Credit
Unicode
“စိတ်ညစ်တဲ့နေတယ့် အချိန်တိုင်း ဖတ်ပါ
မြေပျော့ရင် ခြေရာ ကျန်မယ် စိတ်ပျော့ရင် ဒဏ်ရာကျန်မယ် ထို့ကြောင့် မချစ်ပါနဲ့ မချစ်သင့်တဲ့ လူကို မချစ် ပါနဲ့။ မမေ့ပါနဲ့ မေ့ပစ်သင့်တဲ့ လူတှကျေို မေ့ပစ် နိုင်ဖို့။
မလွမ်းပါနဲ့ မလွမ်းသင့်တဲ့ လူကို ဘယ်တော့မှ မလွမ်းနဲ့။ လူတိုင်းက ကိုယ့်စိတ်နဲ့ နှိုင်းပြီး ဘယ်တော့မှ မယုံကြည်နဲ့ လူတိုင်းက ကိုယ့်စိတ်လို့ မဟုတ် ကြဘူး။
ပြင်လိုက်ပါ အားငယ် တတ်တဲ့ အကျင့်ကိုပြင်။ လူတိုင်းကို ယုံလွယ်တဲ့ အကျင့် ကိုပြင်။ သင့်ကိုသင် မယုံကြည်တဲ့ အကျင့် ကိုပြင်။ တွေးပြီး ဝမ်းနည်းတတ်တဲ့ အကျင့် ကိုပြင်။ စိုးရိမ် စိတ်များတဲ့ အကျင့်ကို ပြင်ပါ။
သင်က အားငယ်တတ်ရင် လူတွေက ချနင်းတယ် တကိုယ်ကောင်း ဆန်သင့်တဲ့ နေရာမှ ဆန်ပါ။ မာနကြီးရမယ့် နေရာ မာနကြီး ပါ။ အတ္တကြီး သင့်တဲ့နေရာ အတ္တကြီး ပစ်ပါ ။ အားငယ်ပြီး စိတ်ညစ်နေ တတ်ရင်… လူတိုင်းက လိမ်ညာ လှည့်စား မှာပဲ။
လူတယောက်က မနာ လိုလို့ သင့်မကောင်းကြောင်းပြော ရင်တောင်၊ ပြုံးပြုံးလေးနေ လိုက်ပါ လူတယောက်ရဲ့ လိမ်ညာခံ ရခဲ့ ရင် စိတ်ညစ်မနေနဲ့ သင်တခါပဲ လိမ်ညာခံ လိုက်ပါ ထိုလိမ်ညာခံ ရတိုင်း သင့်အတွက် ရင့်ကျက်မှုတွေ ပါပဲ🙂
လူတွေရဲ့ လှည့်စားခံ ရလေလေ.. ကိုယ့်အတွက် ပညာ ရလေ ပါပဲ လိမ်စမ်း ပါ။ ညာစမ်းပါ။ မနာလို စမ်းပါ။ (ပြုံးပြပြီး စိန်ခေါ် လိုက်စမ်းပါ)
လူတယောက်ကြောင့် သင်က စိတ်ညစ်နေရင် သင်ဟာ အမြဲ ရှုံးနိမ့်နေ ရမှာပဲ။ ဘာအတွက် စိတ်ညစ်နေ မှာလည်း ? မိဘ အတွက် အားတင်း ထားပါ။
သင့်အတွက် အကောင်းဆုံးတွေ ဖန်တီး ရအုံး မယ်။ သင့်ရှေ့ရေးအတွက် အကျိုး ရှိတာ လုပ် ရအုံး မယ်။ သင့် သံသရာအတွက် ကြိုးစား ရအုံး မယ်။ သင်ကို လူတိုင်း အကောင်းမြင်ဖို့ ကြိုးစား ရအုံး မယ်။
ဒီနေ့ စိတ်ညစ်ရင် ညစ် လိုက်ပါ ဒါပေမဲ့… မနက်ဖြန် တိုင်းက သင့် အတွက် ပြုံးပျော်နိုင်ပါစေ
No Comments