
ခရက်ဒစ်
ယူနီကုတ်
အခုနောက်ပိုင်းလူတော်တော်များများက ချစ်တာနဲ့ ကြိုက်တာ မကွဲကြတော့ဘူး
အခုနောက်ပိုင်း လူတော်တော် များများက ချစ်တာနဲ့ ကြိုက်တာ မကွဲကြတော့ဘူး အထူးသဖြင့် internet ပေါ်တွေမှာပေါ့ ဥပမာ – ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စား တယ် ဆိုရင် cb မှာ စကား သွားပြောမယ် တစ်ရက် နှစ်ရက် အလွန်ဆုံးတစ်ပတ်လောက်ပေါ့
ပီးရင် ချစ်တယ်လို့ လွယ်လွယ် ဖွင့်ပြောမယ် အဲ့ကောင်လေးကို ဘာလို့ ချစ်တာလဲ လို့မေးရင် သေချာပါတယ် ရုပ်ချောလို့ ဘာညာဒါပါပဲ သူ့အတွက် ဒီ့အပြင် အဖြေ မရှိပါဘူး ၊
ကောင်မလေးဆီက အဖြေမရရင်လည်း သူဘားမှဖစ်မာမဟုတ်ပါဘူး ၊ ဘာလို့လည်း ဘာဖစ်လို့လဲ ဆိုတော့ သူတကယ်မချစ်လို့ပါပဲ
လူတွေတော်တော် များများက ကိုယ်ပျော်ရွှင်ဖို့အတွက် တစ်စုံတစ်ယောက်ကို အသုံးချလာကြတယ် ရည်းစားလေးသာရှိရင် ပျော်နိုင်မယ်လို့ထင်လာကြ တယ်
ပကာသနတွေကို မက်မောလာ ကြတယ် ချောတာလေးမြင်ရင် တွဲချင် လာကြတယ် ချမ်းသာ တာလေးမြင်ရင် ရည်းစားတော် ချင်လာကြ တယ်
ကိုယ်ကြိုက်တဲ့ type လေးမြင်ရင် သဘောကျ လာကြ တယ် ဒါတွေအားလုံးက ချစ်တာမဟုတ်ပါဘူး ကိုယ်ကြိုက်ရုံ ပဲရှိ တာပါ အဲ့တာကို အချစ်လို့ခေါင်းစဉ် တတ်ပီး ပုံကြီးချဲ့ကြတယ် ဒါဆိုရင် ချစ်တာနဲ့ ကြိုက်တာ ဘယ်လို ခွဲမလဲ?
အဖြေကတော့ ရှင်းပါတယ် မင်းသူနဲ့ စကားတွေပြောနေ ရရင် စိတ်ညစ်စရာတွေ မေ့ထားပီး အလိုလို ပျော်နေမယ် (ရယ်စရာ မရှိတာတောင် မင်းရဲ့သွားကြီးဖြီးနေ မိလိမ့်မယ်)
တစ်လောကလုံးနဲ့ လည်း အဆက်အသွယ်ဖြတ် ထားနိုင်တယ် မနက်ခင်းနိုးလို့မျက်လုံးဖွင့်လိုက်တဲ့ အချိန်မှ စ ညဘက် အိပ်ခါနီးမျက်လုံး ပိတ်လိုက်တဲ့ အချိန်ထိ မင်းအတွေးတွေကို သူက လွှမ်းမိုး ထားမယ် သူ့ပုံလေးတွေ တွေ့ရရင် မင်းကြည်နူးနေ မိမယ်
နောက်ဆုံး သူနဲ့အတူ ရှိနေတဲ့ အချိန်တွေမှာ မင်းရဲ့ရင်ခုန်သံတွေက မီးရထားသုံးစင်း တစ်ပြိုင်နက် မောင်းနေသလို ခံစားနေ ရမယ် ဆိုရင် သေချာပါတယ် မင်းသူ့ကို စိတ်မဝင်စားဘူးဆိုရင်တောင်
မင်းရဲ့မသိစိတ်က သူ့ကို စွဲစွဲလမ်းလမ်း ချစ်မိနေပါပီ “အချစ်စစ်ကိုရှာပါ အချစ်စစ်ကိုပေးပါ တစ်နေ့ကြရင် အချစ်စစ်တွေ မင်းဆီရောက် လာလိမ့် မယ်….”မင်းဘက်က ချစ်တာနဲ့ကြိုက်တာကို ခွဲတတ် ပါစေ
No Comments