
သူမ်ားနိုင္ငံသားေတြေတာ့စတိုင္ေျပာင္းၿပီ
ဒီေန႔ ဘီဘီစီ သတင္း ဖတ္ရင္းက စိတ္ဝင္စားစရာ သတင္းေလး တစ္ပုဒ္ ဖတ္ျဖစ္ ပါတယ္ ။ အဂၤလန္မွာ ဒုတိယ ကမၻာစစ္ေနာက္ပိုင္းေခတ္ စားတဲ့ ဘဏ္ေခ်းေငြနဲ႔ အိမ္ႀကီးႀကီး
ကားေကာင္းေကာင္းေတြ ဝယ္ၿပီးေနတဲ့ လူေနမွု ပုံစံကေန ေတာ္သင့္ သေလာက္ အိမ္ေလးရယ္ မရွိမျဖစ္ လိုမွ ဝယ္တဲ့ ဂ်ပန္ ကားေလး ကိုစီးၿပီး အေႂကြး မထူလူ မပူရဘဲ ခပ္ေအးေအး ေနတဲ့ ပုံစံကို ေျပာင္းလဲ လာပါ တယ္တဲ့ ။
အဲ့ဒီလို ႂကြားဝါ ရမယ့္ ကိစၥေတြမွာ ေငြမသုံးပဲ မရွိမျဖစ္ တာေလးကို စီစစ္ၿပီး သုံးတာကို
အဂၤလိပ္လို Frugal Living လို့ေခၚ ပါတယ္ ။ စားစရာဝတ္စရာ စတာေတြမွာ ေငြကုန္ေၾကးက် မ်ားတဲ့ ဇိမ္ခံပစၥည္းေတြ မလိုအပ္ပဲ ၊
ဝါသနာအရ ဝယ္တာကို ေလၽွာ့ၿပီး သင့္တင့္ မၽွတေအာင္ ေနတာပါ ။ အရင္းရွင္စနစ္ရဲ့ ေက်ာရိုးျဖစ္တဲ့ ေလာဘ အေလၽွာက္ အလြန္အကၽြံ ဝယ္ယူသုံးစြဲတဲ့ အက်င့္ကေန
ရွိတာေလးနဲ႔လွေအာင္ ဆင္ၿပီး ရိုးရိုးရွင္းရွင္းနဲ႔ ေနလာၾက ပါတယ္ ။
ဒီလို ေနၾကည့္ေတာ့ ဘာသြားေတြ႕သလဲ ဆိုေတာ့ ဘဏ္ေတြ ကေန အေႂကြးယူရတာ အတိုးေပးရတာ နည္းသြားၿပီး သူတို့ နိုင္ငံကလူေတြ အတြက္ဆို
အသက္ ၄၀ေလာက္မွာ ေငြေၾကး စုမိေဆာင္းမိ ျဖစ္သြားၿပီး ပင္စင္ယူ ကိုယ္ဝါသနာပါရာ လုပ္ေနနိုင္ သြားပါ တယ္ ။
ဒါ့အျပင္ အလုပ္ရဲ့ေက်းကၽြန္၊ ေလာဘရဲ့သားေကာင္မျဖစ္ေတာ့ပဲ မိသားစု အတြက္ အေရးပါတဲ့ တစ္ဦးေပၚ တစ္ဦး အခ်ိန္ပိုေပး လာနိုင္ ပါတယ္ ။
ဂ်ပန္မွာ ဆိုလည္း Frugal living ဟာ အလြန္ ေခတ္စားၿပီး အ္ိမ္ေတြမွာ မလိုတဲ့ ပစၥည္းေတြ
အမွိုက္သရိုက္ေတြကို ရွင္းျပစ္ၿပီး အိပ္ရာကိုေတာင္ ကုတင္နဲ႔ မအိပ္ပဲ ေမႊ႕ရာေလး ၾကမ္းေပၚခင္းအိပ္ မနက္တိုင္း နံရံကပ္ဘီရိုထဲ ထည့္သိမ္းၾက ပါတယ္ ။
မလိုအပ္တဲ့ အရာဆို သြားပြတ္ တံထားတဲ့ ခြက္ေတာင္ မထားပဲ ေရခ်ိဳးခန္း နံရံေစာင္းမွာ စီထားတဲ့ အထိပါ ။
အဝတ္အစား ဆိုလည္း ရွိတာကို သပ္သပ္ရပ္ရပ္ ဝတ္ၾကၿပီး စားပြဲတစ္လုံံးထဲ ရွိတဲ့ၾကမ္းျပင္မွာ စုၿပီး စားၾကေသာက္ၾက စာဖတ္ၾက ပါတယ္။
အရင္က ခ်မ္းသာတာကို ေငြေၾကး ဘယ္ေလာက္ ရွိတယ္ ဆိုတာနဲ႔ တိုင္းတာ ၾကေပမယ့္အခုေခတ္မွာေတာ့ ခ်မ္းသာ တာကို ဘယ္ေလာက္ တင္းတိမ္ေရာင့္ရဲ နိုင္သလဲ ဆိုတာနဲ႔ တိုင္းတာ ပါတယ္ ။
အလို နည္းျခင္းဟာ ခ်မ္းသာျခင္း အေၾကာင္းဆိုတာကို သူတို့ သိလာၾကပါၿပီ ။
Credit : Nay Myo Oo..
Unicode
သူများနိုင်ငံသားတွေတော့စတိုင်ပြောင်းပြီ
ဒီနေ့ ဘီဘီစီ သတင်း ဖတ်ရင်းက စိတ်ဝင်စားစရာ သတင်းလေး တစ်ပုဒ် ဖတ်ဖြစ် ပါတယ် ။ အင်္ဂလန်မှာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းခေတ် စားတဲ့ ဘဏ်ချေးငွေနဲ့ အိမ်ကြီးကြီး
ကားကောင်းကောင်းတွေ ဝယ်ပြီးနေတဲ့ လူနေမှု ပုံစံကနေ တော်သင့် သလောက် အိမ်လေးရယ် မရှိမဖြစ် လိုမှ ဝယ်တဲ့ ဂျပန် ကားလေး ကိုစီးပြီး အကြွေး မထူလူ မပူရဘဲ ခပ်အေးအေး နေတဲ့ ပုံစံကို ပြောင်းလဲ လာပါ တယ်တဲ့ ။
အဲ့ဒီလို ကြွားဝါ ရမယ့် ကိစ္စတွေမှာ ငွေမသုံးပဲ မရှိမဖြစ် တာလေးကို စီစစ်ပြီး သုံးတာကို
အင်္ဂလိပ်လို Frugal Living လို့ခေါ် ပါတယ် ။ စားစရာဝတ်စရာ စတာတွေမှာ ငွေကုန်ကြေးကျ များတဲ့ ဇိမ်ခံပစ္စည်းတွေ မလိုအပ်ပဲ ၊
ဝါသနာအရ ဝယ်တာကို လျှော့ပြီး သင့်တင့် မျှတအောင် နေတာပါ ။ အရင်းရှင်စနစ်ရဲ့ ကျောရိုးဖြစ်တဲ့ လောဘ အလျှောက် အလွန်အကျွံ ဝယ်ယူသုံးစွဲတဲ့ အကျင့်ကနေ
ရှိတာလေးနဲ့လှအောင် ဆင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ နေလာကြ ပါတယ် ။
ဒီလို နေကြည့်တော့ ဘာသွားတွေ့သလဲ ဆိုတော့ ဘဏ်တွေ ကနေ အကြွေးယူရတာ အတိုးပေးရတာ နည်းသွားပြီး သူတို့ နိုင်ငံကလူတွေ အတွက်ဆို
အသက် ၄၀လောက်မှာ ငွေကြေး စုမိဆောင်းမိ ဖြစ်သွားပြီး ပင်စင်ယူ ကိုယ်ဝါသနာပါရာ လုပ်နေနိုင် သွားပါ တယ် ။
ဒါ့အပြင် အလုပ်ရဲ့ကျေးကျွန်၊ လောဘရဲ့သားကောင်မဖြစ်တော့ပဲ မိသားစု အတွက် အရေးပါတဲ့ တစ်ဦးပေါ် တစ်ဦး အချိန်ပိုပေး လာနိုင် ပါတယ် ။
ဂျပန်မှာ ဆိုလည်း Frugal living ဟာ အလွန် ခေတ်စားပြီး အိမ်တွေမှာ မလိုတဲ့ ပစ္စည်းတွေ
အမှိုက်သရိုက်တွေကို ရှင်းပြစ်ပြီး အိပ်ရာကိုတောင် ကုတင်နဲ့ မအိပ်ပဲ မွှေ့ရာလေး ကြမ်းပေါ်ခင်းအိပ် မနက်တိုင်း နံရံကပ်ဘီရိုထဲ ထည့်သိမ်းကြ ပါတယ် ။
မလိုအပ်တဲ့ အရာဆို သွားပွတ် တံထားတဲ့ ခွက်တောင် မထားပဲ ရေချိုးခန်း နံရံစောင်းမှာ စီထားတဲ့ အထိပါ ။
အဝတ်အစား ဆိုလည်း ရှိတာကို သပ်သပ်ရပ်ရပ် ဝတ်ကြပြီး စားပွဲတစ်လုံံးထဲ ရှိတဲ့ကြမ်းပြင်မှာ စုပြီး စားကြသောက်ကြ စာဖတ်ကြ ပါတယ်။
အရင်က ချမ်းသာတာကို ငွေကြေး ဘယ်လောက် ရှိတယ် ဆိုတာနဲ့ တိုင်းတာ ကြပေမယ့်အခုခေတ်မှာတော့ ချမ်းသာ တာကို ဘယ်လောက် တင်းတိမ်ရောင့်ရဲ နိုင်သလဲ ဆိုတာနဲ့ တိုင်းတာ ပါတယ် ။
အလို နည်းခြင်းဟာ ချမ်းသာခြင်း အကြောင်းဆိုတာကို သူတို့ သိလာကြပါပြီ ။
Credit : Nay Myo Oo..
No Comments