
သင့္ဘဝမွာ မပစ္ပယ္ဘဲ တန္ဖိုးထားသင့္တဲ့ မိတ္ေဆြေကာင္း အမ်ိဳးအစား (၄) မ်ိဳး
ဘဝမွာ ကိုယ့္အေပၚ မေကာင္းတဲ့ သူေတြနဲ႔လည္း ဆံုတတ္ သလို ကိုယ့္ အက်ိဳးကို ျဖစ္ထြန္းေစတတ္တဲ့ မိတ္ေဆြေကာင္းေတြ နဲ႔လည္း ဆံုတတ္ ပါေသးတယ္။
ကိုယ့္အေပၚ မေကာင္းတဲ့ သူေတြနဲ႔ မေပါင္းသင္းအပ္ သလို ကိုယ့္အေပၚ အက်ိဳးျပဳတဲ့ မိတ္ေဆြေကာင္းေတြ ကိုလည္း မပစ္ပယ္မိဖို႔ လိုပါေသး တယ္။ ကိုယ့္ အေပၚကို အက်ိဳးျပဳေနတတ္တဲ့ မိတ္ေဆြ အမ်ိဳးအစား (၄) မ်ိဳး ရွိ ပါတယ္။ ဒါေတြကေတာ့
(၁) ေလွကားနဲ႔ တူေသာသူ
တစ္ေယာက္နဲ႔ ခင္ၾကတယ္ ဆိုတိုင္း အခ်ိန္တိုင္း လိုလို မခြဲမခြာ လူတိုင္း အတူ ရွိမေနႏိုင္ပါဘူး။ ဒါေပမယ့္္လည္း မိတ္ေဆြစစ္ ဟုတ္ မဟုတ္ကို အခက္အခဲျဖစ္တဲ့ အခ်ိန္မွာ သိႏိုင္ပါတယ္။
တစ္ခ်ိဳ႕မိတ္ေဆြေတြ ကေတာ့ သူတို႔က မိတ္ေဆြ အခ်င္းခ်င္း ကူညီၿပီး ကိုယ္ကူညီလိုက္လို႔ အျမင့္ကို တက္လွမ္း သြားႏိုင္ တာကိုလည္း ေက်နပ္တဲ့ သူေတြ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး အျမင့္ကို ေရာက္ေအာင္ အဆင္ေျပေအာင္ ပံ့ပိုးေပး တတ္တဲ့ မိတ္ေဆြေတြ ကေတာ့ ေလွကားနဲ႔ ဆင္တူ ပါတယ္
(၂) ထမ္းပိုးႏွင့္ တူေသာသူ
အခက္အ ခဲအခ်ိန္ေတြကို အျပည့္အဝ မကူညီႏိုင္တိုင္း မိတ္ေဆြ မစစ္ဘူးလို႔လည္း ေျပာလို႔ မရပါဘူး။ တစ္ခ်ိဳ႕ေသာ မိတ္ေဆြေတြက အျပည့္အဝ မကူညီႏိုင္ေပမယ့္ သူတို႔က အခက္အခဲကို တစ္ဝက္ဝင္ ထမ္းေပးၿပီး ကူညီ တတ္ၾကတဲ့ သူေတြပါ။
မိတ္ေဆြ အခ်င္းခ်င္းမွာ တစ္ေယာက္ တစ္ဝက္ တာဝန္ခြဲ ယူၿပီး ကူညီေပး တတ္ၾက သူေတြ ျဖစ္ပါတယ္။ တစ္ေယာက္တည္း ဝန္ပိုမေနေအာင္ ဝင္ထမ္းေပး တတ္တဲ့ မိတ္ေဆြေတြကေတာ့ ထမ္းပိုးနဲ႔ ဆင္တူ ပါတယ္။
(၃) နတ္သားႏွင့္ တူေသာသူ
တစ္ခ်ိဳ႕ေသာ မိတ္ေဆြေတြ ကေတာ့ ပံုမွန္ အခ်ိန္ေတြမွာ သူတို႔ရဲ႕ ကိစၥရပ္ေတြေၾကာင့္ အခ်ိန္မေပးႏိုင္တာေတြ ရွိတတ္ေပ မယ့္လည္း မိတ္ေဆြတန္ဖိုးကို မေလ်ာ့က်ေစ တဲ့သူေတြ ျဖစ္ပါတယ္။
