
လေးစားစွာဖြင့်ခရက်ဒစ်
ပြန်လည်မျှဝေသူ YOON
Unicode
“ရူးချင်ယောင်ဆောင်နေတာ”
လိုက်လျောနေတိုင်း သဘောကောင်းနေတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေကျတော့လည်း ဘယ်လောက် အားနာ အားနာ လိမ်ညာ တတ်တဲ့ လူတစ်ချို့ကြောင့် ပျော်ပါစေ ဆိုသော အတွေးနဲ့ ယုံကြည် ပေးတဲ့ သဘော ပါ ။
ပြုံးနေတိုင်း ပျော်နေတာ မဟုတ် ပါဘူ း။ တစ်ခါတစ်လေ ကျတော့ လည်း ဘယ်လောက် ဝမ်းနည်း ဝမ်းနည်း ပိုပြီး နှိပ်စက် ချင်တဲ့ လူတစ် ချို့ကြောင့် တိတ်တိတ်လေး မျက်ရည်ကျ မိတဲ့ သဘော ပါ။
သည်းခံ နေတိုင်း မှားနေတာ မဟုတ် ပါ ဘူး။ တစ်ခါတစ်လေ ကျတော့လည်း ဘယ်လောက် မှန်မှန် အကောင်း မမြင်တဲ့ လူတစ်ချို့နဲ့ ရန် မဖြစ်ချင် လို့ ခွင့်လွှတ် လိုက်တဲ့ သဘော ပါ ။
တိတ်ဆိတ်နေတိုင်း ဝန်ခံတာ မဟုတ် ပါဘူး။ တစ်ခါတစ်လေကျတော့လည်း ဘယ်လောက် ရှင်းပြ ရှင်းပြ နားလည်မှာ မဟုတ်တဲ့ လူတစ်ချို့ကို ရှင်းမပြ ချင်လို့ ငြိမ်နေတဲ့ သဘော ပါ ။
ဒူးထောက်နေတိုင်း အရှုံးပေး တာ မဟုတ် ပါဘူး။ တစ်ခါတစ်လေ ကျတော့ လည်း ဘယ်လောက် အနိုင်ရရ မကျေနပ်နိုင်တဲ့ လူတစ် ချို့ကြောင့် ဥပေက္ခာပြု မလို့ အားယူနေ တဲ့ သဘော ပါ ။
ခေါင်းငုံနေတိုင်း ငြိမ်ခံနေတာ မဟုတ် ပါ ဘူ း။ နှုတ်ဖျား ဆွံ့အ,နေတိုင်း မပြော တတ်တာ မဟုတ် ပါဘူး။ ပျော်နေတိုင်း စိတ် ချမ်း သာနေတာ မဟုတ် ပါ ဘူး ။
ကိုယ့်အပေါ် မကောင်းတဲ့ လူတစ်ချို့ကို မပတ်သက် ချင်တော့ လို့ သိသိ လျက်နဲ့ ရူးချင်ယောင်ဆောင် နေ တာ ပါ ။
No Comments