိုင် လိုဖြစ်နေတော့ စိတ်အလိုမကျ တိုင်းသားသမီးကိုနှိမ်နေတတ်တာမျိုးပါ။စေတနာ စကားပေမယ့်..အပြောမတတ်ရင် နားခါးတာ လူ့သဘာဝပါ။

အပြင်ပန်းက မှတ်မထားချင် ရင်နေမယ် စိတ်ခံစားချက် ကတော့ မိဘက ငါပြောတိုင်းမကောင်းမြင်တယ်ဆိုပြီးေ ဒါသကြီးနေတတ်တဲ့ သားသမီးတွေ ရှိလာရတာပါ။

စိတ်ဆိုတာ အမြဲကြည်သာ မနေပါဘူး။

အမြဲ နားပူအောင်နေ့စဉ် ဆုံးမစကားဆို မနေမိပါစေနဲ့။ သူနေ့စဉ် လုပ်တာတွေ မှတ်ထားပြီး တစ်ပတ်တစ်ခါတစ်လ တစ်ခါလောက် သာစားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ ဆုံးမစကား တစ်ခွန်းချင်းပြောသင့် ပါတယ်။

တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲ ရှည်တယ်သားသမီး အနေနဲ့လည် းမိဘက ချက်ကျလက်ကျပြောတော့ငြင်း ရခက်တယ်။ သူ့အမှားကို ဆင်ခြင် နိုင်တယ်`ဒေါသပါတဲ့ ဆုံးမစကားဟာပြောင်းပြန် အကျိုးသက်ရောက် ပါတယ်။

ဘာလို့လဲ ဆိုတော့ သားသမီးဆိုတာ လူသားမို့ဒေါသ ထွက်ရင်အရွဲ့တိုက်တတ် လို့ပါ အဆင်မပြေမှုတွေကိုသူတို့လဲ မလိုလားကြ ပါဘူး။ ဒါပေမဲ့ ငြင်းဆန် မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ် အနည်းဆုံး အဆင်ပြေဆုံးလို့ထင်မြင် ယူဆ လာကြပါတယ်။

မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာ သာရပ်တည်နေ ရတဲ့ အခါမှာလဲ အဆင်ပြေဘို့ဆိုတာ မလွယ်ကူ ပါဘူး။ အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ အဆင်ပြေတယ်ပဲပြောလိုက်ပါ။

တွေးပူနေတတ်တဲ့ မိဘကိုလည်း စိတ်မပင်ပန်းစေ သလို အကုသိုလ်လဲ နည်းစေ ပါတယ်။တတ်နိုင်ရင် အဝေးကနေထောက် ပံ့ခြင်းကို လုပ်လို့ရပါတယ်။

အနီးမှာပဲ နေမယ်ဆိုလဲ မိဘနဲ့ အဆင်ပြေအောင် နည်းလမ်းရှာပြီး စိတ်လျော့ကြ ပါ။ မိဘဆိုတာ အဖိုးတန် ပါတယ် ဒါပေမယ့်

သားသမီး ဆိုတာလဲ လူသားမို့ သူလဲ သူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများ အထူးသတိထားကြည့် ကြပြီးမိဘနဲ့ သားသမီးများ ဆက်ဆံရေးဟာလဲပို အဆင်ပြေကြ မှာပါ။

Credit :OriginalUploaderဗဟုသုတမျှဝေသူ – စိုးဝင်းကျော်(စာဖတ်သူမိတ်ဆွေများ စိတ်ကောရုပ်ကော ချမ်းသာပါစေဗျာ)

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …