
ဦးမြင့်ခိုင်
Unicode Version
လူမုန်းတာ ရှောင်လို့ရတယ် ကံမုန်းအောင် မပြုလုပ်ကြပါနဲ့လို့ စေတနာရှေ့ထား ပြောလိုက်ပါရစေ…
လူမုန်းတာ ရှောင်လို့ရတယ် ဆိတ်တကောင်ကို လည်လှီးပြီးသတ်ခဲ့မိလို့ဆိတ်အမွေးနဲ့ညီမျှအောင် လည်လှီးပြီးအသတ်
ခံရမှာဖြစ်တဲ့ ဆိတ်တကောင်ဟာ သူ့ရဲ့ နောက်ဆုံးပေးဆပ်ရမဲ့ ဘဝမှာ သူ့ကိုသတ်မဲ့သူကိုအကျိုးအကြောင်းပြောပြတဲ့ အတွက် သတ်မဲ့ သူက မသတ်ပဲ လွှတ်ပေးလိုက်တယ် အဲဒီလို လွှတ်လိုက်လို့ လွတ်သွား သလား ဆိုတော့ မလွတ်ပါဘူး
တောင်ပို့ တခုမှာ အစာစားနေတုန်း တောင်ပို့ကို မိုးကြိုးပစ် လိုက်လို့ တောင်ပို့ကကျောက်ချပ်ကွာပြီး ခေါင်းမော့ စားနေတဲ့
ဆိတ်ရဲ့လည်ပင်ကို ထိကာ လည်ပင်းပြတ် ထွက်ပြီးသေပွဲဝင် ခဲ့ရ တယ်ဖြစ်ဖို့ အကြောင်းပါလာတဲ့ သူတွေကို ကံကြမ္မာက ချမ်းသာ မပေးဘူး ဒါကိုပြော ချင်တာပါ
နာဂစ်ဖြစ်တုန်းက ဘိုကလေး ဘက်မှာ သင်္ဘော တစင်းက လူ နှစ်ရာကျော်ကယ် လာခဲ့တယ်
အဲဒီ သင်္ဘောဟာ လမ်းမှာမှောက်ပြီး ကယ်တင် လာတဲ့ သူတွေဟာ သေပွဲဝင်ခဲ့ကြပြန်တယ် ကံမုန်းရင် ရှောင်လို့မလွတ် ပါဘူး အခု ကုန်းမြင့်တောင်တန်းဒေသ ကလူတွေ
ရေနစ်သေတာ ကလည်း အံ့သြစရာပါပဲ တခါဖြစ်ပြီးလို့ အခု နောင်တကြိမ် ထပ်ဖြစ်ပြန်ပြီတဲ့အဲဒီလိုဖြစ်ဖို့ကံတွေ ပါလာလို့ ခုလိုဘေးတွေတွေ့မယ် အဲဒီ ကံဖြစ်ဖို့ တွန်းအားဖြစ်အောင် မိမိရဲ့ကံကြမ္မာက ဖန်တီး
ပေးလိုက်တာပါပဲ ဘယ်သူမပြု မိမိမှု တဲ့ကျီးကန်းဟာ ကောင်းကင်မှာ ပျံနေရင်းနဲ့မီးလောင်သေခဲ့ရတယ်ဒါတွေဟာ ကံအကျိုပေးးတွေ ပါပဲ
ဓမ္မမိတ်ဆွေများ အင်မတန်ကြောက်စရာကောင်းတဲ့ အချိန်အခါကို ရောက်ရှိနေ ပါတယ် အပြောအဆို ၏အသွားအလာ အနေအထိုင် ဂရုစိုက်ကြပါ
တသံသရာလုံးက မကောင်းမှု့တွေအကျိုးပေးတဲ့ အချိန်အခါ ဖြစ်နေပါတယ်
ဘုရားတရားကိုစွမ်းနိ ုင်သမျှ လုပ်ကြပါ လူမုန်းရင်ရှောင်လို့ရတယ် ကံမုန်းရင်ရှောင်လို့မရဘူး
ကံမုန်းအောင် မပြုလုပ်ကြပါနဲ့ လို့စေတနာရှေ့ထား ပြောလိုက် ပါရစေ။
No Comments