သဘာဝအတိုင္း အသားအေရ လွပက်န္းမာဖို႔ ဘာေတြက ကူညီေပးမလဲ - Amawpyay

သဘာဝအတိုင္း အသားအေရ လွပက်န္းမာဖို႔ ဘာေတြက ကူညီေပးမလဲ

သဘာဝအတိုင္း အသားအေရ လွပက်န္းမာဖို႔ ဘာေတြက ကူညီေပးမလဲ
အလွအပ ေရးရာ

သဘာဝအတိုင္း အသားအေရ လွပက်န္းမာဖို႔ ဘာေတြက ကူညီေပးမလဲ

အေရျပားေလး က်န္းမာေနရင္၊ ကိုယ့္ရဲ႕ အသားအေရေလး ၾကည္လင္လွပေနရင္ သိသာထင္ရွားတဲ့ အလွတရား တစ္ခုကို ပိုင္ဆိုင္ ထားျခင္းလို႔ မွတ္ယူ ၾကတယ္။

တကယ္လည္း ဟုတ္တယ္ေလ ။ အေရျပားဟာ ခႏၲာကိုယ္မွာ အႀကီးမားဆုံး အစိတ္အပိုင္းလို႔ ဆိုၾကတယ္ မဟုတ္လား။ ဒီေတာ့ ကိုယ့္ရဲ႕ အေရျပားေလး က်န္းမာ လွပေနရင္ ျမင္သူတိုင္း ႏွစ္လို သေဘာက်တဲ့ ဆြဲေဆာင္မႈ တစ္မ်ိဳးကို ပိုင္ဆိုင္ ရတာ ပဲေပါ့။

လူတိုင္းရဲ႕ အေရျပားဟာ ညီၫြတ္မွ်တတဲ့ ဟန္ခ်က္ တစ္ခု ရွိေနဖို႔ လိုအပ္တယ္လို႔ အလွအပေရးရာ ကြၽမ္းက်င္ သူေတြက ဆိုၾက တယ္။ မွ်တလုံေလာက္တဲ့ အာဟာရ ဓာတ္ေတြ ျဖည့္တင္းထားႏိုင္ ဖို႔ေပါ့။

ဒီလို အာဟာရ ဓာတ္ေတြ လုံေလာက္ျပည့္ ဝေနမွ ျပင္ပကေန လာမယ့္ အႏၲရာယ္ေတြကေန ခႏၲာကိုယ္ႀကီး တစ္ခုလုံးကို ကာကြယ္ႏိုင္စြမ္းနဲ႔ ၾကည္လင္ လွပတဲ့ အသားအရည္ကို ပိုင္ဆိုင္ႏိုင္စြမ္း ရွိေနမွာေလ။

ၾကည္လင္ လွပတဲ့ အသားအေရနဲ႔ က်န္းမာတဲ့ အေရျပားကို ပိုင္ဆိုင္ႏိုင္ဖို ႔ဆိုရင္ ခႏၲာကိုယ္မွာ မျဖစ္မေန ျဖည့္တင္းေပး ရမယ့္ အာဟာရဓာတ္ေတြ ရွိေန ပါတယ္။

အေရျပားလွပက်န္းမာဖို႔ လိုအပ္တဲ့ အာဟာရဓာတ္ေတြကေတာ့

Healthy Fats – အဆီဆိုလို႔ “ဟင္” ခနဲ ျဖစ္မသြားပါနဲ႔ဦး။ အဆီတိုင္းက လူကို ဒုကၡျဖစ္ေစတာ မဟုတ္ပါဘူး။ က်န္းမာေစတဲ့ အဆီလည္း ရွိပါေသးတယ္။

အထူးသျဖင့္ ေကာင္းမြန္တဲ့အဆီေတြဟာ အေရျပားၾကည္လင္ေတာက္ပဖို႔နဲ႔ အမည္းစက္ေတြကင္းဖို႔၊ ေပ်ာ့ေျပာင္းႏူးညံ့ဖို႔၊ အေရျပားမေျခာက္ေသြ႕ဖို႔ ပံ့ပိုးေပး ပါတယ္။

သဘာဝအတိုင္း Glow ခ်င္တယ္ဆိုရင္ Omega-3s နဲ႔ omega-6s တို႔လို ေကာင္းမြန္တဲ့ အဆီေတြပါဝင္တဲ့ သံလြင္ဆီတို႔၊ အေစ့အဆံတို႔၊ ေထာပတ္သီး၊ ဆယ္လ္မြန္၊ ဆာဒင္း၊ မက္ကရီယယ္တို႔လို ႔ငါးမ်ိဳးေတြကို မွီဝဲေပးဖို႔ လိုအပ္ ပါတယ္။

ပ႐ိုတိန္း – အေရျပား ခိုင္မာအားေကာင္းေစဖို႔ ပ႐ိုတိန္းဓာတ္ လိုအပ္ ပါတယ္။ ပ႐ိုတိန္းမ်ိဳးႏြယ္ဝင္ အမိုင္ႏိုအက္ဆစ္၊ ေကာ္လာဂ်န္နဲ႔ ကီရာတင္တို႔လည္း လိုအပ္ပါတယ္။ ဒီပ႐ိုတိန္းေတြက အိုမင္းရင့္ေရာ္မႈနဲ႔ အေရးေၾကာင္းထတာေတြကို တားဆီးေပး ပါတယ္။

ေနာက္ၿပီး အမိုင္ႏိုအက္ဆစ္က ေနေရာင္ျခည္က ေရာက္လာမယ့္ ခရမ္းလြန္ေရာင္ျခည္နဲ႔ ေဆးလိပ္ေငြ႕က ဓာတ္တုပစၥည္းေတြကိုလည္း ကာကြယ္ေပးႏိုင္ပါေသးတယ္။ ပ႐ိုတိန္းကို အသား၊ ပဲနဲ႔ ႏို႔ေတြ ကေန ရရွိ ႏိုင္ပါ တယ္။

ဗီတာမင္ A – ဗီတာမင္ A ဟာ အေရျပားရဲ႕ အေပၚယံလႊာအတြက္ေရာ ေအာက္ခံလႊာအတြက္ပါ အထူး လိုအပ္ ပါတယ္။ အဓိက အားျဖင့္ ေနေရာင္ေၾကာင့္ အေရျပား ပ်က္စီးမႈေတြကို ကာကြယ္ေပး တာပါ။

ေနာက္ၿပီး ထိခိုက္ နာက်င္မႈေတြကို ေလ်ာက်ေစ နိုင္သလို ဦးေရျပားကိုလည္း က်န္းမာေစပါတယ္။ လိေမၼာ္သီး၊ မုန္လာဥနီနဲ႔ ေဂၚဖီထုပ္ေတြမွာ ဗီတာမင္ A ႂကြယ္ဝစြာပါရွိပါတယ္။

ဗီတာမင္ C – ဗီတာမင္ C ဟာ အစြမ္းထက္ လွတဲ့ Antioxidant တစ္မ်ိဳးပါ။

အေရျပား ကင္ဆာကို ကာကြယ္ေရးမွာ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ေနတဲ့ အာဟာရဓာတ္လည္းျဖစ္ ပါတယ္။ ဗီတာမင္ C ဓာတ္ခ်ိဳ႕တဲ့ရင္ ထိခိုက္ရွနာေတြ အလြယ္တကူျဖစ္တတ္ၿပီး သြားဖုံးေသြးယို စီးတာမ်ိဳးလည္း ျဖစ္ႏိုင္ ပါတယ္။

ဗီတာမင္စီကို လိေမၼာ္၊ သံပုရာမ်ိဳးႏြယ္ဝင္ သစ္သီးေတြကေန ရရွိႏိုင္သလို င႐ုပ္ေကာင္း၊ သေဘၤာသီး၊ ကီဝီသီး၊ ဘ႐ိုကိုလီ၊ ဟင္းႏုနယ္နဲ႔ ကၫြတ္ေတြကလည္း ရႏိုင္ပါတယ္။

ဗီတာမင္ E – သူလည္း Antioxidant တစ္မ်ိဳးပါပဲ။

ဗီတာမင္ E က ေနေရာင္ျခည္ကေန စြမ္းအင္ကို စုပ္ယူေပးႏိုင္တဲ့ သတၱိရွိသလို အေရျပားပ်က္ဆီးတာနဲ႔ အေရးေၾကာင္းထတာေတြကို တားဆီးေပး ႏိုင္ပါ တယ္။ ဗီတာမင္ C နဲ႔ ေပါင္းစပ္ၿပီး စဲလ္ေတြ ပိုမိုခိုင္မာလာေအာင္လည္း အေထာက္အကူျပဳပါတယ္။ ဗီတာမင္ E ကို ဟင္း႐ြက္ဆီေတြ၊ အေဆ့အစံေတြ၊ ဟင္းႏုနယ္၊ ကၫြတ္နဲ႔ အစိမ္းေရာင္ရွိတဲ့ အ႐ြက္ေတြကို မွီဝဲစား သုံးျခင္းျဖင့္ ရႏိုင္ ပါတယ္။

Zinc – Zinc လို႔ ေခၚတဲ့ သြပ္ဓာတ္ကိုေတာ့ အေရျပားရဲ႕ ေအာက္ဘက္အလႊာက ပိုမိုလိုအပ္ပါတယ္။ Zinc ဟာ ထိခိုက္ ဒါဏ္ရာေတြကို အလွ်င္အျမန္ က်က္ေစရာမွာ အေရးပါတဲ့ သက္ေစာင့္ဓာတ္ တစ္မ်ိဳးျဖစ္သလို Eczema လို ယားနာေရာဂါေတြ မျဖစ္ေစ ဖို႔လည္း ကာကြယ္ေပးပါတယ္။

Selenium – ဆီလီနီယံကေတာ့ Antioxidants ေတြ အေရျပားကို ေနေရာင္ျခည္ဒါဏ္ကေန ကာကြယ္ေပးႏိုင္ဖို႔ ေနာက္ကြယ္ ကေန ကူညီေပးတဲ့ ဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ဆီလီနီယံဓာတ္လုံေလာက္မွ်တရင္ အေရျပားကင္ဆာျဖစ္ႏိုင္ေခ် နည္းပါး မွာျဖစ္ ပါတယ္။

ဆီလီနီယံကိုေတာ့ အေဆ့အစံေတြ၊ မႈိေတြ၊ ပုဇြန္ဆိတ္၊ သိုးသား၊ ကဏန္း၊ ကမာ၊ ဂ်ဳံ၊ ပင္လယ္ငါးေတြနဲ႔ အမဲသားတို႔လို အရာေတြကေန ရရွိႏိုင္ ပါတယ္။

ေရဓာတ္ – အဓိက အက်ဆုံးလို႔ေတာင္ ဆိုလို ႔ရပါတယ္။ ေရဓာတ္ဟာ အသားအရည္လွပဖို႔အတြက္ေရာ က်န္းမာဖို႔ အတြက္ပါ အေရးႀကီးပါတယ္။ အေရးေၾကာင္းမထဖို႔၊ အသားအရည္တင္းရင္းဖို႔၊ အဆိပ္အေတာက္ကင္းဖို႔၊ ၾကည္လင္ဖို႔၊ စသျဖင့္

အမ်ိဳးမ်ိဳး အက်ိဳးျပဳတဲ့အရာပါ။ တစ္ေန႔ကို ေရ ၈ ခြက္ထက္မနည္းေသာက္ေပးရင္ သင့္ရဲ႕ အေရျပားသာမက ခႏၲာကိုယ္ပါ အက်ိဳးေက်းဇူးေကာင္းေတြ ပိုင္ဆိုင္ရမွာျဖစ္ပါတယ္။

Credit

Unicode

သဘာဝအတိုင်း အသားအရေ လှပကျန်းမာဖို့ ဘာတွေက ကူညီပေးမလဲ

အရေပြားလေး ကျန်းမာနေရင်၊ ကိုယ့်ရဲ့ အသားအရေလေး ကြည်လင်လှပနေရင် သိသာထင်ရှားတဲ့ အလှတရား တစ်ခုကို ပိုင်ဆိုင် ထားခြင်းလို့ မှတ်ယူ ကြတယ်။

တကယ်လည်း ဟုတ်တယ်လေ ။ အရေပြားဟာ ခန္တာကိုယ်မှာ အကြီးမားဆုံး အစိတ်အပိုင်းလို့ ဆိုကြတယ် မဟုတ်လား။ ဒီတော့ ကိုယ့်ရဲ့ အရေပြားလေး ကျန်းမာ လှပနေရင် မြင်သူတိုင်း နှစ်လို သဘောကျတဲ့ ဆွဲဆောင်မှု တစ်မျိုးကို ပိုင်ဆိုင် ရတာ ပဲပေါ့။

လူတိုင်းရဲ့ အရေပြားဟာ ညီညွတ်မျှတတဲ့ ဟန်ချက် တစ်ခု ရှိနေဖို့ လိုအပ်တယ်လို့ အလှအပရေးရာ ကျွမ်းကျင် သူတွေက ဆိုကြ တယ်။ မျှတလုံလောက်တဲ့ အာဟာရ ဓာတ်တွေ ဖြည့်တင်းထားနိုင် ဖို့ပေါ့။

ဒီလို အာဟာရ ဓာတ်တွေ လုံလောက်ပြည့် ဝနေမှ ပြင်ပကနေ လာမယ့် အန္တရာယ်တွေကနေ ခန္တာကိုယ်ကြီး တစ်ခုလုံးကို ကာကွယ်နိုင်စွမ်းနဲ့ ကြည်လင် လှပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်စွမ်း ရှိနေမှာလေ။

ကြည်လင် လှပတဲ့ အသားအရေနဲ့ ကျန်းမာတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ခန္တာကိုယ်မှာ မဖြစ်မနေ ဖြည့်တင်းပေး ရမယ့် အာဟာရဓာတ်တွေ ရှိနေ ပါတယ်။

အရေပြားလှပကျန်းမာဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကတော့

Healthy Fats – အဆီဆိုလို့ “ဟင်” ခနဲ ဖြစ်မသွားပါနဲ့ဦး။ အဆီတိုင်းက လူကို ဒုက္ခဖြစ်စေတာ မဟုတ်ပါဘူး။ ကျန်းမာစေတဲ့ အဆီလည်း ရှိပါသေးတယ်။

အထူးသဖြင့် ကောင်းမွန်တဲ့အဆီတွေဟာ အရေပြားကြည်လင်တောက်ပဖို့နဲ့ အမည်းစက်တွေကင်းဖို့၊ ပျော့ပြောင်းနူးညံ့ဖို့၊ အရေပြားမခြောက်သွေ့ဖို့ ပံ့ပိုးပေး ပါတယ်။

သဘာဝအတိုင်း Glow ချင်တယ်ဆိုရင် Omega-3s နဲ့ omega-6s တို့လို ကောင်းမွန်တဲ့ အဆီတွေပါဝင်တဲ့ သံလွင်ဆီတို့၊ အစေ့အဆံတို့၊ ထောပတ်သီး၊ ဆယ်လ်မွန်၊ ဆာဒင်း၊ မက်ကရီယယ်တို့လို့ငါးမျိုးတွေကို မှီဝဲပေးဖို့ လိုအပ် ပါတယ်။

ပရိုတိန်း – အရေပြား ခိုင်မာအားကောင်းစေဖို့ ပရိုတိန်းဓာတ် လိုအပ် ပါတယ်။ ပရိုတိန်းမျိုးနွယ်ဝင် အမိုင်နိုအက်ဆစ်၊ ကော်လာဂျန်နဲ့ ကီရာတင်တို့လည်း လိုအပ်ပါတယ်။ ဒီပရိုတိန်းတွေက အိုမင်းရင့်ရော်မှုနဲ့ အရေးကြောင်းထတာတွေကို တားဆီးပေး ပါတယ်။

နောက်ပြီး အမိုင်နိုအက်ဆစ်က နေရောင်ခြည်က ရောက်လာမယ့် ခရမ်းလွန်ရောင်ခြည်နဲ့ ဆေးလိပ်ငွေ့က ဓာတ်တုပစ္စည်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ပရိုတိန်းကို အသား၊ ပဲနဲ့ နို့တွေ ကနေ ရရှိ နိုင်ပါ တယ်။

ဗီတာမင် A – ဗီတာမင် A ဟာ အရေပြားရဲ့ အပေါ်ယံလွှာအတွက်ရော အောက်ခံလွှာအတွက်ပါ အထူး လိုအပ် ပါတယ်။ အဓိက အားဖြင့် နေရောင်ကြောင့် အရေပြား ပျက်စီးမှုတွေကို ကာကွယ်ပေး တာပါ။

နောက်ပြီး ထိခိုက် နာကျင်မှုတွေကို လျောကျစေ နိုင်သလို ဦးရေပြားကိုလည်း ကျန်းမာစေပါတယ်။ လိမ္မော်သီး၊ မုန်လာဥနီနဲ့ ဂေါ်ဖီထုပ်တွေမှာ ဗီတာမင် A ကြွယ်ဝစွာပါရှိပါတယ်။

ဗီတာမင် C – ဗီတာမင် C ဟာ အစွမ်းထက် လှတဲ့ Antioxidant တစ်မျိုးပါ။

အရေပြား ကင်ဆာကို ကာကွယ်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အာဟာရဓာတ်လည်းဖြစ် ပါတယ်။ ဗီတာမင် C ဓာတ်ချို့တဲ့ရင် ထိခိုက်ရှနာတွေ အလွယ်တကူဖြစ်တတ်ပြီး သွားဖုံးသွေးယို စီးတာမျိုးလည်း ဖြစ်နိုင် ပါတယ်။

ဗီတာမင်စီကို လိမ္မော်၊ သံပုရာမျိုးနွယ်ဝင် သစ်သီးတွေကနေ ရရှိနိုင်သလို ငရုပ်ကောင်း၊ သင်္ဘောသီး၊ ကီဝီသီး၊ ဘရိုကိုလီ၊ ဟင်းနုနယ်နဲ့ ကညွတ်တွေကလည်း ရနိုင်ပါတယ်။

ဗီတာမင် E – သူလည်း Antioxidant တစ်မျိုးပါပဲ။

2ဗီတာမင် E က နေရောင်ခြည်ကနေ စွမ်းအင်ကို စုပ်ယူပေးနိုင်တဲ့ သတ္တိရှိသလို အရေပြားပျက်ဆီးတာနဲ့ အရေးကြောင်းထတာတွေကို တားဆီးပေး နိုင်ပါ တယ်။ ဗီတာမင် C နဲ့ ပေါင်းစပ်ပြီး စဲလ်တွေ ပိုမိုခိုင်မာလာအောင်လည်း အထောက်အကူပြုပါတယ်။ ဗီတာမင် E ကို ဟင်းရွက်ဆီတွေ၊ အဆေ့အစံတွေ၊ ဟင်းနုနယ်၊ ကညွတ်နဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေကို မှီဝဲစား သုံးခြင်းဖြင့် ရနိုင် ပါတယ်။

Zinc – Zinc လို့ ခေါ်တဲ့ သွပ်ဓာတ်ကိုတော့ အရေပြားရဲ့ အောက်ဘက်အလွှာက ပိုမိုလိုအပ်ပါတယ်။ Zinc ဟာ ထိခိုက် ဒါဏ်ရာတွေကို အလျှင်အမြန် ကျက်စေရာမှာ အရေးပါတဲ့ သက်စောင့်ဓာတ် တစ်မျိုးဖြစ်သလို Eczema လို ယားနာရောဂါတွေ မဖြစ်စေ ဖို့လည်း ကာကွယ်ပေးပါတယ်။

Selenium – ဆီလီနီယံကတော့ Antioxidants တွေ အရေပြားကို နေရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ နောက်ကွယ် ကနေ ကူညီပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဆီလီနီယံဓာတ်လုံလောက်မျှတရင် အရေပြားကင်ဆာဖြစ်နိုင်ချေ နည်းပါး မှာဖြစ် ပါတယ်။

ဆီလီနီယံကိုတော့ အဆေ့အစံတွေ၊ မှိုတွေ၊ ပုဇွန်ဆိတ်၊ သိုးသား၊ ကဏန်း၊ ကမာ၊ ဂျုံ၊ ပင်လယ်ငါးတွေနဲ့ အမဲသားတို့လို အရာတွေကနေ ရရှိနိုင် ပါတယ်။

ရေဓာတ် – အဓိက အကျဆုံးလို့တောင် ဆိုလို့ရပါတယ်။ ရေဓာတ်ဟာ အသားအရည်လှပဖို့အတွက်ရော ကျန်းမာဖို့ အတွက်ပါ အရေးကြီးပါတယ်။ အရေးကြောင်းမထဖို့၊ အသားအရည်တင်းရင်းဖို့၊ အဆိပ်အတောက်ကင်းဖို့၊ ကြည်လင်ဖို့၊ စသဖြင့်

အမျိုးမျိုး အကျိုးပြုတဲ့အရာပါ။ တစ်နေ့ကို ရေ ၈ ခွက်ထက်မနည်းသောက်ပေးရင် သင့်ရဲ့ အရေပြားသာမက ခန္တာကိုယ်ပါ အကျိုးကျေးဇူးကောင်းတွေ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

No Comments

Leave a Reply

Your email address will not be published.

တင္းတိိတ္ေပါက္လို႕ စိတ္ညစ္ေနလား ဒါေလးဖတ္လိုက္
အလွအပ ေရးရာ
တင္းတိိတ္ေပါက္လို႕ စိတ္ညစ္ေနလား ဒါေလးဖတ္လိုက္

တင္းတိိတ္ေပါက္လို႕ စိတ္ညစ္ေနလား ဒါေလးဖတ္လိုက္ တင္းတိိပ္ေပ်ာက္ေဆး တင္းတိပ္ဆိုတာ မ်က္ႏွာ အသားကို ေနပူေလာင္တာ၊ မီီးပူမိတာက စတာပါ ..။ မီီးအပူနဲ႔ ခ်က္ရ ၊ ျပဳတ္ရတာေတြလည္းပါတာေပါ့…။ သုံးရမွာက အိ္မ္မွာ ေငြလည္းမကုန္ လြယ္လြယ္နဲ႔ ရတဲ့ဲ မီးဖိုိေခ်ာင္ထဲက ျမန္မာ့ တိုင္းရင္းေဆး ပစၥည္း မက်ည္းသီးမွည့္ ပါဘဲ ။ က်မ အဲဒီနည္းကို အမႀကီးေတြ ၊ ညီမေတြကို ေပးၿပီး စမ္းသပ္္ ခိုိင္းတာ ဆယ္ရက္ – ဆယ္ငါးရက္အတြင္း သိသိသာသာ ေပ်ာက္သြား တာေတြကိုမ်က္ျမင္ ေတြ႕ရလို႔ မၽွေဝေပးတာပါ ေဆးနည္္း ၁ ။မက်ည္းသီးမွည့္ နည္းနည္းကို ခြက္တစ္ခုထဲမွာေရ နဲနဲထည့္ၿပီး ပုံံထဲက …

မ်က္ႏွာေပၚက အမည္းစက္ေတြ၊ အမာ႐ြတ္ေတြ ရွိေနလွ်င္
အလွအပ ေရးရာ
မ်က္ႏွာေပၚက အမည္းစက္ေတြ၊ အမာ႐ြတ္ေတြ ရွိေနလွ်င္

မ်က္ႏွာေပၚက အမည္းစက္ေတြ၊ အမာ႐ြတ္ေတြ ရွိေနလွ်င္ မဂၤလာ ပါေနာ္။ မ်က္ႏွာေပၚက အမည္း စက္ေတြ၊ အမာ႐ြတ္ေတြ ကင္းစင္ၿပီး အသားအေရကို စိုေျပ လာေစ မယ့္ နည္းလမ္းေကာင္းေတြ ကို ဒီတခါ မွ်ေဝေပး သြားမွာျဖစ္ ပါ တယ္။ ေဘးထြက္ ဆိုးက်ိဳး မရွိတဲ့ သဘာဝ နည္းလမ္းမို႔ စာဖတ္ သူတို႔ သေဘာ က်မွာ ပါေနာ္ သံပယိုသီးနဲ႔ အာလူး အရင္ဆုံး အာလူးကို ေရေသခ်ာေဆးၿပီး ႀကိတ္ လိုက္ ပါ ။ ၿပီးရင္ သံပယို ရည္ နည္းနည္းထည့္ ပါ ။ ၿပီးသြား ရင္ေတာ့ ေသခ်ာေလးေမႊေပးၿပီး …

မိုးရာသီမွာ အသားအေရေလး Glow ေစဖို႔ ဘာေတြစားမလဲ
အလွအပ ေရးရာ
မိုးရာသီမွာ အသားအေရေလး Glow ေစဖို႔ ဘာေတြစားမလဲ

မိုးရာသီမွာ အသားအေရေလး Glow ေစဖို႔ ဘာေတြစားမလဲ မိုးရာသီမွာ အသားအေရက စိုေျပ မေနဘဲ ၾကမ္းတမ္း ေျခာက္ေသြ႕ေနၿပီလား ဒါဆိုရင္ ဆန္းစစ္ရမယ့္ အခ်က္က သိပ္ မမ်ားဘူး။ ႏွစ္ခုပဲ ရွိတယ္။ ဒါက စားေနတဲ့ အစားအေသာက္ေတြေၾကာင့္လား၊ ေန႔စဥ္ လုပ္မိေနတဲ့ အေလ့ အထေၾကာင့္လား ဆိုတာပါ။ ကဲ ဒီေတာ့ မိုးတြင္းမွာ အသားအေရေလး Glow ၿပီး လွေနေစဖို႔ ဘာေတြ စားရမလဲ ဆိုတာ ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ပါ။ မုတ္သုံမွာ အသားအေရေလး Glow ၿပီး လွေနေစဖို႔ မုတ္သုံရာသီမွာ အသားအေရေလး Glow ၿပီး လွေစဖို႔ဆိုရင္ ဒါေလးေတြကို စားေပးသင့္ပါတယ္။ …