
ေဟတုုပစၥေယာ တစ္လုံးတည္းျဖင္႔႔ ဘ၀ကူးေကာင္းခဲ႔႔သူ
ေဟတုုပစၥေယာ တစ္လုံးတည္းစိပ္
မိုးညႇင္္း ဆရာေတာ္ႀကီး ေက်ာင္းကို ဥပုသ္ေစာင့္ လာတဲ့ အထဲက စာမတတ္ ေပမတတ္ ဆင္းရဲႏြမ္းပါးတဲ့ အဖြားအိုႀကီး တစ္ေယာက္က ဆရာေတာ္ႀကီးကို ပုတီးစိပ္ သင္ေပးဖို့ ေလၽွာက္ထား သတဲ့
ေဟတုပစၥေယာ တစ္လုံးတည္းစိိပ္(ေဒၚေဟတု)
ဒီေတာ့ ဆရာေတာ္ႀကီးက အဖြားႀကီး စာကလည္း မတတ္္ ဥာဏ္ကလည္း ထိုင္းမယ့္ပုံ ဆိုေတာ့ ေထြေထြထူးထူး ေျပာမေနေတာ့ဘူး “ေဟတုပစၥေယာ စိပ္” လို့ မိန္႔ၾကားေတာ္မူ လိုက္ပါသတဲ့
အဲဒီအခါ အဖြားႀကီးအိုိက အခ်ိန္ရွိသမၽွ “ေဟတုပစၥေယာ ေဟတုပစၥေယာ” လို့ ရြတ္ေနေတာ့တာပါပဲ ဥပုသ္ေစာင့္သြားရင္ ပုတီးကေလး တေခ်ာက္ေခ်ာက္နဲ႔ “ေဟတုပစၥေယာ ေဟတုပစၥေယာ” အိမ္မွာ ထမင္းခ်က္ရင္လည္း “ေဟတုပစၥေယာ ေဟတုပစၥေယာ” ဟင္းရြက္ခူးသြား ထင္းခ်ိဳး သြားလည္း ဒီေဟတုပစၥေယာပဲ ရြတ္ေနေတာ့ တာပါပဲ တဲ့
ၾကာေတာ့ အဖြားအို ႀကီးဟာ သူ႔နာမယ္ အရင္္း ေပ်ာက္သြားၿပီး “ေဒၚေဟတု” လို့ိေတာင္မွ ေခၚၾကပါသတဲ့ ေခၚတာေတာ့ ေနာက္ေျပာင္ၿပီးေတာ့ ေခၚတာပါ သူမ်ားေတြ ဝိပႆနာ တရားေတြကို
ရြတ္ေန ေျပာေနၾကတဲ့အခ်ိန္မွာ ဒီအဖြားအိုႀကီးက “ေဟတုပစၥေယာ” တစ္လုံးတည္း ရြတ္ေနေတာ့ အထင္ေသး အျမင္ေသးနဲ႔ “ေဒၚေဟတု” လို့ ႏွိမ္ၿပီးေတာ့ ေခၚၾကတာပါပဲ
အဖြားအို ကလည္း ဘယ္သူေတြ ဘာေျပာေျပာ ဂ႐ုမစိုိက္ ပါဘူး ဆရာေတာ္ႀကီးကိုယ္တိုင္က စိပ္ခိုင္းထာတာဆိုေတာ့ ယုံယုံၾကည္ၾကည္နဲ ႔ပဲ စိပ္ေနတာပါ တစ္ေန႔ေတာ့ ပရိသတ္ေရ
အသက္အတိုင္း ေနၾကတာ ဆိုေတာ့ ေဒၚေဟတုႀကီး ကြယ္လြန္ သြားပါေလေရာ ေဒၚေဟတုႀကီး ကြယ္လြန္ သြားေတာ့ ဆင္းရဲသား တစ္ေကာင္ႂကြက္ မို့ အရပ္က ဝိုင္းၿပီးေတာ့ သၿဂိဳဟ္လိုက္ ၾကရရွာပါ သတဲ့
ေဒၚေဟတုႀကီး ဆုံးတဲ့ အခ်ိိန္မွာ မိုးညႇင္း ဆရာေတာ္ႀကီးက မုံရြာ သမၹဳေဒၶမွာ မရွိဘူး ဆရာေတာ္ႀကီးက ေအာက္ျပည္ေအာက္ရြာမွာ တစ္ေဆာင္းလုံး တစ္ေႏြလုံး လွည့္ၿပီးေတာ့ တရားေဟာေတာ္မူတာ ဝါဆိုခါနားနီးေတာ့မွပဲ ေက်ာင္းကို ျပန္ႂကြေတာ္ မူတာ
ဆရာေတာ္ႀကီး ေက်ာင္းကို ျပန္ေရာက္ လာေတာ့ ေဒၚေဟတုႀကီး ဆုံးတာ ႏွွစ္လ သုံးလ ၾကာသြားၿပီ ေရာက္ေရာက္ ခ်င္းလည္း ဆရာေတာ္ႀကီးကို ဘယ္သူကမွ ေဒၚေဟတုႀကီး ဆုံးတဲ့ အေၾကာင္း မေလၽွာက္မိၾကဘူး
ဆင္းရဲႏြမ္းပါးတဲ့ သူဆိုေတာ့ လည္း ေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ ေနၾက တာပါပဲ ဆရာေတာ္ႀကီးကလည္း သမၺဳေဒၶဘုရားႀကီး တည္တဲ့ ကိစၥ ပ႒ာန္း ဝိပႆနာ တရားျပတဲ့ ကိစၥေတြနဲ႔ မအားမလပ္မို့ ေဒၚေဟတု ေပ်ာက္ေနတာ ကိုလည္း ေတာ္ေတာ္နဲ႔ သတိမထား မိဘူးေပါ့ ဆရာေတာ္ႀကီး သတိထားမိ တဲ့ တစ္ေန႔မွာ
“ဟဲ့—ေဒၚေဟတုႀကီးတစ္ေယာက္္ မျမင္ပါလား”
“ဆုံးသြားတာ ၾကာေပါ့ ဆရာေတာ္ ေအာက္ပိုင္းကို ႂကြေနတုန္းကတည္းကပါပဲ”
“နင္တို့ ဘယ္လို သၿဂိဳဟ္လိုက္ၾကတုန္း”
‘ရြာထုံးစံ ရပ္ထုံးစံေပါ့ဘုရား ဒီလိုပဲ ဝိုင္းၿပီးေတာ့ ေျမျမဳပ္သၿဂိဳဟ္လိုက္ၾကတာပါပဲဘုရား”
“ဟဲ့— သူေတာ္ေကာင္းမႀကီး ကြယ့္္ ဒီလို မလုပ္ေကာင္းဘူး ျပန္ေဖာ္ၾက ျပန္ေဖာ္ၾက” လို့ အမိန္႔ရွိေတာ့ ဆရာေတာ္ႀကီး အမိိန္႔မို့ မလြန္ဆန္ရဲ တာနဲ႔ဲ ျပန္ေဖာ္ၾက ရတာေပါ့
ေဒၚေဟတု အေလာင္းကို ျပန္ေဖာ္ လိုိက္ေတာ့ ပရိသတ္ေရ— ႏွစ္လေက်ာ္္ သုံးလေလာက္ေတာင္ ၾကာၿပီ အရိုးေတာင္္ ေဆြးေလာက္ၿပီ ထင္ရတဲ့ ေဒၚေဟတု ႀကီးဟာ အေကာင္မပ်က္ ႐ုပ္မပ်က္္ မပုပ္မသိုးဘဲနဲ႔ အသားအေရေတြ ဝါဝင္းလို့ အေကာင္းပကတိ အတိုင္း စိုစိုေျပေျပ လတ္လတ္ဆတ္ဆတ္ ရွိေနတုန္းပါပဲတဲ့
ေဒၚေဟတု အတြက္ မိုးညႇင္းဆရာေတာ္ႀကီးက ဦးစီးၿပီးေတာ့ သံဃာေတာ္ေတြ အမ်ားႀကီးပင့္ၿပီး စ်ာပနပြဲ စည္စည္ကားကားနဲ႔ သၿဂိဳဟ္ၾကျပန္ ပါသတဲ့ ဒီီေတာ့ ပရိသတ္ေရ— ေဟတုပစၥေယာ တစ္လုံးတည္း စိပ္တာနဲ႔တင္ ေသလြန္တဲ့ အခါမွာေတာင္ မပုပ္မသိုး ရွိတယ္ ဆိုတာဟာ လက္ေတြ႕သာဓက တစ္ခုပါပဲ
