
အသက္ ၂၄ ႏွစ္ျပည့္ၿပီး ေအာင္ျမင္မႈ ေနရာတစ္ခု ရခ်င္တယ္ဆိုရင္ ဒီအခ်က္ (၉) ခ်က္ကို ေရွာင္က်ဥ္ပါ..
၁။ အေပါစားအဝတ္အစားေတြ ဝယ္တာကို ရပ္တန႔္လိုက္ပါ
လူငယ္ဘာသာ သဘာဝ ေျပာင္းလဲေနတဲ့ ဖက္ရွင္ေရစီးေၾကာင္းနဲ႔ အမီ သင္ဟာ ေပၚပင္ဖက္ရွင္ေတြေနာက္ကို လိုက္တဲ့ လူငယ္ တစ္ေယာက္ျဖစ္ေကာင္းျဖစ္ ပါလိမ့္မယ္။
ဒါေပမဲ့ အသက္ ၂၄ ႏွစ္ေက်ာ္ၿပီဆိုရင္ေတာ့ ေပၚပင္ေတြ ေနာက္ကိုမလိုက္ေတာ့ပဲ ကိုယ္နဲ႔အသင့္ေတာ္ဆုံး အလိုက္ဖက္ ဆုံးျဖစ္ၿပီး လုပ္ငန္းခြင္ မွာလည္း အမ်ားေလးစားခံရၿပီး စတိုင္က်တဲ့သူျဖစ္ဖို႔ ကိုယ္ဝတ္ဆင္မယ့္
အဝတ္အစားေတြမွာ ရင္းႏွီးျမႇပ္ႏွံမႈကို စတင္ လိုက္ပါေတာ့။ တစ္လ ႏွစ္ခါေလာက္ အဝတ္အစားအသစ္ေတြ ဝယ္ဝတ္ေနမယ့္ အစား အဲဒီ ပိုက္ဆံေတြ ကိုစုၿပီး ႏွစ္လ တစ္ခါေလာက္မွဝယ္။ အရည္အေသြးေကာင္းၿပီး သင့္ကို စတိုင္က်ေစမယ့္ အဝတ္အစားမ်ိဳး ဝယ္ပါ။
၂။ ကိုယ္နဲ႔မသင့္ေတာ္တဲ့ခ်စ္သူကို လက္တြဲျဖဳတ္ပါ။
ကိုယ္နဲ႔မသင့္ေတာ္တဲ့ သူဆိုတာ သိသိႀကီးနဲ႔ ကိုယ့္ရဲ့တန္ဖိုးရွိတဲ့ အခ်ိန္ေတြကို အကုန္မခံပါနဲ႔။ ကိုယ့္ဘဝ လက္တြဲေဖာ္ ဆီက ဘယ္လို အခ်က္ေတြ လိုခ်င္လဲ ဆိုတာ ခ်ေရးပါ။ အဲဒါ သင္နဲ ႔ထိုက္တန္တဲ့ လူပါပဲ။
အသက္အရြယ္ရလာလို႔ မရွိရွိ တဲ့လူကို ႀကိတ္မွိတ္ တြဲတာမ်ိဳး မလုပ္ပါနဲ႔။ ကိုယ္မေပ်ာ္ရႊင္မွန္း သိရက္နဲ႔ အတင္းေရွ႕မတိုး ပါနဲ႔။ ကိုယ့္ကို မေပ်ာ္ရႊင္ေစတဲ့ လူနဲ႔ အတူရွိေနမယ့္အစား Single ဘဝကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လြတ္လြတ္ လပ္လပ္ႀကီး ျဖတ္သန္းၾကည့္ စမ္းပါ။
၃။ လူေတြရဲ့ အထင္အျမင္ေတြကို အရမ္းဂ႐ုစိုက္လြန္းေနတာကို ရပ္တန္းကရပ္ပါ။
ကိုယ့္ကိုလူေတြ ဘယ္လို ထင္ျမင္မလဲ ဆိုတာကို ဂ႐ုစိုက္ တတ္တာ လူ႔သဘာဝပါ။ တခ်ိဳ႕ဆို အဲဒီလို သူမ်ားကို ဂ႐ုစိုက္ရင္းနဲ႔ ကိုယ့္ဘဝ ရည္မွန္းခ်က္ေတြကို စေတး လိုက္ရတာေတြေတာင္ ရွိတယ္။
ဥပမာ ေဆးကု ရတာ လုံးဝ ၀ါသနာ မပါတဲ့ သူ။ ဒါေပမဲ့ ကိုယ္တိုင္ကေရာ..ကိုယ့္အသိုင္းအဝိုင္းကပါ ဆရာဝန္ဆိုတဲ့ ဂုဏ္ပုဒ္ ကိုလို ခ်င္ေတာ့ ၊ လူေတြရဲ့ အထင္ႀကီးေလးစားမႈကို လိုခ်င္ေတာ့ မခ်စ္ေသာ္လည္း ေအာင့္ကာ နမ္းေနရတာေတြ ရွိတယ္။
လူ႔ဘဝႀကီးက တိုေတာင္းပါတယ္။ ကိုယ့္ရင္ထဲက ႏွစ္ႏွစ္ ကာကာျဖစ္ခ်င္ တာကို လုပ္ပါ။ တပါးသူေတြရဲ့ထင္ျမင္ ယူဆခ်က္ေတြကို လ်စ္လ်ဴ႐ူၿပီး ကိုယ္တကယ္ လုပ္ခ်င္တာ ကိုပဲ ဦးစားေပး လုပ္ပါ။
၄။ မိဘေတြကို အျပစ္တင္တာကိုရပ္ပါ။
ငါ့မိဘက မခ်မ္းသာလို႔ ငါ ကားေကာင္းေကာင္း မစီးရတာ။ ငါ့မိဘက အရင္းအႏွီးထုတ္မေပးနိုင္လို႔ ငါ လစာနည္းနည္းနဲ႔ သူမ်ားဝန္ထမ္း လုပ္ေန ရတာ။ အဲဒါေတြက ကိုယ့္မိဘလုပ္ေပးမွျဖစ္မွာလား။ ကိုယ့္ဘာသာ ကိုယ္ေရာ မဖန္တီးနိုင္ဘူးလား။
ငါ့မိဘေတြက ဘယ္သူဆိုတာထက္ ငါက ဘယ္သူဆိုတာ လက္မေထာင္ၿပီး ေျပာနိုင္ေအာင္ႀကိဳးစားစမ္းပါ။
၅။ ေငြေရးေၾကးေရးနဲ႔ ပတ္သတ္ၿပီး ပူေဆြးေနရတာကို ရပ္တန႔္ပါ။
အခုပဲ ဝင္ေငြတိုးေအာင္ လုပ္နိုင္မယ့္ နည္းလမ္းကို စဥ္းစားပါ။ လစာတိုးေအာင္ လိုအပ္တဲ့သင္တန္းေတြတက္တာမ်ိဳး ၊ ကိုယ္ကၽြမ္းက်င္တဲ့ အလုပ္တစ္ခုနဲ႔ အခ်ိန္ပိုင္း ဝင္ေငြရေအာင္လုပ္တာ မ်ိဳး စဥ္းစားၾကည့္ပါ။
အခြင့္အေရးကို ေစာင့္ေမၽွာ္ေနသူ ၊ အျမဲတမ္းႀကံဆေနသူ အတြက္ အခြင့္အေရးက အျမဲတမ္း တံခါးလာေခါက္ ပါတယ္။
၆။ လူတိုင္းအေပၚ အရမ္းေကာင္းေနတာမ်ိဳးကို ရပ္တန႔္ပါ။
တစ္ခါတေလ ျပဳံးျပဳံးရႊင္ရႊင္နဲ႔ ျငင္းတတ္ေအာင္ ႀကိဳးစားပါ။ ကိုယ္မအားတဲ့အခ်ိန္ အကူအညီတစ္ခုခုလာေတာင္း တဲ့အခါ အက်ိဳးအေၾကာင္းေျပာၿပီး ျငင္းတတ္ ပါေစ။ လူတကာ လိုအပ္ခ်က္ေတြကို လိုက္ျဖည့္ဆည္းေပးေန ဖို႔ သင့္မွာ တာဝန္ မရွိပါဘူး။
၇။ အင္တာနက္မွာ အခ်ိန္ေတြအရမ္းျဖဳန္းေနတာကို ရပ္တန႔္ပါ။
ေခတ္က နည္းပညာေခတ္ ဆိုေတာ့ ကိုယ္အင္တာ နက္မွ မသုံးရင္ ေခတ္ေနာက္က် မွာေပါ့။ မွန္ပါတယ္။ ဒါေပမဲ့ အသုံးနဲ႔ အျဖဳန္းကို ခြဲျခားသိတတ္ပါေစ။ ၁၅ မိနစ္ျခားတစ္ခါေလာက္ အြန္လိုင္းေပၚတက္ၿပီး social media ေတြကို စိတ္ဝင္ တစားၾကည့္မိေနၿပီ ဆိုရင္ေတာ့ သင္အခ်ိန္ျဖဳန္းတာပါ။
၈။ က်န္းမာေရးကို လစ္လ်ဴ႐ူေနတာကို ရပ္တန္းကရပ္ပါ။
လူလတ္ပိုင္း အရြယ္ကိုေရာက္ လာတဲ့အခါ ခႏၶာကိုယ္ကို ဂ႐ုစိုက္ဖို႔ အခ်ိန္တန္ ပါၿပီ။ က်န္းမာႀကံ့ခိုင္ဖို႔ သင့္ေတာ္ေကာင္းမြန္တဲ့ အစားအေသာက္ေတြကို ေရြးခ်ယ္ စားသုံး ပါ။ အေနအထိုင္ ဆင္ျခင္ပါ။ က်န္းမာေရးေလ့က်င့္ခန္းေတြကိုလည္း ပုံမွန္ စလုပ္ ပါေတာ့။
၉။ စည္းကမ္းမဲ့ေနထိုင္တာကို ရပ္တန႔္ပါ။
ပိုက္ဆံအိတ္ ဘယ္နားထား မိမွန္း မသိလို႔ ရွာရျပန္ ၿပီလား။ ေသာ့ေပ်ာက္လို ႔ရွာရျပန္ၿပီလား။ တစ္ညလုံး ကိုယ္အလုပ္ လုပ္ထားတဲ့ ဖိုင္တြဲကို အလုပ္သြားေတာ့ အိမ္မွာေမ့က်န္ခဲ့ၿပီလား။
သတိထားၿပီး အရာရာကို စနစ္တက်လုပ္ တတ္ကိုင္တတ္ေအာင္ စတင္ ႀကိဳးစား ပါေတာ့။ စည္းစနစ္တက်နဲ႔ ေန႔စဥ္ဘဝကို ရင့္က်က္ တည္ၿငိမ္စြာ စတင္ျဖတ္သန္း ပါေတာ့။
Credit Original
Unicode Version
အသက် ၂၄ နှစ်ပြည့်ပြီး အောင်မြင်မှု နေရာတစ်ခု ရချင်တယ်ဆိုရင် ဒီအချက် (၉) ချက်ကို ရှောင်ကျဉ်ပါ..
၁။ အပေါစားအဝတ်အစားတွေ ဝယ်တာကို ရပ်တန့်လိုက်ပါ
လူငယ်ဘာသာ သဘာဝ ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့ အမီ သင်ဟာ ပေါ်ပင်ဖက်ရှင်တွေနောက်ကို လိုက်တဲ့ လူငယ် တစ်ယောက်ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်။
ဒါပေမဲ့ အသက် ၂၄ နှစ်ကျော်ပြီဆိုရင်တော့ ပေါ်ပင်တွေ နောက်ကိုမလိုက်တော့ပဲ ကိုယ်နဲ့အသင့်တော်ဆုံး အလိုက်ဖက် ဆုံးဖြစ်ပြီး လုပ်ငန်းခွင် မှာလည်း အများလေးစားခံရပြီး စတိုင်ကျတဲ့သူဖြစ်ဖို့ ကိုယ်ဝတ်ဆင်မယ့်
အဝတ်အစားတွေမှာ ရင်းနှီးမြှပ်နှံမှုကို စတင် လိုက်ပါတော့။ တစ်လ နှစ်ခါလောက် အဝတ်အစားအသစ်တွေ ဝယ်ဝတ်နေမယ့် အစား အဲဒီ ပိုက်ဆံတွေ ကိုစုပြီး နှစ်လ တစ်ခါလောက်မှဝယ်။ အရည်အသွေးကောင်းပြီး သင့်ကို စတိုင်ကျစေမယ့် အဝတ်အစားမျိုး ဝယ်ပါ။
၂။ ကိုယ်နဲ့မသင့်တော်တဲ့ချစ်သူကို လက်တွဲဖြုတ်ပါ။
ကိုယ်နဲ့မသင့်တော်တဲ့ သူဆိုတာ သိသိကြီးနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အကုန်မခံပါနဲ့။ ကိုယ့်ဘဝ လက်တွဲဖော် ဆီက ဘယ်လို အချက်တွေ လိုချင်လဲ ဆိုတာ ချရေးပါ။ အဲဒါ သင်နဲ့ထိုက်တန်တဲ့ လူပါပဲ။
အသက်အရွယ်ရလာလို့ မရှိရှိ တဲ့လူကို ကြိတ်မှိတ် တွဲတာမျိုး မလုပ်ပါနဲ့။ ကိုယ်မပျော်ရွှင်မှန်း သိရက်နဲ့ အတင်းရှေ့မတိုး ပါနဲ့။ ကိုယ့်ကို မပျော်ရွှင်စေတဲ့ လူနဲ့ အတူရှိနေမယ့်အစား Single ဘဝကို ပျော်ပျော်ရွှင်ရွှင် လွတ်လွတ် လပ်လပ်ကြီး ဖြတ်သန်းကြည့် စမ်းပါ။
၃။ လူတွေရဲ့ အထင်အမြင်တွေကို အရမ်းဂရုစိုက်လွန်းနေတာကို ရပ်တန်းကရပ်ပါ။
ကိုယ့်ကိုလူတွေ ဘယ်လို ထင်မြင်မလဲ ဆိုတာကို ဂရုစိုက် တတ်တာ လူ့သဘာဝပါ။ တချို့ဆို အဲဒီလို သူများကို ဂရုစိုက်ရင်းနဲ့ ကိုယ့်ဘဝ ရည်မှန်းချက်တွေကို စတေး လိုက်ရတာတွေတောင် ရှိတယ်။
ဥပမာ ဆေးကု ရတာ လုံးဝ ဝါသနာ မပါတဲ့ သူ။ ဒါပေမဲ့ ကိုယ်တိုင်ကရော..ကိုယ့်အသိုင်းအဝိုင်းကပါ ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ် ကိုလို ချင်တော့ ၊ လူတွေရဲ့ အထင်ကြီးလေးစားမှုကို လိုချင်တော့ မချစ်သော်လည်း အောင့်ကာ နမ်းနေရတာတွေ ရှိတယ်။
လူ့ဘဝကြီးက တိုတောင်းပါတယ်။ ကိုယ့်ရင်ထဲက နှစ်နှစ် ကာကာဖြစ်ချင် တာကို လုပ်ပါ။ တပါးသူတွေရဲ့ထင်မြင် ယူဆချက်တွေကို လျစ်လျူရူပြီး ကိုယ်တကယ် လုပ်ချင်တာ ကိုပဲ ဦးစားပေး လုပ်ပါ။
၄။ မိဘတွေကို အပြစ်တင်တာကိုရပ်ပါ။