သူတုိ႔ကေတာ့ ဘယ္ေလာက္ပဲ အခ်ိန္မေပးႏိုင္ အဆက္အသြယ္ မလုပ္မိျဖစ္ၾကရင္ေတာင္မွ သူတို႔ရဲ႕ မိတ္ေဆြ အခက္အခဲ ျဖစ္ေနတဲ့ အခ်ိန္ေတြကို ပစ္မထားမိတတ္ၾကတဲ့သူေတြပါ။
သူတို႔ကေတာ့ အခက္အခဲႀကံဳတိုင္း ေဘးနား ရွိေပးၿပီး အကုန္အဆင္ေျပတဲ့အထိ ကူညီတတ္တဲ့သူေတြ ျဖစ္ပါ တယ္။ ပံုမွန္ခ်ိန္ မွာေတာ့ ခင္သလားေတာင္ မသိရဘဲ အခက္အခဲ ၾကံဳခ်ိန္မွာ ထြက္လာတတ္တဲ့ ဒီလို မိတ္ေဆြ ကေတာ့ နတ္သားနဲ႔ တူပါတယ္။
(၄) ရဲေဘာ္ရဲဘက္နဲ႔ တူေသာသူ
အျမဲ ကိုယ္နဲ႔ သူ႔အေၾကာင္း ကိုယ့္အေၾကာင္း သိတဲ့ မိတ္ေဆြေတြ အျဖစ္ ရွိေနတတ္တဲ့သူမ်ိဳးပါ။ အျပန္အလွန္ တိုင္ပင္တာ၊ ကူညီတာေတြ ရွိသလို အျမဲ ညီအစ္ကိုလို ေမာင္ႏွမလို တိုင္ပင္ေဖာ္တိုင္ပင္ဖက္အျဖစ္ ရွိေန တတ္ၾက ပါတယ္။
ဝမ္းနည္းခ်ိန္ ေပ်ာ္ရႊင္ခ်ိန္ေတြလည္း မွ်ေဝ ခံစားတတ္ၾကတဲ့ ဒီလို မိတ္ေဆြေတြကေတာ့ ရဲေဘာရဲဘက္မိတ္ေဆြမ်ိဳးပါပဲေနာ္။
ကဲ သင္ေရာ ဘယ္လို မိတ္ေဆြမ်ိဳး ျဖစ္ေနမလဲ စစ္ၾကည့္ႏိုင္ ပါတယ္ေနာ္။
Kham
Credit
Unicode
သင့်ဘဝမှာ မပစ်ပယ်ဘဲ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေကောင်း အမျိုးအစား (၄) မျိုး
ဘဝမှာ ကိုယ့်အပေါ် မကောင်းတဲ့ သူတွေနဲ့လည်း ဆုံတတ် သလို ကိုယ့် အကျိုးကို ဖြစ်ထွန်းစေတတ်တဲ့ မိတ်ဆွေကောင်းတွေ နဲ့လည်း ဆုံတတ် ပါသေးတယ်။
ကိုယ့်အပေါ် မကောင်းတဲ့ သူတွေနဲ့ မပေါင်းသင်းအပ် သလို ကိုယ့်အပေါ် အကျိုးပြုတဲ့ မိတ်ဆွေကောင်းတွေ ကိုလည်း မပစ်ပယ်မိဖို့ လိုပါသေး တယ်။ ကိုယ့် အပေါ်ကို အကျိုးပြုနေတတ်တဲ့ မိတ်ဆွေ အမျိုးအစား (၄) မျိုး ရှိ ပါတယ်။ ဒါတွေကတော့
(၁) လှေကားနဲ့ တူသောသူ
တစ်ယောက်နဲ့ ခင်ကြတယ် ဆိုတိုင်း အချိန်တိုင်း လိုလို မခွဲမခွာ လူတိုင်း အတူ ရှိမနေနိုင်ပါဘူး။ ဒါပေမယ့််လည်း မိတ်ဆွေစစ် ဟုတ် မဟုတ်ကို အခက်အခဲဖြစ်တဲ့ အချိန်မှာ သိနိုင်ပါတယ်။
တစ်ချို့မိတ်ဆွေတွေ ကတော့ သူတို့က မိတ်ဆွေ အချင်းချင်း ကူညီပြီး ကိုယ်ကူညီလိုက်လို့ အမြင့်ကို တက်လှမ်း သွားနိုင် တာကိုလည်း ကျေနပ်တဲ့ သူတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး အမြင့်ကို ရောက်အောင် အဆင်ပြေအောင် ပံ့ပိုးပေး တတ်တဲ့ မိတ်ဆွေတွေ ကတော့ လှေကားနဲ့ ဆင်တူ ပါတယ်