ဒီေတာ့ ၂၄- ပစၥည္းေတာ့ ရၾက မွာပါ ေဒၚေဟတု ထက္ေတာ့ ဥာဏ္ေကာင္းၾက မွာပါ ၂၄-ပစၥည္း ရြတ္ၾကပါ အသိဥာဏ္ မရွိရွာတဲ့ ေဒၚေဟတု ထက္္ ပိုၿပီးေတာ့ အားထုတ္ ၾကပါ
ေလာေလာဆယ္ တရားခ်စ္ခင္ သူေတာ္စင္ေတြ နိဗၺာန္ေရာက္ဖို့ ဆိုတာ အသာထားလိုက္ၾကပါဦး ႐ုပ္ေတြ နာမ္ေတြ သစၥာေလးပါေတြ ပညတ္ ပရမတ္ေတြ ေနာက္မွ ေျပာၾက ရေအာင္ပါ အႏၲရာယ္ကင္းဖို့ိရယ္ ခ်မ္းသာဖို့ ရယ္က ခုေလာေလာဆယ္မွာ ပိုၿပီး အေရးႀကီးတယ္
အႏၲရာယ္ကင္းၿပီ ခ်မ္းသာၿပီ ဆိုိေတာ့မွ အမ်ိဳးဘာသာ သာသနာေကာင္္းက်ိဳးေတြေရာ နိိဗၺာန္ေရာက္ေၾကာင္းေတြပါ လုပ္နိုင္ၾက မွာေပါ့ ပ႒ာန္းရြတ္ရင္ ဘယ္လိုေကာင္းက်ိဳးေတြ ရမယ္ ဆိုိတဲ့
အက်ိဳးေက်းဇူးရွိပုံ သာဓက သက္ေသေတြကို နိကာယ္ငါးရပ္ ပိဋကသုံးပုံထဲက အေၾကာင္းအရာေတြကိုမေျပာဘဲ ယခုပစၥဳပၸန္ လက္ေတြ႕သာဓကေလးေတြကို ခ်ည္းပဲ ဦးဇင္္း ေျပာျပ သြားပါ့ မယ္—။
[အရွင္အာစာရာလကၤာရ(စစ္ကိုိင္း ေရႊဟသၤာ)]
ေဇာ္မင္းခိုိင္
Unicode
ဟေတုပစ္စယော တစ်လုံးတည်းဖြင့့် ဘဝကူးကောင်းခဲ့သူ
ဟေတုပစ္စယော တစ်လုံးတည်းစိပ်
မိုးညှင်း ဆရာတော်ကြီး ကျောင်းကို ဥပုသ်စောင့် လာတဲ့ အထဲက စာမတတ် ပေမတတ် ဆင်းရဲနွမ်းပါးတဲ့ အဖွားအိုကြီး တစ်ယောက်က ဆရာတော်ကြီးကို ပုတီးစိပ် သင်ပေးဖို့ လျှောက်ထား သတဲ့
ဟေတုပစ္စယော တစ်လုံးတည်းစိပ်(ဒေါ်ဟေတု)
ဒီတော့ ဆရာတော်ကြီးက အဖွားကြီး စာကလည်း မတတ် ဉာဏ်ကလည်း ထိုင်းမယ့်ပုံ ဆိုတော့ ထွေထွေထူးထူး ပြောမနေတော့ဘူး “ဟေတုပစ္စယော စိပ်” လို့ မိန့်ကြားတော်မူ လိုက်ပါသတဲ့
အဲဒီအခါ အဖွားကြီးအိုက အချိန်ရှိသမျှ “ဟေတုပစ္စယော ဟေတုပစ္စယော” လို့ ရွတ်နေတော့တာပါပဲ ဥပုသ်စောင့်သွားရင် ပုတီးကလေး တချောက်ချောက်နဲ့ “ဟေတုပစ္စယော ဟေတုပစ္စယော” အိမ်မှာ ထမင်းချက်ရင်လည်း “ဟေတုပစ္စယော ဟေတုပစ္စယော” ဟင်းရွက်ခူးသွား ထင်းချိုး သွားလည်း ဒီဟေတုပစ္စယောပဲ ရွတ်နေတော့ တာပါပဲ တဲ့
ကြာတော့ အဖွားအို ကြီးဟာ သူ့နာမယ် အရင်း ပျောက်သွားပြီး “ဒေါ်ဟေတု” လို့ိတောင်မှ ခေါ်ကြပါသတဲ့ ခေါ်တာတော့ နောက်ပြောင်ပြီးတော့ ခေါ်တာပါ သူများတွေ ဝိပဿနာ တရားတွေကို
ရွတ်နေ ပြောနေကြတဲ့အချိန်မှာ ဒီအဖွားအိုကြီးက “ဟေတုပစ္စယော” တစ်လုံးတည်း ရွတ်နေတော့ အထင်သေး အမြင်သေးနဲ့ “ဒေါ်ဟေတု” လို့ နှိမ်ပြီးတော့ ခေါ်ကြတာပါပဲ
အဖွားအို ကလည်း ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက် ပါဘူး ဆရာတော်ကြီးကိုယ်တိုင်က စိပ်ခိုင်းထာတာဆိုတော့ ယုံယုံကြည်ကြည်နဲ့ပဲ စိပ်နေတာပါ တစ်နေ့တော့ ပရိသတ်ရေ
အသက်အတိုင်း နေကြတာ ဆိုတော့ ဒေါ်ဟေတုကြီး ကွယ်လွန် သွားပါလေရော ဒေါ်ဟေတုကြီး ကွယ်လွန် သွားတော့ ဆင်းရဲသား တစ်ကောင်ကြွက် မို့ အရပ်က ဝိုင်းပြီးတော့ သဂြိုဟ်လိုက် ကြရရှာပါ သတဲ့
ဒေါ်ဟေတုကြီး ဆုံးတဲ့ အချိန်မှာ မိုးညှင်း ဆရာတော်ကြီးက မုံရွာ သမ္ဖုဒ္ဓေမှာ မရှိဘူး ဆရာတော်ကြီးက အောက်ပြည်အောက်ရွာမှာ တစ်ဆောင်းလုံး တစ်နွေလုံး လှည့်ပြီးတော့ တရားဟောတော်မူတာ ဝါဆိုခါနားနီးတော့မှပဲ ကျောင်းကို ပြန်ကြွတော် မူတာ
ဆရာတော်ကြီး ကျောင်းကို ပြန်ရောက် လာတော့ ဒေါ်ဟေတုကြီး ဆုံးတာ နှစ်လ သုံးလ ကြာသွားပြီ ရောက်ရောက် ချင်းလည်း ဆရာတော်ကြီးကို ဘယ်သူကမှ ဒေါ်ဟေတုကြီး ဆုံးတဲ့ အကြောင်း မလျှောက်မိကြဘူး
ဆင်းရဲနွမ်းပါးတဲ့ သူဆိုတော့ လည်း မေ့မေ့ပျောက်ပျောက်နဲ့ နေကြ တာပါပဲ ဆရာတော်ကြီးကလည်း သမ္ဗုဒ္ဓေဘုရားကြီး တည်တဲ့ ကိစ္စ ပဋ္ဌာန်း ဝိပဿနာ တရားပြတဲ့ ကိစ္စတွေနဲ့ မအားမလပ်မို့ ဒေါ်ဟေတု ပျောက်နေတာ ကိုလည်း တော်တော်နဲ့ သတိမထား မိဘူးပေါ့ ဆရာတော်ကြီး သတိထားမိ တဲ့ တစ်နေ့မှာ
“ဟဲ့—ဒေါ်ဟေတုကြီးတစ်ယောက် မမြင်ပါလား”
“ဆုံးသွားတာ ကြာပေါ့ ဆရာတော် အောက်ပိုင်းကို ကြွနေတုန်းကတည်းကပါပဲ”
“နင်တို့ ဘယ်လို သဂြိုဟ်လိုက်ကြတုန်း”
‘ရွာထုံးစံ ရပ်ထုံးစံပေါ့ဘုရား ဒီလိုပဲ ဝိုင်းပြီးတော့ မြေမြုပ်သဂြိုဟ်လိုက်ကြတာပါပဲဘုရား”
“ဟဲ့— သူတော်ကောင်းမကြီး ကွယ့် ဒီလို မလုပ်ကောင်းဘူး ပြန်ဖော်ကြ ပြန်ဖော်ကြ” လို့ အမိန့်ရှိတော့ ဆရာတော်ကြီး အမိန့်မို့ မလွန်ဆန်ရဲ တာနဲ့ဲ ပြန်ဖော်ကြ ရတာပေါ့
ဒေါ်ဟေတု အလောင်းကို ပြန်ဖော် လိုက်တော့ ပရိသတ်ရေ— နှစ်လကျော် သုံးလလောက်တောင် ကြာပြီ အရိုးတောင် ဆွေးလောက်ပြီ ထင်ရတဲ့ ဒေါ်ဟေတု ကြီးဟာ အကောင်မပျက် ရုပ်မပျက် မပုပ်မသိုးဘဲနဲ့ အသားအရေတွေ ဝါဝင်းလို့ အကောင်းပကတိ အတိုင်း စိုစိုပြေပြေ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပါပဲတဲ့
ဒေါ်ဟေတု အတွက် မိုးညှင်းဆရာတော်ကြီးက ဦးစီးပြီးတော့ သံဃာတော်တွေ အများကြီးပင့်ပြီး ဈာပနပွဲ စည်စည်ကားကားနဲ့ သဂြိုဟ်ကြပြန် ပါသတဲ့ ဒီတော့ ပရိသတ်ရေ— ဟေတုပစ္စယော တစ်လုံးတည်း စိပ်တာနဲ့တင် သေလွန်တဲ့ အခါမှာတောင် မပုပ်မသိုး ရှိတယ် ဆိုတာဟာ လက်တွေ့သာဓက တစ်ခုပါပဲ
ဒီတော့ ၂၄- ပစ္စည်းတော့ ရကြ မှာပါ ဒေါ်ဟေတု ထက်တော့ ဉာဏ်ကောင်းကြ မှာပါ ၂၄-ပစ္စည်း ရွတ်ကြပါ အသိဉာဏ် မရှိရှာတဲ့ ဒေါ်ဟေတု ထက် ပိုပြီးတော့ အားထုတ် ကြပါ
လောလောဆယ် တရားချစ်ခင် သူတော်စင်တွေ နိဗ္ဗာန်ရောက်ဖို့ ဆိုတာ အသာထားလိုက်ကြပါဦး ရုပ်တွေ နာမ်တွေ သစ္စာလေးပါတွေ ပညတ် ပရမတ်တွေ နောက်မှ ပြောကြ ရအောင်ပါ အန္တရာယ်ကင်းဖို့ိရယ် ချမ်းသာဖို့ ရယ်က ခုလောလောဆယ်မှာ ပိုပြီး အရေးကြီးတယ်
အန္တရာယ်ကင်းပြီ ချမ်းသာပြီ ဆိုတော့မှ အမျိုးဘာသာ သာသနာကောင်းကျိုးတွေရော နိဗ္ဗာန်ရောက်ကြောင်းတွေပါ လုပ်နိုင်ကြ မှာပေါ့ ပဋ္ဌာန်းရွတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမယ် ဆိုတဲ့
အကျိုးကျေးဇူးရှိပုံ သာဓက သက်သေတွေကို နိကာယ်ငါးရပ် ပိဋကသုံးပုံထဲက အကြောင်းအရာတွေကိုမပြောဘဲ ယခုပစ္စုပ္ပန် လက်တွေ့သာဓကလေးတွေကို ချည်းပဲ ဦးဇင်း ပြောပြ သွားပါ့ မယ်—။
[အရှင်အာစာရာလင်္ကာရ(စစ်ကိုင်း ရွှေဟင်္သာ)]
ဇော်မင်းခိုင်
No Comments