အိပ္ရာမဝင္ခင္မွာ ေအာင္ျမင္ သူေတြျပဳလုပ္ေလ့ ရွိတဲ့ အလုပ္ ၁၂ မ်ိဳး - Amawpyay

အိပ္ရာမဝင္ခင္မွာ ေအာင္ျမင္ သူေတြျပဳလုပ္ေလ့ ရွိတဲ့ အလုပ္ ၁၂ မ်ိဳး

အိပ္ရာမဝင္ခင္မွာ ေအာင္ျမင္ သူေတြျပဳလုပ္ေလ့ ရွိတဲ့ အလုပ္ ၁၂ မ်ိဳး
Knowledge

အိပ္ရာမဝင္ခင္မွာ ေအာင္ျမင္ သူေတြျပဳလုပ္ေလ့ ရွိတဲ့ အလုပ္ ၁၂ မ်ိဳး

သင္အိပ္ရာမဝင္ခင္ သင္လုပ္ေလ့ ရွိတဲ့ အရာေတြက ေနာက္ေန႔မွာ သင့္စိတ္ အေျခအေနရဲ႕ စြမ္းအင္အဆင့္အေပၚ သိသာတဲ့ သက္ေရာက္မႈ ျဖစ္ေစမွာ ျဖစ္ပါတယ္။

ေအာင္ျမင္ သူေတြဟာ သူတို႔ရဲ႕ေအာင္ျမင္မႈက သူတို ႔စိတ္နဲ ႔႐ုပ္က်န္းမာေရး နဲ႔စတင္ၿပီး အဲဒါနဲ႔ပဲ အဆုံးသတ္ၾက တာကို သေဘာေပါက္ ၾကပါတယ္။ အဲဒါက သူတို႔ အိပ္ေရး၀၀ အိပ္စက္မႈ အေပၚ လုံးဝနီးပါးမူတည္ ပါတယ္။ ေအာင္ျမင္သူ အမ်ားအျပား အိပ္ရာဝင္ ခါနီးမွာျပဳလုပ္ေလ့ ရွိတဲ့ အလုပ္ ၁၂ မ်ိဳးကေတာ့ ေအာက္ပါ အတိုင္းျဖစ္ ပါတယ္။

၁။ သူတို႔စာဖတ္ၾကတယ္။

ေအာင္ျမင္သူ အမ်ားစုဟာ မအိပ္ခင္ေနာက္ဆုံး အလုပ္အျဖစ္ စာဖတ္ၾကေၾကာင္း ကြၽမ္းက်င္သူေတြကေျပာ ပါတယ္။ သမၼတ အိုဘားမားနဲ႔ ဘီလ်ံနာဘီလ္ဂိတ္တို႔ဟာ မအိပ္ခင္ အနည္းဆုံး နာရီဝက္ၾကာ စာဖတ္ၾက ပါတယ္။

တက္က်မ္းစာေရး ဆရာနဲ႔ ႏိုင္ငံတကာ စီးပြားေရးဘာသာ ရပ္ေဟာေျပာသူ မိုက္ကယ္ ကားရ္က ေအာင္ျမင္သူေတြဟာ မအိပ္ခင္ စာဖတ္ဖို ႔အခ်ိန္ယူေၾကာင္း၊ သူတို႔ရဲ႕ျပကၡဒိန္မွာ အဲဒါကို ညႇိႏႈိင္းလို႔ မရႏိုင္တဲ့ကိ စၥအျဖစ္ မွတ္သား ထားေၾကာင္းေျပာ ပါတယ္။

”ဒါက စီးပြားေရးစာအုပ္၊ ဒါမွမဟုတ္ လႈံ႕ေဆာ္မႈေပးတဲ့ စာအုပ္ဖတ္ဖို႔အခ်ိန္ခ်န္လွပ္ထားတာ မဟုတ္ဘူး။ ေအာင္ျမင္သူ အမ်ားစုဟာ ဇာစ္ျမစ္မ်ိဳးစုံ ကေန သတင္းေတြေမႊေႏွာက္ ရွာေဖြျခင္းရဲ႕တန္ဖိုးကိုသိၾကတယ္။ အဲဒါက ပိုႀကီးက်ယ္တဲ့ တီထြင္ ဖန္တီးမႈနဲ႔ သူတို႔ဘဝရဲ႕ရမၼက္ကို ျဖည့္တင္းေပး တယ္လို႔ ယုံၾကည္ၾက တယ္” လို႔ သူကေျပာ ပါတယ္။

၂။ သူတို႔အလုပ္နဲ႔ လုံးဝအဆက္ျဖတ္ထားၾကတယ္။

တကယ္ေအာင္ျမင္တဲ့ လူေတြဟာ အိပ္ခါနီးမွာ အလုပ္ကိစၥေတြ ဘာမွ မလုပ္ပါဘူး။ သူတို႔ အီးေမးလ္ေတြကို အ႐ူးအမူး မစစ္ေဆးဘူး။ အလုပ္နဲ႔ ပတ္သက္တဲ့ ျပႆနာေတြကို မစဥ္းစားဘူး။

အိပ္တဲ့အခါ အလုပ္အေၾကာင္ းစဥ္းစားရင္ အိပ္ရာေပၚ အနားယူဖို႔ ပိုခက္ လိမ့္မယ္။The You Plan စာအုပ္ေရးသူနဲ႔ အသင္းအဖြဲ႕ဆိုင္ရာ စိတ္ကုပညာရွင္ ေဒါက္တာမိုက္ကယ္ဝုဒ္လပ္က အခုလိုေျပာ ပါတယ္။

”အိပ္ရာေပၚ သင္လဲေလ်ာင္းေနခ်ိန္မွာ ဇြဲေကာင္းလြန္းတဲ့ အလုပ္ရွင္ အထက္လူႀကီး ဆီကရတဲ့ အီးေမးလ္ေတြဖတ္ၿပီး ေတြးေတာ မေနသင့္ ဘူး။ သင္အိပ္တဲ့ အခ်ိန္နဲ႔ ေနာက္ဆုံး အီေမးလ္ဖတ္ ခဲ့တဲ့ အခ်ိန္ၾကားမွာ နာရီဝက္ေလာက္ အလြတ္ထားပါ။

၃။ သူတို႔က ပလပ္အကုန္လုံးျဖဳတ္ပစ္တယ္။

အလုပ္နဲ႔အဆက္ျဖတ္ တယ္ဆိုတာ မအိပ္ခင္ အီးေမးလ္မစစ္ေတာ့ ႐ုံမ် မဟုတ္ ပါဘူး။ ဆိုရွယ္မီဒီယာေတြ သုံးတာ၊ ဒါမွမဟုတ္ ဖုန္းနဲ႔ဂိမ္း ကစားတာေတြ လည္း မလုပ္သင့္ ပါဘူး။

မအိပ္ခင္ဖုန္းကလိတာ သင့္အတြက္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးပိုရေစမယ္ လို႔ သုေတသီေတြ ကေျပာပါတယ္။ သင့္ဖုန္းစ ကရင္က မီးေရာင္ျပာျပာ ကေနေရာင္ျခည္လို လင္းထိန္ ပါတယ္။

အဲဒါက သင့္ခႏၶာကိုယ္ အိပ္ခ်ိန္၊ ႏိုးခ်ိန္သတိေပးတဲ့ Circadian နာရီစည္းခ်က္ကို လည္ပတ္ေစ တဲ့ မရွိမျဖစ္မယ္လာတိုနင္ေဟာ္မုန္း ဓာတ္ထုတ္ လုပ္မႈ ရပ္တန႔္ထားဖို႔ ဦးေႏွာက္ကို အမိန႔္ေပး ပါတယ္။

အဲဒါေၾကာင့္ သင္အိပ္ေရးပ်က္ ႐ုံမက အျမင္ အာ႐ုံျပႆနာ၊ ကင္ဆာနဲ ႔စိတ္က်ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

အြန္လိုင္းသတင္းစာ Huffington Post တည္ေထာင္တဲ့ အယ္ဒီတာခ်ဳပ္ အာရီးယား နားဟတ္ဖင္တန္ဟာ ပင္ပန္းႏြမ္းနယ္လို႔လဲေခြက်ၿပီးေနာက္ပိုင္းမွာ အိပ္စက္နည္းကို လုံးဝေျပာင္းလဲခဲ့ ပါတယ္။

သူဟာ iPad ေတြ၊ Kindle လို e-book ဖတ္တဲ့ Tablet ၊ Laptop နဲ႔ တျခား အီလက္ထေရာနစ္ကိရိယာအားလုံးကို သူ႔အိပ္ခန္းထဲမွာ မထားေတာ့ ပါဘူးတဲ့။

၄။ သူတို႔က လုပ္စရာကိစၥကို စာရင္းျပဳစုတယ္။

ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ဖို႔ စိတ္ကို ရွင္းလင္း ထားတာဟာ ေအာင္ျမင္သူ အမ်ားစု အတြက္ အေရးပါလွပါတယ္။ မ်ားေသာ အားျဖင့္ သူတို႔က ေနာက္ေန႔မွာေဆာင္႐ြက္ ရမယ့္၊ ဒါမွမဟုတ္ ၫႊန္ၾကားရမယ့္ မလုပ္ရေသးတဲ့ ကိစၥမွန္သမ်ကို အဲဒီအခ်ိန္မွာ စာရင္း လုပ္တယ္။

ဒါေၾကာင့္ အဲဒီ အေတြးေတြက ညပိုင္းမွာ သူတို႔ေခါင္းထဲ ဝင္ မလာေတာ့ဘူး” လို႔ မိုက္ကယ္ကားရ္ကေျပာပါတယ္။ ဥပမာေျပာ ရရင္ American Express ကုမၸဏီရဲ႕ စီအီးအိုျဖစ္သူ ကက္နက္ခ်င္ေနာ့လ္ဟာ ေနာက္ေန႔က် သူလုပ္ခ်င္တဲ့ ကိစၥသုံးခုကို စာရင္းခ်ေရးေလ့ ရွိပါတယ္။

၅။ သူတို႔က မိသားစုနဲ႔အခ်ိန္ျဖဳန္းတယ္။

လက္တြဲေဖာ္၊ ဒါမွမဟုတ္ မိမိရဲ႕မိသားစုနဲ႔ စကားေျပာ တာ၊ ဒါမွမဟုတ္ သင့္ေခြးေလးနဲ ႔ေဆာ့တာကို အခ်ိန္ေပးဖို ႔အေရးႀကီး တယ္လို႔ ဝုဒ္ဝပ္ဒ္ ကေျပာ ပါတယ္။သိပ္ေအာင္ျမင္တဲ့ လူေတြၾကားမွာ ဒီဟာကလုပ္ေနက် ကိစၥပါလို႔ I Know How She Does It စာအုပ္ေရးတဲ့ ေလာ္ရာဗင္ဒါကမ္းက ေျပာပါတယ္။

