
ေက်ာင္းေတြမွာ ဘာလို႔ sex education သင္ေပးသင့္တာလဲ။
သိပ္မၾကာခင္က ဆယ္တန္းမွာ လိင္ပညာေပး (sex education)နဲ႔ ပတ္သတ္လို႔ သင္ရမယ့္ သင္႐ိုးၫႊန္းတမ္း ထြက္လာ ပါတယ္။ ထုံးစံအတိုင္း လူ၃ေယာက္ရွိရင္ ၂ဖြဲ႕ကြဲတာဆိုေတာ့ သင္သင့္တယ္။
မသင္သင့္ဘူး စသျဖင့္ အသံေတြ ျပန္ၾကား ရတာေပါ့။ ကိုယ္ေတြ ႏိုင္ငံမွာပဲ ဒီလိင္ပညာေပးကို သင္တာ မဟုတ္ပါဘူး။ တျခားႏိုင္ငံေတြ မွာလည္း သင္ပါ တယ္။
ဒီမွာေတာ့ စစခ်င္းဆိုေတာ့ ေျပာရတာ ခက္ခဲတာ၊ ေက်ာင္းသားက ကိုယ့္ကို မေလးစားမွာ စိုးတာ စသျဖင့္ အခက္အခဲေလးေတြေတာ့ ရွိမွာေပါ့။ သူမ်ား ဆီမွာလည္း ရွိပါတယ္။ ဒီလိုပဲ နည္းလမ္း ရွာၿပီး သင္ရတာေပါ့။
အရင္ဆုံး စိတ္ထဲမွာ ျပတ္ျပတ္သားသား သိထားသင့္ တာက လိင္ပညာေပးဆိုတာ လိင္ဆက္ဆံနည္းကို သင္ေပးတာ မဟုတ္ဘူး ဆိုတာ ပါပဲ။ ဒါကို အရင္ဆုံး စိတ္ထဲမွာ ရွင္းထားပါ။
သူတို႔အေခၚကေတာ့ comprehensive sex education ၿပီးျပည့္စုံတဲ့ လိင္ပညာေပးလို႔ ေခၚၾကပါတယ္။
ဆိုလိုတာက သာမန္ လိင္အေၾကာင္း သင္တာထက္ ပိုၿပီး နက္နဲပါတယ္။ ႀကီးႀကီး က်ယ္က်ယ္ေျပာ ရရင္ ဒီ comprehensive sex education ကေန လူသားေတြရဲ႕ EQေတြ၊ လူမႈျပႆနာေတြ အထိ အမ်ားႀကီး တာသြား မွာပါ။
ဘာျဖစ္လို႔ ကေလးေတြကို သင္ေပးတာလဲ။
ကေလးေတြကို သင္ေပးရတာ လြယ္တယ္ မွတ္လို႔။ ဒါေပမယ့္လည္း လိုအပ္လို႔ သင္ရတာေပါ့။ အ႐ြယ္မတိုင္ခင္ လူႀကီးလုပ္ခ်င္တာ၊ သက္ငယ္ကိုယ္ဝန္ေတြ၊ သက္ငယ္မုဒိန္းမႈေတြ၊
လိင္က တစ္ဆင့္ ကူးစက္တဲ့ ေရာဂါခံစားရတဲ့ ကေလးေတြ ဒါေတြက တကယ္ရွိပါတယ္။ ခုခ်ိန္မွ မသင္ရင္ ေနာင္ကို ဒီထက္ ပိုမ်ား လာဖို႔ပဲ ရွိေတာ့ ပါတယ္။ သူတို႔ ကိုယ့္ကိုယ္ကို ကာကြယ္တတ္ဖို႔ သင္ေပးရ ပါမယ္။
အိပ္၊စား၊ ကာမ ဒီ၃ခုကို လူေတြေရာ တိရိစာၦန္ေတြေရာ မသင္ဘဲ တတ္ပါတယ္။ ဒါေပမယ့္ လူေတြက အသိဉာဏ္ ရွိတဲ့ သတၱဝါေတြမို႔လို႔ ဒီကိစၥေတြဟာ ဘယ္လို ဆိုရင္ေတာ့ ေကာင္းတယ္။ ဘယ္လို ဆိုရင္ေတာ့ မေကာင္းဘူး စသျဖင့္ သင္ေပး ရပါမယ္။ အသိဉာဏ္ျမင့္မားတဲ့ အတြက္ေၾကာင့္ပါ။
အ႐ြယ္မတိုင္ခင္ လိင္မဆက္ဆံဖို႔ တားႏိုင္ရင္ ပိုေကာင္း တာေပါ့။ ဒါေပမယ့္ စူးစမ္းတတ္တဲ့ အ႐ြယ္မွာ ကေလး ၁၀၀မွာ ၁ေယာက္ေလာက္ ကိုပဲ မလုပ္ဖို႔ ေျပာတာ မေအာင္ျမင္ရင္၊ ဒီကေလးက အႏၲရာယ္ ရွိတဲ့ လိင္ဆက္ဆံ မႈမ်ိဳး လုပ္လိုက္ရင္ ဒါလူ႔အဖြဲ႕အစည္းအတြက္ နစ္နာမႈပါပဲ။
ကေလးေတြကို သင္ရင္ ဘာအက်ိဳးရွိမွာလဲ။ အတူမေနနဲ႔လို႔ ဆုံးမတာက သူတို႔စိတ္ကို မေျပာင္းေစပါဘူး။
ကေလးေတြ အထူးသျဖင့္ ၿမီးေကာင္ေပါက္ အ႐ြယ္ေတြကို အတူမေနနဲ႔ (လိင္မဆက္ဆံနဲ႔)လို႔ ေျပာတာက တကယ္ပဲ ထိေရာက္ ပါ့မလား။ ေတြးစရာ ရွိပါတယ္။ မေနနဲ႔လို႔ ေျပာလို႔ မေနတဲ့သူ ရွိသလို မလစ္ေသးလို႔ ၿငိမ္ေနတဲ့ သူလည္း ရွိပါတယ္။
ဘာလို႔လဲဆိုေတာ့ ဒီအ႐ြယ္က စူးစမ္းတတ္တဲ့ အ႐ြယ္ကိုး။ တားေလ ပိုလုပ္ေလ ပါပဲ။ ခုလို လြတ္လပ္တဲ့၊ ဆက္သြယ္ရ လြယ္တဲ့ ေခတ္ဆို ပိုၿပီး ဆိုးပါတယ္။
ေလ့လာခ်က္ေတြ အရလည္း လူငယ္ေတြကို မလုပ္နဲ႔လို႔ တားတာက လက္ေတြ႕မွာ အ႐ြယ္မတိုင္ခင္ လိင္ဆက္ဆံတဲ့ ျပႆနာကို မက်ေစ ပါဘူးတဲ့။
ေနာက္ၿပီး ပြင့္ပြင့္လင္းလင္းေျပာရရင္ comprehensive sex educationဟာ လိင္ကိစၥကို လုံးဝေရွာင္ၾကဥ္ဖို႔ ဆိုတာထက္ ဘယ္လိုကိစၥေတြက အႏၲရာယ္ရွိတယ္ဆိုတာကို အသိေပးထားတာ ျဖစ္ပါတယ္။
ဘာလို႔လဲ ဆိုေတာ့ ကိုယ္က မလုပ္ရဘူးလို႔ ေျပာတာနဲ႔ ကေလးေတြက နားေထာင္မွာမွ မဟုတ္တာ။ ဒီလိုဆို ကေလး အခ်င္းခ်င္း ျဖစ္တဲ့ မုဒိန္းမႈ ဆိုတာ ဘယ္ရွိ ပါ့မလဲ။
လုပ္မယ့္သူေတြကို မလုပ္ပါနဲ႔လို႔ တားတာက အလုပ္မျဖစ္ပါဘူး။
မလုပ္ရဘူး။ လိင္မဆက္ဆံရဘူးလို႔ တစ္မ်ိဳးတည္း ေျပာတာက တကယ္တန္း အတူေနကို ေနမယ္လို႔ ဆုံးျဖတ္ထားတဲ့ သူေတြအတြက္ ဒုကၡမ်ားေစပါတယ္။ ဆိုလိုတာက မလုပ္ရဘူးဆိုတာပဲ သိၿပီး လုပ္မယ္ဆို ဘယ္နည္းလမ္းက အႏၲရာယ္ကင္းလဲဆိုတာ သူတို႔ မသိဘူး။ ေရွာင္ႏိုင္လားဆိုေတာ့လည္း မေရွာင္ႏိုင္ဘူး။ ဘယ္လို sex educationမ်ိဳးကမွ လူငယ္ေတြကို လိင္မဆက္ဆံဖို႔ မတားႏိုင္ပါဘူး။ တို႔ေတြ လုပ္ႏိုင္တာက အႏၲရာယ္ကင္းတဲ့ လိင္ဆက္ဆံနည္းက ဘယ္ဟာဆိုတာ ေျပာျပေပးတာပါပဲ။
sex education သင္ေပးလို႔ လိင္ဆက္ဆံတတ္လာမယ္ဆိုတာ မဟုတ္ပါဘူး။
sex education မသင္လည္း သူတို႔ တတ္ပါတယ္။ အားမနာတမ္း ေျပာရရင္ သင္လည္း မသင္ဘဲ လုပ္တတ္တာပဲ မလား။ သူတို႔လည္း ဒီလိုပါပဲ။ ေလ့လာခ်က္တစ္ခုမွာ ေက်ာင္းမွာ ကြန္ဒုံးသုံးနည္းကို သင္ေပးခဲ့ပါတယ္။ sex education ပါ အပါအဝင္ေပါ့။ ထူးျခားတာက လူေတြ ထင္သလို သူတို႔ လိင္ဆက္ဆံတတ္သြားၾကတာ မဟုတ္ပါဘူး။ လိင္ဆက္ဆံခ်ိန္ ေစာသြားတာမ်ိဳးလည္း မရွိပါဘူးတဲ့။ ကြန္ဒုံးေတြက သူတို႔ လိင္ဆက္ဆံဖို႔ တြန္းအားမေပးခဲ့သလို ကြန္ဒုံးမပါဘဲ လိင္ဆက္ဆံရင္ ဘာျဖစ္မလဲဆိုတာ သူတို႔ ေသေသခ်ာခ်ာ သိသြားခဲ့ပါတယ္။
အထက္တန္း ေက်ာင္းသား ၂ေယာက္မွာ ၁ေယာက္က လိင္ဆက္ဆံဖူးပါတယ္တဲ့။
ဒါ ႏိုင္ငံျခားက ေဒတာပါ။၂၀၁၅မွာ လုပ္ခဲ့တဲ့ Youth Risk Behavioral Surveillance Surveyပါ။ ဆက္ေျပာရရင္ ၄၁ရာခိုင္ႏႈန္းေသာ အထက္တန္းေက်ာင္းသားေတြက အနည္းဆုံး တစ္ႀကိမ္ လိင္ဆက္ဆံဖူးပါတယ္တဲ့။ ၁၁.၅ ရာခိုင္ႏႈန္းမွာ ဆက္ဆံေဖာ္ ၄ေယာက္နဲ႔ အထက္ ရွိပါတယ္။ ၅၇ ရာခိုင္ႏႈန္းက ကြန္ဒုံးသုံးၿပီး ၁၈ရာခိုင္ႏႈန္းက တားေဆး သုံးပါတယ္တဲ့။ ၅ပုံ ၁ပုံေလာက္က အတူမေနခင္မွာ အရက္၊ ေဆး သုံးပါတယ္တဲ့။
ျမန္မာႏိုင္ငံမွာေတာ့ ေဒတာ မသိပါဘူး။ ဒီထက္ နည္းမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ရွိတာေတာ့ ရွိမွာပါ။ သင္တို႔က ကေလးလို႔ ထင္ေပမယ့္ သူတို႔က ကေလးေတြ မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ အက်ိဳးအျပစ္ေတြကို ေျပာျပေပးဖို႔ လိုလာပါၿပီ။
sex educationအေၾကာင္း နားလည္ေလေလ ပိုၿပီး ေရွာင္ႏိုင္ေလေလပါပဲ။
ကေလးေတြကို အထင္မေသးပါနဲ႔။ သင္က လိင္ဆက္ဆံမႈကို ေရွာင္မွ လိင္က တစ္ဆင့္ကူးစက္တဲ့ ေရာဂါေတြ မျဖစ္မွာ၊ ကိုယ္ဝန္မရမွာလို႔ ေျပာရင္ သူက သင့္ကို စိတ္ထဲမွာ ႀကိတ္ရယ္ေနမွာပါ။
သူက သင္မေျပာျပလည္း သိႏိုင္တဲ့ နည္းလမ္းေတြ အမ်ားႀကီး ရွိတယ္ေလ။ အဲ့ဒီအစား အ႐ြယ္မတိုင္ခင္ လိင္ဆက္ဆံရင္ ဘာျပႆနာေတြ ျဖစ္ႏိုင္တယ္။
အႏၲရာယ္ကင္းတဲ့ လိင္ဆက္ဆံျခင္ းဆိုတာ ဘယ္လို ဆိုတာ ေျပာျပေပး ရမွာပါ။ ကေလးေတြက ဉာဏ္သိပ္ေကာင္းပါတယ္။ သူမ်ားမ်ား သိေလေလ ေရွာင္ႏိုင္ေလေလပါပဲ။
ဒါဟာ sex education အေၾကာင္းကို အေပၚယံ ေရးထားသေလာက္ပဲ ရွိတာပါ။ တကယ္ေတာ့ ဒီထက္မက နက္နဲပါတယ္။ ရွင္းေအာင္ ေျပာရရင္ sex education ဆိုတာ လိင္ဆက္ဆံနည္းကို သင္ေပးတာ မဟုတ္ပါဘူး။
ဒါက မသင္လည္း တတ္ပါတယ္။ ၿပီးျပည့္စုံေသာ sex education ဆိုတာ လုံးဝ လိင္မဆက္ဆံရဘူးလို႔ တားေနတာထက္ အႏၲရာယ္ရွိတဲ့ လိင္ပိုင္းဆိုင္ရာ အျပဳအမူေတြကေန ကေလးေတြကို ဆြဲထုပ္ေနတာပဲ ျဖစ္ပါတယ္။
ေလးစားစြာျဖင့္ခရက္ဒစ္
ယူနီကုတ္
ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။
သိပ်မကြာခင်က ဆယ်တန်းမှာ လိင်ပညာပေး (sex education)နဲ့ ပတ်သတ်လို့ သင်ရမယ့် သင်ရိုးညွှန်းတမ်း ထွက်လာ ပါတယ်။ ထုံးစံအတိုင်း လူ၃ယောက်ရှိရင် ၂ဖွဲ့ကွဲတာဆိုတော့ သင်သင့်တယ်။
မသင်သင့်ဘူး စသဖြင့် အသံတွေ ပြန်ကြား ရတာပေါ့။ ကိုယ်တွေ နိုင်ငံမှာပဲ ဒီလိင်ပညာပေးကို သင်တာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေ မှာလည်း သင်ပါ တယ်။
ဒီမှာတော့ စစချင်းဆိုတော့ ပြောရတာ ခက်ခဲတာ၊ ကျောင်းသားက ကိုယ့်ကို မလေးစားမှာ စိုးတာ စသဖြင့် အခက်အခဲလေးတွေတော့ ရှိမှာပေါ့။ သူများ ဆီမှာလည်း ရှိပါတယ်။ ဒီလိုပဲ နည်းလမ်း ရှာပြီး သင်ရတာပေါ့။
အရင်ဆုံး စိတ်ထဲမှာ ပြတ်ပြတ်သားသား သိထားသင့် တာက လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ဘူး ဆိုတာ ပါပဲ။ ဒါကို အရင်ဆုံး စိတ်ထဲမှာ ရှင်းထားပါ။
သူတို့အခေါ်ကတော့ comprehensive sex education ပြီးပြည့်စုံတဲ့ လိင်ပညာပေးလို့ ခေါ်ကြပါတယ်။
ဆိုလိုတာက သာမန် လိင်အကြောင်း သင်တာထက် ပိုပြီး နက်နဲပါတယ်။ ကြီးကြီး ကျယ်ကျယ်ပြော ရရင် ဒီ comprehensive sex education ကနေ လူသားတွေရဲ့ EQတွေ၊ လူမှုပြဿနာတွေ အထိ အများကြီး တာသွား မှာပါ။
ဘာဖြစ်လို့ ကလေးတွေကို သင်ပေးတာလဲ။
ကလေးတွေကို သင်ပေးရတာ လွယ်တယ် မှတ်လို့။ ဒါပေမယ့်လည်း လိုအပ်လို့ သင်ရတာပေါ့။ အရွယ်မတိုင်ခင် လူကြီးလုပ်ချင်တာ၊ သက်ငယ်ကိုယ်ဝန်တွေ၊ သက်ငယ်မုဒိန်းမှုတွေ၊
လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါခံစားရတဲ့ ကလေးတွေ ဒါတွေက တကယ်ရှိပါတယ်။ ခုချိန်မှ မသင်ရင် နောင်ကို ဒီထက် ပိုများ လာဖို့ပဲ ရှိတော့ ပါတယ်။ သူတို့ ကိုယ့်ကိုယ်ကို ကာကွယ်တတ်ဖို့ သင်ပေးရ ပါမယ်။
အိပ်၊စား၊ ကာမ ဒီ၃ခုကို လူတွေရော တိရိစ္ဆာန်တွေရော မသင်ဘဲ တတ်ပါတယ်။ ဒါပေမယ့် လူတွေက အသိဉာဏ် ရှိတဲ့ သတ္တဝါတွေမို့လို့ ဒီကိစ္စတွေဟာ ဘယ်လို ဆိုရင်တော့ ကောင်းတယ်။ ဘယ်လို ဆိုရင်တော့ မကောင်းဘူး စသဖြင့် သင်ပေး ရပါမယ်။ အသိဉာဏ်မြင့်မားတဲ့ အတွက်ကြောင့်ပါ။
အရွယ်မတိုင်ခင် လိင်မဆက်ဆံဖို့ တားနိုင်ရင် ပိုကောင်း တာပေါ့။ ဒါပေမယ့် စူးစမ်းတတ်တဲ့ အရွယ်မှာ ကလေး ၁၀၀မှာ ၁ယောက်လောက် ကိုပဲ မလုပ်ဖို့ ပြောတာ မအောင်မြင်ရင်၊ ဒီကလေးက အန္တရာယ် ရှိတဲ့ လိင်ဆက်ဆံ မှုမျိုး လုပ်လိုက်ရင် ဒါလူ့အဖွဲ့အစည်းအတွက် နစ်နာမှုပါပဲ။
ကလေးတွေကို သင်ရင် ဘာအကျိုးရှိမှာလဲ။ အတူမနေနဲ့လို့ ဆုံးမတာက သူတို့စိတ်ကို မပြောင်းစေပါဘူး။
ကလေးတွေ အထူးသဖြင့် မြီးကောင်ပေါက် အရွယ်တွေကို အတူမနေနဲ့ (လိင်မဆက်ဆံနဲ့)လို့ ပြောတာက တကယ်ပဲ ထိရောက် ပါ့မလား။ တွေးစရာ ရှိပါတယ်။ မနေနဲ့လို့ ပြောလို့ မနေတဲ့သူ ရှိသလို မလစ်သေးလို့ ငြိမ်နေတဲ့ သူလည်း ရှိပါတယ်။
ဘာလို့လဲဆိုတော့ ဒီအရွယ်က စူးစမ်းတတ်တဲ့ အရွယ်ကိုး။ တားလေ ပိုလုပ်လေ ပါပဲ။ ခုလို လွတ်လပ်တဲ့၊ ဆက်သွယ်ရ လွယ်တဲ့ ခေတ်ဆို ပိုပြီး ဆိုးပါတယ်။
လေ့လာချက်တွေ အရလည်း လူငယ်တွေကို မလုပ်နဲ့လို့ တားတာက လက်တွေ့မှာ အရွယ်မတိုင်ခင် လိင်ဆက်ဆံတဲ့ ပြဿနာကို မကျစေ ပါဘူးတဲ့။
နောက်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် comprehensive sex educationဟာ လိင်ကိစ္စကို လုံးဝရှောင်ကြဉ်ဖို့ ဆိုတာထက် ဘယ်လိုကိစ္စတွေက အန္တရာယ်ရှိတယ်ဆိုတာကို အသိပေးထားတာ ဖြစ်ပါတယ်။
ဘာလို့လဲ ဆိုတော့ ကိုယ်က မလုပ်ရဘူးလို့ ပြောတာနဲ့ ကလေးတွေက နားထောင်မှာမှ မဟုတ်တာ။ ဒီလိုဆို ကလေး အချင်းချင်း ဖြစ်တဲ့ မုဒိန်းမှု ဆိုတာ ဘယ်ရှိ ပါ့မလဲ။
လုပ်မယ့်သူတွေကို မလုပ်ပါနဲ့လို့ တားတာက အလုပ်မဖြစ်ပါဘူး။
မလုပ်ရဘူး။ လိင်မဆက်ဆံရဘူးလို့ တစ်မျိုးတည်း ပြောတာက တကယ်တန်း အတူနေကို နေမယ်လို့ ဆုံးဖြတ်ထားတဲ့ သူတွေအတွက် ဒုက္ခများစေပါတယ်။ ဆိုလိုတာက မလုပ်ရဘူးဆိုတာပဲ သိပြီး လုပ်မယ်ဆို ဘယ်နည်းလမ်းက အန္တရာယ်ကင်းလဲဆိုတာ သူတို့ မသိဘူး။ ရှောင်နိုင်လားဆိုတော့လည်း မရှောင်နိုင်ဘူး။ ဘယ်လို sex educationမျိုးကမှ လူငယ်တွေကို လိင်မဆက်ဆံဖို့ မတားနိုင်ပါဘူး။ တို့တွေ လုပ်နိုင်တာက အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းက ဘယ်ဟာဆိုတာ ပြောပြပေးတာပါပဲ။
sex education သင်ပေးလို့ လိင်ဆက်ဆံတတ်လာမယ်ဆိုတာ မဟုတ်ပါဘူး။
sex education မသင်လည်း သူတို့ တတ်ပါတယ်။ အားမနာတမ်း ပြောရရင် သင်လည်း မသင်ဘဲ လုပ်တတ်တာပဲ မလား။ သူတို့လည်း ဒီလိုပါပဲ။ လေ့လာချက်တစ်ခုမှာ ကျောင်းမှာ ကွန်ဒုံးသုံးနည်းကို သင်ပေးခဲ့ပါတယ်။ sex education ပါ အပါအဝင်ပေါ့။ ထူးခြားတာက လူတွေ ထင်သလို သူတို့ လိင်ဆက်ဆံတတ်သွားကြတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံချိန် စောသွားတာမျိုးလည်း မရှိပါဘူးတဲ့။ ကွန်ဒုံးတွေက သူတို့ လိင်ဆက်ဆံဖို့ တွန်းအားမပေးခဲ့သလို ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံရင် ဘာဖြစ်မလဲဆိုတာ သူတို့ သေသေချာချာ သိသွားခဲ့ပါတယ်။
အထက်တန်း ကျောင်းသား ၂ယောက်မှာ ၁ယောက်က လိင်ဆက်ဆံဖူးပါတယ်တဲ့။
ဒါ နိုင်ငံခြားက ဒေတာပါ။၂၀၁၅မှာ လုပ်ခဲ့တဲ့ Youth Risk Behavioral Surveillance Surveyပါ။ ဆက်ပြောရရင် ၄၁ရာခိုင်နှုန်းသော အထက်တန်းကျောင်းသားတွေက အနည်းဆုံး တစ်ကြိမ် လိင်ဆက်ဆံဖူးပါတယ်တဲ့။ ၁၁.၅ ရာခိုင်နှုန်းမှာ ဆက်ဆံဖော် ၄ယောက်နဲ့ အထက် ရှိပါတယ်။ ၅၇ ရာခိုင်နှုန်းက ကွန်ဒုံးသုံးပြီး ၁၈ရာခိုင်နှုန်းက တားဆေး သုံးပါတယ်တဲ့။ ၅ပုံ ၁ပုံလောက်က အတူမနေခင်မှာ အရက်၊ ဆေး သုံးပါတယ်တဲ့။
မြန်မာနိုင်ငံမှာတော့ ဒေတာ မသိပါဘူး။ ဒီထက် နည်းမယ်လို့ မျှော်လင့်ပါတယ်။ ရှိတာတော့ ရှိမှာပါ။ သင်တို့က ကလေးလို့ ထင်ပေမယ့် သူတို့က ကလေးတွေ မဟုတ်တော့ပါဘူး။ ဒါကြောင့် အကျိုးအပြစ်တွေကို ပြောပြပေးဖို့ လိုလာပါပြီ။
sex educationအကြောင်း နားလည်လေလေ ပိုပြီး ရှောင်နိုင်လေလေပါပဲ။
ကလေးတွေကို အထင်မသေးပါနဲ့။ သင်က လိင်ဆက်ဆံမှုကို ရှောင်မှ လိင်က တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်မှာ၊ ကိုယ်ဝန်မရမှာလို့ ပြောရင် သူက သင့်ကို စိတ်ထဲမှာ ကြိတ်ရယ်နေမှာပါ။
သူက သင်မပြောပြလည်း သိနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်လေ။ အဲ့ဒီအစား အရွယ်မတိုင်ခင် လိင်ဆက်ဆံရင် ဘာပြဿနာတွေ ဖြစ်နိုင်တယ်။
အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင် းဆိုတာ ဘယ်လို ဆိုတာ ပြောပြပေး ရမှာပါ။ ကလေးတွေက ဉာဏ်သိပ်ကောင်းပါတယ်။ သူများများ သိလေလေ ရှောင်နိုင်လေလေပါပဲ။
ဒါဟာ sex education အကြောင်းကို အပေါ်ယံ ရေးထားသလောက်ပဲ ရှိတာပါ။ တကယ်တော့ ဒီထက်မက နက်နဲပါတယ်။ ရှင်းအောင် ပြောရရင် sex education ဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ပါဘူး။
ဒါက မသင်လည်း တတ်ပါတယ်။ ပြီးပြည့်စုံသော sex education ဆိုတာ လုံးဝ လိင်မဆက်ဆံရဘူးလို့ တားနေတာထက် အန္တရာယ်ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကနေ ကလေးတွေကို ဆွဲထုပ်နေတာပဲ ဖြစ်ပါတယ်။
No Comments