အပ်ိဳေဖာ္ဝင္တဲ့ မိန္းကေလးေတြအေနနဲ့ဓမၼတာလာျခင္းနဲ႔ပတ္သက္ၿပီး ဒါေတြကုိသိထားသင့္ပါတယ္ - Amawpyay

အပ်ိဳေဖာ္ဝင္တဲ့ မိန္းကေလးေတြအေနနဲ့ဓမၼတာလာျခင္းနဲ႔ပတ္သက္ၿပီး ဒါေတြကုိသိထားသင့္ပါတယ္

အပ်ိဳေဖာ္ဝင္တဲ့ မိန္းကေလးေတြအေနနဲ့ဓမၼတာလာျခင္းနဲ႔ပတ္သက္ၿပီး ဒါေတြကုိသိထားသင့္ပါတယ္
Knowledge

အပ်ိဳေဖာ္ဝင္တဲ့ မိန္းကေလးေတြအေနနဲ့ဓမၼတာလာျခင္းနဲ႔ပတ္သက္ၿပီး ဒါေတြကုိသိထားသင့္ပါတယ္

ကေလးေပါက္စေလး အျဖစ္ကေန အပ်ိဳေပါက္ေလး အျဖစ္ေျပာင္းလဲ လာခ်ိန္မွာ ခႏၶာကိုယ္မွာ ေျပာင္းလဲမႈေတြ ၾကဳံရ နိုင္သလို ရာသီေသြးဆင္းတဲ့ ကိစၥ ကိုလည္း စၾကဳံလာ ရပါၿပီ။ ဒီအခ်ိန္မွာ အေတြ႕အၾကဳံသစ္ကို စိတ္ရႈပ္မွာ မွန္ေပမယ့္ ဒါေလးေတြကို သိထားဖို႔ေတာ့လိုပါမယ္။

ရာသီလာတာက ေရွာင္လႊဲလို ႔ရတဲ့ ကိစၥမဟုတ္ပါဘူး

ရာသီလာတာက အပ်ိဳေဖာ္ဝင္တဲ့ မိန္းကေလးတိုင္း ေတြ႕ၾကဳံရမယ့္ ကိစၥျဖစ္ၿပီး မိန္းကေလးတိုင္းဘဝမွာ ေရွာင္လႊဲလို ႔မရတဲ့ ကိစၥဆိုတာကို လက္ခံ ထားဖို ႔လိုပါမယ္။

ရာသီလာရင္ ဘယ္ေလာက္ၾကာမလဲ

ရာသီလာတဲ့ အခါ ပုံမွန္ အားျဖင့္ ၃ ရက္ကေန ၅ ရက္အတြင္းျဖစ္ နိုင္ပါတယ္။ ဒါကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူနိုင္ပါဘူး။ ရာသီေသြးဆင္း တာကလည္း နည္းတဲ့သူက နည္းနိုင္ၿပီး မ်ားတဲ့သူက မ်ားနိုင္ပါတယ္။

ဘယ္အခ်ိန္မွာ ရာသီစလာတတ္လဲ

မ်ားေသာအားျဖင့္ ကေတာ့ အသက္ ၁၂ ႏွစ္ ကေန ၁၃ ႏွစ္ဝန္းက်င္ မွာလာတတ္ ပါတယ္။ ဒီထက္ပိုေစာနိုင္သလို ေနာက္က်တာမ်ိဳးလည္း ရွိနိုင္ပါတယ္။

ရာသီလာခ်ိန္မွာ ဘယ္လိုေတြ ခံစားရနိုင္လဲ….

ရာသီလာတိုင္းမွာ အခုလိုေတြ မျဖစ္မေန ခံစားရနိုင္တာ မဟုတ္ေပမယ့္ ခံစားရနိုင္ေျခေတာ့ရွိပါတယ္။

မအီမသာျဖစ္မယ္ – ေျခလက္ေတြ ကိုက္သလို၊ ေခါင္းမူးသလို၊ ေခၽြးေစးေတြျပန္ၿပီး ေျခဖ်ားလက္ဖ်ားေတြေအးတာ၊ မူးေဝတာ၊ ကိုက္ခဲနာက်င္ တာေတြ ခံစားရနို င္ပါတယ္။

ေသြးဆုံးရႈံးမယ္ – ရာသီေသြးဆင္း တာေၾကာင့္ ခႏၶာကိုယ္မွာ ေသြးဆုံရႈံးတာမ်ိဳး၊ ေသြးအားနည္းတာ မ်ိဳးေတြျဖစ္နိုင္ ပါတယ္။

ေသြးခဲေတြဆင္းမယ္ – ရာသီေသြးဆင္းတဲ့ အခါ ေသြးအရည္ေတြပဲ ဆင္းနိုင္ သလို တစ္ခါတရံမွာ ေသြးခဲေလးေတြ ဆင္းတာမ်ိဳးလည္း ရွိနိုင္ပါတယ္။ အရမ္းမမ်ားဘူး ဆိုရင္ေတာ့ မစိုးရိမ္ဖို႔ေျပာ ပါရေစေနာ္။

ဗိုက္ေအာင့္မယ္ – ဒါကေတာ့ ေလဒီေလးတိုင္း မျဖစ္ပါဘူး။ အခ်ိဳ႕ေလဒီေလးေတြမွာေတာ့ ရာသီလာခ်ိန္မွာ ဗိုက္ေအာင့္တာ မ်ိဳးျဖစ္နိုင္ ပါတယ္။

စိတ္ခံစားမႈ မေကာင္းျဖစ္မယ္ – ရာသီေသြးဆင္းေနခ်ိန္မွာ ဝမ္းနည္းသလို၊ စိတ္အားငယ္သလို ခံစားရတာ၊ စိတ္တို လြယ္တာ၊ ေဒါသျဖစ္လြယ္ တာလိုမ်ိဳး စိတ္ခံစားမႈ ပိုင္းဆိုင္ရာ ျပႆနာေတြကိုလည္း ခံစား ရနိုင္ ပါတယ္။

ရာသီလာစဥ္ နာက်င္ကိုက္ခဲ မႈေဝဒနာ ခံစားရမယ္ – ဗိုက္ေတြေအာင့္သလို ဆီးစပ္ေတြကိုက္သလိုမ်ိဳး ကိုလည္း ရာသီလာစဥ္နဲ႔ ရာသီမလာခင္ေတြမွာ ခံစားရနိုင္ ပါေသးတယ္။ ဒါတင္မကပါဘူး။ ခါးေတြ၊ ေျခေထာက္ေတြ ကိုက္တာ ကိုလည္း ခံစား ရနိုင္ ပါတယ္။

ရာသီလာခ်ိန္ကို အေကာင္းဆုံးေက်ာ္ျဖတ္နိုင္ေစဖို႔

ရာသီလာခ်ိန္ကို ေလဒီေလး အေနနဲ႔ အေကာင္းဆုံးေက်ာ္ျဖတ္ သြားလို႔ရေအာင္ ဒီအခ်က္ေလးေတြကို သိထားဖို႔ လိုပါ မယ္။ ရာသီလာေနခ်ိန္မွာ

အငန္ဓာတ္မ်ားတာေတြကို မစားပါနဲ႔

ကဖင္းဓာတ္ပါတဲ့ အစားအေသာက္ေတြ ကိုေရွာင္ပါ

နို႔နဲ႔နို႔ထြက္ပစၥည္းေတြ ကိုေရွာင္ပါ

သင့္တင့္တဲ့ ကိုယ္လက္လႈပ္ရွားမႈ လုပ္ေပးပါ

၆ နာရီၾကာတိုင္း လစဥ္သုံး ပစၥည္းကို အသစ္ လဲလွယ္ေပးပါ

အကာအကြယ္မဲ့ လိင္ဆက္ဆံ တာမ်ိဳး မလုပ္ပါနဲ႔

အိပ္ေရးဝဝအိပ္ပါ

ေရမ်ားမ်ားေသာက္ပါ

တစ္ကိုယ္ေရသန႔္ရွင္းေရးဂ႐ုစိုက္ေပးပါ

အာဟာရျပည့္ဝေအာင္ စားသုံးေပးပါ။

ဒီလိူအခ်ိန္မွာ ခႏၶာကိုယ္ က်န္းမာေနေစ ဖို႔ေရာ သံဓာတ္ အားနည္းမႈေၾကာင့္ ေသြးအားနည္းေရာဂါပါ မျဖစ္ေစဖို႔ ဆိုရင္ လိုအပ္တဲ့ အာဟာရေတြ ျပည့္ဝေစဖို႔အတြက္ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အာဟာရေတြ ျဖစ္တဲ့ ဗီတာမင္ နဲ႔ သတၱဳဓါတ္ ၁၈ မ်ိဳး၊

ဗီတာမင္ B complex နဲ႔ သံဓါတ္တို႔ကို အေျခခံၿပီး ထုတ္ထားတဲ့ Appeton ရဲ့ Ms Teen ျဖည့္စြက္ အားေဆး ရွိပါတယ္။ ေလဒီေလးေတြ အတြက္ သီးသန႔္ထုတ္ ထားတာျဖစ္တာေၾကာင့္ က်န္းမာလွပတဲ့ ေလဒီေလး အျဖစ္ အရြယ္ေရာက္ လာေစဖို႔ အေကာင္းဆုံးေထာက္ပံ့ေပးနိုင္မွာ ပါေနာ္။

Credit hello ဆရာ၀န္

Unicode

အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ဓမ္မတာလာခြင်းနဲ့ပတ်သက်ပြီး ဒါတွေကိုသိထားသင့်ပါတယ်

ကလေးပေါက်စလေး အဖြစ်ကနေ အပျိုပေါက်လေး အဖြစ်ပြောင်းလဲ လာချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ကြုံရ နိုင်သလို ရာသီသွေးဆင်းတဲ့ ကိစ္စ ကိုလည်း စကြုံလာ ရပါပြီ။ ဒီအချိန်မှာ အတွေ့အကြုံသစ်ကို စိတ်ရှုပ်မှာ မှန်ပေမယ့် ဒါလေးတွေကို သိထားဖို့တော့လိုပါမယ်။

ရာသီလာတာက ရှောင်လွှဲလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး

ရာသီလာတာက အပျိုဖော်ဝင်တဲ့ မိန်းကလေးတိုင်း တွေ့ကြုံရမယ့် ကိစ္စဖြစ်ပြီး မိန်းကလေးတိုင်းဘဝမှာ ရှောင်လွှဲလို့မရတဲ့ ကိစ္စဆိုတာကို လက်ခံ ထားဖို့လိုပါမယ်။

ရာသီလာရင် ဘယ်လောက်ကြာမလဲ

ရာသီလာတဲ့ အခါ ပုံမှန် အားဖြင့် ၃ ရက်ကနေ ၅ ရက်အတွင်းဖြစ် နိုင်ပါတယ်။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ရာသီသွေးဆင်း တာကလည်း နည်းတဲ့သူက နည်းနိုင်ပြီး များတဲ့သူက များနိုင်ပါတယ်။

ဘယ်အချိန်မှာ ရာသီစလာတတ်လဲ

များသောအားဖြင့် ကတော့ အသက် ၁၂ နှစ် ကနေ ၁၃ နှစ်ဝန်းကျင် မှာလာတတ် ပါတယ်။ ဒီထက်ပိုစောနိုင်သလို နောက်ကျတာမျိုးလည်း ရှိနိုင်ပါတယ်။

ရာသီလာချိန်မှာ ဘယ်လိုတွေ ခံစားရနိုင်လဲ….

ရာသီလာတိုင်းမှာ အခုလိုတွေ မဖြစ်မနေ ခံစားရနိုင်တာ မဟုတ်ပေမယ့် ခံစားရနိုင်ခြေတော့ရှိပါတယ်။

မအီမသာဖြစ်မယ် – ခြေလက်တွေ ကိုက်သလို၊ ခေါင်းမူးသလို၊ ချွေးစေးတွေပြန်ပြီး ခြေဖျားလက်ဖျားတွေအေးတာ၊ မူးဝေတာ၊ ကိုက်ခဲနာကျင် တာတွေ ခံစားရနို င်ပါတယ်။

