
ေႏြးေထြးေပ်ာ္႐ႊင္တဲ့ မိသားစုေလးျဖစ္ဖို႔ ဒီအခ်က္ေလးေတြနဲ႔ ထိန္းညႇိၾကမယ္
ကိုယ့္ရဲ႕မိသားစုဟာ ေႏြးေထြးမႈေတြ၊ ၾကင္နာမႈေတြ၊ ေဖးမမႈေတြ၊ ေပ်ာ္႐ႊင္ျခင္းေတြနဲ႔ လူတိုင္းအားက်ရတဲ့ မိသားစုေလးတစ္ခု ျဖစ္လာဖို႔ ထိန္းညႇိသင့္တဲ့ အခ်က္ေလးေတြ ရွိလို႔ေနပါတယ္။
ေပ်ာ္႐ႊင္တဲ့ မိသားစုေလးကို ပိုင္ဆိုင္ခ်င္ရင္ေတာ့ ေသခ်ာေပါက္ ဒီအခ်က္ေတြ လိုအပ္ၿပီး ဒီအခ်က္ေတြ ရွိေနမွ မိသားစုဝင္ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုခ်စ္ခင္တတ္လာမွာ ျဖစ္ပါတယ္။
နားလည္မႈ ရွိရမယ္
မိသားစုဆိုတာ တစ္ေယာက္ရဲ႕ အားနည္းခ်က္ကို တစ္ေယာက္ ႏွိမ့္ခ်ေျပာဆိုေနဖို႔ မဟုတ္ပဲ တစ္ေယာက္လိုအပ္ခ်က္ကို တစ္ေယာက္က နားလည္ခြင့္လႊတ္ေပးတတ္ျခင္းမွ မိသားစု ပီသႏိုင္မွာပါ။
လူတိုင္းမွာ လိုအပ္ခ်က္ ကိုယ္စီေတြနဲ႔ ျဖစ္လို႔ သူ႔အမွား၊ ကိုယ့္အမွား အျပစ္ဖို႔ေနၾကတာထက္ သူ႔ရဲ႕ အမွားေတြကို အမွန္ျဖစ္ေအာင္ ျပဳျပင္ေပးတဲ့ နားလည္မႈရွိၿပီး ကိုယ့္ရဲ႕အမွားေတြကို သူခြင့္လႊတ္ႏိုင္တဲ့နားလည္မႈရွိမွာ ေပ်ာ္႐ႊင္တဲ့မိသားစုေလး ျဖစ္လာတာပါေနာ္။
ခ်စ္ခင္တတ္မႈ
တစ္ခ်ိဳ႕မိသားစုေတြမွာ အခ်စ္ေတြက သိပ္မေလးနက္တတ္ၾကတာကို ေတြ႕ရၿပီး တစ္ခ်ိဳ႕မိသားစုေတြက်ျပန္ေတာ့ မိသားစုဝင္အခ်င္းခ်င္း အရမ္းခ်စ္တတ္ၾကတာကို ေတြ႕ရပါတယ္။
ဒါက မိဖေတြနဲ႔လည္း သက္ဆိုင္တဲ့ အေၾကာင္းအရာျဖစ္ၿပီး သားသမီးေလးေတြကို ငယ္စဥ္ကတည္းက ခ်စ္ျခင္းေမတၱာဆိုတာကို သြန္သင္ေပးဖို႔၊ ေမာင္ႏွမအခ်င္းခ်င္း နားလည္ခ်စ္ခင္တတ္မႈေတြ ရွိဖို႔ကို သင္ၾကားေပးသင့္ပါတယ္။
ဒါမွ တစ္ေယာက္နဲ႔ တစ္ေယာက္ သံေယာဇာဥ္ေတြပိုရွိၿပီး ခ်စ္ခ်စ္ခင္ခင္နဲ႔ ေပ်ာ္စရာ မိသားစုေလး ျဖစ္မွာပါ။
စြန႔္လႊတ္အနစ္နာခံစိတ္
မိသားစုဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ လိုအပ္ခ်က္ေတြကို ကူညီျဖည့္ဆည္းရင္း၊ တစ္ေယာက္ရဲ႕ ျပသနာေတြကို တစ္ေယာက္ ဝင္ေရာက္ေျဖရွင္းေပးရင္း တည္ေဆာက္ရတဲ့ အသိုက္အၿမဳံေလးတစ္ခုပါ။
တစ္ခါတစ္ေလမွာ မိသားစုအတြက္ စြန႔္လႊတ္အနစ္နာခံံမႈေတြ ရွိသလို မိသားစုဝင္ေတြကို ခ်စ္ခင္တဲ့အခါ စြန႔္လႊတ္အနစ္နာခံရတာေတာင္ ၾကည္ႏူးပီတိျဖစ္ေစပါတယ္။
ခြန္အားေတြ
မိသားစုဆိုတာ ကိုယ့္ဘဝရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္သလို၊ ကိုယ့္ဘဝရဲ႕ အေကာင္းဆုံးေန႔ရက္ေတြကို ဖန္တီးေပးတတ္ၾကသူေတြပါ။ မိသားစုေၾကာင့္ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ခြန္အားေတြရသလို၊ မိသားစုေၾကာင့္ ဝမ္းနည္းမႈေတြကို ကုစားႏိုင္ပါတယ္။
မိသားစုဝင္ေတြဆိုတာ ေနာက္ထပ္ ဘာနဲ႔မွ အစားထိုးမရႏိုင္တဲ့ ဘဝရဲ႕ အရင္းႏွီးဆုံး အေသြးအသားေတြျဖစ္လို႔ ကိုယ့္ရဲ႕ မိသားစုဝင္ေတြကို ခ်စ္ခင္တန္ဖိုးထားဖို႔ကို မေမ့ပါနဲ႔။
ဒါေတြက ေပ်ာ္႐ႊင္တဲ့ မိသားစုေလးတစ္ခု ျဖစ္လာေစတဲ့ အဓိကအေၾကာင္းအရင္းေတြပဲ ျဖစ္ပါတယ္။
khin
Credit
Unicode
နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေးဖြစ်ဖို့ ဒီအချက်လေးတွေနဲ့ ထိန်းညှိကြမယ်
ကိုယ့်ရဲ့မိသားစုဟာ နွေးထွေးမှုတွေ၊ ကြင်နာမှုတွေ၊ ဖေးမမှုတွေ၊ ပျော်ရွှင်ခြင်းတွေနဲ့ လူတိုင်းအားကျရတဲ့ မိသားစုလေးတစ်ခု ဖြစ်လာဖို့ ထိန်းညှိသင့်တဲ့ အချက်လေးတွေ ရှိလို့နေပါတယ်။
ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ချင်ရင်တော့ သေချာပေါက် ဒီအချက်တွေ လိုအပ်ပြီး ဒီအချက်တွေ ရှိနေမှ မိသားစုဝင်တွေ တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ခင်တတ်လာမှာ ဖြစ်ပါတယ်။
နားလည်မှု ရှိရမယ်
မိသားစုဆိုတာ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက် နှိမ့်ချပြောဆိုနေဖို့ မဟုတ်ပဲ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က နားလည်ခွင့်လွှတ်ပေးတတ်ခြင်းမှ မိသားစု ပီသနိုင်မှာပါ။
လူတိုင်းမှာ လိုအပ်ချက် ကိုယ်စီတွေနဲ့ ဖြစ်လို့ သူ့အမှား၊ ကိုယ့်အမှား အပြစ်ဖို့နေကြတာထက် သူ့ရဲ့ အမှားတွေကို အမှန်ဖြစ်အောင် ပြုပြင်ပေးတဲ့ နားလည်မှုရှိပြီး ကိုယ့်ရဲ့အမှားတွေကို သူခွင့်လွှတ်နိုင်တဲ့နားလည်မှုရှိမှာ ပျော်ရွှင်တဲ့မိသားစုလေး ဖြစ်လာတာပါနော်။
ချစ်ခင်တတ်မှု
တစ်ချို့မိသားစုတွေမှာ အချစ်တွေက သိပ်မလေးနက်တတ်ကြတာကို တွေ့ရပြီး တစ်ချို့မိသားစုတွေကျပြန်တော့ မိသားစုဝင်အချင်းချင်း အရမ်းချစ်တတ်ကြတာကို တွေ့ရပါတယ်။
ဒါက မိဖတွေနဲ့လည်း သက်ဆိုင်တဲ့ အကြောင်းအရာဖြစ်ပြီး သားသမီးလေးတွေကို ငယ်စဉ်ကတည်းက ချစ်ခြင်းမေတ္တာဆိုတာကို သွန်သင်ပေးဖို့၊ မောင်နှမအချင်းချင်း နားလည်ချစ်ခင်တတ်မှုတွေ ရှိဖို့ကို သင်ကြားပေးသင့်ပါတယ်။
ဒါမှ တစ်ယောက်နဲ့ တစ်ယောက် သံယောဇာဉ်တွေပိုရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာ မိသားစုလေး ဖြစ်မှာပါ။
စွန့်လွှတ်အနစ်နာခံစိတ်
မိသားစုဆိုတာ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းရင်း၊ တစ်ယောက်ရဲ့ ပြသနာတွေကို တစ်ယောက် ဝင်ရောက်ဖြေရှင်းပေးရင်း တည်ဆောက်ရတဲ့ အသိုက်အမြုံလေးတစ်ခုပါ။
တစ်ခါတစ်လေမှာ မိသားစုအတွက် စွန့်လွှတ်အနစ်နာခံံမှုတွေ ရှိသလို မိသားစုဝင်တွေကို ချစ်ခင်တဲ့အခါ စွန့်လွှတ်အနစ်နာခံရတာတောင် ကြည်နူးပီတိဖြစ်စေပါတယ်။
ခွန်အားတွေ
မိသားစုဆိုတာ ကိုယ့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သလို၊ ကိုယ့်ဘဝရဲ့ အကောင်းဆုံးနေ့ရက်တွေကို ဖန်တီးပေးတတ်ကြသူတွေပါ။ မိသားစုကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ ခွန်အားတွေရသလို၊ မိသားစုကြောင့် ဝမ်းနည်းမှုတွေကို ကုစားနိုင်ပါတယ်။
မိသားစုဝင်တွေဆိုတာ နောက်ထပ် ဘာနဲ့မှ အစားထိုးမရနိုင်တဲ့ ဘဝရဲ့ အရင်းနှီးဆုံး အသွေးအသားတွေဖြစ်လို့ ကိုယ့်ရဲ့ မိသားစုဝင်တွေကို ချစ်ခင်တန်ဖိုးထားဖို့ကို မမေ့ပါနဲ့။
ဒါတွေက ပျော်ရွှင်တဲ့ မိသားစုလေးတစ်ခု ဖြစ်လာစေတဲ့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
No Comments