
Credit
Unicode
အကယ်၍ ကျွန်မယောက်ျားသာ အငယ်အနှောင်း တွေ့နေခဲ့ရင်
ဟိုမယားငယ်မလဲ ပါးမရိုက်ဘူး။ ကိုယ့်ယောက်ျားလဲ ဘာမှ မလုပ်ဘူး။ ကိုယ့်ခွန်အားကို သူတို့ ကို ရိုက်နှက် မသုံးတော့ဘူး။
တခုလတ်မ ဘဝနဲ့ မနက်ဖြန်တွေကို ကျော်ဖြတ်ဖို့ ခွန်အား ချန်ထား လိုက်တော့ မယ်။ ကွာရှင်းခွင့်ပဲ တောင်းလိုက် မယ်။
အပျော်အပါးမယားပဲ ရှုပ်ရှုပ် သာယာလို့ နောက်မယားပဲ တွေ့တွေ့ ။
အဓိကက ကာယကံရှင် ကိုယ့်ယောကျာ်းက တရားခံပဲ။
အဲမိန်း ကလေးကရော လက်ခံရက်လို့ လက်ခံရင် သူ့ဘဝ နဲ့သူ သွားလိမ့် မယ်။
ကျွန်မ ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့ ဝဋ်ဆိုတာ လက်ခံတယ်။
တောင်းပန်ပါတယ် နောက်မလုပ်ပါဘူး ဆိုပီး ပြန်လာပြောလဲ ကျွန်မတို့ မိန်းမတွေသာ မှားခဲ့ရင် ရှင်တို့ ယောက်ျား လက်ခံ နိုင်မလားပဲ မေးချင် တယ်။
ကိုယ်တွေမိန်းမ ရွံတာထက် သူတို့ယောကျာ်း တွေက ၁၀ ဆ ပိုရွံပြပါလိမ့်မယ်။
ယောကျာ်း တချို့က ပြောကြမယ် မိန်းမ မကောင်းလို့ ယောက်ျားဖောက်ပြန် ကြ တာ တဲ့။
အဲလိုပြောပီး ဖောက်ပြန်တဲ့ ယောကျာ်းဟာ ကျွန်မတို့ မိန်းမ သားတွေ မျက်တောင်ခတ်တာ တောင် အပြစ်ပြောပီး ဖောက်ပြန်ကြ မှာပါ။
အချို့ ကပြောကြတယ်.. သားသမီးမျက်နှာ ငဲ့လို့ မသတီလဲ အောင့်ကာပေါင်းတယ်တဲ့။
နင့်အဖေကို နငိ့အမေ မဟုတ်တဲ့ မိန်းမ တယောက်နဲ့ ဘယ်မှာ ဘယ်လို တွေ့လိုက်တယ် ဆိုတဲ့ လေထဲက သတင်းက
အမေ သိက္ခာကျလို့ ရှက်ရတာ ထက် ကိုယ့်သားသမီးက ပိုမျက်နှာ ငယ်ရ တာပါ။
စိတ်နဲ့ ပဲဖောက်ပြန်ဖောက်ပြန်.. တညတာ ပဲ ဖောက်ပြန်ဖောက်ပြန်
မယားငယ်ထားပီး ဖောက်ပြန်ဖောက်ပြန် ဘယ်သူဘယ်သူ့ ကိုမှ အပြစ်မတင်ပဲ ကိုယ့်ကံကိုသာ ကိုယ်အပြစ်တင် လိုက် ပါ ။
သူကဖောက်ပြန် ချင်နေတာ ခဏတာ မဟုတ်ပဲ တဘဝတာ လွတ်လွတ် ကျွတ်ကျွတ် ဖောက်ပြန်နိုင်အောင် အတားအဆီး မရှိ လွှတ်ပေး လိုက်ပါ။
သူ့လို လူကို ဘေးမှာထားတာ ကိုယ်ကိုယ်တိုင် ပူလောင်ပါတယ်
No Comments