သွေးဆုံးရှုံးမယ် – ရာသီသွေးဆင်း တာကြောင့် ခန္ဓာကိုယ်မှာ သွေးဆုံရှုံးတာမျိုး၊ သွေးအားနည်းတာ မျိုးတွေဖြစ်နိုင် ပါတယ်။

သွေးခဲတွေဆင်းမယ် – ရာသီသွေးဆင်းတဲ့ အခါ သွေးအရည်တွေပဲ ဆင်းနိုင် သလို တစ်ခါတရံမှာ သွေးခဲလေးတွေ ဆင်းတာမျိုးလည်း ရှိနိုင်ပါတယ်။ အရမ်းမများဘူး ဆိုရင်တော့ မစိုးရိမ်ဖို့ပြော ပါရစေနော်။

ဗိုက်အောင့်မယ် – ဒါကတော့ လေဒီလေးတိုင်း မဖြစ်ပါဘူး။ အချို့လေဒီလေးတွေမှာတော့ ရာသီလာချိန်မှာ ဗိုက်အောင့်တာ မျိုးဖြစ်နိုင် ပါတယ်။

စိတ်ခံစားမှု မကောင်းဖြစ်မယ် – ရာသီသွေးဆင်းနေချိန်မှာ ဝမ်းနည်းသလို၊ စိတ်အားငယ်သလို ခံစားရတာ၊ စိတ်တို လွယ်တာ၊ ဒေါသဖြစ်လွယ် တာလိုမျိုး စိတ်ခံစားမှု ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ခံစား ရနိုင် ပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲ မှုဝေဒနာ ခံစားရမယ် – ဗိုက်တွေအောင့်သလို ဆီးစပ်တွေကိုက်သလိုမျိုး ကိုလည်း ရာသီလာစဉ်နဲ့ ရာသီမလာခင်တွေမှာ ခံစားရနိုင် ပါသေးတယ်။ ဒါတင်မကပါဘူး။ ခါးတွေ၊ ခြေထောက်တွေ ကိုက်တာ ကိုလည်း ခံစား ရနိုင် ပါတယ်။

ရာသီလာချိန်ကို အကောင်းဆုံးကျော်ဖြတ်နိုင်စေဖို့

ရာသီလာချိန်ကို လေဒီလေး အနေနဲ့ အကောင်းဆုံးကျော်ဖြတ် သွားလို့ရအောင် ဒီအချက်လေးတွေကို သိထားဖို့ လိုပါ မယ်။ ရာသီလာနေချိန်မှာ

အငန်ဓာတ်များတာတွေကို မစားပါနဲ့

ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေ ကိုရှောင်ပါ

နို့နဲ့နို့ထွက်ပစ္စည်းတွေ ကိုရှောင်ပါ

သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ

၆ နာရီကြာတိုင်း လစဉ်သုံး ပစ္စည်းကို အသစ် လဲလှယ်ပေးပါ

အကာအကွယ်မဲ့ လိင်ဆက်ဆံ တာမျိုး မလုပ်ပါနဲ့

အိပ်ရေးဝဝအိပ်ပါ

ရေများများသောက်ပါ

တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါ

အာဟာရပြည့်ဝအောင် စားသုံးပေးပါ။

ဒီလိူအချိန်မှာ ခန္ဓာကိုယ် ကျန်းမာနေစေ ဖို့ရော သံဓာတ် အားနည်းမှုကြောင့် သွေးအားနည်းရောဂါပါ မဖြစ်စေဖို့ ဆိုရင် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေဖို့အတွက် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေ ဖြစ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် ၁၈ မျိုး၊

ဗီတာမင် B complex နဲ့ သံဓါတ်တို့ကို အခြေခံပြီး ထုတ်ထားတဲ့ Appeton ရဲ့ Ms Teen ဖြည့်စွက် အားဆေး ရှိပါတယ်။ လေဒီလေးတွေ အတွက် သီးသန့်ထုတ် ထားတာဖြစ်တာကြောင့် ကျန်းမာလှပတဲ့ လေဒီလေး အဖြစ် အရွယ်ရောက် လာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာ ပါနော်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …