
Myo Myo
Unicode
အရမ်းလှတဲ့ ကောင်မလေးတွေမှာ ရည်းစားမရှိရခြင်းအကြောင်းရင်း(၆)ချက်
တစ်ခါတလေ သိပ်လှတဲ့ ကောင်မလေးတွေမှာ ရည်းစား မရှိတတ် ပါဘူး။ ဒါကို သူတို့ကိုယ်တိုင် အခြား သူတွေကို ရှင်းပြတဲ့ အခါမှာ မဖြစ်နိုင်တာပဲ-ဆိုတဲ့ စကားကိုသာ ကြားရပါတယ်။
အမှန်တော့ သိပ်လှလွန်းတဲ့ ကောင်မလေးတွေ ရည်းစာ မရှိရခြင်းအကြောင်းအရင်း (10)ချက် ရှိပါ တယ်။ အခုဒီစာကို ဖတ်နေတဲ့ ကောင်မလေးရော အဲ့လိုမျိုး အရမ်းလှနေလို့များ ရည်းစား မရ တာလား?
ယောက်ျားလေးတွေ လည်း ကိုယ်ကြိုက်နေ တဲ့ကောင်မလေးက အရမ်းလှနေလို့လက်မလျော့လိုက်ပါနဲ့နော်။ အောက်မှာတော့ အရမ်းလှတဲ့ ကောင်မလေးတွေ ဘာလို့ရည်းစား မရှိရတာလဲကို ဖော်ပြပေး လိုက်ပါတယ်။
1. ကောင်လေးတွေကို မယုံကြည်ခြင်း
သူတို့ကို ချဉ်းကပ် လာတဲ့ ကောင်လေးတွေကို သူတို့ အကြွင်းမဲ့ မယုံကြ ပါဘူး။ အကြောင်းကတော့ သူတို့လှလို့ လာကပ် တယ်လို့ပဲ ထင်နေတာ ကြတာပါ။ ကောင်လေးတွေကလည်း လှတဲ့ ကောင်မလေးနဲ့ တွဲရရင် မော်ကြွား တတ်ကြ တယ်လေ။
2. လူတိုင်းက ရည်းစားရှိတယ်လို့ ယူဆခြင်း
ဒါကလည်း အကြောင်းအရာ တစ်ခုပါဘဲ။ သူတို့က သိပ်လှနေတော့ ဘယ်သူပဲဖြစ်ဖြစ် ဒီကောင်မလေးတော့ ရည်စား ရှိမှာပဲ။ ငါ ကြံမယ် ဆိုလည်း မရနိုင် ပါဘူး-ဆိုပြီး လက်ရှောင်ကြ လို့ပါ။
3. စိတ်ချရသော အခြေအနေမှာ မရှိဘူးလို့ အထင်ခံရခြင်း
အဲဒီ တစ်ယောက်ကို ကြိုက်မိလို့ကတော့ သူ့အချစ်ကို မရနို င်ဘူး … ရနိုင်ရင်လည်း ကိုယ့်ထက် သာတဲ့ နောက်တစ်ယောက်တွေ့ရင် ကိုယ့်ကို ထားသွာ းမှာပဲ-ဆိုတဲ့ အတွေးမျိုးကြောင့်လည်း ဖြစ်တတ် ပါတယ်။
4. မမျှတတဲ့ နည်းလမ်းတွေကို သိခြင်း
သူတို့ကို အချစ်ကြောင့် ချဉ်းကပ် ဖို့ထက် လူပုံ အလယ်မှာ ဂုဏ်ယူလိုခြင်း၊ လိင်ကိစ္စ-စတာတွေ အတွက်ပဲ လာရောက် ချဉ်းကပ်ကြတယ် ဆိုတာ သူတို့ အသိစိတ်က ရိပ်မိနေခြင်းဟာလည်း သူတို့ single ဘဝကို ရောက်စေ ပါတယ်။
5. အသည်းခွဲမယ့်သူလို့ ထင်ခံရခြင်း
ယောက်ျားတိုင် းကတော့ လှပတဲ့ ကောင်မလေးဆို ကြိုက်ချင်တာ ပါဘဲ။ ဒါပေမယ့် သူတို့တစ်တွေဟာ ဒီလို လှပတဲ့ ကောင်မလေးကို ချဉ်းကပ်မိရင် သူတို့ကို လှလှပပ အသည်းခွဲတမ်း ကစားသွားမှာကို ကြောက်ကြ ပါတယ်။
6. မျက်နှာများတယ်လို့ အထင်ခံရခြင်း
သူတို့ကို စိတ်ကသိ ကအောက် ဖြစ်စေတဲ့ ကောင်လေးဆို လွယ်လွယ်ကူကူ ခေါက်ထားလေ့ရှိပြီး သူတို့ရဲ့ ရုပ်ရည်နဲ့ အခြားတစ်ယောက်ကို အမြန်ရှ ာနိုင်တယ်လို့ လူတွေက ထင်နေတတ်ကြ ပါတယ်။
No Comments