
မၾကာခဏ စိတ္ဆိုးစိတ္ေကာက္လုပ္တတ္တဲ့ မိန္းကေလးေတြ ရမယ့္ ဆိုးက်ိဳး ၅ ခု
မိန္းကေလးေတြရဲ႕ သဘာဝကိုက စိတ္ဆိုးစိတ္ေကာက္ လုပ္တတ္တာမ်ိဳး ပါလာတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မိန္းကေလး တိုင္းကေတာ့ စိတ္ဆိုးစိတ္ေကာက္ တာမ်ိဳး မလုပ္ၾကပါဘူး။
မၾကာခဏ စိတ္ဆိုးစိတ္ေကာက္လုပ္တတ္တဲ့ မိန္းကေလးေတြ ကေတာ့ သူမ်ားေတြထက္ ထူးျခားေနတတ္ သလို သူမ်ားေတြ မရတဲ့ ဆိုးက်ိဳးေတြလည္း ရေနတတ္ ပါတယ္။ ဘယ္လို ဆိုးက်ိဳးေတြလဲ ဆိုတာ ကေတာ့..
(၁) ပူေလာင္တယ္
စိတ္ဆိုးတယ္ ဆိုတည္းက ကိုယ့္စိတ္မွာ အလိုမက်တာ တခုခု ျဖစ္သြားလို႔ ျဖစ္ပါတယ္။ စိတ္ဆိုးတယ္ဆိုတာ စိတ္ဆိုး သင့္တဲ့ အရာ ဟုတ္ မဟုတ္ စစ္ေဆးၿပီးမွ စိတ္ဆိုးရင္ေတာ့ သဘာဝက် ပါတယ္။
ဒီလို မဟုတ္ဘဲ ကိုယ့္စိတ္ အလိုအတိုင္း မျဖစ္တာနဲ႔ စိတ္ဆိုးေန ရင္ေတာ့ စိတ္ဆိုးခံရသူထက္ သင္ပဲ အရင္ဆံုး ပူေလာင္ေန ရတာ ျဖစ္ပါတယ္။
(၂) ဝမ္းနည္းရတယ္
စိတ္ဆိုး စိတ္ေကာက္ လုပ္တတ္တဲ့ မိန္းကေလး အမ်ားစု ကေတာ့ အႀကီးအက်ယ္ စိတ္ဆိုးၾကလို႔ မဟုတ္ဘဲ ကေလးဆန္ လြန္းၾကတာ ျဖစ္ပါ တယ္။
သူတို႔ရဲ႕ ဒီလို ျပဳမူ တတ္တဲ့ စိတ္ေၾကာင့္ အရင္ဆံုး ဝမ္းနည္း ရတာလည္း သူတို႔ပဲ ျဖစ္ပါတယ္။ ငါ့ကို ဒီလို ဆိုၿပီး ေတြးၿပီး အျမဲ အလိုမက် ျဖစ္ၿပီး စိတ္ေကာက္ေန ရင္ေတာ့ ဝမ္းနည္းေနမွာပါပဲ။ ဝမ္းနည္းတာက တကယ့္ေတာ့ ခံစားရတာ မေကာင္းပါဘူး။
(၃) အေတြးမ်ားတယ္
သူတို႔လို လူမ်ိဳးေတြ အမ်ားစု ဒီလို စိတ္ဆိုးစိတ္ေကာက္လုပ္ေနရတဲ့ အေၾကာင္းအရင္းကေတာ့ အေတြးမ်ားလို႔ ျဖစ္ပါတယ္။ တကယ္ မဟုတ္ဘဲ အေတြးနဲ႔ တစ္ဖက္လူအေပၚ အထင္လြဲတာ တစ္မ်ိဳးျမင္တာေတြက ကိုယ့္ကိုယ္ကို ဒုကၡေပးေန သလို ပါပဲ။
စိတ္ဆိုးရင္လည္း အရင္ဆံုး ပင္ပန္းရတာ ကိုယ္ ျဖစ္ၿပီး ကိုယ့္အေတြးေၾကာင့္ တစ္ဖက္သူက အျပစ္လည္း ကိုယ့္ကို ျမင္သြား ႏိုင္ပါတယ္။
(၄) ရုပ္ရင့္ေစႏိုင္တယ္
ေပ်ာ္ရႊင္တဲ့ သူေတြသာ စိတ္ပ်ိဳကိုယ္ႏု ဆုိတာမ်ိဳး ျဖစ္တာပါ။ သင္က အျမဲ အေတြးေတြ၊ သံသယနဲ႔ စိတ္ဆိုးဖို႔ စိတ္ေကာက္ ဖို႔သာ ဟန္ျပင္ေန ရင္ေတာ့ သင့္ကို ရုပ္ရင့္ေစတဲ့ ေဟာ္မုန္းထြက္တာေတြ မ်ားေနၿပီး တျဖည္းျဖည္း ရုပ္ရင့္ လာမွာပဲ ျဖစ္ပါတယ္။
ကိုယ့္ရဲ႕ စိတ္ေအးခ်မ္းေအာင္ မေနတတ္တဲ့ အက်င့္ေၾကာင့္ ထိခိုက္မွာ ကိုယ္ပဲ ျဖစ္ပါတယ္။
(၅) ၿငိဳျငင္ခံရႏိုင္တယ္
ကေလးဘဝမွာ စိတ္ဆိုး စိတ္ေကာက္ လုပ္ေနတဲ့ ပံုစံေလးက သိပ္ကို ခ်စ္ဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ မၾကာခဏ ျဖစ္ေနမယ္ ဆိုရင္ေတာ့ ဒီအျပဳအမူက မေကာင္းတာမို႔ လူႀကီးေတြက အလိုမလိုက္ တတ္ၾက ပါဘူး။
ကေလးေတာင္ အႀကိမ္ေရမ်ားလာရင္ အသိအမွတ္ မျပဳေတာ့ ၾကတာမို႔ ကိုယ္က အရြယ္ေရာက္ေနၿပီဆိုရင္ ထစ္ခနဲရွိ စိတ္ေကာက္တဲ့ အက်င့္ကို ျပင္သင့္ပါတယ္။ မဟုတ္ရင္ေတာ့ သင့္အနားက သူေတြက သင့္ကို ၿငိဳျငင္ လာႏိုင္ ပါတယ္ေနာ္။
Credit
Unicode
မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေ ရမယ့် ဆိုးကျိုး ၅ ခု
မိန်းကလေးတွေရဲ့ သဘာဝကိုက စိတ်ဆိုးစိတ်ကောက် လုပ်တတ်တာမျိုး ပါလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိန်းကလေး တိုင်းကတော့ စိတ်ဆိုးစိတ်ကောက် တာမျိုး မလုပ်ကြပါဘူး။
မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေ ကတော့ သူများတွေထက် ထူးခြားနေတတ် သလို သူများတွေ မရတဲ့ ဆိုးကျိုးတွေလည်း ရနေတတ် ပါတယ်။ ဘယ်လို ဆိုးကျိုးတွေလဲ ဆိုတာ ကတော့..
(၁) ပူလောင်တယ်
စိတ်ဆိုးတယ် ဆိုတည်းက ကိုယ့်စိတ်မှာ အလိုမကျတာ တခုခု ဖြစ်သွားလို့ ဖြစ်ပါတယ်။ စိတ်ဆိုးတယ်ဆိုတာ စိတ်ဆိုး သင့်တဲ့ အရာ ဟုတ် မဟုတ် စစ်ဆေးပြီးမှ စိတ်ဆိုးရင်တော့ သဘာဝကျ ပါတယ်။
ဒီလို မဟုတ်ဘဲ ကိုယ့်စိတ် အလိုအတိုင်း မဖြစ်တာနဲ့ စိတ်ဆိုးနေ ရင်တော့ စိတ်ဆိုးခံရသူထက် သင်ပဲ အရင်ဆုံး ပူလောင်နေ ရတာ ဖြစ်ပါတယ်။
(၂) ဝမ်းနည်းရတယ်
စိတ်ဆိုး စိတ်ကောက် လုပ်တတ်တဲ့ မိန်းကလေး အများစု ကတော့ အကြီးအကျယ် စိတ်ဆိုးကြလို့ မဟုတ်ဘဲ ကလေးဆန် လွန်းကြတာ ဖြစ်ပါ တယ်။
သူတို့ရဲ့ ဒီလို ပြုမူ တတ်တဲ့ စိတ်ကြောင့် အရင်ဆုံး ဝမ်းနည်း ရတာလည်း သူတို့ပဲ ဖြစ်ပါတယ်။ ငါ့ကို ဒီလို ဆိုပြီး တွေးပြီး အမြဲ အလိုမကျ ဖြစ်ပြီး စိတ်ကောက်နေ ရင်တော့ ဝမ်းနည်းနေမှာပါပဲ။ ဝမ်းနည်းတာက တကယ့်တော့ ခံစားရတာ မကောင်းပါဘူး။
(၃) အတွေးများတယ်
သူတို့လို လူမျိုးတွေ အများစု ဒီလို စိတ်ဆိုးစိတ်ကောက်လုပ်နေရတဲ့ အကြောင်းအရင်းကတော့ အတွေးများလို့ ဖြစ်ပါတယ်။ တကယ် မဟုတ်ဘဲ အတွေးနဲ့ တစ်ဖက်လူအပေါ် အထင်လွဲတာ တစ်မျိုးမြင်တာတွေက ကိုယ့်ကိုယ်ကို ဒုက္ခပေးနေ သလို ပါပဲ။
စိတ်ဆိုးရင်လည်း အရင်ဆုံး ပင်ပန်းရတာ ကိုယ် ဖြစ်ပြီး ကိုယ့်အတွေးကြောင့် တစ်ဖက်သူက အပြစ်လည်း ကိုယ့်ကို မြင်သွား နိုင်ပါတယ်။
(၄) ရုပ်ရင့်စေနိုင်တယ်
ပျော်ရွှင်တဲ့ သူတွေသာ စိတ်ပျိုကိုယ်နု ဆိုတာမျိုး ဖြစ်တာပါ။ သင်က အမြဲ အတွေးတွေ၊ သံသယနဲ့ စိတ်ဆိုးဖို့ စိတ်ကောက် ဖို့သာ ဟန်ပြင်နေ ရင်တော့ သင့်ကို ရုပ်ရင့်စေတဲ့ ဟော်မုန်းထွက်တာတွေ များနေပြီး တဖြည်းဖြည်း ရုပ်ရင့် လာမှာပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ စိတ်အေးချမ်းအောင် မနေတတ်တဲ့ အကျင့်ကြောင့် ထိခိုက်မှာ ကိုယ်ပဲ ဖြစ်ပါတယ်။
(၅) ငြိုငြင်ခံရနိုင်တယ်
ကလေးဘဝမှာ စိတ်ဆိုး စိတ်ကောက် လုပ်နေတဲ့ ပုံစံလေးက သိပ်ကို ချစ်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် မကြာခဏ ဖြစ်နေမယ် ဆိုရင်တော့ ဒီအပြုအမူက မကောင်းတာမို့ လူကြီးတွေက အလိုမလိုက် တတ်ကြ ပါဘူး။
ကလေးတောင် အကြိမ်ရေများလာရင် အသိအမှတ် မပြုတော့ ကြတာမို့ ကိုယ်က အရွယ်ရောက်နေပြီဆိုရင် ထစ်ခနဲရှိ စိတ်ကောက်တဲ့ အကျင့်ကို ပြင်သင့်ပါတယ်။ မဟုတ်ရင်တော့ သင့်အနားက သူတွေက သင့်ကို ငြိုငြင် လာနိုင် ပါတယ်နော်။
No Comments