
အိမ္ေထာင္ျပဳဖို႔အတြက္ ခ်စ္သူေတြ ႀကိဳတင္ ျပင္ဆင္ထားရမယ့္ အရာမ်ား
ခ်စ္သူေတြရဲ႕ အိပ္မက္ တစ္ခုက ႏွစ္ကိုယ္တူ ဘဝခရီးကို အတူျဖတ္သန္းၾကဖို႔ ျဖစ္ပါတယ္။ ဘဝခရီးလမ္းကို ျဖတ္သန္းတယ္ ဆိုတာ အေျပာလြယ္ေပမဲ့ လက္ေတြ႕မွာ ခက္လွပါတယ္။
ဘဝခရီးလမ္းကို အတူျဖတ္သန္းဖို႔ ရည္႐ြယ္ ထားၿပီး ရင္ေတာ့ အိမ္ေထာင္မျပဳခင္မွာ ဒါေတြ ျပင္ဆင္ထားဖို႔ လိုပါ လိမ့္မယ္။
နံပါတ္ (၁) ေငြေၾကး
လက္ထပ္ဖို႔ စဥ္းစားတာနဲ႕ မျဖစ္မေန အရင္ဆုံး ျပဳလုပ္ရမွာက ေငြေၾကး စုေဆာင္းဖို႔ပဲ ျဖစ္ပါတယ္။ အနည္းဆုံး တရား႐ုံးမွာ လက္ထပ္ထိုးတာကေန ဆြမ္းေကြၽးတာပဲ လုပ္ရင္ေတာင္ ေငြကုန္ေၾကးက် ရွိတာမို႔ ေငြစုဖို႔ကို လုပ္ရမွာ ျဖစ္ပါတယ္။
နံပါတ္ (၂) အစီအစဥ္
ဘာအစီအစဥ္မွ မရွိဘဲ အိမ္ေထာင္ျပဳဖို ႔ဆိုတာ အေတာ္ စြန့္စားရဲတဲ့ အလုပ္တစ္ခု ျဖစ္ပါတယ္။ အိမ္ေထာင္ျပဳဖို ႔ဆိုရင္ ဘယ္မွာ လက္မွတ္ထိုးမယ္ ဘယ္ေလာက္ ကုန္မယ္ ဆိုတာေတြအျပင္
အိမ္ငွားဖို႔ အိမ္ဝယ္ဖို႔ အျပင္ လက္ထပ္တဲ့ အခမ္းအနား ကုန္က်စရိတ္ စတဲ့ အစီအစဥ္ေတြ ဆြဲထားတာက ေငြစုဖို႔အတြက္ ပိုၿပီး တြက္ခ်က္ေပးနိုင္ပါတယ္။
နံပါတ္ (၃) ေနစရာ အိမ္
လက္ထပ္ဖို႔ဆို လက္ထပ္တဲ့ အခါ မိဘေတြနဲ႕ ေနမလား။ အိမ္ခြဲေနမလား ေတြးဖို႔ လိုပါတယ္။ မိဘေတြနဲ႕ ေနရင္လည္း အိမ္စရိတ္ကို ဘယ္လို ထည့္မယ္ ဆိုတာ ေတြးရမယ့္အျပင္
အတူတြဲေနရင္ အဆင္ေျပ မေျပပါ ၾကည့္ဖို႔ လိုပါတယ္။ အိမ္ခြဲေနမယ္ဆိုရင္ အိမ္ငွားခစရိတ္ကိုပါ စုေဆာင္းထားရမွာပါေနာ္။
နံပါတ္ (၄) မိဘေတြ အတြက္
ကိုယ္က အိမ္ေထာင္ျပဳ လိုက္တာနဲ႕ မိသားစုကေန ခြဲထြက္လိုက္သလို ျဖစ္သြားတတ္ပါတယ္။ ဒါေပမယ့္ ကိုယ့္အေပၚ အမွီျပဳၿပီး ရပ္တည္ရတဲ့ မိဘေတြ ဆိုရင္ ကိုယ့္ဘက္က မိဘေတြကို ဘယ္လိုပုံစံ ပံ့ပိုးမယ္ ဆိုတာ ကိုပါ ထည့္စဥ္းစား ရမွာပါ။
ဒီမဟုတ္ရင္ေတာင္မွ မိဘေတြနဲ႕ အေနေဝးတာ မျဖစ္ရေအာင္နဲ႕ မိဘေတြ အထီးမက်န္ဖို႔ ထည့္ေတြးဖို႔ လိုပါလိမ့္မယ္။
နံပါတ္ (၅) ကေလးယူမယ့္ အစီအစဥ္
ဒါကေတာ့ အိမ္ေထာင္ရွင္ ႀကဳံရတဲ့ အေျခအေန တစ္ခုပါပဲ။ ကေလးယူဖို႔ ေတြးထားရင္ေတာ့ စိုးရိမ္စရာ မရွိေပမယ့္ ေငြေၾကးေၾကာင့္နဲ႕ တျခားေသာ အေျခအေနေတြေၾကာင့္ ကေလးယူဖို႔ စိတ္ကူး မရွိေသးရင္ သားဆက္ျခားဖို႔ ေဆး႐ုံ၊ ေဆးခန္းမွာ တိုင္ပင္ ျပဳလုပ္ထားရမွာပါ။
အားလုံးပဲ ေပ်ာ္႐ႊင္စရာ မိသားစုေတြ ပိုင္ဆိုင္ၾကပါေစေနာ္။
Kham
Credit
Unicode
