
ေပါေတာေတာသူငယ္ခ်င္းေတြကို ပိုင္ဆိုင္ထားသူေတြသာ ရမယ့္ အက်ိဳးေက်းဇူးမ်ား …
ဘဝမွာ သူငယ္ခ်င္းေတြ ရွိတယ္ ဆိုတာ ကလည္း ကံေကာင္းမႈ တစ္ခုပါပဲ။ ေသြးသားရင္းေတြေတာင္ အဆင္မေျပမႈေတြ ရွိေနႏိုင္ တာမို႔ ေသြးမေတာ္ သားမစပ္ပဲ ကိုယ္အနား ဆုိးတူ ေကာင္းဘက္ သူငယ္ခ်င္းေတြ ရွိေနတာက ကံေကာင္းျခင္းပဲ ျဖစ္ပါတယ္။
တစ္ေယာက္ကို တစ္ေယာက္ နားလည္သလို စိတ္ပူတတ္ တာမ်ိဳးက သူငယ္ခ်င္းေတြၾကားမွာ ၾကည္ႏူးစရာ တစ္ခု ျဖစ္ပါတယ္။ ဒီလိုပဲ သူငယ္ခ်င္းေတြ ထဲမွာ ေပါေတာေတာနဲ႔ ေပ်ာ္ေနတတ္တဲ့ သူငယ္ခ်င္းေတြ ပိုင္ဆိုင္ ထားရင္လည္း သင့္မွာ အခုလို ေကာင္းက်ိဳးေလးေတြ ရႏိုင္ ပါေသးတယ္။
(၁) ရယ္ရတယ္
သူနဲ႔ ရွိတဲ့ အခ်ိန္တိုင္းက ရယ္ရတဲ့ အခ်ိန္ေတြ ျဖစ္ေန မွာပါ။ တစ္ခုမဟုတ္ တစ္ခု ကို ထိုင္ခြီေနတာမ်ိဳးကို ျမင္ရ မွာလည္း ျဖစ္သလို ကိုယ့္ကိုယ္ ကိုလည္း ထိုင္ခြီေနတတ္တာ သူတို႔ပဲ ျဖစ္ပါတယ္။
သူတို႔ကို ၾကည့္ရင္း သင္ အူလွိမ့္ေအာင္ ရယ္ရတဲ့ အခါေတြက မ်ားပါတယ္။ ဒါ့အျပင္ အတူရွိခ်ိန္ေတြဆို သူတို႔ဆီမွာ သင္ ရယ္ရေစမယ့္ စကားေတြနဲ႔ အျပဳအမူေတြက ရွိကို ရွိေနတာမို႔ သူတို႔ကို သူငယ္ခ်င္း အျဖစ္ ပိုင္ဆိုင္ရတာ သေဘာက်စရာေကာင္း ပါတယ္။
(၂) ေပ်ာ္ရတယ္
သူတို႔က သင့္သူငယ္ခ်င္းေတြ အျဖစ္ ရွိေနတာက သင္ ကံေကာင္းတယ္လို႔ ေျပာရမွာပါ။ ဒီသူငယ္ခ်င္းေတြ ရွိတာေၾကာင့္ တစ္ေန႔ တစ္ေန႔ သင္ လူမႈကြန္ယက္သံုးေနရင္ေတာင္ စိတ္မညစ္ရပါဘူး။
ဟာသေတြ ရယ္စရာေမာစရာေတြ ထိုင္ၿပီး တင္ေနတာကို လုိက္ၾကည့္ေနရံုနဲ႔တင္ သင္လည္း ေပ်ာ္လို႔ ရပါတယ္။ စကား တစ္ခြန္း တစ္ခြန္း ေျပာလိုက္ ရင္လည္း မရယ္ပဲ ရပ္လိုက္ရတယ္ဆိုတာကို မရွိ ပါဘူး။
သင့္ကို ေပ်ာ္ရႊင္မႈ ေပးႏိုင္တဲ့ ရယ္ေအာင္ လုပ္ႏုိင္တဲ့ သူေတြလည္း ျဖစ္တာမို႔ အဖိုးတန္ သူငယ္ခ်င္းေတြလို႔လည္း သင္ ခံစား ရမွာပါ။
(၃) ပ်င္းရမယ့္ အခ်ိန္ မရွိဘူး
ေပါေတာေတာ သူငယ္ခ်င္းေလးေတြက ေပ်ာ္တတ္ ပါတယ္။ စိတ္ညစ္ေနရင္ေတာင္ သိပ္မသိသာ တတ္ပါဘူး။ သူတို႔ေတြက သူငယ္ခ်င္းေတြ ကိုလည္း ခင္မင္တတ္ သူေတြ ျဖစ္ၿပီး ေျပာင္ေျပာင္ေနာက္ေနာက္ ရယ္ရယ္ေမာေမာ ေနတတ္တဲ့ သူေတြ ျဖစ္ပါတယ္။
သူမ်ားေတြ အေၾကာင္းကို သင့္ဆီ လာေျပာရင္း သင္နဲ႔ တူတူ ခြီေနတာ မ်ိဳး ရွိသလို သင္ကိုယ္ပါ တြဲၿပီး ဟာသလုပ္ ေပ်ာ္တတ္ၾက ပါတယ္။ တစ္ေန႔ တစ္ေန႔ သူတို႔ေၾကာင့္ သင့္မွာ ပ်င္းရတဲ့ အခ်ိန္ေတြဆိုတာ ရွိမွာကို မဟုတ္ပါဘူး။
(၄) အထီးမက်န္ရဘူး
သူတို႔က ေပ်ာ္ေပ်ာ္ေနတတ္ေပမယ့္ အေလးအနက္ ရွိတဲ့ သူေတြလည္း ျဖစ္ပါတယ္္။ သူငယ္ခ်င္းေတြကို အေလးထား သလို ဂရုစိုက္ေပးတတ္ သူေတြလည္း ျဖစ္ပါတယ္။
သူတို႔က သင့္ကို တစ္ေယာက္တည္း ျဖစ္ေနတယ္လို႔ ဘယ္ေတာ့မွ မခံစားရေစတဲ့ သူေတြလည္း ျဖစ္ပါတယ္။ သင့္အတြက္ဆို အျမဲ အသင့္ရွိေနၾက သလို သင့္ကို ေန႔စဥ္ သူတို႔နဲ႔အတူ ရယ္ေမာေနေအာင္ပါ လုပ္ႏိုင္စြမ္း ရွိသူေတြလည္း ျဖစ္ပါတယ္။
(၅) ေပ်ာ္တတ္လာမယ္
ဘယ္ေလာက္ပဲ အေနေအးၿပီး တည္တဲ့သူမ်ိဳး ျဖစ္ပါေစ ပတ္ဝန္းက်င္ အေပါင္းအသင္းေၾကာင့္ ေျပာင္းလဲ လာတာမ်ိဳး ဆိုတာ ရွိပါတယ္။ ေပါေတာေတာနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့ သူငယ္ခ်င္းေတြကို
ရထားတဲ့ သူေတြကေတာ့ ဘယ္ေလာက္ပဲ တည္တံ့တယ္ေျပာေျပာ သူတို႔ပါ သူငယ္ခ်င္းေတြေၾကာင့္ ေပ်ာ္တတ္လာၿပီး ေျပာတတ္ လာပါတယ္။
ေပ်ာ္တဲ့ အခါ ခႏၶာကိုယ္က ထြက္လာတတ္တဲ့ ေဟာ္မုန္းေတြက ခႏၶာကိုယ္ က်န္းမာေရး အတြက္ ေကာင္းက်ိဳးေပး တာေၾကာင့္ ေပ်ာ္လည္း ေပ်ာ္ရ က်န္းမာေရးလည္း ေကာင္းတယ္ဆိုတာမ်ိဳးေတာင္ ျဖစ္ေနပါေသးတယ္။
အားလံုးပဲ သူငယ္ခ်င္းေတြနဲ႔ ဘဝအေမာေတြကို အတူ ျဖတ္သန္းႏိုင္ၾကပါေစဗ်ာ…
Written by Kham
Unicode
ပေါတောတောသူငယ်ချင်းတွေကို ပိုင်ဆိုင်ထားသူတွေသာ ရမယ့် အကျိုးကျေးဇူးများ …
ဘဝမှာ သူငယ်ချင်းတွေ ရှိတယ် ဆိုတာ ကလည်း ကံကောင်းမှု တစ်ခုပါပဲ။ သွေးသားရင်းတွေတောင် အဆင်မပြေမှုတွေ ရှိနေနိုင် တာမို့ သွေးမတော် သားမစပ်ပဲ ကိုယ်အနား ဆိုးတူ ကောင်းဘက် သူငယ်ချင်းတွေ ရှိနေတာက ကံကောင်းခြင်းပဲ ဖြစ်ပါတယ်။
တစ်ယောက်ကို တစ်ယောက် နားလည်သလို စိတ်ပူတတ် တာမျိုးက သူငယ်ချင်းတွေကြားမှာ ကြည်နူးစရာ တစ်ခု ဖြစ်ပါတယ်။ ဒီလိုပဲ သူငယ်ချင်းတွေ ထဲမှာ ပေါတောတောနဲ့ ပျော်နေတတ်တဲ့ သူငယ်ချင်းတွေ ပိုင်ဆိုင် ထားရင်လည်း သင့်မှာ အခုလို ကောင်းကျိုးလေးတွေ ရနိုင် ပါသေးတယ်။
(၁) ရယ်ရတယ်
သူနဲ့ ရှိတဲ့ အချိန်တိုင်းက ရယ်ရတဲ့ အချိန်တွေ ဖြစ်နေ မှာပါ။ တစ်ခုမဟုတ် တစ်ခု ကို ထိုင်ခွီနေတာမျိုးကို မြင်ရ မှာလည်း ဖြစ်သလို ကိုယ့်ကိုယ် ကိုလည်း ထိုင်ခွီနေတတ်တာ သူတို့ပဲ ဖြစ်ပါတယ်။
သူတို့ကို ကြည့်ရင်း သင် အူလှိမ့်အောင် ရယ်ရတဲ့ အခါတွေက များပါတယ်။ ဒါ့အပြင် အတူရှိချိန်တွေဆို သူတို့ဆီမှာ သင် ရယ်ရစေမယ့် စကားတွေနဲ့ အပြုအမူတွေက ရှိကို ရှိနေတာမို့ သူတို့ကို သူငယ်ချင်း အဖြစ် ပိုင်ဆိုင်ရတာ သဘောကျစရာကောင်း ပါတယ်။
