ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက်လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး - Amawpyay


Knowledge














သျှင်ယွန်း

ယူနီကုတ်

ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက်လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး

ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက် လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး မအားတာပဲ နေမှာပါလို့လဲ ဖြည့်မတွေး ဖြစ်တော့ဘူး

သတိရတဲ့ အခါပဲ ဖြစ်ဖြစ် ဆက်ချင်တဲ့အခါဖြစ်ဖြစ် ဆက်လာ လိမ့်မယ် ဆိုတာလောက်ပဲ တွေးဖြစ်တော့ တယ် အရင်လို ဖုန်းဘေးနား ငုတ်တုတ် ထိုင်ပြီး မျှော်မနေတော့ဘူး

ကျွန်မ ရင့်ကျက် စပြုလာ ပါပြီ . . . အရင်လို ခဏခဏ မတမ်းတဖြစ်တော့ဘူး တစ်ခုခုဖြစ်တိုင်း တိုက်ဆိုင်တိုင်း ကိုယ့်ဘက် ကသာ အမောတကောနဲ့ သတိတွေ ရလိုက် ရတာ

သူ့ကတော့ ဘာကိုမှ မှတ်မှတ်ရရ မရှိဘူး ခုကျွန်မလဲ ဒီလိုပါပဲ အမှတ်တရတွေ ရှိလာရင်တောင် အမှတ်တမဲ့လေး နေနိုင်လာတဲ့ အထိ ကျွန်မ ရင့်ကျက်နေ ပါပြီ ။

ကျွန်မ အဆင်ပြေနေ ပါပြီ . . . အရင်လို အများကြီး မမျှော်လင့်ဖြစ်တော့ဘူး ကတိတွေကိုပဲ ဖြစ်ဖြစ် လုပ်ပေး မယ်လို့ ပြောထားတာတွေကို ပဲဖြစ်ဖြစ် ကျွန်မ သိပ်ပြီး မျှော်လင့်မထားတော့ဘူး

ဖြစ်ချိန်တန်မှ ဖြစ်လာရောပေါ့ ဖြစ်မလာလို့လဲ သိပ်ပြီး ကြီးကြီးမားမား ခံစားမနေတော့ဘူး အရင်တုန်းက စိတ်နဲ့သာ ဆိုရင် ဖြစ်မလာတိုင်း ဖြစ်မလာ တိုင်း ကျွန်မမှာ သေမတတ်ကို နာကျင်ရခဲ့တာ ။

ကျွန်မ လွတ်လပ်စပြု လာပါပြီ . . . အရင်လို အများကြီး မချစ် မိတော့ဘူး ချစ်တယ်ဆိုတဲ့စကားကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပြောခဲ့တဲ့ ကျွန်မ ထပ်မချစ်အောင် ဆိုတာထက်

များကြီးမချစ်မိအောင် ဆင်ခြင်နေတယ် ဒီလူတော့ ငါ့အနားမှာ တစ်သက်လုံးရှိနေမှာပဲဆိုတဲ့အတွေးတွေ ခေါင်းထဲမှာ မရှိတော့ဘူး ရေစက်ပါ သလောက် ချစ်နေမယ် ဝဋ်ကြွေးပါသလောက်ဆပ်မယ် ဒီလောက် ပါပဲ

ဒါနဲ့ ကျွန်မ ရက်စက်တယ် ဆိုတဲ့ ခေါင်းစဉ်တပ် မလား . . .

တကယ်တော့ အသက်ဝင်နေတဲ့ နှလုံးသားကို သူကိုယ်တိုင်ပဲ ရေခဲရိုက်ပြီး

အသက်မဲ့စေ ခဲ့တာပါ အခုလို အေးတိအေးစက် နိုင်သွားကာမှ ကျွန်မကို ရက်စက်လိုက်တာဆိုတဲ့ ခေါင်းစဉ်တပ် လိုက်တာက

ကျွန်မအတွက် ပိုပြီး ရက်စက်ရာ မရောက်ဘူးလား ဖြေပါ ။

သျှင်ယွန်း

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …