
ညီေမလး အိမ္ေထာင္ျပဳဖို႔ ဆုံးျဖတ္ေတာ့မယ္ဆိုရင္
(1)စာတတ္တဲ့ ေယာက္ထက္ စာနာစိတ္ရွိတဲ့ ေယာက်္ားကိုသာ ေ႐ြးခ်ယ္ပါ တစ္မိုးေအာက္ထဲ အတူေနထိုင္မဲ့သူဆိုတာ ကိုယ့္ခံစားခ်က္ကို စာနာစိတ္နဲ႔ ၾကည့္ျမင္တတ္သူ ျဖစ္ေနဖို႔ သိပ္လိုအပ္တယ္ ။
(2)ပညာတတ္သူထက္ ၾကင္နာစိတ္ ရွိသူကိုသာ ေ႐ြးခ်ယ္ပါ ကိုယ့္ဘဝ တစ္သက္တာလုံး အနီးဆုံးမွာ ရွိေနမဲ့သူဟာ ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြကို ၾကင္နာတတ္တဲ့ စိတ္နဲ႔ ေဖးမႏိုင္သူျဖစ္ဖို႔ သိပ္လိုအပ္ ပါတယ္ ။
(3)ေငြခ်မ္းသာ သူထက္ စိတ္ထား ႐ိုးေျဖာင့္သူကိုသာ ေ႐ြးခ်ယ္ပါ ဘဝတစ္ေလွ်ာက္လုံး ေအးအတူပူအမွ် လက္တြဲ ထားရမဲ့ သူဟာ ကိုယ့္လိုအပ္ခ်က္ေတြကို
ေငြနဲ႔ျဖည့္ဆည္းေပးႏိုင္႐ုံနဲ႔ မရဘူး ဘယ္အရာမွာ မဆို ပြင့္လင္း ႐ိုးသားစြာနဲ႔ ဆက္ဆံေရးကသာ ႏွစ္ဦးႏွစ္ဖက္ အၿငိဳးကင္းေစတဲ့ လက္နက္ျဖစ္တယ္
(4)ဂုဏ္ရွိသူထက္ ၿပဳံးရယ္ ႏိုင္ေစသူကိုသာ ေ႐ြးခ်ယ္ပါ လူ႔ဘဝဆိုတာ ေရလႈိင္းလိုပဲ အနိမ့္အျမင့္ရွိတယ္ ကိုယ့္အရိပ္ အျဖစ္ ခိုလႈံေနရသူဟာ ဘယ္လို အခက္ခဲေတြနဲ ႔ႀကဳံလာပါေစ မားမားမတ္မတ္ ရပ္တည္ေပးၿပီး ၿပဳံးရယ္ ႏိုင္ေစသူျဖစ္ဖို႔ အဓိက က်တယ္
(5)႐ုပ္ေခ်ာသူထက္ အသိုင္းဝိုင္း သန႔္ရွင္းသူ ကိုသာ ေ႐ြးခ်ယ္ပါ မတူညီတဲ့ အသိုင္းဝိုင္းႏွစ္ခု ေပါက္ဖြား လာသူေတြ တစ္ဘဝအတူ လက္တြဲၿပီး တစ္မိုးေအာက္ထဲေနဖို ႔ဆိုတာ ပတ္ဝန္းက်င္ ပါလာသလို ႏွ
စ္ဖက္အသိုင္းဝိုင္းဆိုတာလည္း အိမ္ေထာင္စုတစ္ခုရဲ႕ တစ္စိပ္တစ္ေဒသမွာ ပါဝင္ပါတ္သက္ေစပါတယ္ ကိုယ့္ဘဝကို တစ္သက္တာေပးအပ္ထားရမဲ့သူဟာ က္ိုယ္ႏႈတ္အမူအယာ ယဥ္ေက်းၿပီး မိမိသိကၡာကို တန္ဖိုးထားတတ္သူျဖစ္ဖို႔ အေရးႀကီးဆုံးပဲ
6)ဥစၥာျပည့္စုံသူထက္ နားလည္မႈရွိသူကိုသာ ေ႐ြးခ်ယ္ပါ ကိုယ့္ရဲ႕အနီးဆုံးမွာေနတဲ့သူဆိုတာ မေတာ္တဆ အမွားေတြအေပၚ ဒါမွမဟုတ္ မိမိအသိုင္းဝိုင္းနဲ႔ ဆက္ဆံေရးမွာ သေဘာထားႀကီးၿပီး နားလည္မႈရွိသူျဖစ္ဖို႔လည္း လိုအပ္ပါတယ္
တကယ္ေတာ့ အိမ္ေထာင္ျပဳျခင္း ဆိုတဲ့ အရာကို က်ဴးလြန္ၿပီး သြားရင္ ေယာက်္ားေလးျဖစ္ေစ မိန္းကေလးျဖစ္ေစ လက္ရွိ တန္ဖိုး ထက္ေတာ့ က်ဆင္းသြားရတာပါပဲ ။အိမ္ေထာင္သည္ ဘဝေရာက္ သြားၿပီးရင္
မိန္းမသားေတြက ေယာက်္ားသားေတြ ထက္ မိမိကိုယ္ပိုင္ အခြင့္အေရးေတြ ၊ထိန္းခ်ဳပ္ခံရတာေတြ ပိုလာသလို ၊ မိမိျဖစ္ခ်င္တဲ့ အခြင့္အေရးေတြမ်ားစြာ ေပးဆပ္ လိုက္ရ ပါတယ္။
ဒါေၾကာင့္ အိမ္ေထာင္ျပဳေတာ့မယ္လို႔ ဆုံးျဖတ္ လိုက္ရင္ လူတစ္ေယာက္ကို အေပၚယံတင္ ဆုံးျဖတ္ တာမ်ိဳး ေရွာင္က်ဥ္ပါ အခ်ိန္ေပးၿပီးေလ့လာပါ လူတစ္ေယာက္ရဲ႕စိတ္ဓာတ္ကို သိဖို႔
အခ်ိန္ၾကာၾကာ ေစာင့္ၾကည့္ဖို႔ မလိုအပ္ပါဘူး သတိႀကီးႀကီးနဲ႔ ေစာင့္ၾကည့္ၾကည့္လိုက္ပါ လူတစ္ေယာက္ရဲ႕ မေနာဆိုတာ မထင္မွတ္တဲ့ အရာေတြ ကေန အေျဖေတြေပၚလာ တတ္ပါတယ္။
တစ္သက္တာ စိတ္ခ်မ္းသာ ခ်င္ရင္ လူေ႐ြးမမွားဖို႔ အတြက္ တခါတရံေတာ့ မ်က္ရည္ေတြလည္း ရင္းႏွီးလိုက္ပါ ညီမေလး။
Credit
Unicode
ညီမေလး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင်