ငါ့မိဘက မချမ်းသာလို့ ငါ ကားကောင်းကောင်း မစီးရတာ။ ငါ့မိဘက အရင်းအနှီးထုတ်မပေးနိုင်လို့ ငါ လစာနည်းနည်းနဲ့ သူများဝန်ထမ်း လုပ်နေ ရတာ။ အဲဒါတွေက ကိုယ့်မိဘလုပ်ပေးမှဖြစ်မှာလား။ ကိုယ့်ဘာသာ ကိုယ်ရော မဖန်တီးနိုင်ဘူးလား။
ငါ့မိဘတွေက ဘယ်သူဆိုတာထက် ငါက ဘယ်သူဆိုတာ လက်မထောင်ပြီး ပြောနိုင်အောင်ကြိုးစားစမ်းပါ။
၅။ ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး ပူဆွေးနေရတာကို ရပ်တန့်ပါ။
အခုပဲ ဝင်ငွေတိုးအောင် လုပ်နိုင်မယ့် နည်းလမ်းကို စဉ်းစားပါ။ လစာတိုးအောင် လိုအပ်တဲ့သင်တန်းတွေတက်တာမျိုး ၊ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တစ်ခုနဲ့ အချိန်ပိုင်း ဝင်ငွေရအောင်လုပ်တာ မျိုး စဉ်းစားကြည့်ပါ။
အခွင့်အရေးကို စောင့်မျှော်နေသူ ၊ အမြဲတမ်းကြံဆနေသူ အတွက် အခွင့်အရေးက အမြဲတမ်း တံခါးလာခေါက် ပါတယ်။
၆။ လူတိုင်းအပေါ် အရမ်းကောင်းနေတာမျိုးကို ရပ်တန့်ပါ။
တစ်ခါတလေ ပြုံးပြုံးရွှင်ရွှင်နဲ့ ငြင်းတတ်အောင် ကြိုးစားပါ။ ကိုယ်မအားတဲ့အချိန် အကူအညီတစ်ခုခုလာတောင်း တဲ့အခါ အကျိုးအကြောင်းပြောပြီး ငြင်းတတ် ပါစေ။ လူတကာ လိုအပ်ချက်တွေကို လိုက်ဖြည့်ဆည်းပေးနေ ဖို့ သင့်မှာ တာဝန် မရှိပါဘူး။
၇။ အင်တာနက်မှာ အချိန်တွေအရမ်းဖြုန်းနေတာကို ရပ်တန့်ပါ။
ခေတ်က နည်းပညာခေတ် ဆိုတော့ ကိုယ်အင်တာ နက်မှ မသုံးရင် ခေတ်နောက်ကျ မှာပေါ့။ မှန်ပါတယ်။ ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားသိတတ်ပါစေ။ ၁၅ မိနစ်ခြားတစ်ခါလောက် အွန်လိုင်းပေါ်တက်ပြီး social media တွေကို စိတ်ဝင် တစားကြည့်မိနေပြီ ဆိုရင်တော့ သင်အချိန်ဖြုန်းတာပါ။
၈။ ကျန်းမာရေးကို လစ်လျူရူနေတာကို ရပ်တန်းကရပ်ပါ။
လူလတ်ပိုင်း အရွယ်ကိုရောက် လာတဲ့အခါ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ အချိန်တန် ပါပြီ။ ကျန်းမာကြံ့ခိုင်ဖို့ သင့်တော်ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးချယ် စားသုံး ပါ။ အနေအထိုင် ဆင်ခြင်ပါ။ ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုလည်း ပုံမှန် စလုပ် ပါတော့။
၉။ စည်းကမ်းမဲ့နေထိုင်တာကို ရပ်တန့်ပါ။
ပိုက်ဆံအိတ် ဘယ်နားထား မိမှန်း မသိလို့ ရှာရပြန် ပြီလား။ သော့ပျောက်လို့ရှာရပြန်ပြီလား။ တစ်ညလုံး ကိုယ်အလုပ် လုပ်ထားတဲ့ ဖိုင်တွဲကို အလုပ်သွားတော့ အိမ်မှာမေ့ကျန်ခဲ့ပြီလား။
သတိထားပြီး အရာရာကို စနစ်တကျလုပ် တတ်ကိုင်တတ်အောင် စတင် ကြိုးစား ပါတော့။ စည်းစနစ်တကျနဲ့ နေ့စဉ်ဘဝကို ရင့်ကျက် တည်ငြိမ်စွာ စတင်ဖြတ်သန်း ပါတော့။
No Comments