(၂) ပျော်ရတယ်
သူတို့က သင့်သူငယ်ချင်းတွေ အဖြစ် ရှိနေတာက သင် ကံကောင်းတယ်လို့ ပြောရမှာပါ။ ဒီသူငယ်ချင်းတွေ ရှိတာကြောင့် တစ်နေ့ တစ်နေ့ သင် လူမှုကွန်ယက်သုံးနေရင်တောင် စိတ်မညစ်ရပါဘူး။
ဟာသတွေ ရယ်စရာမောစရာတွေ ထိုင်ပြီး တင်နေတာကို လိုက်ကြည့်နေရုံနဲ့တင် သင်လည်း ပျော်လို့ ရပါတယ်။ စကား တစ်ခွန်း တစ်ခွန်း ပြောလိုက် ရင်လည်း မရယ်ပဲ ရပ်လိုက်ရတယ်ဆိုတာကို မရှိ ပါဘူး။
သင့်ကို ပျော်ရွှင်မှု ပေးနိုင်တဲ့ ရယ်အောင် လုပ်နိုင်တဲ့ သူတွေလည်း ဖြစ်တာမို့ အဖိုးတန် သူငယ်ချင်းတွေလို့လည်း သင် ခံစား ရမှာပါ။
(၃) ပျင်းရမယ့် အချိန် မရှိဘူး
ပေါတောတော သူငယ်ချင်းလေးတွေက ပျော်တတ် ပါတယ်။ စိတ်ညစ်နေရင်တောင် သိပ်မသိသာ တတ်ပါဘူး။ သူတို့တွေက သူငယ်ချင်းတွေ ကိုလည်း ခင်မင်တတ် သူတွေ ဖြစ်ပြီး ပြောင်ပြောင်နောက်နောက် ရယ်ရယ်မောမော နေတတ်တဲ့ သူတွေ ဖြစ်ပါတယ်။
သူများတွေ အကြောင်းကို သင့်ဆီ လာပြောရင်း သင်နဲ့ တူတူ ခွီနေတာ မျိုး ရှိသလို သင်ကိုယ်ပါ တွဲပြီး ဟာသလုပ် ပျော်တတ်ကြ ပါတယ်။ တစ်နေ့ တစ်နေ့ သူတို့ကြောင့် သင့်မှာ ပျင်းရတဲ့ အချိန်တွေဆိုတာ ရှိမှာကို မဟုတ်ပါဘူး။
(၄) အထီးမကျန်ရဘူး
သူတို့က ပျော်ပျော်နေတတ်ပေမယ့် အလေးအနက် ရှိတဲ့ သူတွေလည်း ဖြစ်ပါတယ်။ သူငယ်ချင်းတွေကို အလေးထား သလို ဂရုစိုက်ပေးတတ် သူတွေလည်း ဖြစ်ပါတယ်။
သူတို့က သင့်ကို တစ်ယောက်တည်း ဖြစ်နေတယ်လို့ ဘယ်တော့မှ မခံစားရစေတဲ့ သူတွေလည်း ဖြစ်ပါတယ်။ သင့်အတွက်ဆို အမြဲ အသင့်ရှိနေကြ သလို သင့်ကို နေ့စဉ် သူတို့နဲ့အတူ ရယ်မောနေအောင်ပါ လုပ်နိုင်စွမ်း ရှိသူတွေလည်း ဖြစ်ပါတယ်။
(၅) ပျော်တတ်လာမယ်
ဘယ်လောက်ပဲ အနေအေးပြီး တည်တဲ့သူမျိုး ဖြစ်ပါစေ ပတ်ဝန်းကျင် အပေါင်းအသင်းကြောင့် ပြောင်းလဲ လာတာမျိုး ဆိုတာ ရှိပါတယ်။ ပေါတောတောနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူငယ်ချင်းတွေကို
ရထားတဲ့ သူတွေကတော့ ဘယ်လောက်ပဲ တည်တံ့တယ်ပြောပြော သူတို့ပါ သူငယ်ချင်းတွေကြောင့် ပျော်တတ်လာပြီး ပြောတတ် လာပါတယ်။
ပျော်တဲ့ အခါ ခန္ဓာကိုယ်က ထွက်လာတတ်တဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းကျိုးပေး တာကြောင့် ပျော်လည်း ပျော်ရ ကျန်းမာရေးလည်း ကောင်းတယ်ဆိုတာမျိုးတောင် ဖြစ်နေပါသေးတယ်။
အားလုံးပဲ သူငယ်ချင်းတွေနဲ့ ဘဝအမောတွေကို အတူ ဖြတ်သန်းနိုင်ကြပါစေဗျာ…
No Comments