အိမ်ထောင်ပြုဖို့အတွက် ချစ်သူတွေ ကြိုတင် ပြင်ဆင်ထားရမယ့် အရာများ
ချစ်သူတွေရဲ့ အိပ်မက် တစ်ခုက နှစ်ကိုယ်တူ ဘဝခရီးကို အတူဖြတ်သန်းကြဖို့ ဖြစ်ပါတယ်။ ဘဝခရီးလမ်းကို ဖြတ်သန်းတယ် ဆိုတာ အပြောလွယ်ပေမဲ့ လက်တွေ့မှာ ခက်လှပါတယ်။
ဘဝခရီးလမ်းကို အတူဖြတ်သန်းဖို့ ရည်ရွယ် ထားပြီး ရင်တော့ အိမ်ထောင်မပြုခင်မှာ ဒါတွေ ပြင်ဆင်ထားဖို့ လိုပါ လိမ့်မယ်။
နံပါတ် (၁) ငွေကြေး
လက်ထပ်ဖို့ စဉ်းစားတာနဲ့ မဖြစ်မနေ အရင်ဆုံး ပြုလုပ်ရမှာက ငွေကြေး စုဆောင်းဖို့ပဲ ဖြစ်ပါတယ်။ အနည်းဆုံး တရားရုံးမှာ လက်ထပ်ထိုးတာကနေ ဆွမ်းကျွေးတာပဲ လုပ်ရင်တောင် ငွေကုန်ကြေးကျ ရှိတာမို့ ငွေစုဖို့ကို လုပ်ရမှာ ဖြစ်ပါတယ်။
နံပါတ် (၂) အစီအစဉ်
ဘာအစီအစဉ်မှ မရှိဘဲ အိမ်ထောင်ပြုဖို့ဆိုတာ အတော် စွန့်စားရဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အိမ်ထောင်ပြုဖို့ဆိုရင် ဘယ်မှာ လက်မှတ်ထိုးမယ် ဘယ်လောက် ကုန်မယ် ဆိုတာတွေအပြင်
အိမ်ငှားဖို့ အိမ်ဝယ်ဖို့ အပြင် လက်ထပ်တဲ့ အခမ်းအနား ကုန်ကျစရိတ် စတဲ့ အစီအစဉ်တွေ ဆွဲထားတာက ငွေစုဖို့အတွက် ပိုပြီး တွက်ချက်ပေးနိုင်ပါတယ်။
နံပါတ် (၃) နေစရာ အိမ်
လက်ထပ်ဖို့ဆို လက်ထပ်တဲ့ အခါ မိဘတွေနဲ့ နေမလား။ အိမ်ခွဲနေမလား တွေးဖို့ လိုပါတယ်။ မိဘတွေနဲ့ နေရင်လည်း အိမ်စရိတ်ကို ဘယ်လို ထည့်မယ် ဆိုတာ တွေးရမယ့်အပြင်
အတူတွဲနေရင် အဆင်ပြေ မပြေပါ ကြည့်ဖို့ လိုပါတယ်။ အိမ်ခွဲနေမယ်ဆိုရင် အိမ်ငှားခစရိတ်ကိုပါ စုဆောင်းထားရမှာပါနော်။
နံပါတ် (၄) မိဘတွေ အတွက်
ကိုယ်က အိမ်ထောင်ပြု လိုက်တာနဲ့ မိသားစုကနေ ခွဲထွက်လိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်အပေါ် အမှီပြုပြီး ရပ်တည်ရတဲ့ မိဘတွေ ဆိုရင် ကိုယ့်ဘက်က မိဘတွေကို ဘယ်လိုပုံစံ ပံ့ပိုးမယ် ဆိုတာ ကိုပါ ထည့်စဉ်းစား ရမှာပါ။
ဒီမဟုတ်ရင်တောင်မှ မိဘတွေနဲ့ အနေဝေးတာ မဖြစ်ရအောင်နဲ့ မိဘတွေ အထီးမကျန်ဖို့ ထည့်တွေးဖို့ လိုပါလိမ့်မယ်။
နံပါတ် (၅) ကလေးယူမယ့် အစီအစဉ်
ဒါကတော့ အိမ်ထောင်ရှင် ကြုံရတဲ့ အခြေအနေ တစ်ခုပါပဲ။ ကလေးယူဖို့ တွေးထားရင်တော့ စိုးရိမ်စရာ မရှိပေမယ့် ငွေကြေးကြောင့်နဲ့ တခြားသော အခြေအနေတွေကြောင့် ကလေးယူဖို့ စိတ်ကူး မရှိသေးရင် သားဆက်ခြားဖို့ ဆေးရုံ၊ ဆေးခန်းမှာ တိုင်ပင် ပြုလုပ်ထားရမှာပါ။
အားလုံးပဲ ပျော်ရွှင်စရာ မိသားစုတွေ ပိုင်ဆိုင်ကြပါစေနော်။
Kham
No Comments