အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုက်နာသင့်တဲ့အချက်(၁၁)ချက် - Amawpyay


Knowledge


(၁) အချိန်မဖြုန်းပါနဲ့



(၂)အပျော်အပါးလျှော့ပါ










(၅)ခံပြင်းစိတ်ထားပါ














(၉)အိပ်ယာထမပျင်းပါနဲ့



(၁၀)ရည်မှန်းချက်ထားပါ








ခရက်ဒစ်

ယူနီကုတ်

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုက်နာသင့်တဲ့အချက်(၁၁)ချက်

(၁) အချိန်မဖြုန်းပါနဲ့

အချိန်မဖြုန်းပါနဲ့ ဆိုသည်မှာ တစ်နာရီပဲ သွားသင့်တဲ့ ခရီးကို တစ်နာရီပဲအကုန်ခံပါ(ရန်သူမျိုးငါးပါး,အကြောင်း မျိုးမျိုးကြောင့် အချိန်လက်ဟင်း တာကို မဆိုလိုပါ)

အကယ်၍ တစ်နာရီထက်ပို အချိန်ကုန်သွားတဲ့ အချိန်ဟာ သင့်ရဲ့အောင်မြင်မှု့နဲ့အလှမ်းဝေး သွားကြမဲ့အချိန်တွေပါပဲ ဒါကြောင့် အချိန်ကို မဖြုန်း ပါနဲ့။

(၂)အပျော်အပါးလျှော့ပါ

ခေတ်လူငယ်ပဲ အသောက်စားတော့ ရှိမှာပဲ ထိုစကားဟာ လုံးဝ မှားပါတယ် လူငယ်ဆိုတိုင်းသောက်စားနေ ကြရင် လူငယ်တိုင်း အကုန်သောက် စားသမားတွေဖြစ် ကုန်မှာပေါ့

“အစရှိ တနောင်နောင်”တဲ့ အစမကောင်းရင် အနှောင်းမသေချာ ပါဘူး မိမိသူငယ်ချင်းဆေးသောက်တိုင်း မိမိက လိုက်သောက်စရာ မလိုပါဘူး အတုခိုးသင့် မသင့်စဉ်းစား ပါ။

(၃)ငွေကို အလွယ်တကူ မသုံးပါနဲ့

မိမိချေးနဲ စာနဲ့ရလာတဲ့ငွေ ကိုပဲဖြစ်ဖြစ် အလွယ်တကူပဲ ရလာတဲ့ငွေ ပဲဖြစ်ဖြစ် တန်ဖိုးထားပါ သုံးပြီးလို့ ပိုလာတာကို မစုပါနဲ့ မိမိသတ်မှတ် ထားတဲ့ စီမံချက်တိုင်း စုလို့ပိုလာတဲ့ငွေကိုသုံးပါ

ပိုက်ဆံ မရှိတဲ့အခါ ကျန်တာတွေ အဝေးကြီး စဉ်းစားမနေနဲ့ မိမိအမြဲတမ်း လိုလိုကျွေးမွေးခဲ့တဲ့သူဟာ မိမိ အဆင်မပြေတဲ့ အခါ သူဟာ မိမိပေါ်ဘယ်လို ဆက်ဆံလဲ (သူငယ်ချင်းတိုင်း မဟုတ်ပါ အများစုဖြစ် တတ်ကြ ပါတယ်)

ကြုံဖူး သူတိုင်း သိကြမှာပါ နောက်တစ်ခုက မိမိရဲ့မိသားစုထဲမှာငွေ မရှိတဲ့ သားသမီးဟာ မောင်နှမ ညီအစ်ကိုတွေ မိမိ ဘယ်လို ဆက်ဆံလဲ? ဒါတွေကို သိနေရင် မိမိငွေ တစ်ခါသုံးဖို့ငွေစက္ကူ တစ်ရွက် ထုတ်တိုင်း အမှတ်ရပါ။

(၄)အားလပ်တဲ့အခါ စာဖတ်ပါ

“စာအုပ်စာပေ လူ့မိတ်ဆွေ”တဲ့ မိမိ လမ်းမှားနေရင် စာအုပ်ဖတ်တဲ့ အခါ မိမိဖြစ်နေတဲ့ဖြစ်ရပ်နဲ့ကိုက် ညီသော စာသားတွေ့ခဲ့ရင်ရှေ့ကို ဘယ်လို လုပ်ရမလဲ ဆိုတာတွေ ကို အဲဒီ စာပေတွေက မိမိကိုပြန်လည် လမ်းပြပေးမှ ာပါ

အတွေ့မရှိသော်လည်း စာပေရဲ့ဗဟုသုတကြောင့် လွယ်လင့်တကူ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ပ ါတယ် ဒါကြောင့် မိမိ အားလပ်နေတဲ့ အချိန်တွေကို မဖြုန်းတီး ပဲစာဖတ်ပါ ။

(၅)ခံပြင်းစိတ်ထားပါ

ခံပြင်း စိတ်ထားခြင် းဟာလဲ မိမိလုပ်နေတဲ့ အလုပ်တွက် အားအင် တစ်ခုပါပဲ မလုပ်တော့လို့စိတ်ဓာတ်ကျတဲ့ အခါ မိမိငွေမရှိတဲ့ အခါ ပတ်ဝန်းကျင် သူငယ်ချင်း မိသားစုတွေ ကမိမိပေါ်ဘယ်လို ဆက်ဆံလဲ?

ပြန်အမှတ်ရပြီး ကျသွားသော စိတ်ဓာတ်ကို ပြန်လည် ထူထောင်စေတယ် ဒါကြောင့် ခံပြင်းစိတ်ထား၍မိမိအလုပ်ကိုအရင်ကထက်၂ဆပိုမိုလုပ်ပြီးကြိုးစားလိုက်ပါ…။

(၆)အပြောအဆို သိမ်မွေ့ပါ

အပြောအဆို သိမ်မွေ့ခြင်းဟာ မိမိလုပ်ငန်းတွက် မိတ်ဆွေ တိုးပွား၍ လုပ်ငန်းကို လဲပိုမိုဖြစ်မြောက်စေ ပါတယ် ဥပမာ=ငါ့ညီရေ…အကိုတို့ဒီပစ္စည်းလေး ဝယ်တုန်းက ဘယ်လောက်ပေးရတယ် အကိုတို့က အမြတ်ကို ဘယ်လောက်လေးပဲ တင်ထား တာပါ

ဒီလိုအေးအေးဆေးဆေးလေး သိမ်မွေ့စွာ ရှင်းပြခြင်း အားဖြင့် မိမိ ပစ္စည်းဟာ အမြန်ရောင်းရစေပါတယ် အဲလို မဟုတ်ပဲ “ငါဝယ်တာတောင် ဘယ်လောက်ပေး ရတာ မင့်ကို ငါကဒီဈေးနဲ့ပေးရမယ်

မင့်ကြိုက်ရင် ဝယ်မဝယ် ချင်နေ”ဒီလိုပြောတာနဲ့အင်မတန်မှ ကွာခြား လှပါတယ် ထို့ကြောင့် မိမိရဲ့အောင်မြင်မှုတွေ အမြန်ပိုင်ဆိုင်ဖို့အတွက် အပြောအဆို သိမ်မွေ့ခြင်း ဟာလဲအရာရောက် ပါတယ်။

(၇)အလုပ်တစ်ခုကို အကြွေးမထားပါနဲ့

မိမိလုပ်စရာရှိတဲ့ အလုပ်တဲ့ ချက်ချင်းထ လုပ်လိုက်ပါ တော်ကြာမှ…ခဏနေမှ ဆိုတဲ့ ပုံစံကိုဘယ်တော့မှ မလုပ်ပါနဲ့ အဲလို လုပ်ခြင်းဟာ မိမိရဲ့ပန်းတိုင်ကို မြန်မြန် မလိုချင် ပါဘူးလို

့ငြင်းပယ်လိုက်တာနဲ့အတူတူပါပဲ အလုပ်တစ်ခု ဘယ်တော့မှ အကြွေး မထားပါနဲ့ မိမိမလုပ်ပဲထိုင်နေတဲ့အချိန်တွေက ဘယ်လို တန်ဖိုးရှိလဲ ဆိုတာ တော်ကြာမှ ဆိုပြီးပြစ်

ထားလိုက်တဲ့အလုပ်ကို စိတ်ပါမှ ထလုပ်ရင်း အချိန်တွေ မလောက်ငှပဲ နောက်အလုပ်တွေ ကိုနောက်နှေးစေပါတယ် လုပ်စရာ ရှိတဲ့ အလုပ်မြန်မြန်သာ ထလုပ် လိုက်ပါ.။

(၈)လက်ရှိ အလုပ်ကို သစ္စာရှိပါ

အလုပ်ရှင်ဟာလဲ အလုပ်သမား-အလုပ်သမားဟာလဲ အလုပ်ရှင်ပါပဲ ရောင်းဝယ်သူအသံတူနေမှသာ လုပ်နေတဲ့ အလုပ်ဟာ စည်းလုံးခြင်း ကိုဖြစ်ပေါ်စေ ပါတယ် အလုပ်သမားဟာလဲမိမိ အလုပ်နေတဲ့ အလုပ်ကို

မိမိကိုယ်ပိုင်ပစ္စည်း သဖွယ် စိတ်ထဲ ထင်မှတ်ကာ သစ္စာရှိပါ အလုပ်ရှင် ဟာလဲ မိမိအလုပ်သမားတွေဟာ ငါရဲ့စီးပွားရေး လုပ်ငန်းအောင်မြင်ခြင်း တွက်ထောက်ပံ့နေသော သူတွေပါလို့ တစ်ဦးမေတ္တာ တစ်ဦးသိလို့ လက်ရှိ အလုပ်ကို သစ္စာရှိပါ။

(၉)အိပ်ယာထမပျင်းပါနဲ့

“ဝီရိယ အကျိုး စောစောနိုး -သူခို းတုတ်နဲ့ပြစ်လတ္တံ”တဲ့ရှေးဆိုရိုးစကားရှိပါတယ် စောစောအိပ်ယာထပြီး အလုပ်လုပ်ခြင်းဟာ မိမိပြောမပြ တတ်လောက်အောင် အကျိုးကြီးမားလှပါတယ်

ဥပမာ၁နာရီနားရမဲ့ဟာ ၁၀နာရီနဲ့နားရပါတယ် အချိန်တွေကို ပိုမို ရစေ ပါတယ် စောစောထပြီး အလုပ်လုပ်တော့ နောက်ဆုံးပြောရရင် တစ်ခြားသူတွေနေပူ တာလောက်တောင် မခံရပါဘူး ထို့ကြောင့် အိပ်ယာစောစောထပြီး အလုပ်ကို ကြိုးစားကြ ပါ။

(၁၀)ရည်မှန်းချက်ထားပါ

မိမိအောင်မြင်မှု့ရခြင်းတွက် ရည်းမှန်းချက် ထားပါ ဥပမာ-ငါခု အသက်၂၀ရှိပြီ ဒီနှစ်ကိုငါဆိုင်ကယ် တစ်စီး ပိုင်ဆိုင်ရမယ် နောက်၂နှစ်နေရင် ငါ့မှ ာကိုယ်ပိုင် အလုပ်လေး တစ်ခုပိုင်ဆိုင်ရမယ်

၃နှစ်ကြာရင် ငါမြေကွက်တစ်ကွက် ပိုင်ရမယ် ဒီ၆နှစ်မှာ ငါ့ဘဝခု လက်ရှိ ဘဝနဲ့ မတူပြောင်းလဲစေ ရမယ် လူ့လောကမှာ အသက်၃၀ကျော် သွားရင် လုပ်ရကိုင် ရတာတွေ

သိပ်အဆင်မပြေတော့ ပါဘူး ဒီလိုစီမံကိန်းချ ရည်မှန်းချက်ထားပါ ရည်မှန်းချက်မရှိရင်ဘာလုပ်လုပ်အလကားပါပဲ ရည်မှန်းချက်ရှိရှိအလုပ်ကိုလုပ်ကြပါ….။

(၁၁)ကျန်းမာရေး ဂရုစိုက်ပါ

မြတ်စွာဘုရားဟောကြား ခဲ့ပါတယ် “အာရောဂျံ ပရမံ လာဘံ”ကျန်းမာခြင်းသည် လာဘ်တစ်တစ်ပါးပါပဲ၊ မိမိ ကျန်းမာရေးကို ဂရုစိုက်ပါ မိမိနေမကောင်းရင် အလုပ်လုပ်ဖို့ မပြောနဲ့အုံး

မိမိမဟုတ်တဲ့ အခြားတစ်ယောက် ချက်ထားတဲ့ ထမင်း.ဟင်းတောင်စားရတာ အဆင်မပြေပါဘူး မိမိမှာ ဘယ်လောက်ပဲ စည်းစိမ်တွေ ရှိနေပါ ကျန်းမာရေး မကောင်းရင် အပြည့်အဝခံစား ပိုင်ခွင့် မရှိပါဘူး

မိမိလုပ်ချင်သော အလုပ် မိမိလိုချင်သော ရည်ရွယ်ချက်တွေကို ဘာတစ်ခုမှလုပ်လို့ မရပါဘူး မိမိ မကျန်းမာခြင်းဟာလို ချင်ပန်းတိုင်ကို ဟန့်တားစေ ပါတယ် ဒါကြောင့် ကျန်းမာရေးဟာလဲ မိမိအောင်မြင်မှု့ရခြင်းတွက် အရေးပါ လှပါတယ်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …