
Credit
Unicode
ငါတို့နှစ်ယောက်လက်ထပ်ပီးတဲ့အခါ …
ယောက္ခမဖြစ်တဲ့ နင့်မိဘ အိမ်ရော ငါ့မိဘ အိမ်မှာရော ငါမနေနိုင် ဘူး. ကိစ ္စတခုခုဖြစ် လာတိုင်းဘယ်သူ့မျက်နှာကြည့်နေ ရလို့ ဆိုတဲ့ အရှိန်အဝါအောက်မှာ နင်ရောငါရော မွန်းကျပ်မှာ စိုးလို့ပါ ကိုယ်ပိုင်အိမ်လေးနဲ့ မနေနိုင် သေးရင်တောင် အိမ်လေးငှါးပီး သီးသန့်နေကြ မယ်လေ
မနက်စောစော နင်စားဖို့ အတွက် မနက်စာ ငါပြင်ဆင်ပေးနေ တဲ့အချိန်မှာ နင်က တံမြက်စည်းလေးလှည်းပေးပေါ့ နင်ရောငါရော အလုပ်လုပ်နေ ရတဲ့ အတွက် ဘယ်သူပဲ အရင် ဆုံးပြန် လာလာ နောက်ကျမှရောက်တဲ့ သူကို ရေအေးလေး တခွက်နဲ့ကြိုပီး နဖူးလေးပေါ် နမ်းလို့ အမောဖြေကြ မယ်လေ
ညစာကို ငါချက်ပြုတ် ပြင်ဆင်ပီးတဲ့ အချိန်မှာ နင်ကထမင်းဝိုင်းကိုကူပြင်ပေးပီး ငါကစားသောက်ပီးပန်းကန်ဆေးနေတဲ့ အချိန်မှာ နင်က ထမင်းဝိုင်းလေး သိမ်းပေးပေါ့ နင်ရောငါရော အလုပ်ပိတ် တဲ့နေ့တွေမှာ ငါအဝတ်လျှော် မယ်လေ နင်က ဝိုင်းလှန်းပေးပေါ့
အလုပ်ကိစ္စနဲ့နင်အပြင်သွားလို့ အချိန်ကြာ တဲ့အခါ ငါစိတ်မ ပူရအောင် တကူးတက ဖုန်းမခေါ်ဘဲ မက်ဆေ့လေး ပို့ထားပေးရင် ပဲရပါပီ ငါလဲ အဲ့လိုပဲ လုပ် ပါ့မယ်
ငါဘယ် အချိန်ပဲ ဖုန်းဆက်ဆက် နင်အတတ်နိုင်ဆုံး ကိုင်ပေးပါ မကိုင်အားလောက် တဲ့အထိ အရေးကြီးနေ ရင် I’ll call you laterလေးတော့ပြန် ပို့ပေးပါ
နင်အလုပ်ကနေ အိမ်ပြန် လာလို့ ပင်ပန်း လာတဲ့ အခါ အမြင်မတော် တာတွေ့ခဲ့ရင် ငါ့ကို မအော်ငေါက်ပါနဲ့ ငါလဲ အလုပ်မှာ ပင်ပန်း လာတာ ပဲလေ အလုပ်ကိစ္စ ပဲဖြစ်ဖြစ် ခံစားချက် တခုခု ပဲဖြစ်ဖြစ် မျိုသိပ်မထားပါနဲ့…ငါ့ကိုပြောပြ ပါ ၅ခုလောက်မှာ ၃ခုလောက်တော့ ငါဖြေရှင်းပေး နိုင်ပါတယ်
နင့်ရဲ့စိတ်ဘယ်အခြေအနေလဲ ငါသိအောင်လုပ်နေသလို နင်လဲငါဘာဖြစ်နေလဲ သိအောင်ကြိုးစားပါ ငါ့ကြောင့်နဲ့ နင်မျက်နှာ ပျက်ရမဲ့ ကိစ္စ မရှိအောင် ငါနေထိုင်မှာမို့ နင့်ကြောင့်နဲ့ ငါမျက်နှာ မငယ်ရအောင် နင်လဲနေပေးပါ…
လက်ထပ်ပြီဆိုကထဲက မောင်တထမ် းမယ်တရွက် ဆိုပီး ရင်ဆိုင်ကြမယ် ဆုံးဖြတ် ထားတာ ပဲလေ ငါကချက်ပြုတ်လျှော်ဖွတ်နေတဲ့ အချိန်မှာ နင်က ဂိမ်းဆော့ အပြင်သွားနေမယ် ဆို နင်ယူ ထားတဲ့ နင့်ဇနီးငါက အိမ်ဖော်မှ မဟုတ်တာ
နင်က အလုပ်တွေ လုပ်ပင်ပန်းနေတဲ့ အချိန်မှာ ငါက တီဗွီကြည့် သူများအိမ်မှာ အတင်းတုတ်ပီးလျှောက်လည်နေမယ် ဆို ငါယူထားတဲ့ ငါ့ခင်ပွန်းနင်က အလုပ်သမားမှ မဟုတ်တာ
အလုပ်တခု ကိုသူ့အလုပ်ကိုယ့်အလုပ် မကန့်တွက်ဘဲ၂ယောက်ခွဲ လုပ်တော့ ပိုပီးမြန်ရင် စောစောအနား ယူလို့ရတဲ့ အပြင် ရန်ဖြစ်စရာလဲ မရှိတော့ စိတ်လဲ ချမ်းသာတာပေါ့
ခင်ပွန်းဖြစ်တဲ့နင်က ငါ့ကိုမျက်နှာအညိုမခံဖူးဖူးမှုတ်ပြီး ဂရုစိုက် အလိုလိုက် တန်ဖိုးထားမယ် ဆိုရင် ဇနီးဖြစ်တဲ့ ငါက နင့်ကို အလေးထားပီး အရိပ်တကြည့်ကြည့်နဲ့မြတ်နိုးအားကိုး မှာဘာ
No Comments