- By : Lin htet
- Category : အလှအပ ရေးရာ
ပါရမီ
Credit
Unicode
ညှင်း၊တင်းတိပ်၊ဝက်ခြံ၊မှဲ့ခြောက် ၊ငါးမျက်စိ၊အနာဖု အနာကျိတ်မှန်သမျှပျောက်သည်ဆိုသည့် ဘုတလက်စေ့
ငါးမျက်စိဖုလေးတွေ မျက်နှာပေါ်မှာဖြစ်နေသော သူများအားလုံးအတွက်ကိုယ်တိုင်လိမ်းပြီးပျောက်ကင်း သွားတဲ့ဆေးနည်းကိုဖော်ပြပေးလိုက်ပါတယ်ရှင်။
“ဘုတလက်စေ့ကိုသွေးပြီးလိမ်းပါ မြန်မြန်ပျောက်ချင်ရင် ဆန်ဆေးရည်(သိုမဟုတ်)သံပုရာရည်နှင့်သွေးလိမ်းပါ” ညလိမ်းအိပ်ပီးနောက်တနေ့နံနတ်မှ မျက်နှာသစ်ပါ။
တနေကုန်မျက်နှာပေါ်မှာကိုယ်လိမ်းနေကြများလိမ်းနိုင်ပါတယ် မတည့်တာမျိုးမဖြစ်ပါရှင်
ငါးမျက်စိ ဖြစ်တာမကြာသေးသူမှာ အဖုလေးများကို လေးငါးရက်လောက်
လိမ်းပေးရင်အဖုလေး များဆက်မထွက်တော့ဘဲ ထွက်ပီးသား အဖုလေးများမှာလည်း အမြစ်မှ ကျွတ်ထွက်သွားပါမည်။ ငါးမျက်စိ ဖြစ်တာ နှစ်ချီပြီးကြာသူများ အတွက်ကတော့ တစ်လနှစ်လလောက် လိမ်းပေးပါ သက်သာပျောက်ကင်း သွားပါမည်ရှင်။
ဆေးလိမ်းနေသည့်ရက်များမှာ လိမ်းထားသည့်နေရာမှယားနေလျှင် မကြောက်ပါနှင့် အဖုလေးကျွတ်ထွက်ခါနီးလို့ပါ။ ဆေးလိမ်းပြီးမှာ မျက်နှာ အသားအရေမှာမဲချင်ကွက်သွားချင် အမာရွတ်များ ဖြစ်ပြီးကျန်မနေခဲ့ပါ။
ညစဉ် ဆန်ဆေးရည် သို့မဟုတ် ရိုးရိုးရေဖြင့် နေ့စဉ်လိမ်းပေးနိုင်ပါက အသားအရေဖြူဖွေး ချောမွတ်ပါမည်ရှင်။ ငါးမျက်စိမှာ မိဘမျိုးရိုးထံမှာ ရှိလျှင်ဆေးလိမ်းပြီးပျောက်ကင်းသွားလည်း သုံးလေးနှစ် ကြာလျှင်ပြန်ထွက်တက် ပါသည်။
ပြန်ထွက်လာပါက ဆေးကို ပြန်ပီးလိမ်းပါ သက်သာပျောက် ကင်းပါမည် ဘုတလက်စေ့က ပရဆေးဆိုင်များ မှာဝယ်လို့ရပါတယ်။ အလောင်းတော်ကဿပ ဘုရားဖူးသွာလျှင် ဈေးသည်လေးများမှာ ဘုတလက်စေ့များကို ပေါများစွာရောင်းချ ပါသည်။
မျက်နှာပေါ်မှာ ငါးမျက်စိများပေါက်ပြီး ဝက်ခြံများလို ညှစ်လို့လည်းမရ အသားမာဖုလေးတွေဖြစ်နေ၍ အလှပျက်ပြီး စိတ်ညစ်နေသူများ အားလုံးအတွက် ပျောက်ကင်းရှင်း စေလိုသော စိတ်စေတနာ ဆန္ဒလေးဖြင့်
ပါရမီ
ဘုတလက်သီး ကိုယ်တွေ့(ဆေးစွမ်းများ )
ညှင်း – တင်းတိပ် – ဝက်ခြံ -မှဲ့ခြောက်များကို သံပုရာရည် နှင့် ဘုတလက်သီးကို သွေးလိမ်းပေးပါက သာသက်ပျောက်ကင်း ပါသည်။ ပွေး ဝဲ ယားနာ နှင်းခူ(အစို-အခြောက်) အနာဖေး အနာစက် ဒက်အနာ စတဲ့အနာတွေလဲ သက်သာပျောက်ကင်း ပါသည်။
ခန္ဓာကိုယ်၏ အရေပြားပေါ်၌ ဖောင်းကြွဖြစ်ပေါ်လာသော (အနာဖု အနာကျိတ် မှန်သမျှ မြစ်ပွားနာ နှင့် မည်သည့်အဖုအကျိတ်) များမဆို
ဆန်ဆေးရည် နှင့် ဘုတလက်သီးသွေး၍ တစ်နေ့(၄)ကြိမ် (၅)ကြိမ် လိမ်းပေးလျှင် နုစဉ်မှာ ပိန်ချိုင့်သွားပါမည်။ ရင့်လျှင် မှည့်၍ ပြည်စု ပေါက်ထွက်လာမည်။
ခံတွင်း – လည်ချောင်း- အူ – သာအိမ် အစရှိသဖြင့် ခန္ဓာကိုယ် အတွင်းပိုင်း၌ ဖြစ်ပွားသော အနားများကိုမူ ဆန်ဆေးရည် နှင့် ဘုတလက်အသီးကို သွေး၍ ရသောအရည်ကို တစ်ခါတိုက် ကော်ပီဇွန်း တစ်ဝက် တစ်နေ့(၃)ကြိမ် ခန့် တိုက်ခြင်းဖြင့် တဖြေးဖြေးသက်သာပျောက်ကင်းသည်။ ။
ဗဟုသုတများတိုးပွားနိုင်ပါစေ…
No Comments