”ဘယ္သူမဆို ကိုယ့္ဘဝ လက္တြဲေဖာ္နဲ႔ အတူတူ အိပ္ရာဝင္လို႔ ရေပမဲ့ ျဖစ္ႏိုင္ရင္ သင့္ရဲ႕ေန႔ရက္ေတြအေၾကာင္း ဆက္သြယ္ေျပာဆို မႈျပဳလုပ္တာ သိပ္ေကာင္းတဲ့ နည္းလမ္းမွန္း ကြၽန္မ သိတယ္” လို႔ သူကေျပာပါတယ္။

၆။ သူတို႔က ညေနခင္းမွာလမ္းေလ်ာက္ၾကတယ္။

Buffer Co.တည္ေထာင္သူနဲ႔ စီအီးအိုဂ်ိဳဝယ္လ္ဂယ္စ္ကြိဳင္းဟာ အိပ္ရာမဝင္ခင္မိနစ္ ၂၀ ၾကာ လမ္းေလ်ာက္ ေလ့ရွိ ပါတယ္။ ”ဒါက စိတ္လက္ေျဖေလ်ာ့တဲ့အ ခ်ိန္ေလးေပါ့။

တစ္ေန႔တာ လုပ္ခဲ့သမ်ကို ျပန္အကဲျဖတ္တာ၊ ပိုႀကီးမားတဲ့ စိန္ေခၚမႈေတြ စဥ္းစားတာထက္ တျဖည္းျဖည္းခ်င္း အလုပ္ကိစၥမစဥ္းစားေတာ့ဘဲ အနားယူတာကို လုပ္ခြင့္ ရေစတယ္” လို႔ သူ႔ရဲ႕ဘေလာ့ဂ္မွာေရးထား ပါတယ္။

အရင္က မအိပ္ခင္ေလ့က်င့္ခန္းလုပ္ရင္ အိပ္မေပ်ာ္ဘူးလို ႔ယူဆ ခဲ့ေပမဲ့ ညဘက္မွာေတာင္ ေလ့က်င့္ခန္းလုပ္ျခင္းက ပိုၿပီ းႏွစ္ၿခိဳက္စြ ာအိပ္ေပ်ာ္ေစေၾကာင္း၊ လမ္းေလ်ာက္တာက ေသာကနဲ႔ ဖိစီးမႈကိုေလ်ာ့ခ်ေပးေၾကာင္း အမ်ိဳးသား အိပ္စက္မႈေလ့လာေရး ေဖာင္ေဒးရွင္းက ေတြ႕ရွိ ခဲ့တယ္။

၇။ တစ္ေန႔တာလုပ္ခဲ့သမ်ကို ျပန္သုံးသပ္ၾကတယ္။

ေအာင္ျမင္တဲ့ ပုဂၢိဳလ္ အမ်ားအျပားဟာ ၿပီးဆုံးခဲ့တဲ့ တစ္ေန႔တာ အတြင္း သူတို႔တန္ဖိုး ထားတဲ့ ကိစၥသုံးခုကို ျပန္သုံးသပ္၊ ဒါမွမဟုတ္ ေရးမွတ္ၾက တယ္လို႔ ကားရ္ကေျပာ ပါတယ္။ ‘ေက်းဇူးတင္ မွတ္တမ္း’ ျပဳစုထားျခင္းက ေအာင္ျမင္သူေတြရဲ႕ဘဝမွာဘယ္ အခ်ိန္မဆို ဒါက ဆက္လက္ၿပီး လႈံ႕ေဆာ္ေပးေနပါလိမ့္မယ္။

သင္ပုံစံတစ္မ်ိဳးေျပာင္းၿပီး ေျဖရွင္းခဲ့ရင္ေကာင္းမယ္လို႔ ေနာင္တရမိတဲ့ေန႔က်မွ အပ်က္သေဘာေဆာင္တဲ့ အေျခအေနေတြကို ျပန္စဥ္းစားမိတဲ့ ေထာင္ေခ်ာက္ထဲက်ဖို႔ လြယ္ကူပါတယ္။

အဲဒီေန႔က ဘယ္ေလာက္ဆိုးဆိုး ေအာင္ျမင္သူေတြက ဖိစီးမႈပိုျဖစ္ေစ မယ္လို႔ သိတာေၾကာင့္ အဆိုးျမင္မႈဆန္တဲ့ ေျပာဆိုမႈ ကိုေရွာင္ရွားတတ္ ပါတယ္။ ဘင္ဂ်မင္ဖရန္ကလင္ဟာ ညတိုင္း ”ဒီေန႔ေကာင္းတာေတြ ငါလုပ္ခဲ့သလား” လို႔ သူ႔ကိုယ္ သူျပန္ေမးေလ့ ရွိတယ္။

တစ္ေန႔တာ အတြင္း သင့္ကိုအျပဳ သေဘာေဆာင္ၿပီး ေက်နပ္အား ရေစေအာင္ ဘယ္ကိစၥက မွန္ကန္ေခ်ာေမာေစသလဲ၊ အခ်ိန္ခဏေပးၿပီး စဥ္းစားပါ” လို႔ ဗင္ဒါကမ္းက ျဖည့္စြက္ေျပာ ပါတယ္။

၈။ မနက္ျဖန္ရဲ႕ေအာင္ျမင္မႈကို သူတို႔မွန္းဆတယ္။

ေအာင္ျမင္သူ အမ်ားအျပားဟာ လက္ရွိလု ပ္ေနတဲ့ သူတို႔ရဲ႕စီမံကိန္းေတြ အတြက္ ေကာင္းတဲ့ ရလဒ္ကို အိပ္ရာမဝင္ခင္ မိနစ္ အနည္းငယ္ၾကာ ႀကိဳတင္ မွန္းဆဖို႔ ေဖာ္ျပ တယ္လို႔ Tame Your Terrible Office Tyrant စာအုပ္ ေရးသူ ‘လင္းေတလာ’ က ေျပာပါတယ္။

လူအမ်ားစု အတြက္ ဒီဟာက အလုပ္တာဝန္ မဟုတ္သလို ေလ့က်င့္ခန္း မဟုတ္ဘူး။ သူတို႔ဟာ ခိုင္မာတဲ့အေျဖရွာနည္းကြၽမ္းက်င္တဲ့ ပါရမီ ပါလာသူေတြ ျဖစ္ပါ တယ္။

၉။ သူတို႔က ကမၼ႒ာန္းထိုင္ၾကတယ္။

ေအာင္ျမင္သူအမ်ားစုဟာ မအိပ္ခင္ဆယ္ မိနစ္ၾကာ ကမၼ႒ာန္း ထိုင္ၾက ပါတယ္။ အဲဒါက စိတ္ကိုၾကည္လင္ေအးခ်မ္းေစၿပီး ကိုယ္ခႏၶာကို ေျပေလ်ာ့ေစတယ္လို႔ နယူးေယာက္ၿမိဳ႕မွ အရာရွိ သင္တန္းနည္းျပဆရာ ေဒးလ္ကူ႐ိုးက ေျပာပါ တယ္။

၁၀။ သူတို႔က အိပ္စက္ဖို႔အစီအစဥ္ႀကိဳတင္ေရးဆြဲတယ္။

အလုပ္မ်ားတဲ့ လူေတြဟာ နာတာရွည္ အိပ္ေရးပ်က္ ေဝဒနာ ခံစား ရပါတယ္။ အလုပ္မနားတမ္းလုပ္သူ၊ ဒါမွမဟုတ္ အလုပ္စြဲေနသူ၊ ဒါမွမဟုတ္ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္ေတြ အတြက္ စိန္ေခၚမႈျဖစ္ ႏိုင္တဲ့ ကိစၥက ေအာင္ ျမင္သူေတြဟာ သူတို ႔အိပ္ေရး၀၀ အိပ္ေရးကို ဦးစားေပးကိစၥအျဖစ္ သတ္မွတ္ျခင္းပါပဲ။

အဲဒါလုပ္ဖို႔က ညတိုင္း အခ်ိန္မွန္ အိပ္ဖို႔ပါ။ ဒါဟာ က်န္းမာေရး ညီၫြတ္တဲ့ အိပ္စက္မႈျဖစ္ဖို႔ အေထာက္အကူအဓိက အက်င့္ျဖစ္ေၾကာင္း အိပ္စက္မႈ သုေတသီေတြ အားလုံးကေထာက္ခံ ပါတယ္။

သင္အိပ္ရာက ထမယ့္ အခ်ိန္ကို သတ္မွတ္၊ သင္အိပ္ဖို႔ အခ်ိန္ ဘယ္ေလာက္ပဲ လိုအပ္ သည္ျဖစ္ေစ ေနာက္ျပန္ေရတြက္ဖို႔၊ အိပ္ဖို႔ အသင့္ျဖစ္တဲ့ အခါ ႏႈိးစက္ခလုတ္ဖြင့္ ထားရမယ္လို႔ ဗင္ဒါကမ္းက ဆက္လက္အႀကံေပး ထားပါ တယ္။

”သင္ဟာညဥ့္နက္ေအာင္ေနၿပီး မနက္မိုးလင္းမွ ျပန္ႏွပ္ေနတာ အဆိုးဆုံးပဲ။ လူသားမွာ စိတ္စြမ္းအင္ကအကန႔္အသတ္ ရွိတယ္။ ကိုးမိနစ္စီေလာက္ ထုံ႔ပိုင္းထုံ ႔ပိုင္းဆက္ၿပီး ႏွပ္ျခင္း (မွိန္းျခင္း)၊ ထရမယ့္အခ်ိန္အတြက္ ျငင္းခုံၿပီးေတာ့ သင့္ရဲ႕စိတ္စြမ္းအင္ကို မျဖဳန္းတီးပ ါနဲ႔လို႔ ဗင္ဒါကမ္းက ေျပာပါ တယ္။

၁၁။ သူတို႔မွာ က်န္းမာသန႔္ရွင္းတဲ့ အေလ့အက်င့္ရွိတယ္။

သင္ဟာ အိပ္ရာဝင္ဖို ႔အသင့္ျဖစ္ေၾကာင္း စိတ္ပိုင္းဆိုင္ရာ အခ်က္ျပတဲ့ က်န္းမာသန႔္ရွင္းေရး အေလ့အက်င့္ကို ဖန္တီးထား ပါလို႔ အမ်ိဳးသား အိပ္စက္မႈ ေလ့လာေရးေဖာင္ေဒးရွင္းက အႀကံေပးထ ားပါတယ္။

အဲဒါက သြားတိုက္ျခင္း၊ မ်က္ႏွာသစ္ျခင္း၊ ႀကိဳးနဲ႔ သြားတိုက္ျခင္း (Flossing) နဲ႔ ေခါင္းၿဖီးျခင္းတို႔ပါဝင္ပါတယ္။

၁၂။ သူတို႔က ဝိုင္အရက္မေသာက္ၾကဘူး။

အာရီယားနားဟတ္ဖင္တန္ဟာ သူ႔ရဲ႕စာအုပ္ Thrive အတြက္ သုေတသနျပဳစဥ္က အိပ္စက္မႈ ကြၽမ္းက်င္သူအေတာ္ မ်ားမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီး အႀကံေကာင္းေတြ ရယူခဲ့ ပါတယ္။

သူအႀကိဳက္ဆုံး တစ္ခုက အိပ္ခါနီး အရက္ေရွာင္ျခင္းပါ။ အရက္က သင့္ကို အိပ္ေပ်ာ္ေစေပမဲ့ အိပ္စက္မႈအရည္အေသြးကို ထိခိုက္ေၾကာင္း အမ်ိဳးသားက်န္းမာေရး တကၠသိုလ္ (NIH) က ေတြ႕ရွိထားသတဲ့။

အရက္ဟာ လူေတြကို ႏိုးႏိုးၾကားၾကားအိပ္ေပ်ာ္ေစတာေၾကာင့္ အလြယ္တကူျပန္ႏိုးေစႏို င္ၿပီး ႏွစ္ၿခိဳက္စြာအိပ္ေမာက်တာကို အဟန႔္အတားျပဳ တယ္လို႔ သူကျဖည့္စြက္ေျပာ ပါတယ္ ။

ခရက္ဒစ္

ယူနီကုတ္

အိပ်ရာမဝင်ခင်မှာ အောင်မြင် သူတွေပြုလုပ်လေ့ ရှိတဲ့ အလုပ် ၁၂ မျိုး

သင်အိပ်ရာမဝင်ခင် သင်လုပ်လေ့ ရှိတဲ့ အရာတွေက နောက်နေ့မှာ သင့်စိတ် အခြေအနေရဲ့ စွမ်းအင်အဆင့်အပေါ် သိသာတဲ့ သက်ရောက်မှု ဖြစ်စေမှာ ဖြစ်ပါတယ်။

အောင်မြင် သူတွေဟာ သူတို့ရဲ့အောင်မြင်မှုက သူတို့စိတ်နဲ့ရုပ်ကျန်းမာရေး နဲ့စတင်ပြီး အဲဒါနဲ့ပဲ အဆုံးသတ်ကြ တာကို သဘောပေါက် ကြပါတယ်။ အဲဒါက သူတို့ အိပ်ရေး၀၀ အိပ်စက်မှု အပေါ် လုံးဝနီးပါးမူတည် ပါတယ်။ အောင်မြင်သူ အများအပြား အိပ်ရာဝင် ခါနီးမှာပြုလုပ်လေ့ ရှိတဲ့ အလုပ် ၁၂ မျိုးကတော့ အောက်ပါ အတိုင်းဖြစ် ပါတယ်။

၁။ သူတို့စာဖတ်ကြတယ်။

အောင်မြင်သူ အများစုဟာ မအိပ်ခင်နောက်ဆုံး အလုပ်အဖြစ် စာဖတ်ကြကြောင်း ကျွမ်းကျင်သူတွေကပြော ပါတယ်။ သမ္မတ အိုဘားမားနဲ့ ဘီလျံနာဘီလ်ဂိတ်တို့ဟာ မအိပ်ခင် အနည်းဆုံး နာရီဝက်ကြာ စာဖတ်ကြ ပါတယ်။

တက်ကျမ်းစာရေး ဆရာနဲ့ နိုင်ငံတကာ စီးပွားရေးဘာသာ ရပ်ဟောပြောသူ မိုက်ကယ် ကားရ်က အောင်မြင်သူတွေဟာ မအိပ်ခင် စာဖတ်ဖို့အချိန်ယူကြောင်း၊ သူတို့ရဲ့ပြက္ခဒိန်မှာ အဲဒါကို ညှိနှိုင်းလို့ မရနိုင်တဲ့ကိ စ္စအဖြစ် မှတ်သား ထားကြောင်းပြော ပါတယ်။

”ဒါက စီးပွားရေးစာအုပ်၊ ဒါမှမဟုတ် လှုံ့ဆော်မှုပေးတဲ့ စာအုပ်ဖတ်ဖို့အချိန်ချန်လှပ်ထားတာ မဟုတ်ဘူး။ အောင်မြင်သူ အများစုဟာ ဇာစ်မြစ်မျိုးစုံ ကနေ သတင်းတွေမွှေနှောက် ရှာဖွေခြင်းရဲ့တန်ဖိုးကိုသိကြတယ်။ အဲဒါက ပိုကြီးကျယ်တဲ့ တီထွင် ဖန်တီးမှုနဲ့ သူတို့ဘဝရဲ့ရမ္မက်ကို ဖြည့်တင်းပေး တယ်လို့ ယုံကြည်ကြ တယ်” လို့ သူကပြော ပါတယ်။

၂။ သူတို့အလုပ်နဲ့ လုံးဝအဆက်ဖြတ်ထားကြတယ်။

တကယ်အောင်မြင်တဲ့ လူတွေဟာ အိပ်ခါနီးမှာ အလုပ်ကိစ္စတွေ ဘာမှ မလုပ်ပါဘူး။ သူတို့ အီးမေးလ်တွေကို အရူးအမူး မစစ်ဆေးဘူး။ အလုပ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို မစဉ်းစားဘူး။

အိပ်တဲ့အခါ အလုပ်အကြောင် းစဉ်းစားရင် အိပ်ရာပေါ် အနားယူဖို့ ပိုခက် လိမ့်မယ်။The You Plan စာအုပ်ရေးသူနဲ့ အသင်းအဖွဲ့ဆိုင်ရာ စိတ်ကုပညာရှင် ဒေါက်တာမိုက်ကယ်ဝုဒ်လပ်က အခုလိုပြော ပါတယ်။

”အိပ်ရာပေါ် သင်လဲလျောင်းနေချိန်မှာ ဇွဲကောင်းလွန်းတဲ့ အလုပ်ရှင် အထက်လူကြီး ဆီကရတဲ့ အီးမေးလ်တွေဖတ်ပြီး တွေးတော မနေသင့် ဘူး။ သင်အိပ်တဲ့ အချိန်နဲ့ နောက်ဆုံး အီမေးလ်ဖတ် ခဲ့တဲ့ အချိန်ကြားမှာ နာရီဝက်လောက် အလွတ်ထားပါ။

၃။ သူတို့က ပလပ်အကုန်လုံးဖြုတ်ပစ်တယ်။

အလုပ်နဲ့အဆက်ဖြတ် တယ်ဆိုတာ မအိပ်ခင် အီးမေးလ်မစစ်တော့ ရုံမျ မဟုတ် ပါဘူး။ ဆိုရှယ်မီဒီယာတွေ သုံးတာ၊ ဒါမှမဟုတ် ဖုန်းနဲ့ဂိမ်း ကစားတာတွေ လည်း မလုပ်သင့် ပါဘူး။

မအိပ်ခင်ဖုန်းကလိတာ သင့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုရစေမယ် လို့ သုတေသီတွေ ကပြောပါတယ်။ သင့်ဖုန်းစ ကရင်က မီးရောင်ပြာပြာ ကနေရောင်ခြည်လို လင်းထိန် ပါတယ်။

အဲဒါက သင့်ခန္ဓာကိုယ် အိပ်ချိန်၊ နိုးချိန်သတိပေးတဲ့ Circadian နာရီစည်းချက်ကို လည်ပတ်စေ တဲ့ မရှိမဖြစ်မယ်လာတိုနင်ဟော်မုန်း ဓာတ်ထုတ် လုပ်မှု ရပ်တန့်ထားဖို့ ဦးနှောက်ကို အမိန့်ပေး ပါတယ်။

အဲဒါကြောင့် သင်အိပ်ရေးပျက် ရုံမက အမြင် အာရုံပြဿနာ၊ ကင်ဆာနဲ့စိတ်ကျရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

အွန်လိုင်းသတင်းစာ Huffington Post တည်ထောင်တဲ့ အယ်ဒီတာချုပ် အာရီးယား နားဟတ်ဖင်တန်ဟာ ပင်ပန်းနွမ်းနယ်လို့လဲခွေကျပြီးနောက်ပိုင်းမှာ အိပ်စက်နည်းကို လုံးဝပြောင်းလဲခဲ့ ပါတယ်။

သူဟာ iPad တွေ၊ Kindle လို e-book ဖတ်တဲ့ Tablet ၊ Laptop နဲ့ တခြား အီလက်ထရောနစ်ကိရိယာအားလုံးကို သူ့အိပ်ခန်းထဲမှာ မထားတော့ ပါဘူးတဲ့။

၄။ သူတို့က လုပ်စရာကိစ္စကို စာရင်းပြုစုတယ်။

နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ စိတ်ကို ရှင်းလင်း ထားတာဟာ အောင်မြင်သူ အများစု အတွက် အရေးပါလှပါတယ်။ များသော အားဖြင့် သူတို့က နောက်နေ့မှာဆောင်ရွက် ရမယ့်၊ ဒါမှမဟုတ် ညွှန်ကြားရမယ့် မလုပ်ရသေးတဲ့ ကိစ္စမှန်သမျကို အဲဒီအချိန်မှာ စာရင်း လုပ်တယ်။

ဒါကြောင့် အဲဒီ အတွေးတွေက ညပိုင်းမှာ သူတို့ခေါင်းထဲ ဝင် မလာတော့ဘူး” လို့ မိုက်ကယ်ကားရ်ကပြောပါတယ်။ ဥပမာပြော ရရင် American Express ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ ကက်နက်ချင်နော့လ်ဟာ နောက်နေ့ကျ သူလုပ်ချင်တဲ့ ကိစ္စသုံးခုကို စာရင်းချရေးလေ့ ရှိပါတယ်။

၅။ သူတို့က မိသားစုနဲ့အချိန်ဖြုန်းတယ်။

လက်တွဲဖော်၊ ဒါမှမဟုတ် မိမိရဲ့မိသားစုနဲ့ စကားပြော တာ၊ ဒါမှမဟုတ် သင့်ခွေးလေးနဲ့ဆော့တာကို အချိန်ပေးဖို့အရေးကြီး တယ်လို့ ဝုဒ်ဝပ်ဒ် ကပြော ပါတယ်။သိပ်အောင်မြင်တဲ့ လူတွေကြားမှာ ဒီဟာကလုပ်နေကျ ကိစ္စပါလို့ I Know How She Does It စာအုပ်ရေးတဲ့ လော်ရာဗင်ဒါကမ်းက ပြောပါတယ်။