(1)စာတတ်တဲ့ ယောက်ထက် စာနာစိတ်ရှိတဲ့ ယောကျ်ားကိုသာ ရွေးချယ်ပါ တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာ ကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ ကြည့်မြင်တတ်သူ ဖြစ်နေဖို့ သိပ်လိုအပ်တယ် ။
(2)ပညာတတ်သူထက် ကြင်နာစိတ် ရှိသူကိုသာ ရွေးချယ်ပါ ကိုယ့်ဘဝ တစ်သက်တာလုံး အနီးဆုံးမှာ ရှိနေမဲ့သူဟာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့ စိတ်နဲ့ ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ် ပါတယ် ။
(3)ငွေချမ်းသာ သူထက် စိတ်ထား ရိုးဖြောင့်သူကိုသာ ရွေးချယ်ပါ ဘဝတစ်လျှောက်လုံး အေးအတူပူအမျှ လက်တွဲ ထားရမဲ့ သူဟာ ကိုယ့်လိုအပ်ချက်တွေကို
ငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ မရဘူး ဘယ်အရာမှာ မဆို ပွင့်လင်း ရိုးသားစွာနဲ့ ဆက်ဆံရေးကသာ နှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ်
(4)ဂုဏ်ရှိသူထက် ပြုံးရယ် နိုင်စေသူကိုသာ ရွေးချယ်ပါ လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ် ကိုယ့်အရိပ် အဖြစ် ခိုလှုံနေရသူဟာ ဘယ်လို အခက်ခဲတွေနဲ့ကြုံလာပါစေ မားမားမတ်မတ် ရပ်တည်ပေးပြီး ပြုံးရယ် နိုင်စေသူဖြစ်ဖို့ အဓိက ကျတယ်
(5)ရုပ်ချောသူထက် အသိုင်းဝိုင်း သန့်ရှင်းသူ ကိုသာ ရွေးချယ်ပါ မတူညီတဲ့ အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွား လာသူတွေ တစ်ဘဝအတူ လက်တွဲပြီး တစ်မိုးအောက်ထဲနေဖို့ဆိုတာ ပတ်ဝန်းကျင် ပါလာသလို နှ
စ်ဖက်အသိုင်းဝိုင်းဆိုတာလည်း အိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာ ပါဝင်ပါတ်သက်စေပါတယ် ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာ ကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီး မိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ
6)ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာ ရွေးချယ်ပါ ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆ အမှားတွေအပေါ် ဒါမှမဟုတ် မိမိအသိုင်းဝိုင်းနဲ့ ဆက်ဆံရေးမှာ သဘောထားကြီးပြီး နားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ်
တကယ်တော့ အိမ်ထောင်ပြုခြင်း ဆိုတဲ့ အရာကို ကျူးလွန်ပြီး သွားရင် ယောကျ်ားလေးဖြစ်စေ မိန်းကလေးဖြစ်စေ လက်ရှိ တန်ဖိုး ထက်တော့ ကျဆင်းသွားရတာပါပဲ ။အိမ်ထောင်သည် ဘဝရောက် သွားပြီးရင်
မိန်းမသားတွေက ယောကျ်ားသားတွေ ထက် မိမိကိုယ်ပိုင် အခွင့်အရေးတွေ ၊ထိန်းချုပ်ခံရတာတွေ ပိုလာသလို ၊ မိမိဖြစ်ချင်တဲ့ အခွင့်အရေးတွေများစွာ ပေးဆပ် လိုက်ရ ပါတယ်။
ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ် လိုက်ရင် လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ် တာမျိုး ရှောင်ကျဉ်ပါ အချိန်ပေးပြီးလေ့လာပါ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့
အချိန်ကြာကြာ စောင့်ကြည့်ဖို့ မလိုအပ်ပါဘူး သတိကြီးကြီးနဲ့ စောင့်ကြည့်ကြည့်လိုက်ပါ လူတစ်ယောက်ရဲ့ မနောဆိုတာ မထင်မှတ်တဲ့ အရာတွေ ကနေ အဖြေတွေပေါ်လာ တတ်ပါတယ်။
တစ်သက်တာ စိတ်ချမ်းသာ ချင်ရင် လူရွေးမမှားဖို့ အတွက် တခါတရံတော့ မျက်ရည်တွေလည်း ရင်းနှီးလိုက်ပါ ညီမလေး။
No Comments