
ေယာက်ၤားေလးေတြ အျမင္မွာ လြယ္တယ္ ထင္ရတဲ့ မိန္းကေလး ပံုစံမ်ား
မိန္္းကေလးေတြ ဆိုတာ သူ႔သဘာဝနဲ႔ သူ ေနၾကေပမယ့္ ေယာက်ၤားေလးေတြ ကေတာ့ အေတြးေတြထဲ သတ္မွတ္ ပစ္လိုက္ တာေတြ ရွိပါ တယ္။
ဘယ္လိုဆိုရင္ ဘယ္လို မိန္းကေလးမ်ိဳးဆိုၿပီး အလြယ္တကူ သတ္မွတ္ လိုက္တတ္ ၾကပါတယ္။ ဒါေၾကာင့္ပဲ ေယာက်ၤားေလးေတြက ဘယ္လို မိန္းကေလး ပံုစံေတြကုိ လြယ္တယ္လို႔ ထင္ေလ့ ရွိတယ္ ဆိုတာကို ေဖာ္ျပလိုက္ ရပါတယ္ေနာ္။
(၁) အယံုလြယ္တဲ့ မိန္းကေလး
ရိုးသားတဲ့ မိန္းကေလး အမ်ားစုက ကိုယ့္ကို လူေကာင္း ပံုစံမ်ိဳးနဲ႔ လာေျပာတဲ့ စကားေတြကို လက္ခံ ယံုၾကည္ေလ့ ရွိိပါတယ္။ ဒါက သူတို႔မွာ လူေတြကို ယံုၾကည္ေပးတတ္တဲ့ အက်င့္ ရွိလို႔ပါ။
ဒါေပမယ့္လည္း ေကာင္ေလးေတြ အျမင္မွာေတာ့ လြယ္တယ္ ထင္သြားတတ္ ပါတယ္။ တကယ္ရိုးသားတဲ့ သူဆိုတာေတာင္မွ တစ္ခ်ိဳ႕ေကာင္ေလးေတြက ရိုးသားေတာ့ လြယ္တာေပါ့လို႔ေတာင္ ေတြးတတ္ၾက ပါေသးတယ္။
(၂) လိုက္ေလ်ာတဲ့ မိန္းကေလး
ေကာင္ေလးေတြရဲ႕ သဘာဝက ခ်စ္စိတ္ဝင္မွ မိန္းကေလးေတြကို ခ်ဥ္းကပ္ ၾကတာမ်ိဳး မဟုတ္ပါဘူး။ စိတ္ဝင္စား ရံုေလာက္နဲ႔လည္း ခ်ဥ္းကပ္ တတ္ၾက ပါတယ္။ သူတို႔ ခ်ဥ္းကပ္တဲ့အခါမွာ ေတာင္းဆိုမႈေတြက အျမဲ ကပ္ပါေနေလ့ ရွိပါတယ္။
မုန္႔စားရေအာင္ ဘယ္ကို အတူသြား ရေအာင္ စသျဖင့္ ျဖစ္ပါတယ္။ ဒီလိုအရာေတြ အလြယ္တကူ လိုက္ေလ်ာတဲ့ အခါ ေကာင္ေလးေတြက စိတ္ဝင္စားမႈ ေလ်ာ့က် သြားၿပီး လြယ္တဲ့သူလို႔ ယူဆ သြားတတ္ၾက ပါေသးတယ္။
(၃) စကားေျပာခ်ိဳသာတဲ့ မိန္းကေလး
လူမႈေရး ရွိတဲ့ မိန္းကေလး အခ်ိဳ႕ကေတာ့ ကိုယ့္ကို ခ်ဥ္းကပ္ လာတဲ့ ေယာက်ၤားေလးမွန္း သိရရင္ေတာင္ ျပန္ အသိအမွတ္ျပဳ စကားေျပာေလ့ ရွိပါတယ္။
ခင္ခင္မင္မင္ ျပန္္ အလိုက္သင့္ ေျပာတဲ့ မိန္္းကေလးေတြ လည္း ရွိတတ္ ပါေသးတယ္။ ဒီလို မိန္္းကေလးေတြကို ေကာင္ေလးေတြက လြယ္တဲ့သူေတြလို႔ အထင္လြဲသြားေလ့ ရွိပါတယ္။
(၄) ရင္းႏွီးလြယ္တဲ့ မိန္းကေလး
မိန္းကေလးေတြ မွာလည္း ခင္တတ္ မင္တတ္တဲ့ မိန္းကေလးေတြ ရွိေန ပါေသးတယ္။ သူတို႔ေတြကေတာ့ ဘယ္သူနဲ႔ မဆို ရင္းႏွီးလြယ္ ပါတယ္။ ဒါေပမယ့္ အေၾကာင္း မသိဘဲ လာခ်ဥ္းကပ္လာတဲ့ အခါမ်ိိဳးေတြမွာ ဒီလို ရင္းႏွီးလြယ္ တာကို သိရၿပီး လြယ္တယ္တဲ့ ယူဆၾကတတ္ပါေသးတယ္။
(၅) အေပ်ာ္အပါးမက္တဲ့ မိန္းကေလး
မိန္းကေလးေတြ မွာလည္း ေပ်ာ္တာကို သေဘာက်တာနဲ႔ အေပ်ာ္အပါး ကိစၥေတြကို ႏွစ္သက္သူေတြ ရွိပါတယ္။ ဒါက လူ႔သဘာဝမို႔ မထူးဆန္းေပမယ့္ လူအမ်ားက မိန္းကေလးေတြကို ခြဲျခား ဆက္ဆံ တာေတြေၾကာင့္ မိန္းကေလးေတြ အေပ်ာ္အပါး မက္ရင္ မေကာင္းတဲ့သူေတြလို ယူဆတတ္ ၾကပါတယ္။
ဒါေၾကာင့္ ေကာင္ေလးေတြ ကလည္း အေပ်ာ္အပါးမက္တဲ့ ေကာင္မေလးေတြကို လြယ္တဲ့သူေတြလို႔ သတ္မွတ္ ထားၾက ပါတယ္။
Kham
Credit
Unicode
ယောင်္ကျားလေးတွေ အမြင်မှာ လွယ်တယ် ထင်ရတဲ့ မိန်းကလေး ပုံစံများ
မိန်းကလေးတွေ ဆိုတာ သူ့သဘာဝနဲ့ သူ နေကြပေမယ့် ယောင်္ကျားလေးတွေ ကတော့ အတွေးတွေထဲ သတ်မှတ် ပစ်လိုက် တာတွေ ရှိပါ တယ်။
ဘယ်လိုဆိုရင် ဘယ်လို မိန်းကလေးမျိုးဆိုပြီး အလွယ်တကူ သတ်မှတ် လိုက်တတ် ကြပါတယ်။ ဒါကြောင့်ပဲ ယောင်္ကျားလေးတွေက ဘယ်လို မိန်းကလေး ပုံစံတွေကို လွယ်တယ်လို့ ထင်လေ့ ရှိတယ် ဆိုတာကို ဖော်ပြလိုက် ရပါတယ်နော်။
(၁) အယုံလွယ်တဲ့ မိန်းကလေး
ရိုးသားတဲ့ မိန်းကလေး အများစုက ကိုယ့်ကို လူကောင်း ပုံစံမျိုးနဲ့ လာပြောတဲ့ စကားတွေကို လက်ခံ ယုံကြည်လေ့ ရှိပါတယ်။ ဒါက သူတို့မှာ လူတွေကို ယုံကြည်ပေးတတ်တဲ့ အကျင့် ရှိလို့ပါ။
ဒါပေမယ့်လည်း ကောင်လေးတွေ အမြင်မှာတော့ လွယ်တယ် ထင်သွားတတ် ပါတယ်။ တကယ်ရိုးသားတဲ့ သူဆိုတာတောင်မှ တစ်ချို့ကောင်လေးတွေက ရိုးသားတော့ လွယ်တာပေါ့လို့တောင် တွေးတတ်ကြ ပါသေးတယ်။
(၂) လိုက်လျောတဲ့ မိန်းကလေး
ကောင်လေးတွေရဲ့ သဘာဝက ချစ်စိတ်ဝင်မှ မိန်းကလေးတွေကို ချဉ်းကပ် ကြတာမျိုး မဟုတ်ပါဘူး။ စိတ်ဝင်စား ရုံလောက်နဲ့လည်း ချဉ်းကပ် တတ်ကြ ပါတယ်။ သူတို့ ချဉ်းကပ်တဲ့အခါမှာ တောင်းဆိုမှုတွေက အမြဲ ကပ်ပါနေလေ့ ရှိပါတယ်။
မုန့်စားရအောင် ဘယ်ကို အတူသွား ရအောင် စသဖြင့် ဖြစ်ပါတယ်။ ဒီလိုအရာတွေ အလွယ်တကူ လိုက်လျောတဲ့ အခါ ကောင်လေးတွေက စိတ်ဝင်စားမှု လျော့ကျ သွားပြီး လွယ်တဲ့သူလို့ ယူဆ သွားတတ်ကြ ပါသေးတယ်။
(၃) စကားပြောချိုသာတဲ့ မိန်းကလေး
လူမှုရေး ရှိတဲ့ မိန်းကလေး အချို့ကတော့ ကိုယ့်ကို ချဉ်းကပ် လာတဲ့ ယောင်္ကျားလေးမှန်း သိရရင်တောင် ပြန် အသိအမှတ်ပြု စကားပြောလေ့ ရှိပါတယ်။
ခင်ခင်မင်မင် ပြန် အလိုက်သင့် ပြောတဲ့ မိန်းကလေးတွေ လည်း ရှိတတ် ပါသေးတယ်။ ဒီလို မိန်းကလေးတွေကို ကောင်လေးတွေက လွယ်တဲ့သူတွေလို့ အထင်လွဲသွားလေ့ ရှိပါတယ်။
(၄) ရင်းနှီးလွယ်တဲ့ မိန်းကလေး
မိန်းကလေးတွေ မှာလည်း ခင်တတ် မင်တတ်တဲ့ မိန်းကလေးတွေ ရှိနေ ပါသေးတယ်။ သူတို့တွေကတော့ ဘယ်သူနဲ့ မဆို ရင်းနှီးလွယ် ပါတယ်။ ဒါပေမယ့် အကြောင်း မသိဘဲ လာချဉ်းကပ်လာတဲ့ အခါမျိုးတွေမှာ ဒီလို ရင်းနှီးလွယ် တာကို သိရပြီး လွယ်တယ်တဲ့ ယူဆကြတတ်ပါသေးတယ်။
(၅) အပျော်အပါးမက်တဲ့ မိန်းကလေး
မိန်းကလေးတွေ မှာလည်း ပျော်တာကို သဘောကျတာနဲ့ အပျော်အပါး ကိစ္စတွေကို နှစ်သက်သူတွေ ရှိပါတယ်။ ဒါက လူ့သဘာဝမို့ မထူးဆန်းပေမယ့် လူအများက မိန်းကလေးတွေကို ခွဲခြား ဆက်ဆံ တာတွေကြောင့် မိန်းကလေးတွေ အပျော်အပါး မက်ရင် မကောင်းတဲ့သူတွေလို ယူဆတတ် ကြပါတယ်။
ဒါကြောင့် ကောင်လေးတွေ ကလည်း အပျော်အပါးမက်တဲ့ ကောင်မလေးတွေကို လွယ်တဲ့သူတွေလို့ သတ်မှတ် ထားကြ ပါတယ်။
Kham
No Comments