”ဘယ်သူမဆို ကိုယ့်ဘဝ လက်တွဲဖော်နဲ့ အတူတူ အိပ်ရာဝင်လို့ ရပေမဲ့ ဖြစ်နိုင်ရင် သင့်ရဲ့နေ့ရက်တွေအကြောင်း ဆက်သွယ်ပြောဆို မှုပြုလုပ်တာ သိပ်ကောင်းတဲ့ နည်းလမ်းမှန်း ကျွန်မ သိတယ်” လို့ သူကပြောပါတယ်။

၆။ သူတို့က ညနေခင်းမှာလမ်းလျောက်ကြတယ်။

Buffer Co.တည်ထောင်သူနဲ့ စီအီးအိုဂျိုဝယ်လ်ဂယ်စ်ကွိုင်းဟာ အိပ်ရာမဝင်ခင်မိနစ် ၂၀ ကြာ လမ်းလျောက် လေ့ရှိ ပါတယ်။ ”ဒါက စိတ်လက်ဖြေလျော့တဲ့အ ချိန်လေးပေါ့။

တစ်နေ့တာ လုပ်ခဲ့သမျကို ပြန်အကဲဖြတ်တာ၊ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေ စဉ်းစားတာထက် တဖြည်းဖြည်းချင်း အလုပ်ကိစ္စမစဉ်းစားတော့ဘဲ အနားယူတာကို လုပ်ခွင့် ရစေတယ်” လို့ သူ့ရဲ့ဘလော့ဂ်မှာရေးထား ပါတယ်။

အရင်က မအိပ်ခင်လေ့ကျင့်ခန်းလုပ်ရင် အိပ်မပျော်ဘူးလို့ယူဆ ခဲ့ပေမဲ့ ညဘက်မှာတောင် လေ့ကျင့်ခန်းလုပ်ခြင်းက ပိုပြီ းနှစ်ခြိုက်စွ ာအိပ်ပျော်စေကြောင်း၊ လမ်းလျောက်တာက သောကနဲ့ ဖိစီးမှုကိုလျော့ချပေးကြောင်း အမျိုးသား အိပ်စက်မှုလေ့လာရေး ဖောင်ဒေးရှင်းက တွေ့ရှိ ခဲ့တယ်။

၇။ တစ်နေ့တာလုပ်ခဲ့သမျကို ပြန်သုံးသပ်ကြတယ်။

အောင်မြင်တဲ့ ပုဂ္ဂိုလ် အများအပြားဟာ ပြီးဆုံးခဲ့တဲ့ တစ်နေ့တာ အတွင်း သူတို့တန်ဖိုး ထားတဲ့ ကိစ္စသုံးခုကို ပြန်သုံးသပ်၊ ဒါမှမဟုတ် ရေးမှတ်ကြ တယ်လို့ ကားရ်ကပြော ပါတယ်။ ‘ကျေးဇူးတင် မှတ်တမ်း’ ပြုစုထားခြင်းက အောင်မြင်သူတွေရဲ့ဘဝမှာဘယ် အချိန်မဆို ဒါက ဆက်လက်ပြီး လှုံ့ဆော်ပေးနေပါလိမ့်မယ်။

သင်ပုံစံတစ်မျိုးပြောင်းပြီး ဖြေရှင်းခဲ့ရင်ကောင်းမယ်လို့ နောင်တရမိတဲ့နေ့ကျမှ အပျက်သဘောဆောင်တဲ့ အခြေအနေတွေကို ပြန်စဉ်းစားမိတဲ့ ထောင်ချောက်ထဲကျဖို့ လွယ်ကူပါတယ်။

အဲဒီနေ့က ဘယ်လောက်ဆိုးဆိုး အောင်မြင်သူတွေက ဖိစီးမှုပိုဖြစ်စေ မယ်လို့ သိတာကြောင့် အဆိုးမြင်မှုဆန်တဲ့ ပြောဆိုမှု ကိုရှောင်ရှားတတ် ပါတယ်။ ဘင်ဂျမင်ဖရန်ကလင်ဟာ ညတိုင်း ”ဒီနေ့ကောင်းတာတွေ ငါလုပ်ခဲ့သလား” လို့ သူ့ကိုယ် သူပြန်မေးလေ့ ရှိတယ်။

တစ်နေ့တာ အတွင်း သင့်ကိုအပြု သဘောဆောင်ပြီး ကျေနပ်အား ရစေအောင် ဘယ်ကိစ္စက မှန်ကန်ချောမောစေသလဲ၊ အချိန်ခဏပေးပြီး စဉ်းစားပါ” လို့ ဗင်ဒါကမ်းက ဖြည့်စွက်ပြော ပါတယ်။

၈။ မနက်ဖြန်ရဲ့အောင်မြင်မှုကို သူတို့မှန်းဆတယ်။

အောင်မြင်သူ အများအပြားဟာ လက်ရှိလု ပ်နေတဲ့ သူတို့ရဲ့စီမံကိန်းတွေ အတွက် ကောင်းတဲ့ ရလဒ်ကို အိပ်ရာမဝင်ခင် မိနစ် အနည်းငယ်ကြာ ကြိုတင် မှန်းဆဖို့ ဖော်ပြ တယ်လို့ Tame Your Terrible Office Tyrant စာအုပ် ရေးသူ ‘လင်းတေလာ’ က ပြောပါတယ်။

လူအများစု အတွက် ဒီဟာက အလုပ်တာဝန် မဟုတ်သလို လေ့ကျင့်ခန်း မဟုတ်ဘူး။ သူတို့ဟာ ခိုင်မာတဲ့အဖြေရှာနည်းကျွမ်းကျင်တဲ့ ပါရမီ ပါလာသူတွေ ဖြစ်ပါ တယ်။

၉။ သူတို့က ကမ္မဋ္ဌာန်းထိုင်ကြတယ်။

အောင်မြင်သူအများစုဟာ မအိပ်ခင်ဆယ် မိနစ်ကြာ ကမ္မဋ္ဌာန်း ထိုင်ကြ ပါတယ်။ အဲဒါက စိတ်ကိုကြည်လင်အေးချမ်းစေပြီး ကိုယ်ခန္ဓာကို ပြေလျော့စေတယ်လို့ နယူးယောက်မြို့မှ အရာရှိ သင်တန်းနည်းပြဆရာ ဒေးလ်ကူရိုးက ပြောပါ တယ်။

၁၀။ သူတို့က အိပ်စက်ဖို့အစီအစဉ်ကြိုတင်ရေးဆွဲတယ်။

အလုပ်များတဲ့ လူတွေဟာ နာတာရှည် အိပ်ရေးပျက် ဝေဒနာ ခံစား ရပါတယ်။ အလုပ်မနားတမ်းလုပ်သူ၊ ဒါမှမဟုတ် အလုပ်စွဲနေသူ၊ ဒါမှမဟုတ် စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ အတွက် စိန်ခေါ်မှုဖြစ် နိုင်တဲ့ ကိစ္စက အောင် မြင်သူတွေဟာ သူတို့အိပ်ရေး၀၀ အိပ်ရေးကို ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ခြင်းပါပဲ။

အဲဒါလုပ်ဖို့က ညတိုင်း အချိန်မှန် အိပ်ဖို့ပါ။ ဒါဟာ ကျန်းမာရေး ညီညွတ်တဲ့ အိပ်စက်မှုဖြစ်ဖို့ အထောက်အကူအဓိက အကျင့်ဖြစ်ကြောင်း အိပ်စက်မှု သုတေသီတွေ အားလုံးကထောက်ခံ ပါတယ်။

သင်အိပ်ရာက ထမယ့် အချိန်ကို သတ်မှတ်၊ သင်အိပ်ဖို့ အချိန် ဘယ်လောက်ပဲ လိုအပ် သည်ဖြစ်စေ နောက်ပြန်ရေတွက်ဖို့၊ အိပ်ဖို့ အသင့်ဖြစ်တဲ့ အခါ နှိုးစက်ခလုတ်ဖွင့် ထားရမယ်လို့ ဗင်ဒါကမ်းက ဆက်လက်အကြံပေး ထားပါ တယ်။

”သင်ဟာညဉ့်နက်အောင်နေပြီး မနက်မိုးလင်းမှ ပြန်နှပ်နေတာ အဆိုးဆုံးပဲ။ လူသားမှာ စိတ်စွမ်းအင်ကအကန့်အသတ် ရှိတယ်။ ကိုးမိနစ်စီလောက် ထုံ့ပိုင်းထုံ့ပိုင်းဆက်ပြီး နှပ်ခြင်း (မှိန်းခြင်း)၊ ထရမယ့်အချိန်အတွက် ငြင်းခုံပြီးတော့ သင့်ရဲ့စိတ်စွမ်းအင်ကို မဖြုန်းတီးပ ါနဲ့လို့ ဗင်ဒါကမ်းက ပြောပါ တယ်။

၁၁။ သူတို့မှာ ကျန်းမာသန့်ရှင်းတဲ့ အလေ့အကျင့်ရှိတယ်။

သင်ဟာ အိပ်ရာဝင်ဖို့အသင့်ဖြစ်ကြောင်း စိတ်ပိုင်းဆိုင်ရာ အချက်ပြတဲ့ ကျန်းမာသန့်ရှင်းရေး အလေ့အကျင့်ကို ဖန်တီးထား ပါလို့ အမျိုးသား အိပ်စက်မှု လေ့လာရေးဖောင်ဒေးရှင်းက အကြံပေးထ ားပါတယ်။

အဲဒါက သွားတိုက်ခြင်း၊ မျက်နှာသစ်ခြင်း၊ ကြိုးနဲ့ သွားတိုက်ခြင်း (Flossing) နဲ့ ခေါင်းဖြီးခြင်းတို့ပါဝင်ပါတယ်။

၁၂။ သူတို့က ဝိုင်အရက်မသောက်ကြဘူး။

အာရီယားနားဟတ်ဖင်တန်ဟာ သူ့ရဲ့စာအုပ် Thrive အတွက် သုတေသနပြုစဉ်က အိပ်စက်မှု ကျွမ်းကျင်သူအတော် များများနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံကောင်းတွေ ရယူခဲ့ ပါတယ်။

သူအကြိုက်ဆုံး တစ်ခုက အိပ်ခါနီး အရက်ရှောင်ခြင်းပါ။ အရက်က သင့်ကို အိပ်ပျော်စေပေမဲ့ အိပ်စက်မှုအရည်အသွေးကို ထိခိုက်ကြောင်း အမျိုးသားကျန်းမာရေး တက္ကသိုလ် (NIH) က တွေ့ရှိထားသတဲ့။

အရက်ဟာ လူတွေကို နိုးနိုးကြားကြားအိပ်ပျော်စေတာကြောင့် အလွယ်တကူပြန်နိုးစေနို င်ပြီး နှစ်ခြိုက်စွာအိပ်မောကျတာကို အဟန့်အတားပြု တယ်လို့ သူကဖြည့်စွက်ပြော ပါတယ်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …