
Khin
ခရက်ဒစ်
ယူနီကုတ်
Friend zone ထဲကနေ ရုန်းမထွက်နိုင်ဘူးဆိုတာ ဖော်ပြနေတဲ့ အချက်တွေ
ယောကျာ်းလေးနဲ့ မိန်းကလေးတွေရဲ့ သူငယ်ချင်း ဆက်ဆံရေးမှာ အချိန်ကြာ လာတာနဲ့ သူငယ်ချင်းအဆင့်ကနေ ပြောင်းလဲ သွားတဲ့ ဆက်ဆံရေးတွေ ရှိသလို ထာဝရ သူငယ်ချင်းတွေ အဖြစ်ပဲ လက်တွဲလို့ရတဲ့ သူငယ်ချင်းတွေ ဆိုတာလည်း အများကြီးပါ။
သင်တို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးမှာ ဒီလို အချက်တွေ ရှိနေရင်တော့ friend zone ထဲမှာပဲ ရှိနေပြီး ဘယ်တော့မှ သူငယ်ချင်း တစ်ယောက်ထက် မပိုလာနိုင် ပါဘူးနော်။
တစ်ခြားသူတွေနဲ့ ဒိတ်လုပ် တာတွေကို ပြောပြမေးမြန်း တတ်တယ်
သူ့ရဲ့ ချစ်သူအကြောင်းတွေကိုလည်း သင့်ကိုပြောပြလေ့ရှိသလို သင့်ရဲ့ ချစ်သူအကြောင်းတွေ၊ စိတ်ဝင်စားနေတဲ့ သူအကြောင်းတွေ ကိုလည်း မေးမြန်းတတ် တယ် ဆိုရင်တော့ ဒါဟာ သူငယ်ချင်း တစ်ယောက်ထက် မပိုတဲ့ ဆက်ဆံရေးမျိုးမို့လို့ပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အူတိုနေတာတွေ၊ စကားများ ရန်ဖြစ် ရတာတွေ မရှိဘူး ဆိုရင် သူ့ဘက်ကနေ သင့်ကို သူငယ်ချင်း တစ်ယောက်ထက် နည်းနည်းလေးမှ မပိုလို့ဖြစ် ပါတယ်။
တစ်စုံတစ်ယောက်နဲ့ အောင်သွယ်ပေးတတ်တယ်
တကယ်လို့ သင်ဟာ ဆင်ဂယ်တစ်ယောက် ဆိုရင်တော့ သူ့ဘက်ကနေ သင့်ကို တစ်ယောက်ယောက်နဲ့ အောင်သွယ်ပေးတာမျိုး လုပ်နေတတ် တာက သူငယ်ချင်း တစ်ယောက်ထက် မပိုတဲ့ ဆက်ဆံရေးမျိုးကို ဖော်ပြနေ တာပါ။
သင့်ကို ကောင်းမွန်တဲ့ တစ်ယောက်ယောက်နဲ့ အဆင်ပြေ သွားစေချင်တယ် ဆိုတာက သူ့ဘက် ကနေ သင့်ကို သူငယ်ချင်း တစ်ယောက်ထက် မပိုတဲ့ အတွက်ကြောင့် ဖြစ်ပါ တယ်။
မလိုအပ်ပဲ သင့်ကို လာထိကိုင်တာမျိုးတွေ မလုပ်တတ်ဘူး
ယောကျာ်းလေး တစ်ယောက်ဟာ မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားမိတဲ့အခါမျိုးမှာ မတော်တဆ အသားချင်းထိ မိသွားသလို မျိုးတွေ လုပ်တတ်ကြ ပါတယ်တဲ့။ ဒါပေမယ့် သူကတော့ သင့်ကို မလိုအပ်ပဲ အသားချင်း ထိတာမျိုးတွေ မလုပ်တတ် တာက သင့်တို့နှစ်ယောက်က ်friend zone ထဲမှာပဲ ရှိနေတယ်ဆိုတဲ့ သဘော ပါနော်။
အရာရာတိုင်းကို သင်နဲ့တိုင်ပင်တတ်တယ်
မိသားစု၊ အချစ်ရေး၊ လူမှုရေး ဘယ်လိုကိစ္စမျိုးမဆို သင့်ကိုလာတိုင်ပင်တတ်တာက သူ့ရဲ့ အရမ်းနှီးဆုံး သူငယ်ချင်းမို့လို့ ဖြစ်ပါတယ်။
အဆိုးအကောင်း တိုင်းကို သင့်ဆီ လာတိုင်ပင် သလို၊ သင့်ရဲ့အရာရာတိုင်း ကိုလည်း သူ့ဆီမှာ ရင်ဖွင့်ပြောပြ လို့ရတယ် ဆိုရင်တော့ ဒါဟာ သင်နဲ့သူ့ကြားက ခိုင်မြဲတဲ့ သူငယ်ချင်း ဆက်ဆံရေး ကြောင်းဖြစ်ပြီး တစ်ခြား ဘယ်လို ရည်ရွယ်ချက်မှ မပါပါဘူး။
Khin
No Comments