(၂) ထမ်းပိုးနှင့် တူသောသူ
အခက်အ ခဲအချိန်တွေကို အပြည့်အဝ မကူညီနိုင်တိုင်း မိတ်ဆွေ မစစ်ဘူးလို့လည်း ပြောလို့ မရပါဘူး။ တစ်ချို့သော မိတ်ဆွေတွေက အပြည့်အဝ မကူညီနိုင်ပေမယ့် သူတို့က အခက်အခဲကို တစ်ဝက်ဝင် ထမ်းပေးပြီး ကူညီ တတ်ကြတဲ့ သူတွေပါ။
မိတ်ဆွေ အချင်းချင်းမှာ တစ်ယောက် တစ်ဝက် တာဝန်ခွဲ ယူပြီး ကူညီပေး တတ်ကြ သူတွေ ဖြစ်ပါတယ်။ တစ်ယောက်တည်း ဝန်ပိုမနေအောင် ဝင်ထမ်းပေး တတ်တဲ့ မိတ်ဆွေတွေကတော့ ထမ်းပိုးနဲ့ ဆင်တူ ပါတယ်။
(၃) နတ်သားနှင့် တူသောသူ
တစ်ချို့သော မိတ်ဆွေတွေ ကတော့ ပုံမှန် အချိန်တွေမှာ သူတို့ရဲ့ ကိစ္စရပ်တွေကြောင့် အချိန်မပေးနိုင်တာတွေ ရှိတတ်ပေ မယ့်လည်း မိတ်ဆွေတန်ဖိုးကို မလျော့ကျစေ တဲ့သူတွေ ဖြစ်ပါတယ်။
သူတို့ကတော့ ဘယ်လောက်ပဲ အချိန်မပေးနိုင် အဆက်အသွယ် မလုပ်မိဖြစ်ကြရင်တောင်မှ သူတို့ရဲ့ မိတ်ဆွေ အခက်အခဲ ဖြစ်နေတဲ့ အချိန်တွေကို ပစ်မထားမိတတ်ကြတဲ့သူတွေပါ။
သူတို့ကတော့ အခက်အခဲကြုံတိုင်း ဘေးနား ရှိပေးပြီး အကုန်အဆင်ပြေတဲ့အထိ ကူညီတတ်တဲ့သူတွေ ဖြစ်ပါ တယ်။ ပုံမှန်ချိန် မှာတော့ ခင်သလားတောင် မသိရဘဲ အခက်အခဲ ကြုံချိန်မှာ ထွက်လာတတ်တဲ့ ဒီလို မိတ်ဆွေ ကတော့ နတ်သားနဲ့ တူပါတယ်။
(၄) ရဲဘော်ရဲဘက်နဲ့ တူသောသူ
အမြဲ ကိုယ်နဲ့ သူ့အကြောင်း ကိုယ့်အကြောင်း သိတဲ့ မိတ်ဆွေတွေ အဖြစ် ရှိနေတတ်တဲ့သူမျိုးပါ။ အပြန်အလှန် တိုင်ပင်တာ၊ ကူညီတာတွေ ရှိသလို အမြဲ ညီအစ်ကိုလို မောင်နှမလို တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ် ရှိနေ တတ်ကြ ပါတယ်။
ဝမ်းနည်းချိန် ပျော်ရွှင်ချိန်တွေလည်း မျှဝေ ခံစားတတ်ကြတဲ့ ဒီလို မိတ်ဆွေတွေကတော့ ရဲဘောရဲဘက်မိတ်ဆွေမျိုးပါပဲနော်။
ကဲ သင်ရော ဘယ်လို မိတ်ဆွေမျိုး ဖြစ်နေမလဲ စစ်ကြည့်နိုင် ပါတယ်နော်။
Kham
No Comments