
ကြည်ညိုလို့ မဆုံး ရင်ထဲ တသိမ့်သိမ့်တုန် အတွင်း စိတ်ဓာတ် မြင့်မြတ်ကြည်လင် သူတော်စင်အရိယာ သံဃာတော်များ အထိ အာရုံပြု နိုင်ကြ ပါစေ
Unicode
ကြည်ညိုစရာကောင်းတဲ့ စစ်ကိုင်းက သံဃာတော်အရှင် သူမြတ်များ၏ တရားအားထုတ်ပုံ
ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေ အတွက် ရတနာ သုံးပါးဟာ ဆည်းကပ် ကိုးကွယ် ရမယ့် မြတ်ရတနာပဲ ဖြစ်ပါ တယ်
ရတနာ ၃ ပါး ထဲမှာ တစ်ပါး အပါအဝင် ဖြစ်တဲ့ သံဃာတော်တွေ ဟာလည်း ဒကာ ဒကာမတွေအတွက် မြတ်တရားတွေ ဟောပြောပေး ကြပါ တယ်
ဒီလို ပုထုဇဉ် လူသားတွေ အတွက် တရားမြတ်တွေ လမ်းညွှန် ရုံမက ကိုယ်တိုင် ကလည်း ကျင့်ကြံ အား ထုတ် ကြ ပါ တယ်
စစ်ကိုင်းမြို့ မဟာ စကြာကျောင်း တိုက်က သံဃာတော် အရှင်သူမြတ်တွေ တရားအားထုတ်နေတဲ့ ပုံရိပ် လေးတွေ ဟာ ကြည်နူး ချမ်းမြေ့ ကြည်ညို ဖွယ် ရာ ကောင်း တာ မို့ ခုလို ပြန် လည် ဖော် ပြ လိုက် ပါ တယ်
အလွန်ကြည် ညို ဖွယ် ကောင်း သော စစ် ကိုင်းမြို့ မဟာ စကြာကျောင်းတိုက် သံဃာတော်များ နေ့စဉ် ညနေတိုင်း ဘုရားဝတ် တက် နေ သည် ကို ဖူးတွေ့ ခဲ့ ရ ပါ သည် ။
ဆရာသမားကောင်းတို့၏ ဆုံးမမှု များ ကို ခံ ယူ ရ ထား တဲ့ တပည့်ကောင်း သံဃာအပေါင်း၏ ညီညီ ညာညာ အစီစဉ်တကျဖြစ်နေ တဲ့ ပုံရိပ် များ သည် မြင်တွေ့ရ သူတိုင်းအားစိတ်၏ ကြည်လင်ခြင်းကို ဖြစ်စေ သွား တာ ပါ ပဲ ။
ကြည်ညိုလို့ မဆုံး ရင်ထဲ တသိမ့်သိမ့်တုန် အတွင်း စိတ်ဓာတ် မြင့်မြတ်ကြည်လင် သူတော်စင်အရိယာ သံ ဃာ တော် များ အ ထိ အာရုံပြု နိူင်ကြ ပါစေ
Writer ; Kwee (Jeeptoolay)
Source ; Ashin Kavi nanda
No Comments