
စိတ္ခ်မ္းသာစြာ ေနတတ္ျခင္းရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေလးမ်ား
စိတ္ခ်မ္းသာေအာင္ ေနဖို႔ဆိုတာ မလြယ္ပါဘူး။ ဖိစိးမႈေတြ မ်ားတဲ့ ကမာၻႀကီးမွာ စိတ္ညစ္စရာေတြနဲ႔ ေန႔ရက္ေတြမွာ ပင္ပန္းေနၾက ရေပမယ့္ စိတ္ခ်မ္းသာေအာင္ ေနဖို႔ေတာ့ လုိပါတယ္။
ကိုယ့္စိတ္ ခ်မ္းသာမႈကို ကိုယ္ ဖန္တီးမွသာ ကိုယ့္အတြက္ ေကာင္းက်ိဳးေလးေတြ ေရာက္လာမွာပါ။ စိတ္ခ်မ္းသာေအာင္ ေနဖို႔ မလြယ္ေပမယ့္ ေနၾကည့္ရင္ေတာ့ ဒီလုိ ေကာင္းက်ိဳးေလးေတြ ရမွာ ပါေနာ္။
(၁) ရုပ္ႏုမယ္
စိတ္ပ်ိဳလို႔ ကိုယ္ႏုတယ္ ဆိုတာကို ၾကားဖူးၾကမွာပါ။ တစ္ခ်ိဳ႕ေတြဆို အသက္ေတြသာ ႀကီးလာတာ ရုပ္ကေျပာင္း မသြားတဲ့ သူေတြလည္း ရွိပါတယ္။ ဒီအတြက္ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ စိတ္ခ်မ္းသာေအာင္ ေနျခင္းပဲ ျဖစ္ပါတယ္။ စိတ္ေလးေတြ ၾကည့္ေနေတာ့ ရုပ္ပါ တျဖည္းျဖည္း ၾကည္လာမွာပဲ ျဖစ္ပါတယ္။
(၂) စိတ္ဖိစီးမႈ ကင္းေဝးမယ္
စိတ္ခ်မ္းသာေအာင္ ေနႏိုင္ေလေလ စိတ္ဖိစီးမႈေတြ ကေန ကင္းလြတ္ေလေလ ျဖစ္ပါတယ္။ ပထမပိုင္းေတာ့ စိတ္ခ်မ္းသာ တာက သက္သက္ စိတ္ဖိစီးတာက သက္သက္ ျဖစ္ေနႏိုင္ေပမယ့္
တျဖည္းျဖည္းနဲ႔ စိတ္ခ်မ္း သာေအာင္ ေနတတ္ တဲ့သူက စိတ္ဖိစီးမႈကို ခံစားရတာပါ ေလွ်ာ့နည္းလာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးလို႔ ျဖစ္တဲ့ ဆိုးက်ိဳးေတြကို ရမွာ မဟုတ္ေတာ့ပါဘူး။
(၃) ပိုၿပီး စတိုင္က်လာမယ္
စိတ္ခ်မ္းသာတဲ့ သူတစ္ေယာက္က ကိုယ့္ကိုယ္ကို ပိုၿပီး ဂရုစိုက္ လာတတ္ ပါတယ္။ ကိုယ့္ကိုယ္ကို ၾကည့္ေကာင္းေအာင္ ျပင္ဆင္ေနထိုင္မႈက ပိုၿပီးေတာ့လည္း စိတ္ခ်မ္းသာေစပါေသးတယ္။ ဒီလိုနဲ႔ အျမဲ တက္ႂကြလန္းဆန္းေနတဲ့ အသြင္နဲ႔ သင္က အျမဲ စတိုင္က်ေနသူ ျဖစ္ေနမွာပါ။
(၄) ေပ်ာ္ရႊင္ရတယ္
စိတ္ေတြ ဖိစီးေနတာေတြကို ေလွ်ာ့ေအာင္ ျပဳလုပ္ၿပီး စိတ္ခ်မ္းသာေအာင္ ေနတာက တကယ့္ကို ေကာင္းေသာ အခ်က္ပါပဲ။ စိတ္ဖိစီးမႈေတြ နည္းသြားၿပီး စိတ္ခ်မ္းသာစရာေတြ ေတြးျဖစ္ လုပ္ျဖစ္လာတဲ့အခါမွာ
လူက ေပ်ာ္ရႊင္မႈေတြ ခံစားလာရၿပီး က်န္းမာလာမွာ ျဖစ္ပါတယ္။ ေပ်ာ္ရႊင္တဲ့သူက စိတ္ညစ္ေနတဲ့သူထက္ ပိုၿပီး ၾကည့္ေကာင္းေနပါေသးတယ္။
(၅) အလုပ္ေတြမွာ ပိုအဆင္ေျပလာမယ္
စိတ္ေတြ ၾကည္ေနရင္ အလုပ္ေတြက ပိုၿပီး လုပ္ရ အဆင္ေျပပါတယ္။ စိတ္ခ်မ္းသာေနရင္ေတာ့ ပိုၿပီးေတာင္ အလုပ္ၿပီးေျမာက္ ေအာင္ျမင္မႈေတြ ရွိေနမွာပါ။ ဒါက စိတ္ရဲ႕ တန္ခိုးပါပဲ။
ဖိစီးမႈေတြ အရမ္းမ်ားေနတဲ့ သူတစ္ေယာက္ အလုပ္ကို အျပည့္အဝ အာရံုစိုက္ႏိုင္ဖုိ႔ ခဲယဥ္းပါတယ္။ ဒါေၾကာင့္ စိတ္ခ်မ္းသာတဲ့အခ်ိန္က ပိုၿပီး အလုပ္ေတြကို ေအာင္ျမင္ေစတာ ျဖစ္ပါတယ္။
Credit
Unicode
စိတ်ချမ်းသာစွာ နေတတ်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးများ
စိတ်ချမ်းသာအောင် နေဖို့ဆိုတာ မလွယ်ပါဘူး။ ဖိစိးမှုတွေ များတဲ့ ကမ္ဘာကြီးမှာ စိတ်ညစ်စရာတွေနဲ့ နေ့ရက်တွေမှာ ပင်ပန်းနေကြ ရပေမယ့် စိတ်ချမ်းသာအောင် နေဖို့တော့ လိုပါတယ်။
ကိုယ့်စိတ် ချမ်းသာမှုကို ကိုယ် ဖန်တီးမှသာ ကိုယ့်အတွက် ကောင်းကျိုးလေးတွေ ရောက်လာမှာပါ။ စိတ်ချမ်းသာအောင် နေဖို့ မလွယ်ပေမယ့် နေကြည့်ရင်တော့ ဒီလို ကောင်းကျိုးလေးတွေ ရမှာ ပါနော်။
(၁) ရုပ်နုမယ်
စိတ်ပျိုလို့ ကိုယ်နုတယ် ဆိုတာကို ကြားဖူးကြမှာပါ။ တစ်ချို့တွေဆို အသက်တွေသာ ကြီးလာတာ ရုပ်ကပြောင်း မသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒီအတွက် လျှို့ဝှက်ချက်ကတော့ စိတ်ချမ်းသာအောင် နေခြင်းပဲ ဖြစ်ပါတယ်။ စိတ်လေးတွေ ကြည့်နေတော့ ရုပ်ပါ တဖြည်းဖြည်း ကြည်လာမှာပဲ ဖြစ်ပါတယ်။
(၂) စိတ်ဖိစီးမှု ကင်းဝေးမယ်
စိတ်ချမ်းသာအောင် နေနိုင်လေလေ စိတ်ဖိစီးမှုတွေ ကနေ ကင်းလွတ်လေလေ ဖြစ်ပါတယ်။ ပထမပိုင်းတော့ စိတ်ချမ်းသာ တာက သက်သက် စိတ်ဖိစီးတာက သက်သက် ဖြစ်နေနိုင်ပေမယ့်
တဖြည်းဖြည်းနဲ့ စိတ်ချမ်း သာအောင် နေတတ် တဲ့သူက စိတ်ဖိစီးမှုကို ခံစားရတာပါ လျှော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးလို့ ဖြစ်တဲ့ ဆိုးကျိုးတွေကို ရမှာ မဟုတ်တော့ပါဘူး။
(၃) ပိုပြီး စတိုင်ကျလာမယ်
စိတ်ချမ်းသာတဲ့ သူတစ်ယောက်က ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက် လာတတ် ပါတယ်။ ကိုယ့်ကိုယ်ကို ကြည့်ကောင်းအောင် ပြင်ဆင်နေထိုင်မှုက ပိုပြီးတော့လည်း စိတ်ချမ်းသာစေပါသေးတယ်။ ဒီလိုနဲ့ အမြဲ တက်ကြွလန်းဆန်းနေတဲ့ အသွင်နဲ့ သင်က အမြဲ စတိုင်ကျနေသူ ဖြစ်နေမှာပါ။
(၄) ပျော်ရွှင်ရတယ်
စိတ်တွေ ဖိစီးနေတာတွေကို လျှော့အောင် ပြုလုပ်ပြီး စိတ်ချမ်းသာအောင် နေတာက တကယ့်ကို ကောင်းသော အချက်ပါပဲ။ စိတ်ဖိစီးမှုတွေ နည်းသွားပြီး စိတ်ချမ်းသာစရာတွေ တွေးဖြစ် လုပ်ဖြစ်လာတဲ့အခါမှာ
လူက ပျော်ရွှင်မှုတွေ ခံစားလာရပြီး ကျန်းမာလာမှာ ဖြစ်ပါတယ်။ ပျော်ရွှင်တဲ့သူက စိတ်ညစ်နေတဲ့သူထက် ပိုပြီး ကြည့်ကောင်းနေပါသေးတယ်။
(၅) အလုပ်တွေမှာ ပိုအဆင်ပြေလာမယ်
စိတ်တွေ ကြည်နေရင် အလုပ်တွေက ပိုပြီး လုပ်ရ အဆင်ပြေပါတယ်။ စိတ်ချမ်းသာနေရင်တော့ ပိုပြီးတောင် အလုပ်ပြီးမြောက် အောင်မြင်မှုတွေ ရှိနေမှာပါ။ ဒါက စိတ်ရဲ့ တန်ခိုးပါပဲ။
ဖိစီးမှုတွေ အရမ်းများနေတဲ့ သူတစ်ယောက် အလုပ်ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် စိတ်ချမ်းသာတဲ့အချိန်က ပိုပြီး အလုပ်တွေကို အောင်မြင်စေတာ ဖြစ်ပါတယ်။
No Comments